Thursday, January 28, 2016
mpt ငွေဖြည့်အပိုလက်ဆောင်လေးပါ
3G9+ ကွန်ရက်ဖြန့်ကျက်ခြင်း အထိမ်းအမှတ်ဖြင့် MPT မှ MPT GSM/WCDMA/CDMA (Prepaid/Postpaid ) သုံးစွဲသူအားလုံးအတွက် ငွေဖြည့်အပိုဆောင်းလက်ဆောင်ပေးအပ်မယ့် ပရိုမိုးရှင်းအစီအစဉ်ကို ပြုလုပ်မည်ဖြစ်ပါတယ်။ ပရိုမိုးရှင်းအစီအစဉ်ကို ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၉ ရက်အတွင်း ပြုလုပ်မည်ဖြစ်ပြီး ထိုအပိုထပ်ဆောင်းငွေအတွက် သက်တမ်းကုန်ဆုံးရက်မှာ အထူးအစီအစဉ်အတွင်း ငွေဖြည့်ခဲ့သည့်ရက်မှ ၁၅ ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်ပါတယ်။
To enjoy MPT 3G9+ network expansion, MPT launches a bonus credit promotion for all MPT GSM/WCDMA/CDMA (Prepaid/Postpaid) users. The promotion starts on 29th January & ends on 9th February. The validity of the bonus is 15 days from the last recharge date during promotion period.
Wednesday, January 6, 2016
PGG Mobile Shop မှပေးသောဝန်ဆောင်မှု
Application and mp3/mp4အချိန်မရွေးအခမဲ့လာရောက်ထည့်သွင်းနိုင်ခြင်း Facebook,We chat,beetalk,line,Viber accountပျက်ခဲ့ရင်ငွေပေးစရာမလိုပဲအသစ်ဖွင့်ပေးခြင်း Phone software error အခမဲ့ ပြုပြင်ပေးခြင်း Phone hardware damage ပိုင်းတွင်လဲ လက်ခအခမဲ့ပြုပြင်ပေးခြင်း အချို့အချို့သော ဖုန်းတွင်နားမလည်တဲ့ထူးထူးဆန်းဆန်း လုပ်ဆောင်ချက်တွေသိလိုလျှင် လာရောက်မေးမြန်းနိုင်ခြင်း
ဖုန်းတွင်ဖြစ်တတ်သော ဘာမှမရှိပဲcatch filesကြောင့် low storage ဖြစ်ခြင်းကိုသုံးလတကြိမ်ဆိုင်လာပြီးအခမဲ့ စစ်ဆေးရှင်းလင်းပေးခြင်း
ဖုန်းoriginal ringtone ပျောက်ခြင်း
အင်တာနက်လိုင်းမတတ်ခြင်း
မြန်မာစာရှမ်းစာပျောက်ခြင်း
အစရှိသော errorများကိုလဲအခမဲ့ဝန်ဆောင်မှုပေးပါတယ်ခဗျာ
မှတ်ချက်။...။PGG Mobile Shopမှဝယ်ယူထားသောဖုန်းများသာအခမဲ့ပါ
အပြင်လုံးတွေအတွက်တော့ service ခယူပါတယ်ခဗျာ
Rootဖောက်ခြင်း
မြန်မာဖောင့်သွင်းခြင်း
ရှမ်းဖောင့်သွင်းခြင်း
Firmwareတင်ခြင်း
ဗိုင်းရပ်သတ်ခြင်း
မှန်ကွဲလဲခြင်း
စပီကာလဲခြင်း
မိုက်လဲခြင်း
အစရှိသောပြုပြင်မှုများအဆင်ပြေအောင်ဆောင်ရွက်ပေးပါတယ်ခဗျာ
Customers များကိုအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့လဲအစဉ်အမြဲကြိုးစားလျက်
PGG Mobile Shop
Tuesday, January 5, 2016
ဝန်ဆောင်မှုအဓိကအလေးထားတဲ့ PGG Mobile Shop
PGG Mobile Shopမှဝယ်ယူထားတဲ့ ဖုန်းတွေအားလုံးအတွက်ဘာတွေခံစားခွင့်ရှိလဲ
Application and mp3/mp4အချိန်မရွေးအခမဲ့လာရောက်ထည့်သွင်းနိုင်ခြင်း
Facebook,We chat,beetalk,line,Viber accountပျက်ခဲ့ရင်ငွေပေးစရာမလိုပဲအသစ်ဖွင့်ပေးခြင်း
Phone software error အခမဲ့ ပြုပြင်ပေးခြင်း
Phone hardware damage ပိုင်းတွင်လဲ လက်ခအခမဲ့ပြုပြင်ပေးခြင်း
အချို့အချို့သော ဖုန်းတွင်နားမလည်တဲ့ထူးထူးဆန်းဆန်း လုပ်ဆောင်ချက်တွေသိလိုလျှင် လာရောက်မေးမြန်းနိုင်ခြင်း
PGG Mobile မှဝယ်ယူသွားတဲ့မည်သည့်ဖုန်းကိုမဆို service ကောင်းကောင်းပေးနိုင်ဖို့လဲအမြဲကြိုးစားလျက်
Sunday, January 3, 2016
PGG Mobile Shop မှ ဝယ်ယူထားသောဖုန်းတွေအတွက် ဘာတွေခံစားခွင့်ရှိလဲ
Application and mp3/mp4အချိန်မရွေးလာရောက်ထည့်သွင်းနိုင်ခြင်း
Facebook,We chat,beetalk,line,Viber accountပျက်ခဲ့ရင်ငွေပေးစရာမလိုပဲအသစ်ဖွင့်ပေးခြင်း
Phone software error အခမဲ့ ပြုပြင်ပေးခြင်း
Phone hardware damage ပိုင်းတွင်လဲ လက်ခအခမဲ့ပြုပြင်ပေးခြင်း
အချို့အချို့သော ဖုန်းတွင်နားမလည်တဲ့ထူးထူးဆန်းဆန်း လုပ်ဆောင်ချက်တွေသိလိုလျှင် လာရောက်မေးမြန်းနိုင်ခြင်း
PGG Mobile မှဝယ်ယူသွားတဲ့မည်သည့်ဖုန်းကိုမဆို service ကောင်းကောင်းပေးနိုင်ဖို့လဲအမြဲကြိုးစားလျက်
Customers များကိုအစဉ်အမြဲလေးစားလျက်
Samsung က စမတ်ပစ္စည်းအားလုံးကို ထိန်းချုပ်နိုင်မယ့် စမတ်လက်စွပ် တစ်မျိုး ဖန်တီးနေ
တောင်ကိုရီးယား အခြေစိုက် နည်းပညာ ကုမ္မဏီ Samsung ဟာ စမတ်နာရီတွေနဲ့ Gear VR headsets တွေကို ထုတ်လုပ်ပြီးတဲ့နောက်မှာ သူတို့ရဲ့  ၀တ်ဆင်နိုင်တဲ့ နည်းပညာထုတ်ကုန် ကဏ္ဍမှာ စမတ် လက်စွပ်တွေကို အကောင်အထည်ဖော် ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အမေရိကန် မူပိုင်ခွင့်နဲ့ အမှတ်တံဆိပ်ဆိုင်ရာ ရုံး (USPTO) က ဒီလအစောပိုင်းမှာ ပုံနှိပ်ဖော်ပြခဲ့တာကတော့ စမတ်ဖုန်းများ ၊ တတ်ဘလတ်များ ၊ စမတ်တီဗွီများ နဲ့ စမတ် အိမ်သုံးပစ္စည်း ကို ထိန်းချုပ်နိုင်မယ့် စမတ် လက်စွပ်တစ်ကွင်းအကြောင်းပါ။
အသုံးပြုသူတွေဟာ ချိတ်ဆက်ထားတဲ့ ကိရိယာများစွာကို ထိန်းချုပ်ဖို့အတွက် စမတ်လက်စွပ်ကို ဘယ်(သို့) ညာ ဘက်ကို လှည့်လည်ခြင်းနဲ့ လုပ်ဆောင်နိုင်မယ်လို့လည်းသိရပါတယ်။ အခြားလုပ်ဆောင်ချက်တွေအနေနဲ့ကတော့ စမတ်လက်စွပ်တွေဟာ စမတ်တီဗွီတွေပေါ်မှာ ချန်နယ် ပြောင်းလဲနိုင်ခြင်း ၊ အလင်းရောင် ထိန်းချုပ်နိုင်ခြင်းအပါအ၀င် သုံးစွဲသူရဲ့  လူမှုမီဒီယာ အကောင့်နဲ့ ဆက်စပ်နေတဲ့ လုပ်ဆောင်ချက်တွေကိုလည်း စမတ်လက်စွပ်တွေမှာ ပါဝင်လာဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။
Samsung ရဲ့ စမတ်နာရီ(smart ring) ဟာ Samsung ရဲ့  Gear S2 စမတ်နာရီမှာပါဝင်ခဲ့တဲ့ လှည့်လည်နိုင်ခြင်း လုပ်ဆောင်ချက်ကို အခြေခံပြီး နည်းပညာ ပိုင်းကို တည်ဆောက်ထားတယ်လို့ သိရပါတယ်။
( Mario )
Iphone
နောက်ထွက်မည့်မျိုးဆက်သစ် iPhone တွင် ရေစိမ်ခံနိုင်သည့်စွမ်းရည်၊ အန်တာနာလိုင်းများကိုဖျောက်ထားနိုင်သည့်စွမ်းရည်တို့ပါဝင်လာနိုင်တယ်လို့ အစီရင်ခံစာအသစ်တစ်ရပ်အရသိရပါတယ်၊
နောက်ထွက်မယ့် iPhone ကို iPhone 7 လို့ခေါ်နိုင်ခြေရှိပြီး ရေစိမ်ခံနိုင်တဲ့ ပစ္စည်းတစ်မျိုးကို ထပ်မံဖြည့်သွင်းဖွယ်ရှိနေပါတယ်၊ ရေစိမ်ခံနိုင်တဲ့ အရည်အသွေးရှိတဲ့ဖုန်းတွေခေတ်စားလာချိန်မှာ iPhone အတွက် အခုလိုသတင်း
ပေါ်ထွက်လာတာပဲဖြစ်ပါတယ်၊ ဖုန်းမှာပါဝင်နိုင်တာကတော့ ရေစိုခံနိုင်မယ်၊ အပေါက်တွေနဲ့ စပီကာတွေကိုလည်း ဖုန်းရဲ့အောက်ခြေမှာထည့်သွင်းလာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်၊
iPhone 6 နဲ့ 6s မှာတုန်းက နောက်ကျောနဲ့ ဘေးဘက်တွေမှာပါဝင်မြုတ်နှံထားတဲ့ အင်တာနာလိုင်းတွေကို ဒီဖုန်းမှာထည့်သွင်းတော့မှာမဟုတ်ဘူးလို့ DigiTimes ကလာတဲ့ အဆိုပါအစီရင်ခံစာမှာ ထောက်ပြထားတာဖြစ်ပါတယ်၊
လတ်တလောမှာတော့ ပလက်စတစ်အစင်းတွေနဲ့ ဖုန်းရဲ့အကွေးနားနဲ့ ပတ်ပတ်လည်မှာထည့်သွင်းထားတဲ့ အဆိုပါ အင်တာနာတွေဟာ လိုင်းတွေကိုဖမ်းပေးတာဖြစ်ပါတယ်၊
နောက်မတ်လမှာကြေငြာနိုင်ဖွယ်ရှိနေတဲ့ iPhone6c မှာတော့ ရေစိုခံစွမ်းရည်ပါဝင်နိုင်ဖွယ်ရှိမရှိတော့ မသဲကွဲသေးပါဘူး၊ အစီရင်ခံစာရဲ့ အကြံပြုချက်အရ Apple ဟာ သူ့ရဲ့ Feature အသစ်တွေကို နောက်ထပ်အထင်ကရ ဖုန်းတစ်မျိုးမထုတ်လုပ်ခင် ထုတ်ပြန်ဖွယ်ရှိတယ်လို့ဆိုပါတယ်၊ Apple ရဲ့လက်ရှိနာမည်ပေးပုံစနစ်အရဆိုရင်တော့ နောက်စက်တင်ဘာလမှာ ကြေငြာနိုင်တဲ့ အဆိုပါဖုန်းကို iPhone7 လို့ခေါ်နိုင်ဖွယ်ရှိပါတယ်၊
Subscribe to:
Posts (Atom)
