Wednesday, August 17, 2016
2 SIM ဖုန်းတွေမှာ SIM တစ်ကဒ်သာ ပေါ်နေခြင်းအား ဖြေရှင်းခြင်း
မင်္ဂလာပါ ==== တတ်လို့တော်လို့ဆရာလုပ်ချင်လို့မဟုပ်ပါလေ့လာတွေ့ရှိသမျှကိုရိုးရှင်းစွာ ဘာမျှော်လင့်ချက်မပါဘဲ ကူညီမျှဝေပေးခြင်းဖြစ်သောကြောင့်အမှားများပါခဲ့လျှင်နားလည်ပေးကြဖို့တောင်းဆိုပါတယ် ကဲ့အောက်ကဆက်ကျိပါ။ 2 SIM ဖုန်းတွေမှာ SIM တစ်ကဒ်သာ ပေါ်နေခြင်းအား ဖြေရှင်းခြင်း SIM ကဒ် နှစ်ကဒ်စိုက်ထားသော ဖုန်းတွေမှာ ... SIM 1 နဲ့ ခေါ်မလား? SIM 2 နဲ့ ခေါ်မလား? ဆိုတဲ့ ရွေးချယ်စရာ Function လေး ပျောက်နေတဲ့အခါ ... Phone Setting မှ SIM Management ကို သွားပါ။ Voice Call ကို နှိပ်ပြီး Always Ask ကို ပြောင်းပေးလိုက်ပါ။ SIM 1 or SIM 2 နဲ့ ကြိုက်သလို ခေါ်ဆိုနိုင်ပါပြီ။ အဆင်ပြေကြပါစေ
OPPO ၏ စမတ်ဖုန်းအသစ် F1s စတင်မိတ်ဆက်
OPPO ၏ စမတ်ဖုန်းအသစ် F1s စတင်မိတ်ဆက် ================================== OPPO စမတ်ဖုန်းရဲ့ထုတ်ကုန်သစ် F1s ကို သြဂုတ်လ ၁၆ ရက်မှာ ရန်ကုန်မြို့ရှိ NOVOTEL Hotel မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ အသစ်ထုတ်လုပ်လိုက်တဲ့ OPPO F1s မှာ အရှေ့ကင်မရာ 16MP ၊ ကျော ဘက်ကင်မရာ 13MP ပါဝင်ပြီး Beautify4.0 ပါဝင်ပါတယ်။ ဓာတ်ပုံ ရိုက်ကူးမှုလုပ်ဆောင်ချက်တွေမှာ Screen Flash၊ Selfie Panorama ၊ Palm-activated Shutterနဲ့ Filter အမျိုးမျိုးပါဝင်ပါတယ်။ လက်ဗွေဖတ်နှုန်း 0.22 စက္ကန့်နဲ့ အလွန်လျင်မြန်စွာဆောင်ရွက်ပေးမယ့် Touch Access ဟာ ဖုန်းရဲ့ရှေ့ဘက်မှာ ပါဝင်ပါတယ်။ ဒါ့ပြင်ဖုန်းခေါ်ဆိုတာနဲ့၊ မတူညီတဲ့ Application တွေ အသုံးပြုတာတွေ အတွက် လက်ဗွေငါးမျိုးနဲ့ သတ်မှတ်နိုင်ပြီး အရွယ်အစားကြီးမားတဲ့ 3075mAh ဘက်ထရီပါဝင်မှုကြောင့် စမ်းသပ်ချက်တွေအရ ၁၄ နာရီကြာအသုံးပြုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ OPPO F1s စမတ်ဖုန်းသစ်ကို ဈေးနှုန်း ၂၆၉,၀၀၀ ကျပ်နဲ့ သြဂုတ်လ ၁၇ ရက်က စတင်ပြီး OPPO ဖုန်းအရောင်းဆိုင်တွေမှာ စတင်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။
Vivo V3 နဲ့ V3Max super promotion
Facebook မှာ �� တွေပေါ်ပြီး Font မမှန်တာတွေ အတွက် ဖြေရှင်းနည်း
မင်္ဂလာပါ .==== Facebook မှာ �� တွေပေါ်ပြီး Font မမှန်တာတွေ အတွက် ဖြေရှင်းနည်း . Facebook က မနေ့ညက စပြီး Rendering ပြောင်းလို့�� တွေပေါ်နေတာပါ။ ကျွန်တော်တို့ကီးဘုတ်ဟာ ယခင် Facebook Version ရဲ့ Rendering ကို ကောင်းမွန်အောင် Font Rendering Fix ဆိုတာကို အလိုအလျောက် အမှန်ခြစ်ပေးထားပါတယ်။ အခု Facebook ကပြောင်းလိုက်တဲ့အခါမှာ �� တွေ ပေါ်လာတာပါ။ ဒီပြဿနာတွေကို ရှင်းဖို့အတွက် ၁။ ဖုန်းထဲက Bagan Keyboard ပုံလေးကို နှိပ်ပါ။ . ၂။ ဘယ်ဖက် အပေါ်ဒေါင့်က မြှားလေးကို နှိပ်ပါ။ . ၃။ Option ထဲကို ဝင်ပါ။ . ၄။ Font Rendering Fix ကို အမှန်ခြစ် ဖြုတ်ပေးလိုက်ပါဗျ။ အကယ်၍ Font Rendering Fix မှာ သုံးခုပေါ်နေရင် None ကိုရွေးပေးလိုက်ပါ။ အဆင်ပြေကြပါစေ ။ R.EC
Bestie
မင်္ဂလာပါ === Bestie - Insta Beauty Camera v3.6.0[40.77mb] 360 Cameraထက်လန်းတယ်နော် အခုဆော့ဝဲ့လေးကတော့ သိတိုင်အတိုင်ပဲဗျာ360 Camera Apk ထုပ်တဲ့ သူတစ်ဦးထဲပဲ ထုပ်လုပ်ထာတဲ့ဆော့ဝဲ့ပါ 360ထက်အနည်း ငယ်သားတယ် ပြီတော့ effect အနည်းငယ်ပါ တယ်ဗျာပြီတော့ ဆော့ဝဲ့ကိုဖွင့်လိုက် ဘယ်ဖက်အခြမ်းမှာ နှိုက်ပြီမိမိလိုရာ Effectကိုယူလို ရတယ်ဗျာအောက်မှာလဲ Sticker တွေလဲပါတယ်ဗျာပြီတော့ အရောင်ကတော့အတော် စုံတယ်မဆိုးဘူး သုံးကြည့်ရသလောက်ကတော့ 360ထက်အနည်းငယ်ပိုတယ် နော် ဘော ဘောသုံးကြည့်ပါFull Version Download 👇👇👇 http://adf.ly/1dFgNm http://adf.ly/1dFgNm အဆင်ပြေကြပါစေ R.E.C
Samsung ဖုန်းများ ဟမ်းနေပါက ဖြေရှင်းခြင်း
မင်္ဂလာပါ === Samsung ဖုန်းများ ဟမ်းနေပါက ဖြေရှင်းခြင်း ***** - *#9900# ကိုရိုက်ပါ. - Run dumpstet / logcat/ moden log - Delete dumpstate/ logcat - Run dumpstate/ locat တို့ကို အသီးသီးနိပ်ပေးပါ. သိသိသာသာ ပေါ့ပါးသွားလိမ့်မည်.။ အဆင်ပြေကြပါစေ R.E.C
iphone 7 တို့သည် 256 GB storage ဖြင့် လာနိုင် ၊ "Pro" model မပါတော့ ဟုဆို
iphone 7 တို့သည် 256 GB storage ဖြင့် လာနိုင် ၊ "Pro" model မပါတော့ ဟုဆို =========================== အရင် သတင်းဟောင်း အရ iphone 7 ဟာ iphone 7 , iphone 7 plus နဲ့ iphone 7 pro ဆိုတဲ့ ဗားရှင်း (၃)မျိုး နဲ့ လာမယ်လို့ သိထားခဲ့ကြတာပါ ။ ဒါပေမယ့် အခု ထွက်ပေါ်လာတော့ သတင်းသစ် အရ "iphone 7 pro" မော်ဒယ်ဟာ မပါဝင်တော့ဘဲ ခါတိုင်းလို iphone 7 နဲ့ 7 plus ဆိုတဲ့ ဗားရှင်း (၂)မျိုးပဲ ထွက်ရှိတော့မယ် လို့ သိရပါတယ် ။ . အဲဒီအပြင် ပိုမိုကြီးမားလာတဲ့ Storage အဖြစ် 256 GB storage အထိ ရွေးချယ်ခွင့် ရှိနိုင်မယ်လို့ သိရပေမယ့် အဲဒါဟာ ကြီးမားတဲ့ 7 plus မှာပဲ ပါမှာလား ၊ ဒါမှမဟုတ် ၊ ပိုသေးတဲ့ iphone 7 မှာရော ပါမှာလားတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး ။ . (dual camera setup လည်း အဲဒီလိုပါပဲ ) . iphone 7 တို့ဟာ A10 chipset အသစ် ၊ များစွာ အဆင့်မြှင့်တင်ထားတဲ့ ကင်မရာ တို့ ပါဝင်လာနိုင် ပါတယ် ။ 3.5 mm headset jack ကတော့ မပါနိုင်တာ သေချာသလောက် ရှိနေပါပြီ ။ . iphone 7 တို့ကို "စက်တင်ဘာ ၇ ရက်"နေ့မှာ မိတ်ဆက်မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ် ။ Apple ကတော့ အတည်ပြု ထားခြင်း မရှိသေးပါဘူး ။ . . . မျိုးနေနှိုင်း
Monday, August 8, 2016
MeiZu M3 Note Review
MeiZu M3 Note Review ============= မှတ်ချက် ---------- အခုပြောပြမယ့် Review က Mr.Review ရဲ့ကိုယ်ပိုင်အထင်အမြင်များဖြစ်ပါတယ် . Company များမှ အခကြေးငွေပေး၍လုပ်ခိုင်းထားသော Review မဟုတ်သလို မည်သည့် Brand ကိုမှလဲ တိုက်ခိုက်လိုတဲ့ရည်ရွယ်ချက်နဲ့ Review လုပ်ထားခြင်းမဟုတ်ပါဘူး . ဖော်ပြပါအချက်အလက်များ၏ တိကျမှုသည် Review လုပ်ချိန်အတွင်းသာသက်ရောက်မှုရှိပါတယ် Company နှင့် ၀ယ်ယူသော ဆိုင်ပေါ်မှုတည်၍ အပြောင်းအလဲ ရှိနိုင်ပါတယ် . ကဲ Review လေးစလိုက်ရအောင် . အခုတလော Mr.Review သတိထားမိနေတဲ့ ဖုန်းလေးတွေကတော့ MeiZu Company ကထုတ်တဲ့ဖုန်းလေးတွေပါ . ဘာလို့သတိထားမိလဲဆိုတော့ ဒီဇိုင်းသေသေသပ်သပ်နဲ့ ဖုန်းလေးတွေကို သက်သာတဲ့ဈေးတစ်ခုနဲ့ဝယ်လို့ရနေလို့ပါပဲ . အမြင်နဲ့Design ----------------- MeiZu M3 Note ကိုရုတ်တရက်ကြည့်လိုက်ရင် iPhone နဲ့ခပ်ဆင်ဆင်တူတယ် . အရင်က MeiZu Note Series နဲ့ကွဲထွက်လာတာက ဖုန်းတစ်ခုလုံးကို Metal နဲ့လုပ်ထားတာ . ပြောရမယ်ဆိုရင် လက်ထဲမှာကျစ်ကျစ်လစ်လစ်နဲ့ ကိုင်လို့ကောင်းတယ် . MeiZu Series ထဲက MX5 နဲ့တော်တော်လေးဆင်တယ် . နောက်ထူးခြားတာတစ်ခုက တခြား Android ဖုန်းတွေလို မဟုတ်ပဲ iPhone လိုမျိုး Home Button တစ်ခုပဲပါတယ် . ပြောရမယ်ဆိုရင် iPhone လိုမျိုးသုံးလို့ရအောင်လုပ်ထားတာပေါ့ဗျာ . အပြင်ပိုင်း ဒီဇိုင်းတင်မဟုတ်ဘူး အတွင်းထဲက UI လေးတွေကလဲ တော်တော်လေးသပ်သပ်ရပ်ရပ်ရှိတယ်ဗျ . အရင်တုံးက တရုတ်ဖုန်းတွေလို မလိုအပ်တဲ့ App တွေပါလာတာနည်းလာတယ် . တချို့တလေတော့ ရှိနေတုံးပဲဗျ . အပြင်ပိုင်း Hardware ----------------------- MeiZu M3 Note ရဲ့ Screen Size က 5.5 လက်မရှိတယ် . မျက်နှာပြင်ရဲ့ အပေါ်မှာ 5MP ရှိတဲ့ Selfie Camera လေးပါတယ် . မျက်နှာပြင်ရဲ့ အောက်ပိုင်းမှာတော့ mTouch လို့ နာမည်ပေးထားတဲ့ FingerPrint Scanner နဲ့ Home ပေါင်းထားတဲ့ခလုတ်လေးရှိတယ် . mTouch က FingerPrint ကို Scan လုပ်နိုင်တဲ့အပြင် ခလုတ်ကို ဖိနှိပ်လိုက်ရင် Home Function လိုအလုပ်လုပ်ပြီး တို့ထိရင်တော့ Back Function လိုအလုပ်လုပ်တယ် . မျက်နှာပြင်ကို Dinorex T2X-1 နဲ့ကာထားလို့ အစင်းအခြစ်ခံနိုင်တယ်လို့တော့ပြောတယ် . ဖုန်းရဲ့ဘယ်ဘက်မှာ SIM Card Tray ပါတယ် . SIM Card ထဲ့ချင်ရင် သူ့မှာပါလာတဲ့ Pin လေးနဲ့ထိုးထုတ်ပြီးမှထည့်လို့ရတယ် . SIM Tray ထဲမှာ SIM Card နှစ်ကဒ်ဖြစ်ဖြစ် SIM တစ်ကဒ်နဲ့ SD Card တစ်ကဒ်တွဲထည့်လို့ရတယ် . ဖုန်းရဲ့ညာဘက်မှာ Volume ခလုတ်နဲ့ Power ခလုတ်ပါတယ် . ဖုန်းရဲ့အပေါ်ဘက်မှာ Headphone Jack ရယ် Secondary Mic ရယ်ပါတယ် . ဖုန်းရဲ့အောက်မှာတော့ Speaker ၁ခု MicroUSB နဲ့ Primary Mic တွေပါတယ် . ဖုန်းရဲ့နောက်ကျောမှာ 13MP ရှိတဲ့ Camera နဲ့ dual-tone Flash တစ်ခုပါတယ် . ခြုံပြီးပြောရမယ်ဆိုရင်တော့ အမြင်ရှင်းတယ် လိုအပ်တဲ့အခလုတ်တွေအကုန်ပါတယ် . ဖုန်းကနည်းနည်းကြီးနေတော့ တချို့ကိစ္စတွေမှာ လက်တစ်ဖက်ထဲနဲ့ ဖုန်းသုံးရတာခက်တယ် အတွင်းပိုင်း Hardware & Software --------------------------------------- MeiZu M3 Note ရဲ့ Display က 5.5” လက်မ LTPS IPS LCD ရှိပြီး 1080p resolution ရှိတယ် . 403ppi ရှိတဲ့အတွက် တခြား QHD Display ရှိတဲ့ ဖုန်းတွေနဲ့ယှဉ်လိုက်ရင် သိပ်မကွာဘူးထင်ရတယ် . Display မှာ ပုံရိပ်တွေကို Color နဲ့ Contrast အတော်အသင့်မှန်အောင်ပြနိုင်လို့ သိပ်မဆိုးဘူးပြောရမယ် . ဒါပေမယ့် ဒီဖုန်းက နေ့ဘက်အပြင်မှာ သုံးရတာနည်းနည်းခက်ခဲတယ် . နေ့ဘက် နေရောင်အောက်မှာသုံးရင် တခါတလေ အားစိုက်ကြည့်ရတယ် အပေါ်က Glass ကနည်းနည်း reflection ပြန်တာလဲပါတာပေါ့ . MeiZu M3 Note ရဲ့ . CPU က MediaTek Helio P10: octa-core Cortex-A53 processor (4x 1.8GHz + 4x 1.0GHz)ကိုသုံးထားတယ် . GPU က Mali-T860MP2 . RAM က 2GB ဒါမှမဟုတ် 3GB version ၂ မျိုးရှိတယ် . Heavy User တွေ Gamer တွေ အတွက်တော့ တခါတလေ အားမလိုအားမရဖြစ်စရာရှိတယ် . ဘာလို့လဲဆိုတော့ . ထုံးစံအတိုင်း App တော်တော်များများ background မှာ ဖွင့်ထားမိရင် တော့် ဖုန်းကနည်းနည်းလေးလာတယ် . ပြီးတော့ အရမ်း Graphic မြင့်တဲ့ဂိမ်း Asphalt 8 လို Game တွေဆော့နေရင်း Frame Rate တွေကျလားပြီး ထစ်ထစ် ထစ်ထစ်ဖြစ်တတ်တယ် . MeiZu M3 Note ရဲ့ Battery က 4,100mAh ရှိတဲ့အတွက် Mr.Review တို့တွေစမ်းကြည့်တော့ တစ်ခါအားအပြည့်သွင်းထားရင် ၁၅ နာရီလောက်တော့အနည်းဆုံးခံတယ် . MeiZu M3 Note မှာ Flyme OS 5.1 တင်ထားတယ် . သူကဘာလုပ်ပေးလဲဆိုတော့ . Finger Prints ကို ဖတ်ပေးတယ် Gestures Control တွေဖြစ်တဲ့ နှစ်ချက်နှိပ် ရင် ဖုန်းဖွင့်ပေးတာမျိုး swipe လုပ်ပြီး အခြား app တွေဖွင့်ပေးတာမျိုး အဲလို Gestures အမျိုးမျိုးကို မိမိကြိုက်တဲ့ app ဖွင့်နိုင်အောင် customize လုပ်ထားပေးလို့ရတယ် . ဥပမာ၊ ဖုန်းဓာတ်မီး app ကို Z gesture ကိုပေးထားရင် ၊ ဖုန်းမီးဖွင့်ချင်ရင် ဖုန်း screen ပေါ်မှာ Z ပုံစံလုပ်လိုက်ရင် မီးပွင့်သွားတာမျိုးပေါ့ . ပြီးတော့ S7 နဲ့ S7 edge က Multi-tasking လိုမျိုး “Multi-View” ဆိုတဲ့ Function ပါတယ် . သူ support ပေးတဲ့ App တွေဖွင့်ထားရင် ဖုန်းရဲ့ အပေါ်မှာ တစ်ဝက် အောက်မှာ တစ်ဝက်ပြပေးတယ် . ဒါပေမယ့် လောလောဆယ် သူ support ပေတာက “News, Video, Settings, Documents, and Smart Voice” App တွေကိုပဲပေးသေးတယ် . Phone ရဲ့ Theme ကိုပြောင်းချင်ရင် International Version မှာ ပြောင်းလို့မရဘူး China Version မှာပဲပြောင်းလို့ရတယ် . ဒါပေမယ့် ကိုယ့်နည်းကိုယ့်ဟန်လေးတွေတော့ ရှိလိမ့်မယ် . ဖုန်းရဲ့ Speaker ကနည်းနည်းတိုးတယ် သိပ်အားမရဘူး . Earphone သုံးရင်တော့ နည်းနည်းပိုအဆင်ပြေတယ် . Camera က 13MP ရှိတယ် ပြီးတော့ ပုံကို resolution 4208x3120px ထွက်အောင်ရိုက်ပေးနိုင်တယ် . ပုံကြီးကြီး ကောင်းကောင်းရိုက်ပေးနိုင်တယ်ပေါ့ဗျာ . Camera ရဲ့ Auto-focus က တစ်ခါတစ်လေအလုပ်လုပ်ပြီး တစ်ခါတစ်လေ မလုပ်ဘူးဗျ . ထွက်လာတဲ့ ပုံတွေရဲ့ အချိ့နေရာလေးတွေမှာ နည်းနည်းဝါးတာလေးတွေ digital noise ထတာလေးတွေတွေ့ရတယ် . ဒါပေမယ့် ရိုးရိုး User တွေကျေနပ်လောက်ပါတယ် . ညဘက်ရိုက်တဲ့ပုံတွေက အခြား ဖုန်းတွေနဲ့ ယှဉ်လိုက်ရင် နည်းနည်း ပိုပြီး Noise ထနေတာတွေ့ရတယ် . နောက်ဆုံးသုံးသပ်ချက် ------------------------- ပြောရမယ်ဆိုရင် . MeiZu M3 Note ရဲ့ ဒီဇိုင်းက ရိုးရှင်းတယ် ကျစ်လစ်တယ် . ကိုင်ရပြုရတာ မိုက်တယ် . ဒီဇိုင်းကလဲ ရိုးရှင်းတော့ စတိုင်ကျတယ်လို့ပြောလို့ရတယ် . Display ကလဲ အတန်အသင့် ကောင်းတယ်လို့ပြောလို့ရတယ် . Game ကို heavy ဆော့ချင်တဲ့လူတွေအတွက်တော့ တတ်နိုင်မယ်ဆိုရင် နည်းနည်းပိုကောင်းတာလေးဝယ်ရမယ်ထင်တယ် . ဂိမ်းတော်တော်များများကို ဆော့လို့ရပေမယ့် တခါတလေ frame rate တွေကျကျ လာတတ်လို့ ဂိမ်းဆော့နေရင်း စိတ်တိုလာမှာဆိုးလို့ :P . ဈေးနှုန်းကတော့ Review လုပ်တဲ့ အချိန် (August 8,2016) မြို့ထဲကဆိုင်တွေမှာ . 175,000 MMK နဲ့ရောင်းတယ် . ဈေးတန်းလေးကို ကြည့်လိုက်ရင်တန်တယ်လို့ထင်ရပေမယ့် ဒီဈေးတန်းဝန်းကျင်မှာ ဆရာကျနေတဲ့ . Xiaomi Redmi Note 3 Pro နဲ့ယှဉ်လိုက်ရင်တော့ နည်းနည်းစဉ်းစားစရာလေးတွေဖြစ်လာနိုင်တယ် . သူ့အမျိုးအစားထဲကပဲ MeiZu MX5 ကိုတောင် အခုအသစ်ထွက်တဲ့ M3 Note နဲ့က သူမသာ ကိုယ်မသာဖြစ်နေတာလေးကလဲ နည်းနည်းထပ်စဉ်းစားရမှာပေါ့ . ဒါပေမယ့်လဲ ကိုယ့်အကြိုက်ကိုယ်ပေါ့နော် . ခေး တို့ ညေး တို့ရောဘယ်လိုထင်လဲ . ၀ယ်ပြီးသွားကြပြီလား ၀ယ်ဖြစ်မှာလား? . အတွေ့အကြုံလေးတွေရှဲသွားပါအုံး . MeiZu ရဲ့ မြန်မာလို website ကိုတော့ ဒီမှာသွားလေ့လာလို့ရပါတယ် http://www.meizu.com/mm/products/m3note/summary.html ‪#‎MeiZu‬ ‪#‎M3Note‬ ‪#‎MrReview‬ [unicode] MeiZu M3 Note Review ============= မှတ်ချက် ---------- အခုပြောပြမယ့် Review က Mr.Review ရဲ့ကိုယ်ပိုင်အထင်အမြင်များဖြစ်ပါတယ် . Company များမှ အခကြေးငွေပေး၍လုပ်ခိုင်းထားသော Review မဟုတ်သလို မည်သည့် Brand ကိုမှလဲ တိုက်ခိုက်လိုတဲ့ရည်ရွယ်ချက်နဲ့ Review လုပ်ထားခြင်းမဟုတ်ပါဘူး . ဖော်ပြပါအချက်အလက်များ၏ တိကျမှုသည် Review လုပ်ချိန်အတွင်းသာသက်ရောက်မှုရှိပါတယ် Company နှင့် ၀ယ်ယူသော ဆိုင်ပေါ်မှုတည်၍ အပြောင်းအလဲ ရှိနိုင်ပါတယ် . ကဲ Review လေးစလိုက်ရအောင် . အခုတလော Mr.Review သတိထားမိနေတဲ့ ဖုန်းလေးတွေကတော့ MeiZu Company ကထုတ်တဲ့ဖုန်းလေးတွေပါ . ဘာလို့သတိထားမိလဲဆိုတော့ ဒီဇိုင်းသေသေသပ်သပ်နဲ့ ဖုန်းလေးတွေကို သက်သာတဲ့စျေးတစ်ခုနဲ့ဝယ်လို့ရနေလို့ပါပဲ . အမြင်နဲ့Design ----------------- MeiZu M3 Note ကိုရုတ်တရက်ကြည့်လိုက်ရင် iPhone နဲ့ခပ်ဆင်ဆင်တူတယ် . အရင်က MeiZu Note Series နဲ့ကွဲထွက်လာတာက ဖုန်းတစ်ခုလုံးကို Metal နဲ့လုပ်ထားတာ . ပြောရမယ်ဆိုရင် လက်ထဲမှာကျစ်ကျစ်လစ်လစ်နဲ့ ကိုင်လို့ကောင်းတယ် . MeiZu Series ထဲက MX5 နဲ့တော်တော်လေးဆင်တယ် . နောက်ထူးခြားတာတစ်ခုက တခြား Android ဖုန်းတွေလို မဟုတ်ပဲ iPhone လိုမျိုး Home Button တစ်ခုပဲပါတယ် . ပြောရမယ်ဆိုရင် iPhone လိုမျိုးသုံးလို့ရအောင်လုပ်ထားတာပေါ့ဗျာ . အပြင်ပိုင်း ဒီဇိုင်းတင်မဟုတ်ဘူး အတွင်းထဲက UI လေးတွေကလဲ တော်တော်လေးသပ်သပ်ရပ်ရပ်ရှိတယ်ဗျ . အရင်တုံးက တရုတ်ဖုန်းတွေလို မလိုအပ်တဲ့ App တွေပါလာတာနည်းလာတယ် . တချို့တလေတော့ ရှိနေတုံးပဲဗျ . အပြင်ပိုင်း Hardware ----------------------- MeiZu M3 Note ရဲ့ Screen Size က 5.5 လက်မရှိတယ် . မျက်နှာပြင်ရဲ့ အပေါ်မှာ 5MP ရှိတဲ့ Selfie Camera လေးပါတယ် . မျက်နှာပြင်ရဲ့ အောက်ပိုင်းမှာတော့ mTouch လို့ နာမည်ပေးထားတဲ့ FingerPrint Scanner နဲ့ Home ပေါင်းထားတဲ့ခလုတ်လေးရှိတယ် . mTouch က FingerPrint ကို Scan လုပ်နိုင်တဲ့အပြင် ခလုတ်ကို ဖိနှိပ်လိုက်ရင် Home Function လိုအလုပ်လုပ်ပြီး တို့ထိရင်တော့ Back Function လိုအလုပ်လုပ်တယ် . မျက်နှာပြင်ကို Dinorex T2X-1 နဲ့ကာထားလို့ အစင်းအခြစ်ခံနိုင်တယ်လို့တော့ပြောတယ် . ဖုန်းရဲ့ဘယ်ဘက်မှာ SIM Card Tray ပါတယ် . SIM Card ထဲ့ချင်ရင် သူ့မှာပါလာတဲ့ Pin လေးနဲ့ထိုးထုတ်ပြီးမှထည့်လို့ရတယ် . SIM Tray ထဲမှာ SIM Card နှစ်ကဒ်ဖြစ်ဖြစ် SIM တစ်ကဒ်နဲ့ SD Card တစ်ကဒ်တွဲထည့်လို့ရတယ် . ဖုန်းရဲ့ညာဘက်မှာ Volume ခလုတ်နဲ့ Power ခလုတ်ပါတယ် . ဖုန်းရဲ့အပေါ်ဘက်မှာ Headphone Jack ရယ် Secondary Mic ရယ်ပါတယ် . ဖုန်းရဲ့အောက်မှာတော့ Speaker ၁ခု MicroUSB နဲ့ Primary Mic တွေပါတယ် . ဖုန်းရဲ့နောက်ကျောမှာ 13MP ရှိတဲ့ Camera နဲ့ dual-tone Flash တစ်ခုပါတယ် . ခြုံပြီးပြောရမယ်ဆိုရင်တော့ အမြင်ရှင်းတယ် လိုအပ်တဲ့အခလုတ်တွေအကုန်ပါတယ် . ဖုန်းကနည်းနည်းကြီးနေတော့ တချို့ကိစ္စတွေမှာ လက်တစ်ဖက်ထဲနဲ့ ဖုန်းသုံးရတာခက်တယ် အတွင်းပိုင်း Hardware & Software --------------------------------------- MeiZu M3 Note ရဲ့ Display က 5.5” လက်မ LTPS IPS LCD ရှိပြီး 1080p resolution ရှိတယ် . 403ppi ရှိတဲ့အတွက် တခြား QHD Display ရှိတဲ့ ဖုန်းတွေနဲ့ယှဉ်လိုက်ရင် သိပ်မကွာဘူးထင်ရတယ် . Display မှာ ပုံရိပ်တွေကို Color နဲ့ Contrast အတော်အသင့်မှန်အောင်ပြနိုင်လို့ သိပ်မဆိုးဘူးပြောရမယ် . ဒါပေမယ့် ဒီဖုန်းက နေ့ဘက်အပြင်မှာ သုံးရတာနည်းနည်းခက်ခဲတယ် . နေ့ဘက် နေရောင်အောက်မှာသုံးရင် တခါတလေ အားစိုက်ကြည့်ရတယ် အပေါ်က Glass ကနည်းနည်း reflection ပြန်တာလဲပါတာပေါ့ . MeiZu M3 Note ရဲ့ . CPU က MediaTek Helio P10: octa-core Cortex-A53 processor (4x 1.8GHz + 4x 1.0GHz)ကိုသုံးထားတယ် . GPU က Mali-T860MP2 . RAM က 2GB ဒါမှမဟုတ် 3GB version ၂ မျိုးရှိတယ် . Heavy User တွေ Gamer တွေ အတွက်တော့ တခါတလေ အားမလိုအားမရဖြစ်စရာရှိတယ် . ဘာလို့လဲဆိုတော့ . ထုံးစံအတိုင်း App တော်တော်များများ background မှာ ဖွင့်ထားမိရင် တော့် ဖုန်းကနည်းနည်းလေးလာတယ် . ပြီးတော့ အရမ်း Graphic မြင့်တဲ့ဂိမ်း Asphalt 8 လို Game တွေဆော့နေရင်း Frame Rate တွေကျလားပြီး ထစ်ထစ် ထစ်ထစ်ဖြစ်တတ်တယ် . MeiZu M3 Note ရဲ့ Battery က 4,100mAh ရှိတဲ့အတွက် Mr.Review တို့တွေစမ်းကြည့်တော့ တစ်ခါအားအပြည့်သွင်းထားရင် ၁၅ နာရီလောက်တော့အနည်းဆုံးခံတယ် . MeiZu M3 Note မှာ Flyme OS 5.1 တင်ထားတယ် . သူကဘာလုပ်ပေးလဲဆိုတော့ . Finger Prints ကို ဖတ်ပေးတယ် Gestures Control တွေဖြစ်တဲ့ နှစ်ချက်နှိပ် ရင် ဖုန်းဖွင့်ပေးတာမျိုး swipe လုပ်ပြီး အခြား app တွေဖွင့်ပေးတာမျိုး အဲလို Gestures အမျိုးမျိုးကို မိမိကြိုက်တဲ့ app ဖွင့်နိုင်အောင် customize လုပ်ထားပေးလို့ရတယ် . ဥပမာ၊ ဖုန်းဓာတ်မီး app ကို Z gesture ကိုပေးထားရင် ၊ ဖုန်းမီးဖွင့်ချင်ရင် ဖုန်း screen ပေါ်မှာ Z ပုံစံလုပ်လိုက်ရင် မီးပွင့်သွားတာမျိုးပေါ့ . ပြီးတော့ S7 နဲ့ S7 edge က Multi-tasking လိုမျိုး “Multi-View” ဆိုတဲ့ Function ပါတယ် . သူ support ပေးတဲ့ App တွေဖွင့်ထားရင် ဖုန်းရဲ့ အပေါ်မှာ တစ်ဝက် အောက်မှာ တစ်ဝက်ပြပေးတယ် . ဒါပေမယ့် လောလောဆယ် သူ support ပေတာက “News, Video, Settings, Documents, and Smart Voice” App တွေကိုပဲပေးသေးတယ် . Phone ရဲ့ Theme ကိုပြောင်းချင်ရင် International Version မှာ ပြောင်းလို့မရဘူး China Version မှာပဲပြောင်းလို့ရတယ် . ဒါပေမယ့် ကိုယ့်နည်းကိုယ့်ဟန်လေးတွေတော့ ရှိလိမ့်မယ် . ဖုန်းရဲ့ Speaker ကနည်းနည်းတိုးတယ် သိပ်အားမရဘူး . Earphone သုံးရင်တော့ နည်းနည်းပိုအဆင်ပြေတယ် . Camera က 13MP ရှိတယ် ပြီးတော့ ပုံကို resolution 4208x3120px ထွက်အောင်ရိုက်ပေးနိုင်တယ် . ပုံကြီးကြီး ကောင်းကောင်းရိုက်ပေးနိုင်တယ်ပေါ့ဗျာ . Camera ရဲ့ Auto-focus က တစ်ခါတစ်လေအလုပ်လုပ်ပြီး တစ်ခါတစ်လေ မလုပ်ဘူးဗျ . ထွက်လာတဲ့ ပုံတွေရဲ့ အချိ့နေရာလေးတွေမှာ နည်းနည်းဝါးတာလေးတွေ digital noise ထတာလေးတွေတွေ့ရတယ် . ဒါပေမယ့် ရိုးရိုး User တွေကျေနပ်လောက်ပါတယ် . ညဘက်ရိုက်တဲ့ပုံတွေက အခြား ဖုန်းတွေနဲ့ ယှဉ်လိုက်ရင် နည်းနည်း ပိုပြီး Noise ထနေတာတွေ့ရတယ် . နောက်ဆုံးသုံးသပ်ချက် ------------------------- ပြောရမယ်ဆိုရင် . MeiZu M3 Note ရဲ့ ဒီဇိုင်းက ရိုးရှင်းတယ် ကျစ်လစ်တယ် . ကိုင်ရပြုရတာ မိုက်တယ် . ဒီဇိုင်းကလဲ ရိုးရှင်းတော့ စတိုင်ကျတယ်လို့ပြောလို့ရတယ် . Display ကလဲ အတန်အသင့် ကောင်းတယ်လို့ပြောလို့ရတယ် . Game ကို heavy ဆော့ချင်တဲ့လူတွေအတွက်တော့ တတ်နိုင်မယ်ဆိုရင် နည်းနည်းပိုကောင်းတာလေးဝယ်ရမယ်ထင်တယ် . ဂိမ်းတော်တော်များများကို ဆော့လို့ရပေမယ့် တခါတလေ frame rate တွေကျကျ လာတတ်လို့ ဂိမ်းဆော့နေရင်း စိတ်တိုလာမှာဆိုးလို့ :P . စျေးနှုန်းကတော့ Review လုပ်တဲ့ အချိန် (August 8,2016) မြို့ထဲကဆိုင်တွေမှာ . 175,000 MMK နဲ့ရောင်းတယ် . စျေးတန်းလေးကို ကြည့်လိုက်ရင်တန်တယ်လို့ထင်ရပေမယ့် ဒီစျေးတန်းဝန်းကျင်မှာ ဆရာကျနေတဲ့ . Xiaomi Redmi Note 3 Pro နဲ့ယှဉ်လိုက်ရင်တော့ နည်းနည်းစဉ်းစားစရာလေးတွေဖြစ်လာနိုင်တယ် . သူ့အမျိုးအစားထဲကပဲ MeiZu MX5 ကိုတောင် အခုအသစ်ထွက်တဲ့ M3 Note နဲ့က သူမသာ ကိုယ်မသာဖြစ်နေတာလေးကလဲ နည်းနည်းထပ်စဉ်းစားရမှာပေါ့ . ဒါပေမယ့်လဲ ကိုယ့်အကြိုက်ကိုယ်ပေါ့နော် . ခေး တို့ ညေး တို့ရောဘယ်လိုထင်လဲ . ၀ယ်ပြီးသွားကြပြီလား ၀ယ်ဖြစ်မှာလား? . အတွေ့အကြံုလေးတွေရှဲသွားပါအုံး . MeiZu ရဲ့ မြန်မာလို website ကိုတော့ ဒီမှာသွားလေ့လာလို့ရပါတယ် http://www.meizu.com/mm/products/m3note/summary.html #MeiZu #M3Note #MrReview
OnePlus 3 Review
OnePlus 3 Review ============ ကဲ ဒီတစ်ခေါက်ပြောပြပေးမယ့်ဖုန်းလေးကတော့ OnePlus 3 လို့ခေါ်ပါတယ် . အရင်တုံးက OnePlus ဆိုတဲ့ တံဆိပ်ကို သိတဲ့လူအတော်ရှားလိမ့်မယ် . OnePlus က OnePlus Model ကထဲက အခြား နာမည်ကြီး ဖုန်းတွေနဲ့ အပြိုင်တိုက်ပွဲဝင်လာတာ အခုတော့ မြန်မာနိုင်ငံရဲ့ Smartphone ဈေးကွက်ထဲကို OnePlus 3 အနေနဲ့ထပ်ရောက်လာပြန်ပြီလေ . ကျွန်တော်တို့ သူ့ရဲ့ Specs ကိုလေ့လာကြည့်ရအောင် . Display က Optics AMOLED Capacitive touchscreen, 16M colors 5.5” 1080p resolution Display protection က S7 မှာသုံးထားတဲ့ မှန်ကာဗာလိုမျိုး Gorilla Glass 4 ကိုသုံးထားပါတယ် . Chipset က Snapdragon 820 CPU က Dual-core 2.15 GHz Kryo & dual-core 1.6 GHz Kryo GPU က Adreno 530 . Internal Memory က 64GB RAM က 6GB External Memory တိုးလို့မရဘူး . Battery က 3,000mAh ရှိတယ် ဖြုတ်လို့မရဘူး . အမြင် နဲ့ Design ကိုပြောရမယ်ဆိုရင် . OnePlus 3 ကို space-grade aluminium metal အပြည့်နဲ့လုပ်ထားတယ် ပြီးတော့ ဒီဇိုင်းက ခပ်ပါးပါးနဲ့ ဆွဲဆောင်မှုရှိတယ် . 158g ပဲလေးတော့ metal အပြည့်နဲကလုပ်ထားတဲ့ ဖုန်းတွေထဲမှာ ပါးပါးလွှာလွှာနဲ့ တော်တော်ကိုင်လို့ကောင်းတယ် . ရွေးချယ်စရာအရောင်က မီးခိုးခပ်ဖျော့ဖျော့ ရယ် ရွှေရောင် အဖျော့ရယ်ဆိုပြီး နှစ်မျိုးရှိတယ် . တခုပဲပြောစရာရှိတာက ဖုန်းရဲ့နောက်က ကင်မရာက သိသိသာသာကြီးအပြင်ဖောင်းထွက်နေတာတစ်ခုပဲ . ဒါပေမယ့် အပြစ်ကြီးတစ်ခုလိုတော့ပြောလို့မရပါဘူး . ဖုန်းကိုတော်တော်ပါးအောင်လုပ်ထားရတော့ တချို့ပါးလို့မရတဲ့ camera တွေက ထွက်နေတာက ဖုန်းအပါးတိုင်းမှာဖြစ်နေကြဖြစ်နေတယ်လေ . ဒါပေမယ့် ဒီလိုအပ်ချက်လေးတွေကို Phone Cover လေးတွေက ဖြေရှင်းပေးသွားလိမ့်မယ် . အခုနောက်ပိုင်းထွက်တဲ့ ဖုန်းတွေတော်တော်များများက တဖြည်းဖြည်းအသက်ဝင်လာသလိုပဲ . OnePlus 3 ရဲ့မျက်နှာပြင်ကို နှစ်ချက်ပုတ်လိုက်ရုံနဲ့ ဖုန်းလေးက နိုးနိုးလာတယ် . Gestures control နဲ့လဲ ဖုန်းကိုနိုးတာဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ app ကိုဖွင့်ခိုင်းတာဖြစ်ဖြစ်လုပ်လို့ရတယ် . Home button ရဲ့ Fingerprint sensor က အလုပ်လုပ်တာတော်တော်မြန်တယ် . ထိလိုက်ရုံနဲ့ ဖုန်းက အချိန်တိုအတွင်းမှာ unlock ဖြစ်သွားတယ် . အချို့ဖုန်းတွေလိုအကြာကြီးဖိထားစရာမလိုဘူး . ဖုန်းရဲ့ညာဘက်ခြမ်းမှာ Alert Slider လေးတစ်ခုပါလာတယ် သူ့ကိုလဲ function အမျိုးမျိုးလုပ်လို့ရအောင် customize လုပ်ထားလို့ရတယ် . Sim Card နှစ်ကဒ်သုံးလို့ရတယ် ဒါပေမယ့် memory ထပ်တိုးလို့မရဘူး . USB Type-C ကိုအသုံးပြုထားတယ် သို့ပေမယ့် ဒေတာ အသွင်းအထုတ်လုပ်တဲ့နေရာမှာ USB 2.0 ရဲ့ မြန်နှုန်းပဲရနေသေးတာကတော့ နည်းနည်းပြောစရာရှိတယ် . ဒါပေမယ့်လဲ အရမ်းကြီးအရေးတော့မကြီးပါဘူး . OnePlus 3 နဲ့ အတူပါလာတဲ့ Dash Charger နဲ့ဖုန်းအားသွင်းမယ်ဆိုရင် ၀% ကနေ ၆၀% ကို ရောက်ဖို့ မိနစ် ၃၀ ခန့်ပဲကြာတယ် . OPPO ရဲ့ VOOC နည်းပညာကို သုံးထားလို့ ဒီ Charger လေးက ခပ်သေးသေးနဲ့ အား အများကြီးထုတ်နိုင်တယ် . 4A/5V အထိထွက်တယ် . အားတွေအများကြီးထွက်လို့ ဖုန်းအားသွင်းရင်အရမ်းပူလားဆိုတော့ မပူဘူးဗျ . ခပ်နွေးနွေးလေးတော့ဖြစ်တာပေါ့ . အခုနောက်ပိုင်း Smart Phone တွေက Charger အမြန်သွင်းတာကိုအားပေးလာကြတယ် . Battery ကလဲ size အားဖြင့်သေး ပေမယ့် internet, game, video တွေကို Heavy သုံးမယ်ဆိုရင်တောင် ၈ နာရီကနေ ၁၃ နာရီကြားခံတယ် . Internet များများသုံးရင်တော့် Battery ပိုစားတယ် . မျက်နှာပြင်အရေအသွေးကတော့ ပြောစရာသိပ်မရှိလောက်အောင်ကို ကောင်းပါတယ် . Samsung S7 ရဲ့ ရုပ်ထွက်ကို တန်းတူမယှဉ်နိုင်ရင်တောင် သိသိသာသာကြီးကွာသွားလောက်တဲ့အခြေအနေမျိုးတော့မဟုတ်ဘူး . သို့ပေမယ့် QHD နဲ့ FHD ကတော့ ကွာတာပေါ့နော် . နေရောင်အောက်မှာ အသုံးပြုရင်လဲ အဆင်ပြေပြေသုံးလို့ရတာတွေ့ရတယ် . OnePlus 3 မှာ Oxygen OS 3.1.2 (အခု 3.2 update ထွက်ပြီပြောတယ်) ကို Android 6.0.1 Marshmallow နဲ့တွဲတင်ထားတယ် . Oxygen OS က OnePlus 3 ကိုဘာလုပ်ပေးလဲဆိုတော့ . Screen ကို ပိတ်ထားလို့ရှိရင် Screen ပေါ်မှာ ကိုယ်က လက်နဲ့ နှစ်ချက်တို့လိုက်ရင် ဖုန်းနိုးလာမယ် O ပုံစံ ၀ိုင်းလိုက်ရင် Camera ပွင့်လာမယ် ၊ V ပုံစံ ဆွဲလိုက်ရင် Flashlight အဖွင့်အပိတ်လုပ်လို့ရတယ် ၊ < ပုံစံဆွဲရင် အရင် သီချင်းကိုပြန်သွားတယ် > ပုံစံဆွဲရင် နောက် သီချင်းကို ကူးသွားတယ် . အဲလိုမျိုးလေးတွေကို ဖုန်းကို ဖွင့်စရာမလိုဘဲ Screen ပိတ်ထားပြီးလုပ်လို့ရတယ် . တော်တော်မိုက်တဲ့ function လေးတွေပေါ့ . ပြီးတော့ Home Key ရဲ့ Fingerprint sensor ကလဲ အမြဲပွင့်နေတော့ ဖုန်းကို screen ဖွင့်စရာမလိုပဲ ထိလိုက်တာနဲ့ unlock ဖြစ်သွားတယ် . Oxygen OS က ဖုန်းတစ်ခုလုံးကို Android တစ်လုံးထက်ပိုတဲ့လုပ်ဆောင်ချက်လေးတွေကို မသိမသာလေး လိုက်အားဖြည့်ပေးနေတာလေးကတော်တော်အဆင်ပြေတယ် . Display ကို FHD ပဲထားထားပြီး Hardware တွေကို QHD display Phone တွေကို ပါဝါပေးတဲ့ Chipset တွေဖြစ်တဲ့ Snapdragon 820 နဲ့ Adreno 530 ကို အသုံးပြုထားတဲ့အတွက် performance အရာမှာတော့ S7 နဲ့ယှဉ်ရင် နင်လားငါလားပဲ . ပြီးတော့ RAM က 6GB တောင်ရှိတဲ့အတွက် App တွေကိုတော့ ကပြီးတောင် Run နိုင်တယ် . Game တွေဆိုရင်လဲ ဘယ်ကောင်လာလာအေးဆေးဆော့လို့ရတယ် . Camera ရဲ့ ကွာလတီကလဲ တော်တော်လေးကောင်းတယ် . Sony IMX298 sensor လေးကိုအသုံးပြုထားပြီး 16MP ရှိတယ် . Aperture က f/2.0 ရှိလို့ အနုပညာဆန်ဆန် ပုံလေးတွေရိုက်ရတာပိုအဆင်ပြေတယ် . ထွက်လာတဲ့ပုံတွေက တော်တော်လေးစိတ်ကျေနပ်စရာကောင်းတယ် . ပြီးတော့ RAW file support ပေးတဲ့အတွက် Photographer တွေ Designer တွေအကြိုက်တွေ့မှာအမှန်ပဲ . Selfie camera လဲထိုနည်းအတိုင်းပဲ 8MP ရယ် f/2.0 ရယ်ရှိတယ် . Video ကိုလဲ 4K အထိရိုက်လို့ရတယ် . 4K နဲ့ FHD မှာတော့ Slow motion တို့ Time-lapse တို့မရဘူး အဲဒါတွေသုံးချင်ရင်တော့ 720p ကိုဆင်းရတယ် . နောက်ဆုံး သုံးသပ်ကြည့်ရမယ်ဆိုရင်တော့ . OnePlus 3 ဟာ ၅ သိန်း ၀န်းကျင်ဈေးတန်း ဖုန်းတွေကြားထဲမှာတော့ တော်တော်လေးကောင်းတယ်ပြောရမယ် . Design သန့်သန့် ကျစ်ကျစ်လစ်လစ်နဲ့ ကွာလတီကောင်းကောင်းဖုန်းတစ်လုံးဆိုရင်မမှားပါဘူး . QHD ခေတ်မှာ FHD ဖြစ်နေတာလေးရယ် External microSD နဲ့ memory တိုးလို့မရတာကလွဲရင် ဖုန်းလေးကတော့တော်တော်လေး ကောင်းတယ်လို့ပြောလို့ရတယ် . ဘော်ဒါတို့ကောဘယ်လိုထင်လဲ? . ၀ယ်မယ် မ၀ယ်ဘူး ကောင်းတယ် မကောင်းဘူး မန့်ခဲ့အုံးလေ . အဲအဲ ပြောဖို့မေ့သွားတာက လောလောဆယ်သူက Myanmar စာကို Unicode ပဲ ရသေးတယ်ဗျ ... ‪#‎oneplus3‬ ‪#‎MrReview‬ [unicode] OnePlus 3 Review ============ ကဲ ဒီတစ်ခေါက်ပြောပြပေးမယ့်ဖုန်းလေးကတော့ OnePlus 3 လို့ခေါ်ပါတယ် . အရင်တုံးက OnePlus ဆိုတဲ့ တံဆိပ်ကို သိတဲ့လူအတော်ရှားလိမ့်မယ် . OnePlus က OnePlus Model ကထဲက အခြား နာမည်ကြီး ဖုန်းတွေနဲ့ အပြိုင်တိုက်ပွဲဝင်လာတာ အခုတော့ မြန်မာနိုင်ငံရဲ့ Smartphone စျေးကွက်ထဲကို OnePlus 3 အနေနဲ့ထပ်ရောက်လာပြန်ပြီလေ . ကျွန်တော်တို့ သူ့ရဲ့ Specs ကိုလေ့လာကြည့်ရအောင် . Display က Optics AMOLED Capacitive touchscreen, 16M colors 5.5” 1080p resolution Display protection က S7 မှာသုံးထားတဲ့ မှန်ကာဗာလိုမျိုး Gorilla Glass 4 ကိုသုံးထားပါတယ် . Chipset က Snapdragon 820 CPU က Dual-core 2.15 GHz Kryo & dual-core 1.6 GHz Kryo GPU က Adreno 530 . Internal Memory က 64GB RAM က 6GB External Memory တိုးလို့မရဘူး . Battery က 3,000mAh ရှိတယ် ဖြုတ်လို့မရဘူး . အမြင် နဲ့ Design ကိုပြောရမယ်ဆိုရင် . OnePlus 3 ကို space-grade aluminium metal အပြည့်နဲ့လုပ်ထားတယ် ပြီးတော့ ဒီဇိုင်းက ခပ်ပါးပါးနဲ့ ဆွဲဆောင်မှုရှိတယ် . 158g ပဲလေးတော့ metal အပြည့်နဲကလုပ်ထားတဲ့ ဖုန်းတွေထဲမှာ ပါးပါးလွှာလွှာနဲ့ တော်တော်ကိုင်လို့ကောင်းတယ် . ရွေးချယ်စရာအရောင်က မီးခိုးခပ်ဖျော့ဖျော့ ရယ် ရွှေရောင် အဖျော့ရယ်ဆိုပြီး နှစ်မျိုးရှိတယ် . တခုပဲပြောစရာရှိတာက ဖုန်းရဲ့နောက်က ကင်မရာက သိသိသာသာကြီးအပြင်ဖောင်းထွက်နေတာတစ်ခုပဲ . ဒါပေမယ့် အပြစ်ကြီးတစ်ခုလိုတော့ပြောလို့မရပါဘူး . ဖုန်းကိုတော်တော်ပါးအောင်လုပ်ထားရတော့ တချို့ပါးလို့မရတဲ့ camera တွေက ထွက်နေတာက ဖုန်းအပါးတိုင်းမှာဖြစ်နေကြဖြစ်နေတယ်လေ . ဒါပေမယ့် ဒီလိုအပ်ချက်လေးတွေကို Phone Cover လေးတွေက ဖြေရှင်းပေးသွားလိမ့်မယ် . အခုနောက်ပိုင်းထွက်တဲ့ ဖုန်းတွေတော်တော်များများက တဖြည်းဖြည်းအသက်ဝင်လာသလိုပဲ . OnePlus 3 ရဲ့မျက်နှာပြင်ကို နှစ်ချက်ပုတ်လိုက်ရုံနဲ့ ဖုန်းလေးက နိုးနိုးလာတယ် . Gestures control နဲ့လဲ ဖုန်းကိုနိုးတာဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ app ကိုဖွင့်ခိုင်းတာဖြစ်ဖြစ်လုပ်လို့ရတယ် . Home button ရဲ့ Fingerprint sensor က အလုပ်လုပ်တာတော်တော်မြန်တယ် . ထိလိုက်ရုံနဲ့ ဖုန်းက အချိန်တိုအတွင်းမှာ unlock ဖြစ်သွားတယ် . အချို့ဖုန်းတွေလိုအကြာကြီးဖိထားစရာမလိုဘူး . ဖုန်းရဲ့ညာဘက်ခြမ်းမှာ Alert Slider လေးတစ်ခုပါလာတယ် သူ့ကိုလဲ function အမျိုးမျိုးလုပ်လို့ရအောင် customize လုပ်ထားလို့ရတယ် . Sim Card နှစ်ကဒ်သုံးလို့ရတယ် ဒါပေမယ့် memory ထပ်တိုးလို့မရဘူး . USB Type-C ကိုအသုံးပြုထားတယ် သို့ပေမယ့် ဒေတာ အသွင်းအထုတ်လုပ်တဲ့နေရာမှာ USB 2.0 ရဲ့ မြန်နှုန်းပဲရနေသေးတာကတော့ နည်းနည်းပြောစရာရှိတယ် . ဒါပေမယ့်လဲ အရမ်းကြီးအရေးတော့မကြီးပါဘူး . OnePlus 3 နဲ့ အတူပါလာတဲ့ Dash Charger နဲ့ဖုန်းအားသွင်းမယ်ဆိုရင် ၀% ကနေ ၆၀% ကို ရောက်ဖို့ မိနစ် ၃၀ ခန့်ပဲကြာတယ် . OPPO ရဲ့ VOOC နည်းပညာကို သုံးထားလို့ ဒီ Charger လေးက ခပ်သေးသေးနဲ့ အား အများကြီးထုတ်နိုင်တယ် . 4A/5V အထိထွက်တယ် . အားတွေအများကြီးထွက်လို့ ဖုန်းအားသွင်းရင်အရမ်းပူလားဆိုတော့ မပူဘူးဗျ . ခပ်နွေးနွေးလေးတော့ဖြစ်တာပေါ့ . အခုနောက်ပိုင်း Smart Phone တွေက Charger အမြန်သွင်းတာကိုအားပေးလာကြတယ် . Battery ကလဲ size အားဖြင့်သေး ပေမယ့် internet, game, video တွေကို Heavy သုံးမယ်ဆိုရင်တောင် ၈ နာရီကနေ ၁၃ နာရီကြားခံတယ် . Internet များများသုံးရင်တော့် Battery ပိုစားတယ် . မျက်နှာပြင်အရေအသွေးကတော့ ပြောစရာသိပ်မရှိလောက်အောင်ကို ကောင်းပါတယ် . Samsung S7 ရဲ့ ရုပ်ထွက်ကို တန်းတူမယှဉ်နိုင်ရင်တောင် သိသိသာသာကြီးကွာသွားလောက်တဲ့အခြေအနေမျိုးတော့မဟုတ်ဘူး . သို့ပေမယ့် QHD နဲ့ FHD ကတော့ ကွာတာပေါ့နော် . နေရောင်အောက်မှာ အသုံးပြုရင်လဲ အဆင်ပြေပြေသုံးလို့ရတာတွေ့ရတယ် . OnePlus 3 မှာ Oxygen OS 3.1.2 (အခု 3.2 update ထွက်ပြီပြောတယ်) ကို Android 6.0.1 Marshmallow နဲ့တွဲတင်ထားတယ် . Oxygen OS က OnePlus 3 ကိုဘာလုပ်ပေးလဲဆိုတော့ . Screen ကို ပိတ်ထားလို့ရှိရင် Screen ပေါ်မှာ ကိုယ်က လက်နဲ့ နှစ်ချက်တို့လိုက်ရင် ဖုန်းနိုးလာမယ် O ပုံစံ ၀ိုင်းလိုက်ရင် Camera ပွင့်လာမယ် ၊ V ပုံစံ ဆွဲလိုက်ရင် Flashlight အဖွင့်အပိတ်လုပ်လို့ရတယ် ၊ < ပုံစံဆွဲရင် အရင် သီချင်းကိုပြန်သွားတယ် > ပုံစံဆွဲရင် နောက် သီချင်းကို ကူးသွားတယ် . အဲလိုမျိုးလေးတွေကို ဖုန်းကို ဖွင့်စရာမလိုဘဲ Screen ပိတ်ထားပြီးလုပ်လို့ရတယ် . တော်တော်မိုက်တဲ့ function လေးတွေပေါ့ . ပြီးတော့ Home Key ရဲ့ Fingerprint sensor ကလဲ အမြဲပွင့်နေတော့ ဖုန်းကို screen ဖွင့်စရာမလိုပဲ ထိလိုက်တာနဲ့ unlock ဖြစ်သွားတယ် . Oxygen OS က ဖုန်းတစ်ခုလုံးကို Android တစ်လုံးထက်ပိုတဲ့လုပ်ဆောင်ချက်လေးတွေကို မသိမသာလေး လိုက်အားဖြည့်ပေးနေတာလေးကတော်တော်အဆင်ပြေတယ် . Display ကို FHD ပဲထားထားပြီး Hardware တွေကို QHD display Phone တွေကို ပါ၀ါပေးတဲ့ Chipset တွေဖြစ်တဲ့ Snapdragon 820 နဲ့ Adreno 530 ကို အသုံးပြုထားတဲ့အတွက် performance အရာမှာတော့ S7 နဲ့ယှဉ်ရင် နင်လားငါလားပဲ . ပြီးတော့ RAM က 6GB တောင်ရှိတဲ့အတွက် App တွေကိုတော့ ကပြီးတောင် Run နိုင်တယ် . Game တွေဆိုရင်လဲ ဘယ်ကောင်လာလာအေးဆေးဆော့လို့ရတယ် . Camera ရဲ့ ကွာလတီကလဲ တော်တော်လေးကောင်းတယ် . Sony IMX298 sensor လေးကိုအသုံးပြုထားပြီး 16MP ရှိတယ် . Aperture က f/2.0 ရှိလို့ အနုပညာဆန်ဆန် ပုံလေးတွေရိုက်ရတာပိုအဆင်ပြေတယ် . ထွက်လာတဲ့ပုံတွေက တော်တော်လေးစိတ်ကျေနပ်စရာကောင်းတယ် . ပြီးတော့ RAW file support ပေးတဲ့အတွက် Photographer တွေ Designer တွေအကြိုက်တွေ့မှာအမှန်ပဲ . Selfie camera လဲထိုနည်းအတိုင်းပဲ 8MP ရယ် f/2.0 ရယ်ရှိတယ် . Video ကိုလဲ 4K အထိရိုက်လို့ရတယ် . 4K နဲ့ FHD မှာတော့ Slow motion တို့ Time-lapse တို့မရဘူး အဲဒါတွေသုံးချင်ရင်တော့ 720p ကိုဆင်းရတယ် . နောက်ဆုံး သုံးသပ်ကြည့်ရမယ်ဆိုရင်တော့ . OnePlus 3 ဟာ ၅ သိန်း ၀န်းကျင်စျေးတန်း ဖုန်းတွေကြားထဲမှာတော့ တော်တော်လေးကောင်းတယ်ပြောရမယ် . Design သန့်သန့် ကျစ်ကျစ်လစ်လစ်နဲ့ ကွာလတီကောင်းကောင်းဖုန်းတစ်လုံးဆိုရင်မမှားပါဘူး . QHD ခေတ်မှာ FHD ဖြစ်နေတာလေးရယ် External microSD နဲ့ memory တိုးလို့မရတာကလွဲရင် ဖုန်းလေးကတော့တော်တော်လေး ကောင်းတယ်လို့ပြောလို့ရတယ် . ဘော်ဒါတို့ကောဘယ်လိုထင်လဲ? . ၀ယ်မယ် မဝယ်ဘူး ကောင်းတယ် မကောင်းဘူး မန့်ခဲ့အုံးလေ . အဲအဲ ပြောဖို့မေ့သွားတာက လောလောဆယ်သူက Myanmar စာကို Unicode ပဲ ရသေးတယ်ဗျ ... #oneplus3 #MrReview
Saturday, August 6, 2016
ွSucess
ခဏတာ သာယာမှုတွေ အပေါ်မှာ စိတ်ကို မနှစ်ထားပါနဲ့ ။ ပန်းနဲ့ ဖွဲ့ ထားအိမ်က သိပ်လှရင် လှနေပါလိမ့်မယ်။ သို့ သော် သစ်သားနဲ့ ဆောက်သောအိမ်လောက်တော့ မခိုင်ခံ့နိုင်ပါဘူး။ သာယာမှုအောက်မှာ ပျော်မွေ့ နေတဲ့ စိတ်ဟာ ဘ၀ပေါ်တင်ကြည့်လိုက်တဲ့အခါ အခိုက်အတန့် လေးလောက်သာ အသုံးဝင် မှာပါ။ တည်ငြိမ်စွာနဲ့  ဝေဖန်ဆန်းစစ်ထားပြီးမှ ဖြစ်ပေါ်လာတဲ့ စိတ်ကတော့ ဘ၀တစ်လျှောက်လုံး ကောင်းကျိုးကို ရစေတယ်။ ကိုယ်က ရေရှည်ကိုပဲ တွေးရမယ်၊ ရေရှည်ကိုပဲ မျှော်မှန်း လုပ်ရမယ်။ ဘ၀မှာရရှိတဲ့ အချိန်တွေက နည်းလှပေမယ့် ဘ၀တစ်လျှောက် ဖြစ်ပေါ်တတ်တဲ့ ခံစားချက်တွေကတော့ သိပ်ကို များပြားပါတယ်။ လူတစ်ယောက်က ခံစားချက်ကြီးသာ ဦးစားပေးလွန်းတဲ့အခါ ဘ၀တွင် ခံစားရတတ်ပါတယ်။ ဒီခံစားချက်တွေအနဲ့ အတူ ဖြစ်သင့်၊ မဖြစ်သင့်ဆိုတာကို ဆုံးဖြတ်နိုင်တဲ့ ဦးနှောက်ကို ယှဉ်တွဲ အသုံးပြုတတ်မှ တည်ငြိမ်မှု၊ ကျေနပ်မှု၊ အေးချမ်းမှုတွေကို ရမှာပါ။
PGG Mobile( Professional Services )
နမ်.စန်မြို.ရဲ အကောင်းဆုံးသော ၀န်ဆောင်မှုပေးရရှိနိုင်တဲ. ဖုန်းဆိုင်ကို ညွှန်းဆိုရင် လူကြီးမင်းတို.ဘယ်ဆိုင်ညွှန်းမလဲ စိတ်ဝင်စားစရာပါပဲ ခုဆိုရင် PGG Mobileမှ အကောင်းတကအကောင်းဆုံးဝန်ဆောင်မှုတွေနဲ.၀န်ဆောင်မှုပေးတဲ.အကြောင်းလေး ကြေငြာပါရစေ ဈေးနှုန်းသက်သာမှု ယုံကြည်စိတ်ချရသော ပစည်းအရည်အသွေး အထူးကောင်းမွန်သောဝန်ဆောင်မှု အခမဲ. ပေါင်းများစွာသော facebook အကောင်.သစ်ဖွင်.ခြင်း gmail အကောင်.သစ်ဖွင်.ခြင်း ဖုန်းသန်.ရှင်းရေး အချိန်မရွေး အခမဲ.လာရောက်လုပ်ယူနိုင်ခြင်း မိမိကြိုက်နှစ်သက်ရာ application ကို ကြိုတင်စာရင်းပေးကာ လာရောက်သွင်းယူနိုင်ခြင်း သီချင်း ဇာတ်ကား ကာတွန်းအစရှိတာများကို အကန်.သတ်မရှိ အခမဲ.သွင်းယူနိုင်ခြင်း အဆိုပါဝန်ဆောင်မှုတွေအတွက် PGG မှဖုန်းဝယ်ယူထားသူတိုင်း ခံစားခွင့်ရှိပါတယ်ခဗျာ အကောင်းတကအကောင်းဆုံးဝန်ဆောင်မှုလေးတွေရယူနိုင်ဖို. ခုပဲ PGG ဖုန်းဆိုင်မှာ ဖုန်းတွေပေးဝယ်ဆို. မှတ်ချက် - ဆိုင်မှဝန်ဆောင်မှုအတွက် လာေ၇ာက်ချိန်တွင် ဧည်.သည် များချိန်တွင် သည်းခံပြီးစောင်.ဆိုင်းပေးဖို. တောင်းဆိုချင်ပါတယ်ခဗျာ ၇.၈.၂၀၁၆ မှစပြီး အကောင်းတကအကောင်းဆုံးတွေကို ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါတယ်ခဗျာ
ဝေဖန်၊တိုက်ခိုက်သူကို ကျေးဇူးတင်သင့်တယ်
ဝေဖန်၊တိုက်ခိုက်သူကို ကျေးဇူးတင်သင့်တယ် ================================= ကျွန်မတို့ ဘ၀မှာ ယှဉ်ပြိုင်သူ၊ ဝေဖန်သူ၊ တိုက်ခိုက်သူ စတဲ့ရန်သူလို့လည်း ပြောရခက်လှတဲ့သူတွေနဲ့ ဆုံတွေ့ရလေ့ရှိပါတယ်။လူတိုင်း ဆုံကြရပါတယ်။ အဲလို ကိုယ့်ကို လာရောက်ယှဉ်ပြိုင်တဲ့သူပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့အားနည်းချက်တွေကိုရှာဖွေပြီးတော့ ဝေဖန်တိုက်ခိုက်တဲ့သူပဲ ဖြစ်ဖြစ် သူတို့ရဲ့လုပ်ဆောင်မှုဟာ ကျွန်မတို့ဘ၀အတွက်တော့အရေးပါတယ်ဆိုတာကိုတော့ လက်ခံတဲ့သူတွေ ရှိမယ် ထင်ပါရဲ့။ ငယ်တုန်းကတော့ ကိုယ့်ကိုလာရောက်ယှဉ်ပြိုင်တဲ့သူ ရှိပါလား ဆိုတဲ့အသိက ကျွန်မကတော့သတိမြဲစေတယ်။ ငါလျော့လိုက်လို့ မဖြစ်ဘူး သူက ငါ့ကို ကျော်တက်သွားလိမ့်ဆိုတာမျိုးနဲ့ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့လုံးလကို လျော့မပြစ်ရဲခဲ့ဘူး။ သူသာ မရှိရင် ကျွန်မဟာ အမြဲတမ်း ကြိုးစားအားထုတ်နေဖို့ ဆိုတာ မသေချာဘူးလေ၊ဒါကြောင့်သူ ရှိတယ်ဆိုတဲ့အသိ၊ ကိုယ့်ကို ပြိုင်နေတဲ့သူ ရှိတယ်ဆိုတဲ့အသိက ကျွန်မတို့ရဲ့အားထုတ်မှုကို စွဲတင်ခဲ့တာပါ။ ဒါကို ပြန်တွေးကြည့်တော့ ကိုယ့်ပြိုင်ဘက်ဆိုတာ ကိုယ့်ကို အကျိုးပေးပါလား၊ သူ့ကို ကျေးဇူးတင်သင့်တယ်ဆိုတဲ့အမြင်ရှိလာခဲ့တယ်။ နောက်တစ်ချက်ကတော့ကိုယ့်ကို ဝေဖန်တဲ့သူ … ။ဝေဖန်တဲ့သူမှာလည်း ကောင်းစေချင်လို့ဝေဖန်သူ ရှိသလို၊ အပြစ်ရှာပြီး ဝေဖန်သူလည်း ရှိပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ပါ။ သူက ကိုယ့်ကို လိုက်ပြီး အပြစ်ရှာနေတာ၊ ဝေဖန်တိုက်ခိုက်နေတာာ ကိုယ့်အတွက် စိတ်ညစ် စရာ၊ စိတ်ပင်ပန်း စရာဖြစ်စေတာတော့အမှန်ပါပဲ။ ဒါပေမဲ့ သူက အပြစ်ရှာနေတဲ့အတွက် ကို်ယ့်ကိုယ်ကို အမြဲ သတိရှိနေမိတယ်။ တစ်ခါတစ်ရံများဆို သတိကောင်းအောင် တရားတောင် အချိန်ယူပြီး ထိုင်မိပါသေးတယ်။ ဝေဖန်ခံရတဲ့အခါမှာလည်း စိတ်တို ဒေါသထွက်မိပေမဲ့ သေချာပြန်စဉ်းစားကြည့်တော့သူပြောတာက ကိုယ့်ရဲ့အားနည်းချက်ပါလား ဆိုတာကိုလည်း ပြန်မြင်ရတယ်။ တကယ်တော့ကိုယ့်ကို ဝေဖန်တိုက်ခိုက်သူဆိုတာက ကိုယ်ကိုတိုင်တောင်မှ မသိလိုက်တဲ့ ကိုယ်ရဲ့အားနည်းချက်အချို့ကို သူတို့ရဲ့ အချိန်တွေနဲ့အားထုတ်မှုကို အသုံးပြုပြီး ကိုယ့်အတွက် ရှာဖွေပေးတဲ့သူပါလား လို့နားလည်လိုက်မိတယ်။ အော်… ကိုယ့်ကိုယ်ကိုဆိုရင် အားသာချက်တွေကိုပဲ သိနေတာ၊ သူပြောလိုက်မှ ကိုယ့်ရဲ့အားနည်းချက်တွေကို မြင်ရတော့တယ် ဆိုပြီးတော့ဒီအားနည်းချက်တွေကို မပြင်နိုင်ရင်တောင်မှ ထိန်းနိုင်ရင် ငါ့အတွက် အကျိုးရှိတာပဲ လို့ တွေးမိလာခဲ့ပြီးတော့ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့ရတာပါ။ ဥပမာ အနေနဲ့ ပြောရရင် တစ်ခါတုန်းက အစည်းဝေးကြီးတစ်ခုမှာ ကျွန်မကို အမျိုးသားတစ်ဦးက ဝေဖန်ခဲ့ဖူးတယ်။ “ဒေါ်မေသင်္ကြန်ဟိန်က ခေါင်းမာပုံရတယ်၊ ဒီလိုခေါင်းမာတဲ့သူက စေ့စပ်ညှိုနှိုင်းလို့ရနိုင်ပါ့မလားဆိုတာ စဉ်းစားရမယ်ထင်တယ်“ လို့ အမျိုးသားတစ်ဦးက ဝေဖန်ပြောဆိုခဲ့ဖူးတယ်။ ရုတ်ချည်းဆိုရင်တော့ ဒေါသထွက်စရာပဲပေါ့၊ ဒါပေမဲ့ သူ ပြောလို်က်တဲ့အတွက် ကျွန်မ ပြုံးလိုက်မိတယ်။ ဟုတ်ပါရဲ့ ကျွန်မက ခေါင်းမာတယ်ဆိုတာ အမေကလည်း ပြောတယ်၊ ဆရာကလည်း ပြောတယ်။ ခုလို အစည်းဝေးနဲ့လူဘုံအလယ်မှာလည်း အခြားသူတစ်ဦးက ပြောတယ် ဆိုတော့ ပြုပြင်သင့်တယ်လို့နားလည်လိုက်မိတယ်။ “ဟုတ်ပါတယ် ကျွန်မက ခေါင်းမာပါတယ်၊ တစ်နည်းပြောရရင်ောတ့ခေါင်းမာတယ်ဆိုတာ စိတ်ရှည်ပြီး ဇွဲရှိတယ် ဖြစ်ချင်တာကို ဖြစ်အောင် လုပ်တယ် ဆိုတဲ့အဓိပ္ဗါယ်ပါပဲ၊ ဒါကြောင့်စိတ်မပူပါနဲ့ စေ့စပ်ညှိုနှိုင်းရေးမှာလည်း ကျွန်မက အောင်မြင်အောင် လုပ်နိုင်ပါတယ်“ လို့ အပြုံးမပျက်တုန့်ပြန်လိုက်မိတယ်။ ဒါနဲ့ သူပြောသလို စေ့စပ်ညှိုနှိုင်းရာမှာ အခက်အခဲ မဖြစ်အောင် ကိုယ့်အနေနဲ့ ဘာတွေကို ပြောင်းလဲ ပြင်ဆင်ရမလဲ ဆိုတဲ့ရှု့ထောင့်ကနေ စဉ်းစားပြီးတော့ ကြိုးစားဆောင်ရွက်ရပါတယ်။ အဲလိုသာ ဝေဖန်မခံခဲ့ရဖူးဆိုရင် ကျွန်မရဲ့အားသာချက်ကိုရော အားနည်းချက်ကိုပါ ရုတ်ချည်းမြင်နိုင်ဖို့ မလွယ်လှပါဘူး။ ဒါပေမဲ့ဝေဖန်တဲ့သူ ရှိနေလို့သာ ဒါကို သိခွင့်ရပြီး ကိုယ် ပြောင်းလဲဖို့နဲ့ပြင်ဆင်ဖို့ဆိုတာကိုပါ မြင်ရတာပါ။ စိုးရိမ်းစရာကောင်းတာကတော့ကိုယ့်ကို ဘယ်သူကမှ ဝေဖန်မှုမရှိတော့တာကိုပါပဲ၊ ဝေဖန်မခံရတဲ့သူက တိုးတက်မှု ရပ်တန့်သွားတဲ့သူလို့ မြင်မိတဲ့အတွက် ဝေဖန်မခံရတော့မဲ့နေ့ကိုတော့စိုးကြောက်မိပါသေးတယ်။ နောက်တစ်မျိုးကတော့တိုက်ခိုက်တဲ့သူပါ။ လူတိုင်းမှာ တိုက်ခိုက်မှု စွမ်းရည်ဆိုတာ ရှိပါတယ်။ အသက်အရွယ်မရွေး၊ ကျားမ မရွေး တိုက်ခိုက်မှု စွမ်းရည်ရှိကြပါတယ်။ တိုက်ခိုက်မှုအရည်အသွေး ကောင်းမကောင်းဆိုတာကတော့လေ့ကျင့်မှုနဲ့ အတွေ့အကြုံပေါ်မှာ မူတည်တယ်လို့သိရပါတယ်။ ငယ်တုန်းကတော့ အပေါင်းအသင်း သူငယ်ချင်းတွေကြားမှာ ဗြုန်းခနဲ တိုက်ခိုက်ခံရရင် ပက်ကနဲပြန်ပြောမိတာက လွဲလို့ခေါင်းထဲမှာ ဘာမှ မရှိကြပါဘူး။ လုပ်ငန်းခွင်ထဲ ရောက်လာတဲ့အခါ ကျွန်မအနေနဲ့လုပ်ငန်းခွင်ထဲက သူအချို့ကပဲ မထင်မှတ်ဘဲနဲ့ တိုက်ခိုက်တဲ့အခါ ဘယ်လို ပြန်ပြောရမလဲ၊ ဘယ်လို တုန့်ပြန်ရမလဲ ဆိုတာ မသိလောက်အောင် ဖြစ်ခဲ့ဘူးတယ်။ ပြီးတော့ပြောလိုက်တဲ့သူရဲ့စကားကို သေချာ စဉ်းစားပြီး အိပ်မပျော်ဖြစ်ရတယ်။ နောက်တော့ နောက် ဒါမျိုး ပြောရင် ဘယ်လို တုန့်ပြန်မယ်ဆိုတာကို စဉ်းစားထားပြီး ကြိုတင်ပြင်ဆင်တ့ အလေ့အကျင့် ရလာခဲ့တယ်။ အဲဒီလို နည်းလမ်းတွေနဲ့ပဲ ကိုယ့်ကို တိုက်ခိုက်မှုတွေကို ခုခံလာခဲ့တာ။ ခုလို အသက်ရလာတော့ တိုက်ခိုက်ခံရတဲ့အခါ တုန့်ပြန်မှု ပုံဆန်ပြောင်းလဲလာခဲ့တယ်။ အရင်တုန်းကလို ချက်ခြင်း ပြန်လည် တုန့်ပြန်ဖို့ကို ဦးစားမပေးတော့ဘူး။ သူက ဘာဖြစ်လို့တိုက်ခိုက်တာလဲ။ သူ့ရဲ့ ဦးတည်ချက်က ဘာလဲ ဆိုတဲ့တိုက်ခိုက်တဲ့သူကို မြင်အောင် ကြည့်ဖို့ ကြိုးစားလာခဲ့တယ်။ အဲလို သေချာကြည့်လာတဲ့အခါမှာ တစ်ချို့က ကိုယ်ပြန်တိုက်ဖို့မလိုတဲ့သူတွေ ရှိတယ်။ ဒါဆိုရင် ဘာဖြစ်လို့ သူ့ကို တုန့်ပြန်မှာလဲ၊ သူ့ကို ပြန်တိုက်ဖို့အချိန်နဲ့စွမ်းအင်ကို ဘာဖြစ်လို့သုံးမှာလဲဆိုတာ စဉ်းစားလာမိတယ်။ တစ်ခါတစ်ရံများဆို သူက အထင်လွဲပြီး တိုက်ခိုက်တယ်လို့ကိုယ်နားလည်လိုက်တဲ့အခါ သူ့ကို သူထင်သလို မဟုတ်တဲ့အကြောင်း ရှင်းပြပြီး သူနဲ့ကိုယ်ဟာ ရန်သူ မဟုတ်တဲ့ကြောင်း နားလည်အောင် ရှင်းလင်းမိလာတယ်။ ပြောရရင်တော့တိုက်ခိုက်သူ ဆိုတာကလည်း ကိုယ့်ကိုယ်ကို ပြန်မြင်လာအောင် လုပ်ပေးတဲ့သူအမျိုးအစားတစ်ခုပါပဲ။ သူတို့ကြောင့်ကိုယ်မတွေးမိတာ၊ မမြင်မိတာ တွေကို ပိုပြီး မြင်လာရတယ်။ ဒါကြောင့် ကျေးဇူးတင်သင့်တဲ့သူတွေထဲမှာ သူတို့လည်း ပါတယ်လို့မြင်လာမိတယ်။ ဒါကြောင့်ကိုယ့်ကို ဝေဖန်တဲ့သူ တိုက်ခိုက်တဲ့ သူ ယှဉ်ပြိုင်တဲ့သူရှိတယ်ဆိုရင် သူတို့ဟာ ကိုယ့်အရည်အသွေးတက်လာအောင် ကူညီပေးတဲ့သူတွေလို့ နားလည်ထားပြီး သူတို့အပေါ်မှာ မေတ္တာမပျက်သာ ဆက်ဆံသင့်တယ်လို့မြင်ပါတယ်ရှင်။မတူတဲ့အမြင်များကိုလည်း ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။ မေသင်္ကြန်ဟိန်(မြစ်မခ)
our family
ဘ၀ကို ဘယ်လိုရပ်တည်သင့်လဲ ???
ဘ၀ကို ဘယ်လိုရပ်တည်သင့်လဲ ??? မိမိက သစ်ပင်တစ်ပင်ဆိုရင် ဖွံ့ ဖြိုးဝေဆာတဲ့ သစ်ပင်တစ်ပင်အဖြစ်ရှိမှာလား၊ သစ်ခြောက်ပင်တစ်ပင်အဖြစ်ရှိမှာလားဆိုတာ စဉ်းစားပေါ့။ ခြောက်သွေ့ နေတဲ့ သစ်ပင်ဆိုရင်တောင် ထင်းအဖြစ်အသုံးပြုလို့ ရနိုင်ပါသေးတယ်။ခြောက်သွေ့ ပြီး ဖွံ့ ဖြိုးမှု မရှိတဲ့ လူ့ ဘ၀ဟာ ညည်းငွေ့ စရာ ကောင်းမှာ အမှန်ပါပဲ။ လောကတွင်လည်း မတင့်တယ်နိုင်ပါ။ လူပီသတဲ့ ဘ၀ကို အောင်မြင်စွာ ပိုင်ဆိုင်ချင်ရင်တော့ တစ်ယောက်တည်းစတဲ့ ဘ၀ကနေ ပျော်ရွှင်ဖွယ် အသိုက်အမြုံတွေ ကို ဖန်းတီးနိုင်ရပါမယ်။ ပတ်ဝန်းကျင်ကို အကျိုးပြုပေးရမယ်၊ လောကကို အလှဖန်တီးပေးသူ ဖြစ်ရပါမယ်။ ဒီလိုမှ မဟုတ်၊ မိမိတစ်ယောက်တည်း နေထိုင်မယ်၊ မိမိအတွက်ပဲ ဆိုတဲ့ စိတ်နဲ့  ဘ၀ကိုမွေးမြူမယ်ဆိုရင်တော့ လူပီသတဲ့ ဘ၀ကိုရလိမ့်မည် မဟုတ်ပေ။ သစ်ပင်တွေက တောရဲ့အလှကို ဖန်ဆင်းပေးကြသလို လူတွေဟာလည်း လူ့ လောကကို အလှဆင်ကြတာဖြစ်ပါတယ်။
လူကြီးနှင်.ကလေး
လူတစ်ယောက်မှာ ဖြေှးရှင်းနေရတဲ့ ပြဿနာက တစ်မျိုးတော့ အနည်းဆုံးရှိလိမ့်မယ်။ ပြဿနာရှိကြတာချင်းတူကြပေမယ့် ဖြေရှင်းတာချင်း မတူကြတော့ ရလာဒ်တွေလည်း မတူဘူးပေါ့။ ဘာကွာသလဲဆိုတော့ ကိုယ့်စိတ်ကို ကိုယ်ယုံကြည်ကိုးစားတတ်မှု ရှိခြင်း၊ မရှိခြင်းက မတူညီ တဲ့အဖြေတွေကို ဖြစ်တာပါပဲ။ ကလေးတစ်ယောက်မှာလည်း သူရဲ့ အခက်ခဲရှိသလို လူကြီးတစ်ယောက်မှာလည်း သူရဲ့အခက်အခဲရှိပြန်တယ်။ သို့ သော် ကလေးတစ်ယောက် ဟာ ဒါကို အခက်အခဲလို့ မမြင်ဘူး၊ သူက သာမန်ထက် နည်းနည်းလေး ပိုလုပ်ရတာလောက်ပဲ မြင်တယ်။ ပြီးတော့ ပိုလုပ်လိုက်ရလို့  ပိုကောင်း တဲ့ အခွင့်အရေး သူရမှာဆိုတာ သူယုံကြည်နေတယ်။ ဒါကြောင့် သူ့ စွမ်းအားက ပိုကြီးလာတယ်။ ဒီနေရာမှာ ကလေးတစ်ယောက်ရဲ့ ပေါ့ပါးတဲ့ ယုံကြည်ချက်နဲ့ အမြင်ရှိပုံလေးကို ကျွန်တော်တို့ တွေ အတုယူသင့်ပါတယ်။ ပြဿနာတစ်ခုကို လိုက်ခံစားနေမယ့်အစား ကိုယ့်ရဲ့ယုံကြည်မှုရှိတဲ့ စိတ်ကိုမြှင့်တင်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။ ဒီအချိန်အတွင်းမှာတင် ကိုယ်ဟာ တစ်ဝက် အောင်မြင်ပြီလို့  မှတ်ယူနိုင်တယ်။ တစ်ချို့ ပြဿနာရဲ့အရင်းအမြစ်ဟာ ကိုယ့်ရဲ့အမြင်လေးကို နည်းနည်းလေးပြောင်းလိုက်တာနဲ့ တွေ့ နိုင်တာကို သတိပြုရပါလိမ့်မယ်။
အလုပ်
အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့။ အလုပ်လုပ်တဲ့သူတွေက ဘ၀ကို ကြံ့ခိုင်မှုလုပ်နေတာနဲ့ တူတယ်။ ဘ၀ဆိုတာ ကြံ့ခိုင်မှုပြည့်ဝနေရတယ်။ ဒါမှ ကိုယ့်ပတ်ဝန်ကျင်က ကိုယ့်ကို လေးစားမှာပါ။ ဂုဏ်ဒြပ်ဆိုတာ လေးစားမှုကနေ စတင်ပေါက်ဖွားလာခြင်းပဲ။ အလုပ် လုပ်ကိုင်ခြင်းအား ဖြင့် ကိုယ့်ဘ၀အတွက် လုံလောက်တဲ့ ငွေကြေးရမယ်၊ ပြီးတော့ အများရဲ့ လေးစားအားကျမှုကိုပါ ရရှိမယ်။ လူရယ်လို့ ဖြစ်လာရင် ကိုယ့်ဝမ်းစာတွက်လည်း လုပ်ရမယ်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်လည်း လုပ်ရမယ်။ တိရိစ္ဆာန်တွေတောင် သူ့ တို့  မိသားစုအတွက် အလုပ်လုပ်ကြရတယ်။ လူ့ ဘ၀မှာ အောင်မြင်မှုဆိုတာလည်း ရှိလေတော့ မဖြစ်မနေ အလုပ် ကြိုးစားရမှာပါ။ တနည်း အားဖြင့် အလုပ်ကို ကြိုးစားခြင်းဟာ တိုင်းပြည်အပေါ် အထောက်အကူပေးခြင်း တစ်မျိုးလည်း ဖြစ်ပါတယ်။
Team work
အချင်းချင်း ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ လွယ်လွယ်လေး မထင်လိုက်နဲ့ နော်။ ဒါ တကယ်မလွယ်တဲ့ ကိစ္စပါ။ ကိုယ့်ကို သူက ယုံကြည်သလို၊ သူ့ ကိုလည်း ကိုယ်က ယုံကြည်ဦးမှလေ။ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုရှိရှိနဲ့  ပူးပေါင်းထားတဲ့ အလုပ် တစ်ခုကို လုပ်ဖို့ ဆိုတာ ခက်ခဲပေမယ့်၊ ရလာဒ်ကောင်းတွေထွက်ဖို့ က သေချာသလောက်ပါပဲ။ တုတ်တစ်ချောင်းကို မြေပြင်မှာ စိုက်မထူထားပဲနဲ့ ထောင်ထားနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတုတ်ချောင်းထောင်နေဖို့ ဆိုရင်လည်း ဆန့် ကျင့်ဘက် အရပ်မျက်နှာတွေကနေ အခြားတုတ်ကလေးတွေနဲ့ ကန်ထောက်ပေးထားဖို့ လိုပါတယ်။ ဒီသဘောက မတူညီတဲ့ အမြင်နှစ်ခုကို ယုံကြည်မှု၊ နားလည်မှုနဲ့ ပူးပေါင်းခြင်းရဲ့ အားသာချက်ဖြစ်ပါတယ်။ တစ်ချို့ အတွေးအခေါ်တွေက ရိုးရှင်းပေမယ့် ထိုအရာရဲ့ ဆန့် ကျင်ဘက် အတွေးကတော့ နက်နည်းဆန်းပြားမှုကို ဘ၀မှာ ကြုံ ဖူးကြမှာပါ။ ဒါကြောင့်လည်း သူများမမြင်နိုင်တဲ့၊ မတွေးမိတဲ့ ဆန့် ကျင့်ဘက်ရှု့ ထောင့်ကနေ အလုပ် လုပ်တဲ့သူများဟာ ကမ္ဘာ မှာ အောင်မြင်တဲ့ လူသားတွေ ဖြစ်လာကြတာပေါ့။
true man
လူ့ သဘာဝအရ သက်တမ်းတစ်ဝက် ကျိုးလာသောအခါ လူတိုင်း လူတိုင်း အဖိုးတန်အရာ တစ်ခုခုကိုတော့ နောင်လာနောင်သားများ အတွက် လက်ဆင့်ကမ်းကြရစမြဲ ဖြစ်ပါတယ်။ ဒီလို လက်ဆင့်ကမ်းလာတဲ့အခါ မျိုးဆက် တစ်ဆက်နဲ့ တစ်ဆက် တန်ဖိုးထားလေးစားမှု တွေ ရှိလာသလို၊ လူငယ်တွေအတွက်လည်း အနာဂါတ်ဆိုတာ ပိုခိုင်ခိုင်မာမာကြီး ဖြစ်လာပါတယ်။ လူငယ်တွေလည်း လူကြီးဖြစ်လာတဲ့အခါ ဒီလို အစဉ်အလာကောင်းတဲ့ လက်ကမ်းအမွေတွေ လက်ကမ်းခဲ့ဦးမှာပါ။ သူများတွေလက်ထဲက တော့ လက်ကမ်းယူခဲ့ပြီးမှ ကိုယ့်အလှည့်ကျတော့ ဆင့်ကမ်းဖို့ လက်တွန့် နေလို့  မဖြစ်ဘူး။ တာဝန်ယူရဲတဲ့ စိတ်ဟာ လူကောင်းလူမွန်တွေရဲ့ မြင့်မြတ်တဲ့ စိတ်ထားဖြစ်ပါတယ်။ ကိုယ့်အလှည့်ကျ အဖိုးတန်တစ်ခုခု ဆင့်ကမ်းနိုင်ဖို့ လိုတယ်။
အသက် ၃၀ မတိုင်ခင် ရှိထားသင့်တဲ့ အတွေ့အကြုံ ၁၀ ခု
လူတိုင်းအားလုံးနီးပါးမှာ လုပ်ချင်ပေမဲ့ အကောင်အထည်မဖော်ဖြစ်သေးတဲ့ ဆန္ဒကိုယ်စီ ရှိကြမှာဖြစ်ပါတယ်။ အချိန်တွေဟာ ကုန်တဲ့မြန်လွန်းတဲ့အတွက် အချို့ကတော့ ကိုယ့်ရဲ့အသက်အရွယ် ရလာတာကိုတောင် သတိမထားမိ ဖြစ်သွားတတ်ပါတယ်။ အသက် ၃၀ မတိုင်ခင် လူတိုင်းလုပ်ထားသင့်တဲ့ အရာ ၁၀ ခုရှိပါတယ်။ ၁။ သူငယ်ချင်းကောင်း ရှာပါ play ဘဝအဖော်မွန်ကောင်း ရဖို့ ခက်သလိုပဲ သူငယ်ချင်းကောင်း ရဖို့လည်း ခက်ပါတယ်။ ငယ်တုန်းမှာ သူငယ်ချင်းကောင်းတစ်ယောက် ရှာထားပါ။ ၂။ စာတွေဖတ် play ဘယ်လိုစာမျိုးတွေ ဖတ်ရမယ်လို့တော့ မဟုတ်ပါဘူး။ သင်စိတ်ဝင်စားတာ ဘယ်စာမျိုးမဆို အကုန်ဖတ်နိုင်ပါတယ်။ နောက်မှ ဘယ်လိုစာပေမျိုး ဖတ်သင့်လဲဆိုတာ သင်ရွေးချယ်ပါ။ ၃။ နိုင်ငံခြားသွား play ဒီအရွယ်မတိုင်ခင် ပြည်ပခရီးစဉ် တစ်ခုသွားထားတဲ့ အတွေ့အကြုံ အနည်းဆုံး ရှိသင့်ပါတယ်။ ၄။ တစ်ဦးတည်းသွား play တစ်ဦးတည်း ခရီးသွားတဲ့ အတွေ့အကြုံကိုလည်း အသက် ၃၀ မတိုင်ခင်ရှာထားသင့်ပါတယ်။ တစ်ဦးတည်း ခရီးသွားခြင်းက အခက်အခဲတွေကို ပိုပြီးရင်ဆိုင်နိုင်စွမ်းပိုရှိလာစေပါတယ်။ ၅။ ဂီတပွဲတွေသွား play သင်ကြိုက်တဲ့ ဂီတဖျော်ဖြေပွဲတွေ၊ ရှိုးပွဲတွေ သွားထားလိုက်ပါ။ အသက် ၃၀ ကျော်ရင် သွားဖို့ မလွယ်တော့ပါဘူး။ ၆။ နိုင်ငံခြား ဘာသာစကားသင် play အင်္ဂလိပ်စာပဲဖြစ်ဖြစ်၊ သင်ဝါသနာပါတာပဲဖြစ်ဖြစ် နိုင်ငံခြား ဘာသာစကားတစ်ခုခု သင်ထားသင့်ပါတယ်။ ဒါတွေကလည်း အသက်ကြီးတဲ့အခါ သင်ပို ပိုခက်သွားတတ်ပါတယ်။ ၇။ တောင်တက်ခရီး play တောင်တက်ခရီးတွေလည်း ငယ်တုန်းသွားထားသင့်ပါတယ်။ ၃၀ ကျော်လာရင်တော့ သင်ဒီလိုခရီးတွေအတွက် ခံနိုင်ရှိပါ့မလား မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ ၈။ ကာတွန်းကားကြည့် play ဒီအရွယ်တော့ ကာတွန်းကားတွေ သင်ကြည့်လို့ရပါသေးတယ်။ အသက် ၃၀ ကျော်မှ ကြည့်ရင်တော့ သူငယ်ချင်းတွေ သင့်ကို နောက်ပြောင်ပါလိမ့်မယ်။ ၉။ သမိုင်းစာအုပ်တွေဖတ် play ကိုယ်နေထိုင်ရာ နိုင်ငံ၊ ကမ္ဘာကြီးရဲ့ သမိုင်းကြောင်းကို ပိုသိလေ ပိုကောင်းလေပါပဲ။ ငယ်တုန်း သမိုင်းစာအုပ်တွေ များများဖတ်ထားသင့်ပါတယ်။ ၁၀။ သင်တန်းတွေတတ် play
တက္ကသိုလ်မပြီးသေးရင်လည်း တက်နိုင်သလို အခြားသင်တန်းတွေလည်း တက်ထားသင့်ပါတယ်။ အသက် ၃၀ ကျော်ရင်တော့ သင်ဒီလိုသင်တန်းတွေ တက်ချင်တော့မှာ မဟုတ်ပါဘူး။ Source : Life
ညဘက်ထက် မနက်ဘက်မှာ ရေချိုးသင့်နေတယ်ဆိုတဲ့ လက္ခဏာ (၅) ခု
၁ - ခြေဖျားလက်ဖျားအေး ခြေဖျားလက်ဖျားတွေ အေးနေတာဟာ သွေးလည်ပတ်မှု မကောင်းတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ မနက်ပိုင်းရေချိုးတာက ဒီပြဿ နာကို ဖြေရှင်းနိုင်ပါတယ်။ သွေးတွေဟာ အရေပြားထဲမှာ အလျင်အမြန်လျှောက်ပြီး သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေတာ ဖြစ်ပါတယ်။ ၂ - နှာစေးချောင်းဆိုး ကျန်းမာရေးကို ဂရုတစိုက်နေပေမဲ့ မကြာခဏ နှာစေး ချောင်းဆိုးဖြစ်နေတယ်ဆိုရင် မနက်ပိုင်းရေချိုးဖို့ စဉ်းစားသင့်ပါတယ်။ လေ့လာချက်တွေအရ မနက်ပိုင်းရေချိုးခြင်းဟာ ကိုယ်ခံအားစနစ်အတွက် သွေးဖြူဥတွေ ထုတ်လုပ်ရာမှာ အထောက်အကူဖြစ်ပါတယ်။ ဘက်တီးရီယားနဲ့ အခြားပိုးမွှားတွေကို တိုက်ဖျက်ရာမှာလည်း ကူညီပေးပါတယ်။ play ၃ - ဝက်ခြံ အဆီများပြီး ဝက်ခြံများတဲ့ အသားအရေဖြစ်နေတယ်ဆိုရင် မနက်ပိုင်း ရေချိုးသင့်ပါတယ်။ အရေပြားမှာ ရှိတဲ့ အဆီတွေကို ထိန်းညှိပေးပါတယ်။ ၄ - နွမ်းနယ်လေးလံခြင်း မနက်ပိုင်းထလို့ နွမ်းနယ်လေးလံနေတယ်ဆိုရင် ရေချိုးလိုက်သင့်တာ အမှန်ပါပဲ။ မနက်စောစောရေချိုးမှုဟာ အာရုံကြောစနစ်ကို မြှင့်တင်ပေးပြီး အဒရီနယ်ဂလင်းတွေကို လှုံ့ဆော်ပေးပါတယ်။ မနေ့က ဘယ်လိုဖြစ်ခဲ့ပါစေ မနက်ခင်းရေချိုးလိုက်ရင် လန်းဆန်းသွားတာတော့ အမှန်ပါပဲ။ play ၅ - စိုးရိမ်မှု တစ်ခုခုကို စိုးရိမ်လွန်တတ်တယ်ဆိုရင်လည်း မနက်ခင်းရေချိုးသင့်ပါတယ်။ ဒီလို ခံစားချက်တွေကို လျော့ပါးစေပါတယ်။ ဦးနှောက်ထံ သွေးလည်ပတ်မှုဟာ မြင့်မားလာပြီး စိတ်ဖိစီးမှုကို သက်သာစေပါတယ်။
ကိုယ့်လက်တွဲဖော်ကို လုံးဝ မပြောသင့်တဲ့ စကား (၆) ခွန်း
ကိုယ့်လက်တွဲဖော်ကို လုံးဝ မပြောသင့်တဲ့ စကား (၆) ခွန်း ========================= စကားလုံးတွေက နာကျင်စေနိုင်တယ်ဆိုတာ သင်သိပြီးသားပါ။ ဒါပေမယ့် ဒီစကားလုံးတွေရဲ့  နာကျင်မှုကတော့ အဆိုးဆုံး ဖြစ်ပါလိမ့်မယ်။ လူတွေက သူငယ်ချင်းတွေ ၊ အလုပ်ရှင်တွေ ၊ လုပ်ဖော်ကိုင်ဖက် တွေ ၊ သူစိမ်းတွေ နဲ့ ပြောဆိုဆက်ဆံ ကြတဲ့အခါမှာ အရမ်းကို ယဉ်ကျေးပြီး နှစ်လိုဖွယ်ကောင်းအောင် ပြောဆို ဆက်ဆံ တတ်ကြပေမယ့်လည်း ကိုယ့် လက်တွဲဖော်နဲ့ ပြောဆိုဆက်ဆံရင်တော့ လေသံတွေက ပြောင်းလဲလာတတ်ပြီး နာကျင်စေနိုင်တဲ့ စကားလုံးတွေကို လက်လွတ်စပယ် ပြောဆိုလေ့ရှိကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်ုပ်တို့ဟာ ကိုယ့် အိမ်ထောင်ဖက် နဲ့ အနီးဆုံးမှာ နေရပြီး အရမ်းရင်းနှီးနေတာကြောင့် ပါ။ ကွာရှင်း ပြတ်စဲမှုတွေရဲ့  ခိုင်လုံတဲ့ တရားခံ တွေ ရှိတယ်ဆိုတာကို သိထားဖို့ လိုပါလိမ့်မယ်။ ကိုယ့်အိမ်ထောင်ဖက်ကို ချိုးနှိမ်ပြောဆိုခြင်း ၊ ဝေဖန်တိုက်ခိုက်ခြင်း ၊ ကိုယ်ထိလက်ရောက် စော်ကားခြင်း ၊ နားလည်မှု မရှိခြင်း ၊ အပြန်အလှန် အချိတ်အဆက်မမိခြင်း တို့ထက် ပိုပြီး နာကျင်သွားစေနိုင်မယ့် စကားလုံးတွေရှိနေပါတယ်။ အဲဒီစကားလုံးတွေကို ရှောင်ကြဉ်နိုင်မှသာ ကွာရှင်း ပြတ်စဲခြင်း နဲ့ ဝေးရာမှာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီစကားလုံးတွေကတော့ - ၁။ “ မင်းက မင်း အမေ အတိုင်းပဲ” ဒီစကားလုံးဟာ ဒေါသထွက်စေတယ်ဆိုတာထက်ကို ပိုပါတယ်။ သင့်အတွက် သင့် ခင်ပွန်း(သို့) ဇနီးရဲ့  မိဘနဲ့တူတဲ့ အမူအကျင့် တစ်ခုခုကို ထောက်ပြဖို့ လိုအပ်တယ်ထင်နေရင်တောင်မှ သင့်အိမ်ထောင်ဖက်မှာ ဒီလိုအမူအကျင့်မျိုး ဘာကြောင့်ရှိရသလဲဆိုတာကို မျှဝေခံစားကြည့်လိုက်ပါ။ သင်ဟာ သင့်အိမ်ထောင်ဖက်ရဲ့  စိတ်ကျန်းမာရေး ပညာရှင် မဟုတ်ပါဘူး။ ၂။ “မင်း ဒါလေးတောင် မသိဘူးလား” အဓိက ပြဿနာက သင်သူ့ကို မပြောင်းလဲပေးနိုင်ပါဘူး။ ပြောင်းလဲမှုက ကိုယ်တိုင်ပြောင်းလဲမှ ဖြစ်လာတာပါ။ ဒါကြောင့် အချိန်ကုန် အပင်ပန်းခံပြီး ကိုယ့်အိမ်ထောင်ဖက်ကို ပြန်တိုက်ခိုက်မနေပါနဲ့။ ၃။ “ငါ မင်းကိုမုန်းတယ်” မုန်းတယ်ဆိုတဲ့ စကားလုံးဟာ ညှိုနှိုင်းကြတဲ့နေရာမှာတော့ အသုံးဝင်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် လက်ညှိုးထိုးထားတဲ့အချိန် မပြောသင့်ပါဘူး။ ငါမင်းကို မုန်းတယ်ဆိုတာထက် ငါမင်း….တွေလုပ်ရင် မုန်းတယ်ဆိုတဲ့ စကားမျိုးဟာ ပိုပြီးထိုရောက်ပါတယ်။ ၄။ “ငါက မင်းအတွက် ဆွဲဆောင်မှု မရှိတော့ဘူးမလား” သင့် အိမ်ထောင်ဖက်ဟာ သင့်အတွက် စိတ်ပိုင်းဆိုင်ရာ အရရော ၊ ရုပ်ပိုင်းဆိုင်ရာအရပါ ထိတွေ့ဆက်ဆံနေသင့်တဲ့ တစ်ယောက်တည်းသောသူလည်း ဖြစ်ပါတယ်။ ငြင်းပယ်ခွဲထွက်ခြင်းနဲ့ ရှက်ကြောက်နေခြင်းတို့ဟာ အချစ်ရေးတစ်ခုကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ၅။ “မဆန်းတော့ပါဘူးကွာ… မင်းလုပ်နေကျပဲ” တစ်ခုခုကို အဖတ်လုပ်ပြီး စကားပြောတဲ့အခါမှာ တစ်ဖက်သားကို အပြစ်တင်တဲ့နည်းနဲ့ မချဉ်းကပ်လာပါနဲ့။ ပြောချင်တာကတော့ ပြောဆိုဆွေးနွေးမှုတစ်ခုက နေ တစ်ဆင့် သင့်အိမ်ထောင်ဖက်ရဲ့  စိတ်ဝင်စားမှုကို သောကတွေသွားမပေးပါနဲ့။ ၆။ “မင်း တော်တော်ဥာဏ်နည်းတာပဲ” မောက်မာမှုတွေဟာ အချစ်ရေးတစ်ခုကို ဆောက်တည်ရာမရဖြစ်သွားစေပါတယ်။ သင့်မှာ တည်ငြိမ်မှု မရှိသေးရင် ၊ သင့်အသံ ကျယ်လောင်မှုကို မထိန်းချုပ်နိုင်သေးရင် ၊ အငို မတိတ်သေးရင် သင့်အနေနဲ့ ပြောဆိုဆွေးနွေးမှု တွေ စတင်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာ မမေ့ပါနဲ့။ Trend Myanmar
Oppo F1s
Oppo သည် 16MP front-facing ကင်မရာပါဝင်ပြီး 1/3.1-inch sensor နှင့် f/2.0 aperture ဖြင့် ရိုက်ကူးနိုင်မည့် F1s စမတ်ဖုန်းကို တရားဝင် မိတ်ဆက်ခဲ့သည်။ ၎င်းဖုန်းတွင် Oppo ၏ Beautify 4.0 feature ပါဝင်သောကြောင့် selfie ဓာတ်ပုံများကို ပိုမိုကောင်းမွန်စွာ ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ Selfie ကင်မရာ၏ အခြား software feature များတွင် selfie panorama နှင့် filter များပါဝင်သည်။ ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး 1080p ဗီဒီယိုရိုက်ကူးနိုင်သည်။ Selfie ကင်မရာ၏ အောက်ဘက်တွင် ၅.၅ လက်မ 720p IPS display ကိုတွေ့ရမည်ဖြစ်သည်။ Display အောက်တွင် လက်ဗွေဖတ်စနစ်တစ်ခုပါဝင်သည်။ သတ္တုကိုယ်ထည်အတွင်းပိုင်းတွင် Mediatek MT6750 chipset နှင့် 1.5GHz octa-core Cortex-A53 CPU ပါဝင်သည်။ RAM က 3GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 32GB ဖြစ်သည်။ MicroSD card slot ထောက်ပံ့ပေးထားသောကြောင့် သိုလှောင်မှုပမာဏတိုးမြှင့်နိုင်သည်။ ဘက်ထရီက 3075mAh Li-Po ဖြစ်သည်။ Oppo F1s ကို အမေရိကန်ဒေါ်လာ ၂၇၀ ဖြင့် ရောင်းချမည်ဖြစ်သည်။ Ref: TheNextWeb
စာကိုမကျက်ပါနဲ့သား . စာကိုနားလည်အောင် ဖတ်ပါ မှတ်ပါ
စာကိုမကျက်ပါနဲ့သား . စာကိုနားလည်အောင် ဖတ်ပါ မှတ်ပါ -လိုချင်တာတွေကို မဝယ်ပဲ ပိုက်ဆံကို ခြစ်ကုပ်စုပီး ကပ်စေးမနဲပါနဲ့သား . ဒါပေမဲ့ အသုံးနဲ့ အဖြုန်းကို ခွဲခြားတတ်ပါစေ -ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေ အတင်းအဖျင်းတွေကို ဂရုမစိုက်ပါနဲ့သား . သားအကြောင်းကို သားကိုယ်တိုင်ထက်ပိုပီး ဘယ်သူမှ မသိနိုင်ပါ -စာများများဖတ်ပါ သား .reader ကောင်းတစ်ယောက်ပာာ leader ကောင်းတစ်ယောက် ဖြစ်လာမှာပါ -စိတ်ဝင်စားတဲ့အလုပ်ကိုပဲ ရွေးလုပ်ပါ သား . သားစိတ်မဝင်စားတဲ့ အလုပ်ကို ဘယ်သူက ဘယ်လောက်ပဲ တွန်းအားပေးနေပါစေ အကျိုးသင့် အကြောင်းသင့်ပြောပီး ပြတ်ပြတ်သားသားနဲ့ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုပါ . -လူတွေကို အားမနာပါနဲ့ သား . အားနာတယ်ဆိုတဲ့စိတ်က သားကို ဘယ်တော့မှ ကောင်းကျိုးမပေးဘူး -လူတွေကို တတ်နိုင်သလောက် မျှော်လင့်ချက် ကင်းကင်းနဲ့ ကူညီပါ . ဒါပေမဲ့ သူတို့ဆီက ဘာမှပြန်ပီး မမျှော်လင့်ပါနဲ့ -ဘဝမှာ "မှား"သွားမှာကို မကြောက်ပါနဲ့သား . လူတိုင်းမှားတတ်ကြပါတယ် . ဒါပေမဲ့မှားမှန်းသိရင် အမှန်ပြင်နိုင်အောင် တတ်နိုင်သလောက်ကြိုးစားကြည့်ပါ -လူတစ်ယောက်နဲ့ စကားပြောတဲ့ခါ သဘောထားချင်းမတိုက်ဆိုင်တာတွေ့ရင် ခံမငြင်းပါနဲ့ သား .သူတို့ပြောတာပဲ နားထောင်ပေးလိုက်ပါ -Manual Gearနဲ့ ကားမောင်းတတ်အောင် သင်ပါ . ဘယ်ကားကိုမဆို မောင်းတတ်တဲ့ ယောကျာ်းတစ်ယောက်ပာာ သိပ်ကို Style ကျတယ် အမေ့သား -ကျန်းမာရေးအတွက်ရော body လှဖို့အတွက်ပါ အားကစားလုပ်ပါ သား . ခန္ဓာကိုယ်တောင့်တင်းတဲ့ ယောကျာ်းတစ်ယောက်ပာာ ဘယ်နေရာသွားသွား လူတောသိပ်တိုးတယ် ငါ့သား -ရန်ဖြစ်ရင် သူများကို ဘယ်တော့မှစမထိုးပါနဲ့သား . သူကလာစထိုးရင်တော့ ပြန်ထိုးခဲ့ပါ .. ယောကျာ်းသိက္ခာကျတယ် အမေ့သား -ခရီးများများထွက်ပါ သား .သွားတိုင်းလဲ Camera တစ်လုံးယူဖို့မမေ့ပါနဲ့ ရောက်ခဲ့တဲ့ ဒေသတိုင်းရဲ့ အထင်ကရနေရာတွေကို ဓါတ်ပုံရိုက်ခဲ့ပီး ... ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို memory card ထဲ မသိမ်းထားပဲ photo album လေးတစ်အုပ်အမြဲထုတ်ပါ. အဲ့သည့်ဓါတ်ပုံတွေကို သားပြန်ထုတ်ကြည့်မိတိုင်း "ငါဒီနေရာတွေကို ရောက်ခဲ့ပါလား" ဆိုတဲ့ အတွေးက သိပ်ကြည်နူးစရာကောင်းတယ် -ရည်းစားအများကြီး ထားကြည့်ပါ သား . ဒါပေမဲ့ တစ်ယောက်ပီးမှ တစ်ယောက်ထားပါ -သားချစ်သူကို ခဏခဏ ပန်းစည်းတွေ လက်ဆောင်တွေပေးပါ. ထို့အတွက်ကုန်ကျတဲ့ ပိုက်ဆံကို မနှမြောပါနဲ့. Romantic ဆန်တဲ့ ယောကျာ်းတစ်ယောက် ဖြစ်နေပါစေ -အိမ်ထောင်ပြုတဲ့အခါ မိန်းမကောင်းရှာယူမယ်ဆိုတဲ့ စိတ်ကြီးမမွေးပါနဲ့သား . ယောကျာ်းကောင်းတစ်ယောက်ဖြစ်အောင်သာကြိုးစားပါ .မိန်းမကောင်းတစ်ယောက် သားအတွက် အလိုလိုပေါ်လာပါလိမ့်မယ် -အိမ်ထောင်ဖက်ကို သားစိတ်တိုင်းကျ သေသေချာချာရွေးချယ်ပါ . သားဘဝရဲ့ ၉၀% သော ပျော်ရွှင်မှုကို ဒီမိန်းကလေးဆီကပဲ ရမှာပါ. စိတ်ထားဖြူစင်ပီး သဘောထားပြည့်ဝတဲ့ ယောကျာ်းကောင်းတစ်ယောက်ဖြစ်ပါစေ Credit- Always Children products
ဒီလိုယောက်ျားမျိုးတွေက ဆွဲဆောင်မှုမရှိဘူး..
ဒီလိုယောက်ျားမျိုးတွေက ဆွဲဆောင်မှုမရှိဘူး.. ======================= မိန်းကလေးတွေရဲ့ စိတ်ထဲမှာ ဆွဲဆောင်မှုမရှိဘူးလို့ ယူဆနိုင်တဲ့ ယောက်ျားလေးတွေရဲ့ အပြုအမူတစ်ချို့ရှိပါတယ်။ ဒီလိုအပြုအမူလေးတွေကို သတိပြုပြီးရှောင်နိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။ . (၁) ဆရာကြီးအထာဖမ်းလွန်းခြင်း ယောက်ျားတွေရဲ့ ပင်ကိုစရိုက်အရ ကိုယ်ရည်သွေးရတာကို သဘောကျပါတယ်။ ကိုယ့်ကိုယ်ကို ယောက်ျားဆန်တဲ့သူ ပုံပေါက်အောင်နေရင်း မိန်းကလေးတွေရဲ့ အားကိုးတကြီးဖြစ်တာကို ခံယူတတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ အပြုအမူတွေလွန်သွားတဲ့အခါမှာတော့ ဆရာကြီးပုံစံပေါက်အောင် နေသလိုမျိုး ဖြစ်သွားတတ်ပါတယ်။ . (၂) ရိုင်းပြခြင်း တစ်ချို့ယောက်ျားလေးတွေက ယောက်ျားဆန်တာရယ်၊ ပွင့်လင်းတာရယ်၊ ရိုင်းပြတာရယ်ကို မကွဲပြားပါဘူး။ လူငယ်ဆန်ဆန်ပြောဆိုတတ်တာ ကိစ္စမရှိပေမယ့် ရိုင်းပြတဲ့အပြုအမူ၊ အပြောအဆိုမျိုးတွေက ယောက်ျားတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို ထိခိုက်စေပါတယ်။ လူငယ်ဆန်တာရယ်၊ ရိုင်းပြတာရယ်က အကွာကြီးကွာပါတယ်။ . (၃) ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းခြင်း ယောက်ျားတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့လိုပါတယ်။ ဒါပေမယ့် ဒီလိုယုံကြည်မှုရှိခြင်းဟာ လွန်ကဲသွားတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့အဆင့်အထိ ရောက်သွားပါတော့တယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး မိန်းကလေးတွေကို အထင်သေးတတ်တဲ့ယောက်ျားမျိုးတွေကို မိန်းကလေးတွေက မနှစ်သက်ပါဘူး။ ကိုယ့်ကိုယ်ကိုအထင်ကြီးတိုင်းလည်း အားကိုးချင်စရာ မကောင်းပါဘူး။ . (၄) အရက်သောက်လွန်းခြင်း၊ အပျော်အပါးမက်ခြင်း ယောက်ျားတစ်ယောက် အရက်သောက်တတ်တာ အပြစ်ကြီးကြီးမဟုတ်ပါဘူး။ ဒါပေမယ့် နေ့စဉ်ရက်ဆက်ဆိုသလို အရက်တွေသောက်ပြီး ပျော်ပါးမူးယစ်နေမယ်ဆိုရင် ဘယ်မိန်းကလေးမှ မကြိုက်တော့ပါဘူး။ . (၅) Game စွဲလန်းခြင်း အထူးသဖြင့် လူငယ်ယောက်ျားလေးတွေမှာ ဖြစ်တတ်ပါတယ်။ Game ဆော့တတ်တာ ကိစ္စမရှိပေမယ့် စွဲလန်းစွာကစားတတ်တာမျိုးဆိုရင်တော့ မိန်းကလေးတွေ သဘောမကျတတ်ပါဘူး။ ဒါဟာ ကိုယ့်ရဲ့ဆွဲဆောင်မှုကို လျော့ကျစေတဲ့ အပြုအမူတွေထဲမှာ ပါပါတယ်။ . (၆) ဘဝရည်မှန်းချက်မရှိခြင်း ဒီအချက်ဟာ အရမ်းအရေးကြီးပါတယ်။ ရည်မှန်းချက်မရှိတဲ့ ယောက်ျားတစ်ယောက်ဟာ တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုမှ မဆွဲဆောင်နိုင်ပါဘူး။ ယောက်ျားတစ်ယောက်ရဲ့ ဘဝလမ်းကြောင်းဟာ သူ့အတွက်သာမကဘဲ သူတည်ဆောက်ရမယ့် မိသားစုဘဝအတွက်ပါ သက်ရောက်မှုရှိပါတယ်။ . (၇) မိန်းမတကာကို ပိုးပန်းခြင်း ဟိုကောင်မလေးကိုတွေ့လည်း သဘောကျတယ်။ ဒီကောင်မလေးကိုတွေ့လည်း သဘောကျတယ်ဆိုရင် ဒီလိုယောက်ျားမျိုးကို တော်ရုံတန်ရုံဘယ်မိန်းကလေးမှ စိတ်မဝင်စားတော့ပါဘူး။ . ဒီအချက်တွေက ဆွဲဆောင်မှုမရှိတဲ့ အဓိကအချက်တွေလို့ ပြောလို့ရပါတယ်။ ဒီ့အပြင် သမီးရည်းစားတွေဖြစ်သွားကြတဲ့အခါမှာလည်း သတိထားရမယ့် အချက်လေးတွေရှိတတ်ပါတယ်။ ဥပမာ - မိန်းကလေးနဲ့အပြိုင် အနိုင်လိုခြင်း၊ နားလည်မှု ကင်းမဲ့ခြင်း၊ ပြဿနာရှာလွန်းခြင်းတွေကလည်း မိန်းကလေးတွေ သဘောမကျတဲ့အချက်တွေထဲမှာ ပါပါတယ်။ ×××××××× သားရိုး (Focus Youth) Ref: LH
Samsung Galaxy Note 7 ၀ယ်သင့်မ၀ယ်သင့် ========================= နည်းပညာအသစ်ချစ်တဲ့လူတွေအတွက်ကတော့ Samsung နဲ့ Apple လုပ်တာနဲ့တင်မွဲမယ့်ကိန်းရှိတယ် အခုလည်း Samsung က Galaxy Note 7 ကို Aug 2 ရက်နေ့က မိတ်ဆက်ပေးလိုက်ပြန်ပြီလေ သူကမိတ်ဆက်တော့လဲ Mr.Review တို့က ပြန်ပြီးသုံးသပ်ရပြန်ပြီပေါ့ဗျာ ဟုတ်တယ်လေ … သူတို့ထုတ်တိုင်းတာဝယ်ရရင် … တစ်လ တစ်လ ခြိုးခြံချွေတာပြီးစားနေရတာ လူလဲ အရိုးပဲရှိတော့တယ် ပြီးတော့ သူတို့မှာ မော်ဒယ်အသစ်ဆိုတာ ထွက်လို့ကိုမပြီးတော့ဘူး ဟိုတလောကမှ S7 Edge ဆိုတာက ထွက်ထားသေးတယ်လေ ဒီတော့ ခေးတို့ညေးတို့စိတ်ထဲမှာ ကလိကလိဖြစ်နေတာလေးတွေရှင်းသွားအောင် Mr.Review ကကွီးတွေ အွန်လိုင်းမှာ ရှာဖွေပြီး ဒီဖုန်းအသစ်ကို ၀ယ်သင့် မ၀ယ်သင့် ဆိုတာလေးကို သုံးသပ်ပေးလိုက်ပါတယ်ဗျာ … ========================= Note 7 နဲ့ S7 Edge နဲ့ ယှဉ်ကြည့်မယ်ဆိုရင် ========================= ဒီဇိုင်းနဲ့အမြင် --------------- ဘယ်ဖုန်းပဲကိုင်ကိုင် စမတ်ကျဖို့က နံပါတ်တစ်ကိုး ဒီခေတ်ကြီးက ကြီးလေကောင်းလေခေတ်ဆိုတော့လဲ(ဖုန်းကိုပြောတာနော် :P) Samsung က ပရိသတ်အကြိုက်ခပ်ကြီးကြီးထုတ်ထားပေးတယ်ဗျ Note 7 ရဲ့ မျက်နှာပြင်က ၅.၇ လက်မ S7 Edge ရဲ့ မျက်နှာပြင်က ၅.၅ လက်မ ရှိတယ်တဲ့… ပြောရမယ်ဆိုရင်တော့ S7 edge ထက် လက်တစ်လုံးလောက်လေးကြီးတယ်ပေါ့ဗျာ S7 Edge တုံးကလိုပဲ IP68 Water Resistance ဖြစ်တဲ့အတွက် ရေစိုခံတယ် Note 7 ကို S7 တုံးကလိုမျိုး ရိုးရိုးနဲ့ Edge ဆိုပြီးမခွဲမထုတ်တော့ဘူးတဲ့ စထုတ်ကတည်းက Edge နဲ့လာမှာတဲ့ဗျာ Display ကတော့ S7 Edge မှာသုံးထားတဲ့ Super AMOLED Display ပဲသုံးထားတယ် ဒါပေမယ့် Note 7 ရဲ့ Display က Gorilla Glass 5 ကိုသုံးထားတယ်တဲ့ Gorilla Glass 4 ပဲသုံးထားတဲ့ S7 Edge ထက် ပြုတ်ကျတဲ့ဒဏ်ကိုပိုပြီးခံနိုင်ရည်ရှိတယ်လို့တော့ရေးထားတယ် … တကယ်ပြုတ်ကျဖူးမှသိမှာကိုး ဟုတ်ဘူးလား ပြီးတော့ Samsung ရဲ့ လူကြိုက်များတဲ့ နည်းပညာဖြစ်တဲ့ Always-On Display နည်းပညာလဲပါမှာတဲ့ S7 Edge နဲ့မတူတာကတော့ Note 7 ရဲ့ Always-On Display မှာ Note မှတ်လို့ရတယ်ဗျ ပြောရမယ်ဆိုရင် Note 7 က S7 Edge ထက်လက်တစ်လုံးကြီးသွားတာရယ် ပြုတ်ကျတဲ့ဒဏ်ပိုခံနိုင်တယ်ဆိုတာကလွဲလို့ တခြားဘာမှထူးထူးခြားခြားပါလာတာမရှိသေးဘူး Hardware ------------ ဖုန်းမှာ အပြင်ပန်းအမြင်ပြီးရင် အတွင်းထဲက ပစ္စည်းတွေကလဲ အရေးကြီးတယ်ဗျ ဒါပေမယ့် လေ့လာတွေ့ရှိချက်အရ Note 7 နဲ့ S7 Edge ရဲ့ အတွင်းပိုင်းမှာပါဝင်တဲ့ ပစ္စည်းတွေအားလုံးဟာ အတူတူပဲတဲ့ မြန်မာနိုင်ငံနဲ့ အပ်စပ်တဲ့ International Version မှာပါတဲ့ Hardware list က ဒီလို Exynos 8890 (quard-core 2.3 GHz + quard-core 1.6 GHz CPUs, Mali-T880 MP12 GPU), 4GB RAM ဘာလို့ အရင်ထွက်တဲ့ဖုန်းထဲကပစ္စည်းတွေအတိုင်း ဒီမှာပြန်သုံးထားလဲ ဆိုတာ စဉ်းစားလို့မရဘူး နောက်မှထွက်တဲ့ကောင်ဆီက နောက်ဆုံးပေါ်ပစ္စည်းလေးတွေပါလာချင်တာ လူတိုင်းပဲလေ မဟုတ်ဘူးလား? အခုတော့ နောက်ဆုံးပေါ်ဆိုပြီး အပြင်ပန်းမိတ်ကပ်လိမ်းပြ ဈေးကြီးကြီးနဲ့ပြန်ရောင်းသလိုဖြစ်နေတယ် Software ----------- အထဲကပစ္စည်းတွေအကြောင်းပြီးပြီဆိုရင် သူ့တို့တွေကို အသုံးချမယ့် နည်းပညာကလဲအရေးကြီးသကိုး Note 7 က S7 Edge ရဲ့ လုပ်ဆောင်ချက်တွေအကုန်လုပ်ဆောင်နိုင်တဲ့အပြင် သူ့မှာပါလာတဲ့ S Pen လေးနဲ့လဲ ကိုယ်နားမလည်တဲ့စာတွေကို Pen လေးထောက်ပြီး ဘာသာအလွယ်တကူပြန်နိုင်တယ် အခု social media မှာခေတ်စားနေတဲ့ GiFs လေးတွေအလွယ်ကူလုပ်လို့ရတယ် ဖုန်းကိုဖွင့်ထားစရာမလိုဘဲ Note မှတ်လို့ရတယ် စတဲ့ Function အပိုလေးတွေပါတယ်တဲ့ Note 7 မှာပါလာတဲ့ S Pen ကလဲ အရင် Old Model ဖြစ်တဲ့ Note 5 ထက်ပိုပြီး Pressure Sensitivity များတယ် Sensitivity Level က 4096 ရှိတော့ တကယ် စာရွက်နဲ့ဘောပင်နဲ့ ရေးရတဲ့အရသာကိုခံစားရတယ်လို့ပြောတယ် ပြီးတော့ S Pen ဟာလဲ ဖုန်းနီးတူ ရေစိုခံတဲ့အတွက် ရေအောက်ထဲမှာတောင် Note မှတ်လို့ရတယ်တဲ့ (ကြေငြာ video တွေမှာတော့ လုပ်ပြနေတာပဲ) သို့ပေမယ့် ဖုန်းကို ဂိမ်းဆော့၊ ဖုန်းပြော၊ ဖေ့စ်ဘွတ် ပွတ်မယ့်လူတွေအတွက်ကတော့ ဒီ Function တွေကအပိုပဲလေ ဘယ်တုံးက ဂိမ်းကို ဘောပင်တစ်ချောင်းထောက်ပြီးကစားဖူးလို့လဲ??? ရုံးသမားတွေ၊ အနုပညာသမားတွေအတွက်တော့ ရုတ်တရက် အကြံပေါ်လာလို့ မှတ်စရာလိုတဲ့အခါမှာ စာရွက်နဲ့ဘောပင်ရှာမရတဲ့ ဒုက္ခကတော့ ကယ်တင်ပေးနိုင်မယ်ပေါ့ဗျာ … ဒါပေမယ့်လဲ စာအုပ်တစ်ထုပ် နဲ့ ဘောပင်တစ်ဒါဇင်ကတော့ ဈေးသက်သာတာပေါ့ဗျာ… Camera ---------- Note 7 ရဲ့ ကင်မရာဟာလဲ S7 Edge ရဲ့ ကင်မရာနဲ့အတူတူပဲတဲ့ Apple ရဲ့ September လမှာထွက်မယ့် iPhone 7 plus ရဲ့ Dual Lens Technology (lens နှစ်ခုသုံး နည်းပညာ) ကိုဘယ်လိုယှဉ်မလဲမသိဘူး … Battery Life -------------- Note 7 ရဲ့ Battery ဟာ အရင် Note 5 ထက်တော့ 500mAh ပိုကြီးသွားတယ် ဒါပေမယ့် S7 Edge လောက်တော့ကြာကြာခံမှာမဟုတ်ဘူးလို့ သုံးသပ်ထားတယ် ဘာလို့လဲဆိုတော့ Note 7 ရဲ့ မျက်နှာပြင်ကပိုကြီးပြီး Battery စားမှမို့လို့တဲ့… အသေးစားပြင်ဆင်ချက်များ ---------------------------- Note 7 မှာ အခြား Android ဖုန်းတွေလို microUSB ကို မသုံးတော့ဘဲ USB Type-C ကိုအသုံးထားတယ်တဲ့ နောက်ပိုင်း ဒီနည်းပညာက ဖုန်းတိုင်းလိုလိုမှာ ပါလာမယ်လို့ ပြောနေကြတယ် ဒါ့ကြောင့် အားသွင်းကြိုးအပိုတွေဝယ်ထားဖို့တော့လိုမယ်နော် Internal Storage ကလဲ ပုံသေ 64GB နဲ့ရောင်းမှာတဲ့ Internal Storage များများလိုချင်တဲ့သူတွေအတွက်တော့ စိတ်မကောင်းစရာ … နောက်ဆုံးသုံးသပ်ချက် ------------------------- Mr.Review အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဟိုတလောက S7 Edge ၀ယ်ထားပြီးတဲ့လူတွေအတွက် တော့ Note 7 က သိပ်ပြီးလိုချင်စရာမရှိ … S7 Edge ထက် လက်တစ်လုံးကြီးပြီး Note မှတ်လို့ရတဲ့ function လေးလိုချင်ရုံနဲ့တော့ ၉ သိန်း ၂သောင်း ပေးပြီး မဖြုန်းသင့်ဘူးထင်တာပဲ… ဟို ပိုက်ပိုက်တွေပေါနေတဲ့ လူတွေအတွက်တော့ ၀ယ်ချင်ဝယ်ပေါ့နော် ကျွန်တော်တို့နဲ့ဘ၀တူတွေ ဖြစ်တဲ့ ခေးတို့ ညေးတို့ အတွက် တော့သေသေချာချာစဉ်းစားရမှာပေါ့ ဟို iPhone အသစ်ကလဲ ထွက်အုံးမှာကိုး နောက် နှစ်လကြာရင် … ဒီတော့ Mr.Review ကတော့ iPhone အသစ်လေးကို စောင့်ရင်း ဒီ Samsung Note 7 လေးကိုတော့ လိုချင်ပေမယ့် မသိချင်ယောင်ဆောင် မျက်နှာလွှဲထားပရစေ ကွယ် …… ‪#‎MrReview‬ ‪#‎Samsung‬ ‪#‎Note7‬ [unicode] Samsung Galaxy Note 7 ဝယ်သင့်မဝယ်သင့် ========================= နည်းပညာအသစ်ချစ်တဲ့လူတွေအတွက်ကတော့ Samsung နဲ့ Apple လုပ်တာနဲ့တင်မွဲမယ့်ကိန်းရှိတယ် အခုလည်း Samsung က Galaxy Note 7 ကို Aug 2 ရက်နေ့က မိတ်ဆက်ပေးလိုက်ပြန်ပြီလေ သူကမိတ်ဆက်တော့လဲ Mr.Review တို့က ပြန်ပြီးသုံးသပ်ရပြန်ပြီပေါ့ဗျာ ဟုတ်တယ်လေ … သူတို့ထုတ်တိုင်းတာဝယ်ရရင် … တစ်လ တစ်လ ခြိုးခြံချွေတာပြီးစားနေရတာ လူလဲ အရိုးပဲရှိတော့တယ် ပြီးတော့ သူတို့မှာ မော်ဒယ်အသစ်ဆိုတာ ထွက်လို့ကိုမပြီးတော့ဘူး ဟိုတလောကမှ S7 Edge ဆိုတာက ထွက်ထားသေးတယ်လေ ဒီတော့ ခေးတို့ညေးတို့စိတ်ထဲမှာ ကလိကလိဖြစ်နေတာလေးတွေရှင်းသွားအောင် Mr.Review ကကွီးတွေ အွန်လိုင်းမှာ ရှာဖွေပြီး ဒီဖုန်းအသစ်ကို ဝယ်သင့် မဝယ်သင့် ဆိုတာလေးကို သုံးသပ်ပေးလိုက်ပါတယ်ဗျာ … ========================= Note 7 နဲ့ S7 Edge နဲ့ ယှဉ်ကြည့်မယ်ဆိုရင် ========================= ဒီဇိုင်းနဲ့အမြင် --------------- ဘယ်ဖုန်းပဲကိုင်ကိုင် စမတ်ကျဖို့က နံပါတ်တစ်ကိုး ဒီခေတ်ကြီးက ကြီးလေကောင်းလေခေတ်ဆိုတော့လဲ(ဖုန်းကိုပြောတာနော် :P) Samsung က ပရိသတ်အကြိုက်ခပ်ကြီးကြီးထုတ်ထားပေးတယ်ဗျ Note 7 ရဲ့ မျက်နှာပြင်က ၅.၇ လက်မ S7 Edge ရဲ့ မျက်နှာပြင်က ၅.၅ လက်မ ရှိတယ်တဲ့… ပြောရမယ်ဆိုရင်တော့ S7 edge ထက် လက်တစ်လုံးလောက်လေးကြီးတယ်ပေါ့ဗျာ S7 Edge တုံးကလိုပဲ IP68 Water Resistance ဖြစ်တဲ့အတွက် ရေစိုခံတယ် Note 7 ကို S7 တုံးကလိုမျိုး ရိုးရိုးနဲ့ Edge ဆိုပြီးမခွဲမထုတ်တော့ဘူးတဲ့ စထုတ်ကတည်းက Edge နဲ့လာမှာတဲ့ဗျာ Display ကတော့ S7 Edge မှာသုံးထားတဲ့ Super AMOLED Display ပဲသုံးထားတယ် ဒါပေမယ့် Note 7 ရဲ့ Display က Gorilla Glass 5 ကိုသုံးထားတယ်တဲ့ Gorilla Glass 4 ပဲသုံးထားတဲ့ S7 Edge ထက် ပြုတ်ကျတဲ့ဒဏ်ကိုပိုပြီးခံနိုင်ရည်ရှိတယ်လို့တော့ရေးထားတယ် … တကယ်ပြုတ်ကျဖူးမှသိမှာကိုး ဟုတ်ဘူးလား ပြီးတော့ Samsung ရဲ့ လူကြိုက်များတဲ့ နည်းပညာဖြစ်တဲ့ Always-On Display နည်းပညာလဲပါမှာတဲ့ S7 Edge နဲ့မတူတာကတော့ Note 7 ရဲ့ Always-On Display မှာ Note မှတ်လို့ရတယ်ဗျ ပြောရမယ်ဆိုရင် Note 7 က S7 Edge ထက်လက်တစ်လုံးကြီးသွားတာရယ် ပြုတ်ကျတဲ့ဒဏ်ပိုခံနိုင်တယ်ဆိုတာကလွဲလို့ တခြားဘာမှထူးထူးခြားခြားပါလာတာမရှိသေးဘူး Hardware ------------ ဖုန်းမှာ အပြင်ပန်းအမြင်ပြီးရင် အတွင်းထဲက ပစ္စည်းတွေကလဲ အရေးကြီးတယ်ဗျ ဒါပေမယ့် လေ့လာတွေ့ရှိချက်အရ Note 7 နဲ့ S7 Edge ရဲ့ အတွင်းပိုင်းမှာပါဝင်တဲ့ ပစ္စည်းတွေအားလုံးဟာ အတူတူပဲတဲ့ မြန်မာနိုင်ငံနဲ့ အပ်စပ်တဲ့ International Version မှာပါတဲ့ Hardware list က ဒီလို Exynos 8890 (quard-core 2.3 GHz + quard-core 1.6 GHz CPUs, Mali-T880 MP12 GPU), 4GB RAM ဘာလို့ အရင်ထွက်တဲ့ဖုန်းထဲကပစ္စည်းတွေအတိုင်း ဒီမှာပြန်သုံးထားလဲ ဆိုတာ စဉ်းစားလို့မရဘူး နောက်မှထွက်တဲ့ကောင်ဆီက နောက်ဆုံးပေါ်ပစ္စည်းလေးတွေပါလာချင်တာ လူတိုင်းပဲလေ မဟုတ်ဘူးလား? အခုတော့ နောက်ဆုံးပေါ်ဆိုပြီး အပြင်ပန်းမိတ်ကပ်လိမ်းပြ စျေးကြီးကြီးနဲ့ပြန်ရောင်းသလိုဖြစ်နေတယ် Software ----------- အထဲကပစ္စည်းတွေအကြောင်းပြီးပြီဆိုရင် သူ့တို့တွေကို အသုံးချမယ့် နည်းပညာကလဲအရေးကြီးသကိုး Note 7 က S7 Edge ရဲ့ လုပ်ဆောင်ချက်တွေအကုန်လုပ်ဆောင်နိုင်တဲ့အပြင် သူ့မှာပါလာတဲ့ S Pen လေးနဲ့လဲ ကိုယ်နားမလည်တဲ့စာတွေကို Pen လေးထောက်ပြီး ဘာသာအလွယ်တကူပြန်နိုင်တယ် အခု social media မှာခေတ်စားနေတဲ့ GiFs လေးတွေအလွယ်ကူလုပ်လို့ရတယ် ဖုန်းကိုဖွင့်ထားစရာမလိုဘဲ Note မှတ်လို့ရတယ် စတဲ့ Function အပိုလေးတွေပါတယ်တဲ့ Note 7 မှာပါလာတဲ့ S Pen ကလဲ အရင် Old Model ဖြစ်တဲ့ Note 5 ထက်ပိုပြီး Pressure Sensitivity များတယ် Sensitivity Level က 4096 ရှိတော့ တကယ် စာရွက်နဲ့ဘောပင်နဲ့ ရေးရတဲ့အရသာကိုခံစားရတယ်လို့တယ် ပြီးတော့ S Pen ဟာလဲ ဖုန်းနီးတူ ရေစိုခံတဲ့အတွက် ရေအောက်ထဲမှာတောင် Note မှတ်လို့ရတယ်တဲ့ (ကြေငြာ video တွေမှာတော့ လုပ်ပြနေတာပဲ) သို့ပေမယ့် ဖုန်းကို ဂိမ်းဆော့၊ ဖုန်းပြော၊ ဖေ့စ်ဘွတ် ပွတ်မယ့်လူတွေအတွက်ကတော့ ဒီ Function တွေကအပိုပဲလေ ဘယ်တုံးက ဂိမ်းကို ဘောပင်တစ်ချောင်းထောက်ပြီးကစားဖူးလို့လဲ??? ရုံးသမားတွေ၊ အနုပညာသမားတွေအတွက်တော့ ရုတ်တရက် အကြံပေါ်လာလို့ မှတ်စရာလိုတဲ့အခါမှာ စာရွက်နဲ့ဘောပင်ရှာမရတဲ့ ဒုက္ခကတော့ ကယ်တင်ပေးနိုင်မယ်ပေါ့ဗျာ … ဒါပေမယ့်လဲ စာအုပ်တစ်ထုပ် နဲ့ ဘောပင်တစ်ဒါဇင်ကတော့ စျေးသက်သာတာပေါ့ဗျာ… Camera ---------- Note 7 ရဲ့ ကင်မရာဟာလဲ S7 Edge ရဲ့ ကင်မရာနဲ့အတူတူပဲတဲ့ Apple ရဲ့ September လမှာထွက်မယ့် iPhone 7 plus ရဲ့ Dual Lens Technology (lens နှစ်ခုသုံး နည်းပညာ) ကိုဘယ်လိုယှဉ်မလဲမသိဘူး … Battery Life -------------- Note 7 ရဲ့ Battery ဟာ အရင် Note 5 ထက်တော့ 500mAh ပိုကြီးသွားတယ် ဒါပေမယ့် S7 Edge လောက်တော့ကြာကြာခံမှာမဟုတ်ဘူးလို့ သုံးသပ်ထားတယ် ဘာလို့လဲဆိုတော့ Note 7 ရဲ့ မျက်နှာပြင်ကပိုကြီးပြီး Battery စားမှမို့လို့တဲ့… အသေးစားပြင်ဆင်ချက်များ ---------------------------- Note 7 မှာ အခြား Android ဖုန်းတွေလို microUSB ကို မသုံးတော့ဘဲ USB Type-C ကိုအသုံးထားတယ်တဲ့ နောက်ပိုင်း ဒီနည်းပညာက ဖုန်းတိုင်းလိုလိုမှာ ပါလာမယ်လို့ ပြောနေကြတယ် ဒါ့ကြောင့် အားသွင်းကြိုးအပိုတွေဝယ်ထားဖို့တော့လိုမယ်နော် Internal Storage ကလဲ ပုံသေ 64GB နဲ့ရောင်းမှာတဲ့ Internal Storage များများလိုချင်တဲ့သူတွေအတွက်တော့ စိတ်မကောင်းစရာ … နောက်ဆုံးသုံးသပ်ချက် ------------------------- Mr.Review အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဟိုတလောက S7 Edge ဝယ်ထားပြီးတဲ့လူတွေအတွက် တော့ Note 7 က သိပ်ပြီးလိုချင်စရာမရှိ … S7 Edge ထက် လက်တစ်လုံးကြီးပြီး Note မှတ်လို့ရတဲ့ function လေးလိုချင်ရုံနဲ့တော့ ၉ သိန်း ၂သောင်း ပေးပြီး မဖြုန်းသင့်ဘူးထင်တာပဲ… ဟို ပိုက်ပိုက်တွေပေါနေတဲ့ လူတွေအတွက်တော့ ဝယ်ချင်ဝယ်ပေါ့နော် ကျွန်တော်တို့နဲ့ဘဝတူတွေ ဖြစ်တဲ့ ခေးတို့ ညေးတို့ အတွက် တော့သေသေချာချာစဉ်းစားရမှာပေါ့ ဟို iPhone အသစ်ကလဲ ထွက်အုံးမှာကိုး နောက် နှစ်လကြာရင် … ဒီတော့ Mr.Review ကတော့ iPhone အသစ်လေးကို စောင့်ရင်း ဒီ Samsung Note 7 လေးကိုတော့ လိုချင်ပေမယ့် မသိချင်ယောင်ဆောင် မျက်နှာလွှဲထားပရစေ ကွယ် …… #MrReview #Samsung #Note7
PGG Mobile
PGG Mobile Application သုံးစွဲသော customer များအတွက် ခုမှစကာ ဗဟုသုတအစုံစုံကို တင်ဆက်တော.မှာဖြစ်ကြောင်း စုံတထက်ပိုစုံအောင်လဲ ကြိုးစားသွားမည်ဖြစ်ကြောင်း ကျန်းမာရေး တိုးတတ်အောင်မြင်တဲ.ဘ၀ စာတို ဆောင်းပါး ဟာသ နည်းပညာသတင်း အစရှိတာများကိုလဲ စုံတထက်စုံအောင်ကြိုးစားသွားမည်ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါတယ်ခဗျာ လေးစားစွာဖြင်. PGG Mobile Shop
မိုးရာသီမှာ ကလေးမိဘတွေ သတိထားသင့်တဲ့ ကြောက်စရာအကောင်းဆုံး ရောဂါတစ်ခု
အခုလို မိုးရာသီမှာ ကလေးမိဘတွေ သတိထားသင့်တဲ့ ကြောက်စရာအကောင်းဆုံး ရောဂါတစ်ခုကတော့ သွေးလွန်တုပ်ကွေးရောဂါပါပဲ.. သတိထားသင့်တဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ အန္တရာယ်အလွန်ကြီးမားတာကြောင့် Good Health Journal 592 မှာ ပါမောက္ခဒေါက်တာစောဝင်း ရေးသားထားတဲ့ “သတိပြုဖွယ် သွေးလွန်တုပ်ကွေး အန္တရာယ်”ဆောင်းပါးကို မိဘတိုင်း ဖတ်ရှုစေလိုပါတယ်... သွေးမလန့်ခင်မှာ အချိန်မီ ဆေးရုံတင်နိုင်ဖို့၊ သွေးလွန်တုပ်ကွေးရောဂါကို တကယ်ထိထိရောက်ရောက်ကုသပေးနိုင်တဲ့ ဆေးရုံဆေးခန်းမျိုးမှာ ကုသပေးနိုင်စေဖို့နဲ့ သွေးလွန်တုပ်ကွေးထောင်ချောက်ထဲ မကျရောက်မိစေဖို့ လူတိုင်းလူတိုင်း သတိပြုမိပြီး ကြိုတင်ကာကွယ်နိုင်ကြစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖော်ပြပေးလိုက်ရပါတယ်.. ------------------------------------------------------------------------------------------------------- ‪#‎အယ်ဒီတာအဖွဲ့‬ သတိပြုဖွယ် သွေးလွန်တုပ်ကွေး အန္တရာယ် ---------------------------------------------------- ‪#‎ပါမောက္ခဒေါက်တာစောဝင်း‬ ◊ ကလေးက အဖျားကျသွားပေမယ့် သွေးပေါင်ကျပြီး မူးတယ်၊ မှိန်းတယ် အန်တယ်၊ ဒါကို သွေးလွန်တုပ်ကွေးထောင်ချောက်လို့ခေါ်တယ်။ အဖျားကျပြီးတော့မှ အရေးကြီးတဲ့အခြေအနေကို ရောက်ပါတယ်။ အဖျားကျရင် မိဘလည်း ပေါ့သွားတတ်တယ်၊ ဆရာဝန်၊ ဆရာမကလည်း ပေါ့သွားတတ်တယ်။ ကလေးတွေရဲ့ သဘာဝအရ ပုံမှန်ဆိုရင် အဖျားကျသွားရင် ဆော့ကစားရမယ်၊ စားရမယ်၊ အဲ့ဒီလို မဟုတ်ဘဲ မဆော့ဘူး၊ မစားဘူး၊ မှိန်းတယ်ဆိုရင် ပိုအရေးကြီးတဲ့ အဆင့်ကို ရောက်သွားပြီဆိုတာ သိရပါမယ်။ ◊ အဖျားတအားကြီးတယ်၊ မှိန်းတယ်၊ အန်တယ်၊ ခေါင်းကိုက်တယ်။ တစ်ခါတလေ ဗိုက်နာတတ်တယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်လို့ ချောင်းဆိုးတာ၊ နှာစေးတာတွေလည်း တစ်ခါတလေရှိနိုင်ပါတယ်။ ◊ ဘယ်လိုအချိန်အခါမှာပဲဖြစ်ဖြစ် ကလေးက အဖျားကြီးတယ်၊ မှိန်းတယ်၊ မလန်းဆန်းဘူးဆိုရင် သွေးလွန်တုပ်ကွေးဖြစ်နိုင်ကြောင်း သတိထားဖို့လိုပါတယ်။ ◊ အစားအသောက်၊ ရေကအစ ဘာမှမ၀င်ဘူး။ ဆက်တိုက် အန်နေတယ်ဆိုရင်လည်း အန္တရာယ်လက္ခဏာပါပဲ။ ◊ အဓိကက ဒီအန္တရာယ်လက္ခဏာတွေရှိရင် လူနာက ဆေးရုံမှာပဲ ရှိသင့်ပါတယ်။ ◊ တစ်နှစ်အောက် ကလေးမှာ သံသယရှိခဲ့ရင်၊ ဒါမှမဟုတ် သွေးလွန်တုပ်ကွေးဖြစ်နေရင် ဆေးရုံတင်ပါ။ နောက်အ၀လွန်တဲ့ ကလေးတွေအနေနဲ့လည်း အန္တရာယ်လက္ခဏာ မရှိခင်မှာ ဆေးရုံတင်သင့်ပါတယ်။ ◊ သွားလာရေး ခက်ခဲတဲ့နေရာတွေ(ဥပမာ လှိုင်သာယာ) မှာ နေထိုင်တဲ့ ကလေးတွေက ညအချိန်မတော်မှာ သွေးလန့်ရင် ဆေးရုံကိုအချိန်မီရောက်ဖို့ ခက်ခဲတာကြောင့် ဒီလိုကလေးတွေကိုလည်း ဆေးရုံတင်ထားဖို့ လိုပါတယ်။ ◊ သွေးမလန့်ခင်ကတည်းက အန်နေတယ်၊ အစာမ၀င်ဘူးဆိုရင် ဆေးရုံတင်ပြီး အကြောဆေးတွေ သွင်းထားပြီး သွေးလန့်တာမဖြစ်အောင် လုပ်ပေးလို့ရပါတယ်။ ◊ သွေးလွန်တုပ်ကွေးမှာ အဓိကက ခြင်ကျားကြောင့် ဖြစ်လို့ ခြင်ကျားနှိမ်နင်းရေးကို အဓိက လုပ်ရပါမယ်။ ◊ ရေတစ်ထမ်း စာထဲကို Abate ဆိုတဲ့ ပိုးလောက်လမ်းသေတဲ့ဆေး လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာထည့်ထားရင် ခြောက်ပတ်လောက်ခံပါတယ်။ ◊ သွေးလွန်တုပ်ကွေး ကုသရတာက တကယ်လက်ဝင်ပါတယ်။ တကယ်သွေးလန့်ပြီဆိုရင် တစ်နာရီတစ်ခါ အချိန်ညှိပြီး လုပ်ရမှာမို့ လူနာကို ၂၄ နာရီ စောင့်ကြည့်နိုင်တဲ့ ဆေးရုံဖြစ်ရမယ်။ သွေးနဲ့ သွေးရည်ကြည်ပေးနိုင်တဲ့ နေရာဖြစ်ရမယ်။ သွေးပျစ်ကျဲနှုန်း မကြာခဏတိုင်းနိုင်တဲ့ ဆေးရုံဆေးခန်းမှာ တင်ထားရမယ်။ ဒီလိုမျိုးတွေ လုပ်မပေးနိုင်တဲ့ဆေးရုံ၊ ဆေးခန်းမျိုးဆိုရင် ကုသအောင်မြင်မှုက ကောင်းချင်ရဲ့နဲ့ မကောင်းတာမျိုးရှိခဲ့ဖူးပါတယ်။ #ပါမောက္ခဒေါက်တာစောဝင်း၏ “သတိပြုဖွယ် သွေးလွန်တုပ်ကွေး အန္တရာယ်”ဆောင်းပါးမှ ကောက်စာများ
သင့်ကျောက်ကပ်ကို ဆိုးရွားစွာ ပျက်စီးစေနိုင်သည့် အကျင့်ဆိုးများ
သင့်ကျောက်ကပ်ကို ဆိုးရွားစွာ ပျက်စီးစေနိုင်သည့် အကျင့်ဆိုးများ ------------------------------------------------------------------------------ ‪#‎ဒေါက်တာခင်မိုးမိုး‬ ခန္ဓာကိုယ်တွင်းမှ ကိုယ်တွင်းအင်္ဂါအားလုံးက အရေးကြီးပေမယ့် တချို့ကိုယ်တွင်းအင်္ဂါတွေက တခြားဟာတွေထက် ကျန်းမာရေးကောင်းမွန်ဖို့ ပိုမိုလိုအပ်ပါတယ်။ ဒီအထဲမှာ ကျောက်ကပ်ကလည်း တစ်ခုအပါအ၀င်ပါ။ ကျောက်ကပ်ဟာ သွေးလှည့်ပတ်မှုအဖွဲ့မှာ ရှိနေတဲ့ အဆိပ်အတောက်အားလုံးစစ်ထုတ်ပေးတဲ့ တာဝန်ကိုယူပါတယ်။ သင့်ကျောက်ကပ်ပျက်စီးနေရင်သင်လည်း အသက်တိုနိုင်ပါတယ်။ အောက်ပါအကျင့်ဆိုးတွေက သင့်ကျောက်ကပ်ကို ဆိုးရွားစွာပျက်စီး စေနိုင်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။ ----------------------------- ၁) ရေလုံလုံလောက်လောက်မသောက်ခြင်း ကျောက်ကပ်ပျက်စီးမှုစတင်တာက သင့်ခန္ဓာကိုယ်ထဲမှာ ရေလုံလုံလောက်လောက် မရှိတာကြောင့်ပါ။ ဖျော်ရည်၊ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တချို့အရည်တွေသောက်တာက ရေသောက်တာလောက် ရေဓာတ်ပြည့်ဝမှု ရရှိမှာ မဟုတ်ပါဘူး။ ဒီဖျော်ရည်တွေမှာ ပါဝင်တဲ့ သကြားကြောင့် ကိုယ်တွင်းအင်္ဂါတွေ ဒဏ်ပိနိုင်တာက ရေဓာတ်ရရှိတာထက် ပိုပါတယ်။ ရေဓာတ်ပြည့်ဝတာကြောင့် ကျောက်ကပ်ရဲ့ အဆိပ်အတောက်ကို သန့်စင်နိုင်စွမ်း ပိုမိုအားကောင်းစေတဲ့အပြင် ခန္ဓာကိုယ်အတွင်း ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပျံ့နှံ့အောင်လည်း ကူညီပေးပါတယ်။ ----------------------------- ၂) ဆေးလိပ်သောက်ခြင်း ဆေးလိပ်သောက်တာက ကျောက်ကပ်အပါအ၀င် ခန္ဓာကိုယ်တွင်းအင်္ဂါအတော်များများကို ပျက်စီးစေနိုင်ပါတယ်။ ဆေးလိပ်ကြောင့် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ သိသိသာသာ မြင့်မားနိုင်ပါတယ်။ ----------------------------- ၃) အရက်သောက်ခြင်း အရက်ကြောင့် ကျောက်ကပ်မှာ ဒဏ်ပိတာက အရက်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကို ကျောက်ကပ်က သေချာစွာမသန့်စင်နိုင်တာကြောင့်ပါ။ လေ့လာမှုအများအပြားအရ အရက် အနည်းငယ်သောက်တာက ကိုယ်တွင်းအင်္ဂါအများစုကို ကူညီနိုင်တယ်ဆိုပေမယ့် အသင့်အတင့် သာသောက်ဖို့က အရေးကြီးဆုံးပါ။ တစ်နေ့ကို ၀ိုင်တစ်ဖန်ခွက်ထက်ပိုမသောက်ပါနဲ့။ ----------------------------- ၄) ဆေးဝါးမှီဝဲခြင်း ဆေးဝါးတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေကလည်း ကျောက်ကပ်ပျက်စီးစေနိုင်ပါတယ်။ အထူးသဖြင့် ပမာဏများစွာကို မကြာခဏ သောက်ရတဲ့အခါမှာပါ။ ----------------------------- ၅) ပရိုတင်းပါဝင်မှုများသည့်အစာစားခြင်း ပရိုတင်းဟာ ဆဲလ်တွေ တည်ဆောက်ဖို့ လိုအပ်ပေမယ့် စားတဲ့ပမာဏများလွန်းရင် ကျန်းမာရေးကို ဒုက္ခပေးနိုင်ပါတယ်။ အမျိုးသားတစ်ယောက်အနေနဲ့ တစ်နေ့ကို ၅၆ ဂရမ်သာ စားသုံးသင့်ပြီး အမျိုးသမီးတစ်ယောက်အနေနဲ့ ၄၆ ဂ ရမ်သာ စားသုံးသင့်ပါတယ်။ ပရိုတင်းစားလွန်းတာများရင် ကျောက်ကပ်က ပရိုတင်းတွေကို သန့်စင်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ ----------------------------- ၆) အထိုင်များသောပုံစံ သင့်ကျောက်ကပ်ကို ကာကွယ်ဖို့အတွက် တစ်နေ့ကို ၂-၃ နာရီလောက်ထိ လေ့ကျင့်ခန်းလုပ်စရာမလိုအပ်ပါဘူး။ တစ်နေ့ ၅ မိနစ်လောက် လမ်းမြန်မြန်လျှောက်ရုံနဲ့ ကျောက်ကပ်ကျန်းမာရေး ကောင်းမွန်စေနိုင်ပါတယ်။ လေ့လာမှုအများ အပြားအရ လေ့ကျင့်ခန်းလုပ်သူတွေမှာ ကျောက်ကပ်ကျောက်တည်နိုင်ခြေလျော့နည်းတယ်လို့ သိရပါတယ်။ ဒါ့အပြင် အ၀လွန်တာကြောင့်လည်း ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေများတာမို့ လေ့ကျင့်ခန်းက မဖြစ်မနေ ပြုလုပ်ရမယ့်အရာပါ။ ----------------------------- ၇) အိပ်မပျော်ခြင်း အိပ်မပျော်တဲ့ညတွေ များနေတာက ကျောက်ကပ်သာမက ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကျန်းမာရေးမကောင်းနိုင်ပါဘူး။ အိပ်နေစဉ်မှာ ခန္ဓာကိုယ်က အားအင်တွေ ပြန်လည်ဖြည့်တင်းနေပြီး ကိုယ်တွင်းအင်္ဂါတွေကလည်း ပြန်လည်ပြုပြ င်တဲ့အချိန် ဖြစ်နေတာကြောင့်ပါ။ အိပ်ရေးမ၀တာကြောင့် ကျောက်ကပ်က သူ့အလုပ်ကိုသူ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်တော့တဲ့အတွက် သွေးအတွင်းမှ အဆိပ်အတောက်တွေ ကုန်စင်အောင် မစစ်ထုတ်နိုင်တာကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်လာပါတယ်။ ----------------------------- ၈) အအေးမိတုပ်ကွေးရောဂါကို လျစ်လျူရှုထားခြင်း မကြာခဏအအေးမိတုပ်ကွေးရောဂါရနေတာက သင့်မှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေတယ်လို့ ညွှန်းဆိုနေတာပါ။ ကျောက်ကပ်လုပ်ငန်းဆောင်တာမကောင်းတာကြောင့် အဆိပ်အတောက်တွေ စုပုံနေပြီး ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ရဲ့ အန္တရာယ်ကို ခံနေရပါတယ်။ ----------------------------- ၉) ဆီးအောင့်ထားခြင်း ဆီးဟာ ခန္ဓာကိုယ်မှ ဘက်တီးရီးယားတွေကို စွန့်ထုတ်ပစ်နေတာမို့ အချိန်အကြာကြီး ဆီးအောင့်ထားတာက ဘက်တီးရီးယားတွေကို ပြင်ပသို့ တွန်းထုတ်မယ့်အစား မွေးမြူထားလိုက်သလိုဖြစ်သွားပါတယ်။ ဘက်တီးရီးယားတွေပေါ က်ဖွားမှုများလာတာကြောင့် ဆီးအိတ်နဲ့ အနီးဆုံးရှိတဲ့ ကျောက်ကပ်ကို ရောက်သွားပြီး ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ ----------------------------- ၁၀) အာဟာရဓာတ်ချို့တဲ့ခြင်း ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေက ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့ သတ္တုဓာတ်နဲ့ ဗီတာမင်တွေကို စုပ်ယူကာ ကောင်းတဲ့အပိုင်းနဲ့ မကောင်းတဲ့အပိုင်းကို ခွဲခြားပေးပါတယ်။ ညီညွတ်မျှတတဲ့ အစားအစာဆိုတာက ကျောက်ကပ်က ဒဏ်မပိဘဲ အာဟာရဓာတ်အများအပြားကို ရရှိနေတာပါ။ အထူးသဖြင့် မဂ္ဂနီဆီယမ်ပါဝင်မှုများတဲ့ အစားအစာ စားသောက်ဖို့ လိုအပ်ပါတယ်။ ----------------------------- ၁၁) အအေးမိတုပ်ကွေးရောဂါကို လျစ်လျူရှုထားခြင်း မကြာခဏအအေးမိတုပ်ကွေးရောဂါရနေတာက သင့်မှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေတယ်လို့ ညွှန်းဆိုနေတာပါ။ ကျောက်ကပ်လုပ်ငန်းဆောင်တာ မကောင်းတာကြောင့် အဆိပ်အတောက်တွေ စုပုံနေပြီး ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ရဲ့ အန္တရာယ်ကို ခံနေရပါတယ်။ ----------------------------- ၁၂) ရောဂါလက္ခဏာများကို လျစ်လျူရှုခြင်း အအေးမိတုပ်ကွေးအပြင် ကျောက်ကပ်ပြဿနာဖြစ်နေတာကို အချက်ပြနေတဲ့ အောက်ပါကျန်းမာရေးပြဿနာတွေလည်း ရှိပါတယ်။ ဆီးအရောင်ပြောင်းလဲတာ၊ မောပန်းတာ၊ ခံတွင်းအနံ့ဆိုးထွက်တာ၊ ဖောရောင်တာ၊ ခေါင်းမူးတာ၊ ပျို့ အန်တာ၊ မကြာခဏ ခြေဖျားလက်ဖျားအေးတာတွေ ဖြစ်နေရင် လျစ်လျူရှုမထားဘဲ ဆရာဝန်နဲ့ အမြန်ပြသပါ။ #ဒေါက်တာခင်မိုးမိုး (Good Health Journal 592)
သင့်ကျောက်ကပ်ကို ဆိုးရွားစွာ ပျက်စီးစေနိုင်သည့် အကျင့်ဆိုးများ
သင့်ကျောက်ကပ်ကို ဆိုးရွားစွာ ပျက်စီးစေနိုင်သည့် အကျင့်ဆိုးများ ------------------------------------------------------------------------------ ‪#‎ဒေါက်တာခင်မိုးမိုး‬ ခန္ဓာကိုယ်တွင်းမှ ကိုယ်တွင်းအင်္ဂါအားလုံးက အရေးကြီးပေမယ့် တချို့ကိုယ်တွင်းအင်္ဂါတွေက တခြားဟာတွေထက် ကျန်းမာရေးကောင်းမွန်ဖို့ ပိုမိုလိုအပ်ပါတယ်။ ဒီအထဲမှာ ကျောက်ကပ်ကလည်း တစ်ခုအပါအ၀င်ပါ။ ကျောက်ကပ်ဟာ သွေးလှည့်ပတ်မှုအဖွဲ့မှာ ရှိနေတဲ့ အဆိပ်အတောက်အားလုံးစစ်ထုတ်ပေးတဲ့ တာဝန်ကိုယူပါတယ်။ သင့်ကျောက်ကပ်ပျက်စီးနေရင်သင်လည်း အသက်တိုနိုင်ပါတယ်။ အောက်ပါအကျင့်ဆိုးတွေက သင့်ကျောက်ကပ်ကို ဆိုးရွားစွာပျက်စီး စေနိုင်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။ ----------------------------- ၁) ရေလုံလုံလောက်လောက်မသောက်ခြင်း ကျောက်ကပ်ပျက်စီးမှုစတင်တာက သင့်ခန္ဓာကိုယ်ထဲမှာ ရေလုံလုံလောက်လောက် မရှိတာကြောင့်ပါ။ ဖျော်ရည်၊ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တချို့အရည်တွေသောက်တာက ရေသောက်တာလောက် ရေဓာတ်ပြည့်ဝမှု ရရှိမှာ မဟုတ်ပါဘူး။ ဒီဖျော်ရည်တွေမှာ ပါဝင်တဲ့ သကြားကြောင့် ကိုယ်တွင်းအင်္ဂါတွေ ဒဏ်ပိနိုင်တာက ရေဓာတ်ရရှိတာထက် ပိုပါတယ်။ ရေဓာတ်ပြည့်ဝတာကြောင့် ကျောက်ကပ်ရဲ့ အဆိပ်အတောက်ကို သန့်စင်နိုင်စွမ်း ပိုမိုအားကောင်းစေတဲ့အပြင် ခန္ဓာကိုယ်အတွင်း ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပျံ့နှံ့အောင်လည်း ကူညီပေးပါတယ်။ ----------------------------- ၂) ဆေးလိပ်သောက်ခြင်း ဆေးလိပ်သောက်တာက ကျောက်ကပ်အပါအ၀င် ခန္ဓာကိုယ်တွင်းအင်္ဂါအတော်များများကို ပျက်စီးစေနိုင်ပါတယ်။ ဆေးလိပ်ကြောင့် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ သိသိသာသာ မြင့်မားနိုင်ပါတယ်။ ----------------------------- ၃) အရက်သောက်ခြင်း အရက်ကြောင့် ကျောက်ကပ်မှာ ဒဏ်ပိတာက အရက်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကို ကျောက်ကပ်က သေချာစွာမသန့်စင်နိုင်တာကြောင့်ပါ။ လေ့လာမှုအများအပြားအရ အရက် အနည်းငယ်သောက်တာက ကိုယ်တွင်းအင်္ဂါအများစုကို ကူညီနိုင်တယ်ဆိုပေမယ့် အသင့်အတင့် သာသောက်ဖို့က အရေးကြီးဆုံးပါ။ တစ်နေ့ကို ၀ိုင်တစ်ဖန်ခွက်ထက်ပိုမသောက်ပါနဲ့။ ----------------------------- ၄) ဆေးဝါးမှီဝဲခြင်း ဆေးဝါးတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေကလည်း ကျောက်ကပ်ပျက်စီးစေနိုင်ပါတယ်။ အထူးသဖြင့် ပမာဏများစွာကို မကြာခဏ သောက်ရတဲ့အခါမှာပါ။ ----------------------------- ၅) ပရိုတင်းပါဝင်မှုများသည့်အစာစားခြင်း ပရိုတင်းဟာ ဆဲလ်တွေ တည်ဆောက်ဖို့ လိုအပ်ပေမယ့် စားတဲ့ပမာဏများလွန်းရင် ကျန်းမာရေးကို ဒုက္ခပေးနိုင်ပါတယ်။ အမျိုးသားတစ်ယောက်အနေနဲ့ တစ်နေ့ကို ၅၆ ဂရမ်သာ စားသုံးသင့်ပြီး အမျိုးသမီးတစ်ယောက်အနေနဲ့ ၄၆ ဂ ရမ်သာ စားသုံးသင့်ပါတယ်။ ပရိုတင်းစားလွန်းတာများရင် ကျောက်ကပ်က ပရိုတင်းတွေကို သန့်စင်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ ----------------------------- ၆) အထိုင်များသောပုံစံ သင့်ကျောက်ကပ်ကို ကာကွယ်ဖို့အတွက် တစ်နေ့ကို ၂-၃ နာရီလောက်ထိ လေ့ကျင့်ခန်းလုပ်စရာမလိုအပ်ပါဘူး။ တစ်နေ့ ၅ မိနစ်လောက် လမ်းမြန်မြန်လျှောက်ရုံနဲ့ ကျောက်ကပ်ကျန်းမာရေး ကောင်းမွန်စေနိုင်ပါတယ်။ လေ့လာမှုအများ အပြားအရ လေ့ကျင့်ခန်းလုပ်သူတွေမှာ ကျောက်ကပ်ကျောက်တည်နိုင်ခြေလျော့နည်းတယ်လို့ သိရပါတယ်။ ဒါ့အပြင် အ၀လွန်တာကြောင့်လည်း ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေများတာမို့ လေ့ကျင့်ခန်းက မဖြစ်မနေ ပြုလုပ်ရမယ့်အရာပါ။ ----------------------------- ၇) အိပ်မပျော်ခြင်း အိပ်မပျော်တဲ့ညတွေ များနေတာက ကျောက်ကပ်သာမက ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကျန်းမာရေးမကောင်းနိုင်ပါဘူး။ အိပ်နေစဉ်မှာ ခန္ဓာကိုယ်က အားအင်တွေ ပြန်လည်ဖြည့်တင်းနေပြီး ကိုယ်တွင်းအင်္ဂါတွေကလည်း ပြန်လည်ပြုပြ င်တဲ့အချိန် ဖြစ်နေတာကြောင့်ပါ။ အိပ်ရေးမ၀တာကြောင့် ကျောက်ကပ်က သူ့အလုပ်ကိုသူ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်တော့တဲ့အတွက် သွေးအတွင်းမှ အဆိပ်အတောက်တွေ ကုန်စင်အောင် မစစ်ထုတ်နိုင်တာကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်လာပါတယ်။ ----------------------------- ၈) အအေးမိတုပ်ကွေးရောဂါကို လျစ်လျူရှုထားခြင်း မကြာခဏအအေးမိတုပ်ကွေးရောဂါရနေတာက သင့်မှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေတယ်လို့ ညွှန်းဆိုနေတာပါ။ ကျောက်ကပ်လုပ်ငန်းဆောင်တာမကောင်းတာကြောင့် အဆိပ်အတောက်တွေ စုပုံနေပြီး ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ရဲ့ အန္တရာယ်ကို ခံနေရပါတယ်။ ----------------------------- ၉) ဆီးအောင့်ထားခြင်း ဆီးဟာ ခန္ဓာကိုယ်မှ ဘက်တီးရီးယားတွေကို စွန့်ထုတ်ပစ်နေတာမို့ အချိန်အကြာကြီး ဆီးအောင့်ထားတာက ဘက်တီးရီးယားတွေကို ပြင်ပသို့ တွန်းထုတ်မယ့်အစား မွေးမြူထားလိုက်သလိုဖြစ်သွားပါတယ်။ ဘက်တီးရီးယားတွေပေါ က်ဖွားမှုများလာတာကြောင့် ဆီးအိတ်နဲ့ အနီးဆုံးရှိတဲ့ ကျောက်ကပ်ကို ရောက်သွားပြီး ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ ----------------------------- ၁၀) အာဟာရဓာတ်ချို့တဲ့ခြင်း ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေက ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့ သတ္တုဓာတ်နဲ့ ဗီတာမင်တွေကို စုပ်ယူကာ ကောင်းတဲ့အပိုင်းနဲ့ မကောင်းတဲ့အပိုင်းကို ခွဲခြားပေးပါတယ်။ ညီညွတ်မျှတတဲ့ အစားအစာဆိုတာက ကျောက်ကပ်က ဒဏ်မပိဘဲ အာဟာရဓာတ်အများအပြားကို ရရှိနေတာပါ။ အထူးသဖြင့် မဂ္ဂနီဆီယမ်ပါဝင်မှုများတဲ့ အစားအစာ စားသောက်ဖို့ လိုအပ်ပါတယ်။ ----------------------------- ၁၁) အအေးမိတုပ်ကွေးရောဂါကို လျစ်လျူရှုထားခြင်း မကြာခဏအအေးမိတုပ်ကွေးရောဂါရနေတာက သင့်မှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေတယ်လို့ ညွှန်းဆိုနေတာပါ။ ကျောက်ကပ်လုပ်ငန်းဆောင်တာ မကောင်းတာကြောင့် အဆိပ်အတောက်တွေ စုပုံနေပြီး ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ရဲ့ အန္တရာယ်ကို ခံနေရပါတယ်။ ----------------------------- ၁၂) ရောဂါလက္ခဏာများကို လျစ်လျူရှုခြင်း အအေးမိတုပ်ကွေးအပြင် ကျောက်ကပ်ပြဿနာဖြစ်နေတာကို အချက်ပြနေတဲ့ အောက်ပါကျန်းမာရေးပြဿနာတွေလည်း ရှိပါတယ်။ ဆီးအရောင်ပြောင်းလဲတာ၊ မောပန်းတာ၊ ခံတွင်းအနံ့ဆိုးထွက်တာ၊ ဖောရောင်တာ၊ ခေါင်းမူးတာ၊ ပျို့ အန်တာ၊ မကြာခဏ ခြေဖျားလက်ဖျားအေးတာတွေ ဖြစ်နေရင် လျစ်လျူရှုမထားဘဲ ဆရာဝန်နဲ့ အမြန်ပြသပါ။ #ဒေါက်တာခင်မိုးမိုး (Good Health Journal 592)
ခွဲစိတ်ကုသမှုမခံယူမီ သိထားသင့်သည်များ
ခွဲစိတ်ကုသမှုမခံယူမီ သိထားသင့်သည်များ ------------------------------------------------------------------------------------ ‪#‎ဒေါက်တာခင်မိုးမိုး‬ ၁။ မခွဲစိတ်မီ ၁၂ နာရီအလိုမှာ အစာမစားရတာ ဘာကြောင့်ပါလဲ ? ခွဲစိတ်ခန်းထဲမ၀င်ခင် အစာစားထားတာက သင့်ကို နမိုးနီးယားနဲ့ တခြား နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ပါတယ်။ သင်ရဲ့ ခွဲစိတ်ကုသမှုက အစာအိမ် နဲ့အူလမ်းကြောင်းဆိုင်ရာနေရာမှာဖြစ်နေရင် ဗိုက်ထဲမှ အစာရှိနေတာက ရောဂါပိုး ၀င်ရောက်ဖို့ လွယ်ကူသွားနိုင်ပါတယ်။ ဒါ့အပြင် ဗိုက်ထဲမှာ အစာ ဒါမှမဟုတ် အရည်ရှိနေတာကြောင့် မေ့ဆေးပေးထားတဲ့အခါမှာ အန်တတ်ပါတယ်။ မေ့ဆေးကြောင့် အစာတွေက ပါးစပ်က အန်မထုတ်နိုင်တဲ့အတွက် အဆုတ်ထဲကို ၀င်ရောက်သွားကာ နမိုးနီးယားရောဂါလိုမျိုး နောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်ပါတယ်။ မနက်မိုးလင်းမှ ခွဲစိတ်ကုသမှုခံယူရမယ့်သူတွေက ည ၁၀ နာရီနောက်ပိုင်း ဘာမှမစားသောက်သင့်ပါဘူး။ ဒီလိုပြောလိုက်လို့ ညဦးမှာ အလွန်အကျွံစားရမယ်လို့ မဆိုလိုပါဘူး။ အစာကို အ၀စားထားတာကြောင့် အစာခြေဖို့ အချိန်ကြာမြင့်သွားနိုင်ပါတယ်။ သင်သောက်နေကျဆေးဝါးတွေကိုလည်း ခွဲစိတ်ဆရာဝန်ရဲ့ ညွှန် ကြားချက်မပါဘဲနဲ့ မသောက်သင့်ပါ။ အကယ်၍ ပုံမှန်သောက်နေကျဆေးကို ဆရာဝန်က သောက်ဖို့ ညွှန်ကြားခဲ့တယ်ဆိုရင်လည်း ရေကို ငုံရုံသာ ငုံပြီး သောက်ပါ။ --- ၂။ ခွဲစိတ်ကုသပေးမယ့် ဆရာဝန်ကို ရှာဖွေထားပါ သင့်ရောဂါအတွက် သင့်ကို ခွဲစိတ်ပေးမယ့် ဆရာဝန်က ရေရှည်အားဖြင့် လူနာတွေကို အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ဖူးသူဖြစ်ရပါမယ်။ --- ၃။ ခွဲစိတ်ကုသခံယူဖို့အတွက် ကုန်ကျမယ့်စရိတ်ကို ခန့်မှန်းထားသင့်ပါတယ် သင့်ကို ခွဲစိတ်ကုသပေးမယ့်ဆရာဝန်၊ မေ့ဆေးပေးမယ့်ဆရာဝန်တွေအတွက် ကုန်ကျစရိတ်တွေအပြင် မခွဲစိတ်ခင်နဲ့ ခွဲစိတ်အပြီးမှာ ပြုလုပ်ရမယ့် ဓာတ်ခွဲခန်းခ၊ ခွဲစိတ်ခန်းအသုံးပြုခ၊ ခွဲစိတ်ရာမှာ အသုံးပြုရမယ့်ပစ္စည်းစရိတ်၊ သင့်ကို ကုသပေးမယ့် ဆေးဝါးစရိတ်၊ ဆေးရုံတက်နေစဉ် အခန်းခအပါအ၀င် ကုန်ကျစရိတ်အားလုံးကို တွက်ချက်ပြီး ခန့်မှန်းထားရပါမယ်။ ကြိုတင်ခန့်မှန်းမထားဘဲ ငွေရှင်းခါနီးမှ ကုန်ကျစရိတ်များလွန်းတာ သိရရင် စိုးရိမ်ပူပန်မှုတွေ ဖြစ်နိုင်ပါ တယ်။ --- ၄။ ခွဲစိတ်ကုသမှုတိုင်းက အသက်အန္တရာယ်ရှိနိုင်ပါတယ် ခွဲစိတ်ကုသမှုတိုင်းက အသက်အန္တရာယ်ရှိလှပေမယ့် တချို့ခွဲစိတ်ကုသမှုတွေ ကတော့ ပိုပြီး အန္တရာယ်များနိုင်ပါတယ်။ ဥပမာအားဖြင့် မတော်တဆ ကားထိခိုက် ဒဏ်ရာရရှိတာကြောင့် အရိုးကျိုးတာ၊ ကိုယ်တွင်းအင်္ဂါထိခိုက်ပျက်စီးတာ ဒါမှမဟုတ် ဦးခေါင်းဒဏ်ရာရရှိတာအတွက် ခွဲစိတ်ကုသမှုခံယူမယ့်သူတွေက သွားနုတ်တာလိုမျိုး ခွဲစိတ်မှုအသေးစားတွေထက် အသက်အန္တရာယ် ပိုကြုံရတတ်ပါတယ်။ --- ၅။ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေအားလုံးက အမှန်တကယ်လိုအပ်ပါတယ် ခွဲစိတ်ကုသမှုမပြုလုပ်ခင်၊ ပြုလုပ်အပြီးနဲ့ ခွဲစိတ်ခန်းထဲ ၀င်ချိန်မှာ ပြုလုပ်ရတဲ့ ဓာတ်ခွဲစမ်းသပ်မှုတွေက အောက်ပါအကြောင်းအချက်တွေကြောင့်ပါ။ ◊ သင်အမှန်တကယ် ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်နေကြောင်း ◊ သင်ဟာ ခွဲစိတ်ကုသမှုခံယူဖို့အတွက် လုံလောက်တဲ့ကျန်းမာရေးအခြေအနေ ရှိနေကြောင်း --- ၆။ ခွဲစိတ်ကုသမှုခံယူရသူတိုင်း မခွဲခင်မှာ ကြောက်လန့်စိတ်ဖြစ်ပေါ်တတ်ပါတယ် ဒီလိုဖြစ်တာက ပုံမှန်ပါပဲ။ တချို့တွေက မေ့ဆေးပေးပြီး ပြန်အထမှာ နာကျင်မှာကို ကြောက်တတ်သလို မေ့ဆေးကြောင့် ပြန်နိုးထမလာနိုင်မှာကို ကြောက်ရွံ့တတ်သူတွေလည်း ရှိပါတယ်။ --- ၇။ ခွဲစိတ်ကုသမှုကို မဖြစ်မနေ ခံယူသင့်ပါသလား ? ခွဲစိတ်ဆရာဝန်က သင့်ကို ခွဲစိတ်ကုသမှု ခံယူမှ ရမယ်လို့ ပြောရင်တော့ မဖြစ်မနေ ခွဲစိတ်မှုပြုလုပ်ရမှာပါ။ များသောအားဖြင့် အရေးပေါ်အခြေအနေတွေမှာတော့ ခွဲစိတ်ကုသမှုက မဖြစ်မနေ ပြုလုပ်ရမှာပါ။ တခြားအခြေအနေတွေမှာတော့ သင့်အနေနဲ့ ဆုံးဖြတ်ချက်မပြုလုပ်ခင်မှာ တခြားလူတွေရဲ့ အကြံဥာဏ်ကို ရယူပါ။ --- ၈။ ခွဲစိတ်ကုသမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးဖြစ်မှာကို နားလည်ထားသင့်ပါတယ် ခွဲစိတ်ကုသမှုခံယူတာကြောင့် လည်ချောင်းနာတာလိုမျိုး အသေးအဖွဲပြဿနာလေးကစပြီး အသက်အန္တရာယ်ရှိတဲ့အထိ ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။ သင့်ရောဂါ အခြေအနေ၊ သင်ရဲ့ အသက်အရွယ်ပေါ်မူတည်ပြီး ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေ အနည်းနဲ့အများ ကွာခြားသွားပါတယ်။ --- ၉။ ခွဲစိတ်ကုသမှု မခံယူမီ တစ်ပတ်အလိုမှာ ပရိုတင်းပါဝင်တဲ့ အစားအစာတွေ စားပါ ပရိုတင်းက အနာကျက်ဖို့ ကူညီနိုင်တဲ့အတွက် ခွဲစိတ်ကုသမှုမခံယူမီတစ်ပတ်အလိုမှာ အသားများများစားထားပေးပါ။ #ဒေါက်တာခင်မိုးမိုး
အတွင်းခံဘရာစီယာကို ဘယ်နှရက်တစ်ခါ လျှော်သင့်လဲ
အတွင်းခံဘရာစီယာကို ဘယ်နှရက်တစ်ခါ လျှော်သင့်လဲ -------------------------------------- ‪#‎အက္ခရာ‬ (ဆေးဘက်ဆိုင်ရာနည်းပညာ) ပုံသေစည်းမျဉ်း မရှိပေမယ့်လို့ သင့်အနေနဲ့ အတွင်းခံဘရာကို နှစ်ခါ၊ သုံးခါ ၀တ်ပြီးတိုင်း လျှော်သင့်တယ်လို့ နယူးယောက် Mount Sinai ဆေးရုံမှ အရေပြားအထူးကုဆရာဝန်၊ အလှကုန်နဲ့ဆေးသုတေသနအဖွဲ့ရဲ့ ဒါရိုက်တာ Josh Zeichner အဆိုအရ သိရပါတယ်။ တကယ်လို့ သင်က ချွေးထွက်နည်းပြီး အ၀တ်လျှော်ပျင်းတဲ့သူဆိုရင် အလွန်ဆုံး ငါးကြိမ်လောက်ထိ ၀တ်လိုက်ပါ။ ပြီးရင် လျှော်ပါ။ ဒါပေမဲ့ သာမန်အမျိုးသမီးတစ်ယောက်က ဒီလိုလုပ်လေ့မရှိပါဘူး။ ဘရာဟာ ခန္ဓာကိုယ်နဲ့ ထိနေတဲ့အတွက် ချွေး၊ အဆီ၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေကို ပိုထိတွေ့မိပါတယ်။ ဒါ့ကြောင့် မကြာမကြာ လျှော်ဝတ်သင့်ပါတယ်။ တကယ်တော့ ပျမ်းမျှလူတစ်ယောက်ဟာ ချွေးတစ်လီတာ၊ အဆီ (၄၀)ဂရမ်၊ အရေပြားဆဲလ် (၁၀)ဂရမ်နဲ့ ဆား(၁၀) ဂရမ်ကို နေ့စဉ်ထုတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် အဲဒီထက်ပိုထွက်ပါတယ်။ အဲဒီလိုထွက်လာတဲ့ အညစ်အကြေးအား လုံးဟာ အ၀တ်အစားမှာ ကပ်ငြိသွားပါတယ်။ ဒါကြောင့် နှစ်ခါ၊ သုံးခါဝတ်ပြီးတိုင်း လျှော်ဖို့လိုအပ်ပါတယ်။ လျှော်တဲ့အခါမှာလည်း ဘရာထဲက ကွေးနိုင်ဆန့်နိုင်တဲ့ချည်မျှင်တွေ အပူမထိအောင်၊ ဘရာခွက်အောက်က သားရေကြိုးတွေ မပျက်စီးအောင် ရေအေးနဲ့လျှော်၊ ပြီးရင် အခြောက်ခံတဲ့နည်းကိုသုံးပါ။ အကြောင်းရင်း အနည်းငယ်ပေါ် မူတည်ပြီး ဘရာလျှော်တဲ့အကြိမ် အရေအတွက်ကို တိုးရင် တိုးရပါမယ်။ လူတွေရဲ့ အရေပြားမှာ မှိုနဲ့ဘက်တီးရီးယားတွေ ရှိပါတယ်။ ပုံမှန်ရှိနေကျ အရာတွေပါ။ ဒါပေမဲ့ ပူတာ၊ စိုစွတ်တာနဲ့ ချွေးထွက် လွန်တာလို အခြေအနေတွေကြောင့် သက်ရှိအရာတွေ ဟန်ချက်ညီညီမရှိတော့ဘဲ အဆမတန်များလာစေပါတယ်။ အံ့သြဖို့ကောင်းတဲ့အချက်က ဘရာခွက်အရွယ်အစားဟာလည်း အရေးပါတယ် ဆိုတဲ့ အချက်ပါ။ ရင်သားကြီးလေလေ၊ ချွေး၊ အဆီနဲ့ အညစ်အကြေးတွေ ပိုစုလေလေဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ချွေးထွက်မများလည်း ၀တ်ထားတဲ့ ဘရာကိုလျှော်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ လျှော်စက်ထဲကထုတ်ပြီး နောက်တစ်ကြိမ်ထပ်ဝတ်မယ်ဆိုရင် နောက်ဆက်တွဲက သင်ထင်ထားတာထက် ပိုဆိုးသွားပါပြီ။ သင်ရဲ့ချွေးစိုနေတဲ့ ဘရာထဲမှာ ဘက်တီးရီးယားပိုးတွေ ပွားများဖို့အချိန်ရသွားပါပြီ။ မသန့်ရှင်းဘူးဆိုတာထက် ဘရာအတွင်းခံကို လျှော်သင့်သလောက် မလျှော်ဘူးဆိုရင် မလိုလားအပ်တဲ့ အရေပြားဘေးထွက်ဆိုးကျိုးတွေ ရလာနိုင်ပါတယ်။ ညစ်ပတ်တဲ့ဘရာက အသားအရေနဲ့ ထိနေမယ်ဆိုရင် ယားယံတာ၊ မှိုစွဲတာတွေ ဖြစ်လာနိုင်ပါတယ်။ အရေပြား သို့မဟုတ် မွေးညင်းပေါက်လေးတွေမှာ ဘက်တီးရီးယားပိုးဝင်စေနိုင်ပါတယ်။ #အက္ခရာ (ဆေးဘက်ဆိုင်ရာနည်းပညာ)
အိမ်သုံးဆား၏ အသုံးဝင်ပုံများ
အိမ်သုံးဆား၏ အသုံးဝင်ပုံများ ------------------------------------- ‪#‎လှပတ္တမြား‬ အိမ်သုံးဆားကို ဟင်းချက်ရာမှာသာမက အောက်ပါအခြေအနေတွေမှာပါ အသုံးပြုနိုင်ပါတယ်။ ၁။ သန့်ရှင်းရေးသုံးပစ္စည်းအဖြစ် အသုံးပြုနိုင်ခြင်း ဆားကို နှစ်ပေါင်းများစွာကတည်းက အိမ်အတွင်းအပြင် သန့်ရှင်းရေးလုပ်ရာမှာ အသုံးပြုကြပါတယ်။ ဆားက အဆိပ်အတောက် မဟုတ်ဘဲ လုံးဝအန္တရာယ်ကင်းတဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့လူအများစုက ဆားကို အရာအားလုံးနီးပါးမှာ သန့်ရှင်းရေးလုပ်ဖို့အတွက် အသုံးပြုကြပါတယ်။ ၂။ လက်ဆေးဘေစင်သန့်စင်ခြင်း လက်ဆေးဘေစင်က ပိတ်ဆို့နေပြီး ရေစီးဆင်းမှု မရှိတော့ရင် ဆားကို ရေနွေးပူပူထဲ ထည့်ပြီး ဘေစင်ထဲ လောင်းထည့်ပါ။ ဆားက ဘေစင်အတွင်း ပိတ်ဆို့နေတဲ့ ဆီခဲတွေကို ပျော်ဝင်စေနိုင်တာကြောင့်ပါ။ ၃။ အိမ်တံခါးမှန်နှင့် ကားမှန်တို့ကို သန့်စင်နိုင်ခြင်း စားပွဲဇွန်း နှစ်ဇွန်းစာ ဆားကို ရေတစ်ဂါလန်နဲ့ ရောစပ်ပြီး ညစ်ပေနေတဲ့ မှန်တွေပေါ်မှာ ဖျန်းကာ သန့်စင်တဲ့ အ၀တ်စနဲ့ သုတ်လိုက်ပါ။ ၄။ ငွေနှင့် ကြေးပစ္စည်းများကို အရောင်တောက်စေခြင်း ဆားနဲ့ ရှလကာရည်ကို ခပ်ပျစ်ပျစ်လေး ဖျော်ကာ အရောင်တောက်စေချင်တဲ့ ပစ္စည်းပေါ်မှာ ပွတ်တိုက်ပေးပြီး ဆေးကြောလိုက်ပါက သစ်လွင်တောက်ပြောင်သွားပါလိမ့်မယ်။ ဆားနဲ့ ရှလကာရည်က ငွေနဲ့ ကြေးပစ္စည်းပေါ်မှာရှိတဲ့ အ ညစ်အကြေးတွေကို ပျော်ဝင်စေနိုင်တာကြောင့်ပါ။ ၅။ အ၀တ်အစားအရောင် သစ်လွင်တောက်ပစေခြင်း သင့်အိမ်က လိုက်ကာတွေကို မူရင်းအရောင်ပြန်လည်ရရှိစေလိုရင် ဆားရည်စိမ်ပြီးမှ လျှော်ပေးပါ။ ပုံမှန်ဆပ်ပြာတွေနဲ့ လျှော်ဖွပ်လို့ မစင်တဲ့ အစွန်းအထင်းတွေ၊ အညစ်အကြေးတွေ သန့်စင်သွားပါလိမ့်မယ်။ ၆။ အ၀တ်ခြောက်သွေ့အောင် ကူညီနိုင်ခြင်း ချည်သားအ၀တ်အစားတွေကို လျှော်ဖွပ်ရာမှာ ကျုံ့မသွားအောင် နောက်ဆုံးဆေးကြောတဲ့ ရေထဲမှာ ဆားအနည်းငယ်ထည့်ပါ။ အ၀တ်အစားတွေ ကျုံ့မသွားတဲ့အပြင် ပျော့ပျောင်းသွားပါလိမ့်မယ်။ ၇။ ပုရွက်ဆိတ်များဖယ်ရှားနိုင်ခြင်း သင့်အိမ်မှာ ပုရွက်ဆိတ်ပေါများနေခဲ့ရင် အိမ်ရဲ့ ပြတင်းပေါက်တစ်လျှောက်နဲ့ ပုရွက်ဆိတ်များတဲ့နေရာမှာ ဆားဖြူးထားလိုက်ပါ။ ဆားက စိုထိုင်းဆကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ၈။ သွားကိုက်ခြင်းအတွက် အသုံးပြုနိုင်ခြင်း သင်သွားကိုက်တဲ့အခါမှာ ဆားကို ရေနွေးမှာ ပျော်ဝင်စေပြီး ခံတွင်းထဲမှာ ငုံထားပေးပါ။ ခံတွင်းသန့်စင်ရည်အဖြစ် အသုံးပြုနိုင်တာကြောင့်ပါ။ ၉။ သွားဖြူစေခြင်း ဆားနဲ့ မုန့်ဖုတ်ဆော်ဒါကို ပျစ်ပျစ်လေးဖျော်ပြီး သွားတိုက်ဆေးလိုမျိုး အသုံးပြုပါက သွားဖြူဖွေးသွားနိုင်ပါတယ်။ ၁၀။ အရေပြားအတွက် အသုံးပြုခြင်း ဆားကို သံလွင်ဆီနဲ့ ရောစပ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ကြေးချွတ်သန့်စင်လိုက်ပါက ဆဲလ်သေတွေ ဖယ်ရှားနိုင်ပြီး အရေပြားသစ်တွေ ပြန်လည်ဖြစ်ပေါ်နိုင်ကာ အရေပြား နူးညံ့တောက်ပြောင်သွားနိုင်ပါတယ်။ #လှပတ္တမြား (Good Health Journal)
ကင်ဆာဆဲလ်များကို သေစေနိုင်သော အစားအစာများ
ကင်ဆာဆဲလ်များကို သေစေနိုင်သော အစားအစာများ ------------------------------------------------------------------ ‪#‎ဒေါက်တာခင်မိုးမိုး‬ သင် စားနေတဲ့ အစားအစာတချို့က ကင်ဆာရောဂါကို ထိထိရောက်ရောက် တွန်းလှန်နိုင်တယ်ဆိုတာ သင် သိပါရဲ့လား။ အောက်ပါအစားအစာတွေက ကင်ဆာဆဲလ်တွေအတွက် အာဟာရမဖြစ်တဲ့အပြင် ကင်ဆာဆဲလ်မကြီးထွားေ အာင်နဲ့ ပျံ့နှံ့မှုမရှိအောင်လည်း ကာကွယ်နိုင်ပါတယ်။ ‪#‎ခရမ်းချဉ်သီး‬ ဟားဗတ်တက္ကသိုလ်မှ လေ့လာမှုအရ ချက်ပြီးသား ခရမ်းချဉ်သီး ဒါမှမဟုတ် ခရမ်းချဉ်သီးအနှစ်ကို တစ်လ လေးကြိမ်အထက် စားသုံးသူတွေက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ခ ရမ်းချဉ်သီးမှာပါဝင်တဲ့ များစွာသော လိုင်ကိုပင်းတွေကြောင့်ပါ။ လိုင်ကိုပင်းပါတဲ့ အစားအစာတွေကို အပူချိန်မြင့်မားစွာနဲ့ ချက်ပြုတ်တဲ့အခါ ဒါမှမဟုတ် ဆီနဲ့ ချက်ပြုတ်တဲ့အခါမှာ လိုင်ကိုပင်းပမာဏတွေ ပိုမိုမြင့်မားလာတတ်တဲ့အတွက် ချက်ပြီးသားကို စားသုံးခိုင်းတာပါ။ ‪#‎ကော်ဖီနှင့်_Green‬ Tea ကော်ဖီနဲ့ Green Tea က ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့ ဖျော်ရည် နှစ်မျိုးပါ။ ‪#‎အညိုရင့်ရောင်ချောကလက်‬ အညိုရင့်ရောင်ချောကလက်က နှလုံးအတွက် အလွန်အသုံးဝင်တဲ့အပြင် ခန္ဓာကိုယ်အတွင်း မကောင်းတဲ့ ဆဲလ်တွေကိုလည်း တွန်းလှန်နိုင်ကာ စိတ်အာရုံခံစားမှုလည်း တိုးတက်ကောင်းမွန်နိုင်ပါတယ်။ ‪#‎နနွင်း‬ နနွင်းက ကျန်းမာရေးကို သိသိသာသာ ကောင်းမွန်စေတဲ့ စူပါအစားအစာပါ။ ခန္ဓာကိုယ်မှာရှိတဲ့ အဆီအားလုံးကိုပျော်ဝင်စေနိုင်ပါတယ်။ ‪#‎၀ိုင်အနီ‬ ၀ိုင်အနီဖြစ်ဖို့ ပြုလုပ်ရတဲ့ စပျစ်သီးရဲ့ အခွံမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ရီဗက်စထရောတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပြီး အသက်ရှည်စေတဲ့အပြင် ကျန်းမာရေးအတွက် တခြားအကျိုးကျေးဇူးတွေလည်း များစွာရှိ ပါတယ်။ အထူးသဖြင့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကို သေစေနိုင်ပြီး တိရစ္ဆာန်တွေရဲ့ အသက်ရှည်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပေးထားပါတယ်။ ဒါ့အပြင် ၀ိုင်အနီက ဆဲလ်တွေရဲ့ Energy ထုတ်လုပ်မှုကောင်း မွန်စေတာ၊ ဆီးချိုရောဂါရှိသူတွေမှာ ဂလူးကို့စ်ကို ခံနိုင်ရည်ရှိစေတာ၊ အန္တရာယ်များလွန်းတဲ့ ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားနိုင်တာ၊ နယူကလီးယားဓာတ်ရောင်ခြည်ကြောင့် ဆဲလ်ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တာ၊ နှလုံးလုပ်င န်းဆောင်တာ ကောင်းမွန်စေတာ၊ ပျက်စီးနေတဲ့ DNA ကို ပြုပြင်ပေးနိုင်တာ၊ ကာယကျန်းမာရေးအခြေအနေနဲ့ စိတ်ကျန်းမာရေးအခြေအနေကို တိုးတက်ကောင်းမွန်စေတဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ ‪#‎ဘလူးဘယ်ရီနှင့်_ရပ်ရှ်ဘယ်ရီ‬ ဘလူးဘယ်ရီနဲ့ ရပ်ရှ်ဘယ်ရီအသီးနှစ်မျိုးဟာ အပင်ဓာတုဒြပ်ပေါင်းတွေဖြစ်ပြီး ကင်ဆာအများစုကို ကာကွယ်နိုင်ပါတယ်။ အနီရောင်စပျစ်သီးလိုမျိုး ဓာတ်တိုးပစ္စည်းကြောင့် ဆဲလ်ပျက်စီးမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် ကင် ဆာဆဲလ်တွေအတွက် အာဟာရတွေကို ဖြတ်တောက်ပစ်နိုင်ပါတယ်။ #ဒေါက်တာခင်မိုးမိုး
သင့်ကလေးဉာဏ်ကောင်းစေရန် ကျွေးသင့်သည့် အစားအစာများ
သင့်ကလေးဉာဏ်ကောင်းစေရန် ကျွေးသင့်သည့် အစားအစာများ ------------------------------------------------------------------------------------ ‪#‎ဒေါက်တာခင်မိုးမိုး‬ ကလေးတွေ ကြီးထွားနေတဲ့အရွယ်မှာ သူတို့အတွက် မှန်ကန်တဲ့အစားအစာကို ရွေးချယ်ပြီး စားသုံးစေတာက သူတို့ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု (အထူးသဖြင့်) ဦးနှောက်အတွက် အလွန်အရေးကြီးပါတယ်။ သူတို့ဦးနှောက်တွေက မှတ် ဥာဏ်အပါအ၀င် သင်ကြားရေးကို အပြည့်အ၀ပြုလုပ်နိုင်ဖို့အတွက် အာဟာရဓာတ်တွေ မှန်ကန်စွာ ရရှိဖို့ လိုအပ်တာကြောင့်ပါ။ အောက်ပါအစားအစာတွေက ဦးနှောက်ကျန်းမာဖွံ့ဖြိုးရေးအတွက် အလွန်ကောင်းမွန်တဲ့အစားအစာတွေပါ။ --- ၁။ ဒိန်ချဉ် ဦးနှောက်ကျန်းမာရေးအတွက် အဆီလိုအပ်ပြီး အဲဒီအဆီအတွက် ဒိန်ချဉ်ကနေ ရရှိနိုင်ပါတယ်။ ဦးနှောက်ဥာဏ်ရွှင်လန်းနေစေဖို့အတွက် ဒိန်ချဉ်နဲ့အတူ ပေါ်လီဖီနောပါဝင်တဲ့ အညိုရင့်ရောင် ချောကလက်၊ အမျှင်ဓာတ်တွေ ပါဝင်တဲ့ ဘလူးဘယ်ရီတွေကိုပါ တွဲစားနိုင်ပါတယ်။ ၂။ ကြက်ဥ ကြက်ဥမှာ များစွာပါဝင်တဲ့ ကိုလင်းတွေက ဦးနှောက်အတွင်းမှ မှတ်ဥာဏ်ဆဲလ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ ဦးနှောက်အတွင်းမှာ ဆဲလ်တွေ များများရှိလေလေ၊ မှတ်ဥာဏ်ကောင်းမွန်လေလေဖြစ်တာကြောင့် ကလေးတွေရဲ့ နံနက်စာအဖြစ် ကြက်ဥကို မဖြစ်မနေ နေ့စဉ် ကျွေးပါ။ ၃။ အစိမ်းရောင်ဟင်းရွက်များ သင့်ကလေးငယ်တွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုအတွက် မဖြစ်မနေ ကျွေးသင့်တဲ့ နောက်အစားအစာတစ်မျိုးကတော့ ဟင်းနုနယ်နဲ့ ကိုက်လန်လိုမျိုး အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေပါ။ သူတို့မှာ အာဟာရဓာတ်တွေ များစွာ ပါဝင်တဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်တဲ့အတွက် ဦးနှောက်ဆဲလ်တွေ ပိုမိုကြီးထွားစေဖို့ ကူညီနိုင်ပါတယ်။ ၄။ နွားနို့ နွားနို့မှာ ဗီတာမင် ဒီနဲ့ ပရိုတင်းများစွာ ပါဝင်တဲ့အပြင် ဖော့စပရပ်စ်တွေလည်း ပါဝင်ပါတယ်။ ကယ်လ်စီယမ်လည်း ပါဝင်တဲ့အတွက် ကလေးငယ်တွေအတွက် မရှိမဖြစ် စားသုံးရမယ့် အစားအစာတစ်မျိုးပါ။ ၅။ အိုမီဂါ ၃ ဖက်တီးအက်စစ် ငါးတွေမှာ ပါဝင်တဲ့ အိုမီဂါ ၃ အဆီနဲ့ ပရိုတင်းတွေက မှတ်ဉဏ်ဆုံးရှုံးမှု မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆာဒင်း၊ ငါးသေတ္တာငါး၊ တူနာနဲ့ ဆယ်လမွန်တွေလိုမျိုး ငါးတွေက ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် ကူညီနိုင်တဲ့ ငါးအမျိုးအစားတွေပါ။ ♣♣♣ အထက်ပါ အစာငါးမျိုးဟာ ကလေးငယ် ကြီးထွားနေဆဲအရွယ်မှာ ကျွေးသင့်တဲ့ ဥပမာအစားအစာတချို့ပါ။ သူတို့ရဲ့ ဦးနှောက်ကို နေ့စဉ်အသုံးပြုတတ်အောင် လေ့ကျင့်ပေးတာက အရွယ်ရောက်လာတဲ့အခါမှာ စဉ်းစားတွေးခေါ်ဥာဏ်တွေ ကောင်းမွန်ဖို့အတွက် အထောက်အကူ ပြုပေးနိုင်ပါတယ်။ ဒါ့အပြင် အခွံမာသီးနဲ့ သစ်သီးလိုမျိုး ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ တခြားအစားအစာတွေကိုလည်း ကလေးငယ်တွေကို ကျွေးနိုင်ပါတယ်။ #ဒေါက်တာခင်မိုးမိုး (Good Health Journal)