Saturday, August 6, 2016
သင့္ကို သင့္ေကာင္မေလး ပစ္သြားရတဲ့ အေၾကာင္းရင္း ၁၆ ခ်က္
သင့္ကို သင့္ေကာင္မေလး ပစ္သြားရတဲ့ အေၾကာင္းရင္း ၁၆ ခ်က္
သင္ တျခားေကာင္မေလးနဲ႔လဲ မေဖာက္ျပန္ပါဘူး။ သင္တို႔ ႏွစ္ပါတ္လည္ကိုလဲ သတိရပါတယ္။သူမအတြက္ ပန္းေတြေတာင္ ပို႔ေပးပါေသးတယ္။ ဒါေပမယ့္ သင္ ေအာက္ပါအမွား တစ္ခုခုကို လုပ္ခဲ့မိရင္ေတာ့ သင္ Single ဘဝကို ျပန္ေရာက္ရမွာ အေသအခ်ာပါ။
၁. သူမကို မၾကည့္ျခင္း
မိန္းကေလးေတြဟာ မ်က္လံုးျခင္းဆံုရတာကို သေဘာက်ပါတယ္။ ဒါေပမယ့္ သူမကို အျမဲ ေခၚေတာၾကည့္ႀကီးနဲ႔လဲ ၾကည့္မေနပါနဲ႔။ သူမစကားေျပာရင္ သူမကို ၾကည့္ေပးပါ။ အဲဒါဟာ သင္ သူမကို ဂ႐ုစိုက္တယ္ဆိုတာ ေပၚလြင္ေစပါတယ္။
၂. အရာအားလံုးကို ျပင္ဆင္ဖို႔ ႀကိဳးစားတဲ့အခါ
သူမက ကားစပယ္ယာ ႐ိုင္းေၾကာင္း၊ သူမ Boss ခပ္ဆိုးဆိုးအေၾကာင္း၊ ယဥ္ေၾကာပိတ္တာအေၾကာင္း သင့္ကို ေျပာျပပါလိမ့္မယ္။ အဲဒိအရာတိုင္းကို ေျဖ႐ွင္းဖို႔ မႀကိဳးစားပါနဲ႔။ သူမက အေျဖလိုခ်င္တာ မဟုတ္ပါဘူး။ နားလည္မႈ လိုခ်င္တာပါ။
***************************************************
၃. Message ပဲပို႔တာ
သင္ ေမးခြန္းတိုေလးတစ္ခု ေမးခ်င္ရင္ေတာ့ Message ပို႔တာ အဆင္ေျပပါတယ္။ ဒါေပမယ့္ စာလံုး ၃၀ ထက္ပိုတဲ့ စကားဝိုင္းေတြေျပာရင္ေတာ့ ဖုန္းေခၚတာ ပိုေကာင္းပါလိမ့္မယ္။ ေလသံက စာ႐ိုက္ေျပာတာထက္ သင္တို႔ႏွစ္ေယာက္ကို ဆက္သြယ္ေပးႏိုင္ပါတယ္။
၄. ေမးခြန္း မေမးတာ
သူမ ေျပာျပတဲ့ အေၾကာင္းအရာေတြကို ျပန္လွန္ေမးခြန္းမထုတ္ရင္ သင္က သူမဘဝကို စိတ္မဝင္စားဘူးဆိုတာ ျပတာနဲ႔ တူတူပါပဲ။
၅. သူမကိုပဲ အရာတိုင္း ဆံုးျဖတ္ခိုင္းတာ
ဆံုးျဖတ္ခ်က္ခ်ရတာ ပင္ပန္းပါတယ္။ အရာအားလံုးကို သူမကိုပဲ ဆံုးျဖတ္ခ်က္ ခ်ေစတာဟာ သူမပခံုးေပၚ အထုပ္ႀကီး ပစ္တင္သလိုပါပဲ။ ၾကာလာရင္ သင္က သူမအေပၚ ဂ႐ုမစိုက္ဘူးလို႔ပါ ထင္သြားပါလိမ့္မယ္။ သင္တို႔ႏွသ္ေယာက္ တိုင္ပင္ၿပီး တူတူ ဆံုးျဖတ္ခ်က္ ခ်ပါ။
၆. သူမလုပ္ခိုင္းတာ မလုပ္တာ
သူမ ျပင္ခိုင္းထားတဲ့ ဧည့္ခန္းထဲက စာအုပ္စင္ဟာ တစ္လၾကာတာေတာင္ အလုပ္မစရေသးပါဘူး။ အဲဒါဟာ အေရးမႀကီးဘူး ထင္ရေပမယ့္ သင့္ေကာင္မေလးကို သင္ အေရးမထားတာနဲ႔ တူတူပါပဲ။
၇. အိမ္သာအဖံုး ျပန္မခ်တာ
အိမ္သာအဖံုး ျပန္မပိတ္လို႔ ပြစိပြစိ လုပ္တတ္တဲ့ ေကာင္မေလးေတြဟာ သင္ ျဖစ္ကတတ္ဆန္းေနတာကို ပြစိပြစိ လုပ္တာပါ။ အိမ္သာအဖံုးေၾကာင့္ မဟုတ္ပါဘူး။ အိမ္သာအဖံုးျပန္ပိတ္တတ္ရင္ ခ်မ္းတဲ့အခါ သူမကို သင့္အက်ႌ ဝတ္ေပးမယ္၊ ကားတံခါး ဖြင့္ေပးမယ္လို႔ကို သူမတို႔ ယူဆတတ္ပါတယ္။
၈. အလုပ္မွာ သူမပံုေလး ေထာင္မထားတာ
ေယာက္်ားေတြဟာ အလုပ္စားပြဲမွာ သူတို႔ဘာေကာင္လဲဆိုတာ သိေစမယ့္ ပစၥည္းေတြနဲ႔ တန္ဆာဆင္ေလ့ ႐ွိပါတယ္။ သင့္အလုပ္ခြင္မွာ သင့္သူငယ္ခ်င္းေတြနဲ႔ ႐ိုက္ထားတဲ့ပံုနဲ႔ သင့္ ဘြဲ႔ယူပံုပဲ႐ွိၿပီး သင့္ေကာင္မေလးပံု ေပ်ာက္ေနရင္ သူမ စိိတ္ဆိုးတာ မွန္ပါတယ္။ သူမပံုေလးကို ေဘာင္သြင္းထားၿပီး သင့္မွာ ရည္းစား႐ွိေၾကာင္းနဲ႔ သင့္ရည္းစားအတြက္ ဂုဏ္ယူေၾကာင္း ျပလိုက္ပါ။
၉. အေလာတႀကီး လုပ္တာ
မိန္းကေလးေတြဟာ Surprise အလုပ္ခံရတာ ႀကိဳက္ေပမယ့္ သင္ကအျမဲ သူမကို Date ေခၚသြားမယ့္ အေၾကာင္ အဲဒိမနက္မွ အသိေပးရင္ေတာ့ သူမကို အလုပ္အားလို႔ လာေခၚတာ ထင္သြားပါလိမ့္မယ္။ တစ္ပါတ္ေလာက္ႀကိဳၿပီး သင္တို႔ Date အတြက္ ႀကိဳခ်ိန္းထားပါ။ အဲဒါမွ သင္ သူမကို ဦးစားေပးအခ်ိန္ေပးထားေၾကာင္း သိသာပါလိမ့္မယ္။
၁၀. သူမမွတ္ခ်က္ေတြကို အေရးမထားတာ
သူမရဲ႕ ” ငါ ထိုင္းစာႀကိဳက္တယ္” တို႔ ” ဒီဖိနပ္ေလး လွလိုက္တာ” တို႔ဟာ အျမဲ စကားျပန္ရမဲ့ စကားေတြ မဟုတ္ပါဘူး။ ဒါေပမယ့္ သင္က အဲ့ဒါကို သိေၾကာင္း၊ အေလးထားေၾကာင္းျပလိုက္ရင္ သူမ ႏွစ္သက္သြားမွာပါ။ သူမေျပာစကားကို အေလးထားေၾကာင္းလဲ ျပရာ ေရာက္မွာပါ။
၁၁. သူမနဲ႔ ရန္ျဖစ္ရင္ တိတ္ေနတာ
ရန္ျဖစ္ရင္ အဆိုးဆံုးအရာက သူမကို အေရးမထားတာပါပဲ။ ပါးစပ္ပိတ္၊ လက္ပိုက္ၿပီး သူမေျပာသမ်ွ မၾကားခ်င္ေယာင္ ေဆာင္တာဟာ သင္ သူမေျပာသမ်ွ ဘာမွ မၾကားခ်င္ဘူးလို႔ ေျပာလိုက္တာနဲ႔ တူတူပါပဲ။
၁၂. အျမဲ ေနာက္က်တာ
Date လုပ္ထားၿပီး နာရီမၾကည့္မိတာ၊ ကားပိတ္ေနတာ ေတြက တစ္ခါတစ္ေလေတာ့ ဘာမွမျဖစ္ပါဘူး။ အျမဲဆိုသလို ငါးမိနစ္ ၁၀ မိနစ္ ေနာက္က်ေနရင္ေတာ့ သူမ စိတ္ပ်က္ေနမွာပါ။ အဲဒိ အခ်ိန္ေလးက မျဖစ္စေလာက္ေလး ဆိုေပမယ့္ သင့္ေကာင္မေလးရဲ႕ အခ်ိန္ကို အေလးမထားသလို ျဖစ္ေနပါတယ္။ သင့္ကိုယ္သင္ မယံုရဘူး ေျပာတာနဲ႔လဲ တူတူပါပဲ။
***************************************************
၁၃. သူမဟာသေတြကို လိုက္ရယ္မေပးတာ
သင္ သူမ ရယ္စရာေျပာဖို႔ ႀကိဳးစားရင္ ရယ္ေပးလိုက္တာဟာ သူမကို ေလးစားေၾကာင္း ျပရာေရာက္ၿပီး သင္ မ်ားမ်ား ရယ္ေလ သူမကိုယ္သူမ ပိုဂုဏ္ယူလာၿပီး သင္တို႔ ခ်စ္ဇာတ္လမ္း ခိုင္ျမဲေလေလပါပဲ။
၁၄. သူမသူငယ္ခ်င္းေတြကို မသိတာ
သင္ သူမရဲ႕ မိန္းကေလးသူငယ္ခ်င္းေတြကို ခ်စ္စရာ မလိုပါဘူး။ သူမနဲ႔ သူမသူငယ္ခ်င္းေတြအၾကား ႐ွိတဲ့ သံေယာဇဥ္ကို ေလးစားရပါမယ္။ မိန္းကေလးေတြဟာ သူမတို႔ သူငယ္ခ်င္းေတြနဲ႔ အရင္တိုင္ပင္ၿပီးမွ သင့္ကို အေျဖေပးတာကိုလဲ မွတ္ထားပါ။
၁၅. ေတာင္းပန္စကား မေျပာတာ
လူတိုင္း မ်က္ႏွာပ်က္ မခံခ်င္ပါဘူး။ ဒါေပမယ့္ လံုးဝ မေတာင္းပန္ရေအာင္ မာနနဲ႔ တင္းထားတာဟာ သင့္ကို FA ျဖစ္ေစမွာပါ။ ေတာင္းပန္စကားတစ္ခြန္းဟာ နာက်င္ေနတဲ့ ႏွလံုးသားကို ျပန္လည္ကုစားေပးႏိုင္တဲ့ အစြမ္း႐ွိပါတယ္။
၁၆. ပန္းကန္ေတြကို ေဆးတဲ့ေနရာမွာ ဒီတိုင္းထားခဲ့တာ
သင့္မိန္းမက အေစခံမဟုတ္ပါဘူး။ စံုတြဲေတြဟာ အိမ္မႈကိစၥေတြကို တူတူလုပ္ေနရရင္ အေပ်ာ္ဆံုးပါ။ ခုေခတ္မွာ ေယာက္်ားမိန္းမ အလုပ္ခြဲျခားမႈဟာ ေခတ္မ႐ွိေတာ့ပါဘူး။ အဝတ္ေခါက္တာ၊ ဖုန္စုပ္တာတို႔လို သင္မလုပ္တတ္တဲ့အရာေတြကိုေတာ့ သူမလုပ္ေပးပါလိမ့္မယ္။
***************************************************
================================================
သင့်ကို သင့်ကောင်မလေး ပစ်သွားရတဲ့ အကြောင်းရင်း ၁၆ ချက်
သင် တခြားကောင်မလေးနဲ့လဲ မဖောက်ပြန်ပါဘူး။ သင်တို့ နှစ်ပါတ်လည်ကိုလဲ သတိရပါတယ်။သူမအတွက် ပန်းတွေတောင် ပို့ပေးပါသေးတယ်။ ဒါပေမယ့် သင် အောက်ပါအမှား တစ်ခုခုကို လုပ်ခဲ့မိရင်တော့ သင် Single ဘဝကို ပြန်ရောက်ရမှာ အသေအချာပါ။
၁. သူမကို မကြည့်ခြင်း
မိန်းကလေးတွေဟာ မျက်လုံးခြင်းဆုံရတာကို သဘောကျပါတယ်။ ဒါပေမယ့် သူမကို အမြဲ ခေါ်တောကြည့်ကြီးနဲ့လဲ ကြည့်မနေပါနဲ့။ သူမစကားပြောရင် သူမကို ကြည့်ပေးပါ။ အဲဒါဟာ သင် သူမကို ဂရုစိုက်တယ်ဆိုတာ ပေါ်လွင်စေပါတယ်။
၂. အရာအားလုံးကို ပြင်ဆင်ဖို့ ကြိုးစားတဲ့အခါ
သူမက ကားစပယ်ယာ ရိုင်းကြောင်း၊ သူမ Boss ခပ်ဆိုးဆိုးအကြောင်း၊ ယဉ်ကြောပိတ်တာအကြောင်း သင့်ကို ပြောပြပါလိမ့်မယ်။ အဲဒိအရာတိုင်းကို ဖြေရှင်းဖို့ မကြိုးစားပါနဲ့။ သူမက အဖြေလိုချင်တာ မဟုတ်ပါဘူး။ နားလည်မှု လိုချင်တာပါ။
၃. Message ပဲပို့တာ
သင် မေးခွန်းတိုလေးတစ်ခု မေးချင်ရင်တော့ Message ပို့တာ အဆင်ပြေပါတယ်။ ဒါပေမယ့် စာလုံး ၃၀ ထက်ပိုတဲ့ စကားဝိုင်းတွေပြောရင်တော့ ဖုန်းခေါ်တာ ပိုကောင်းပါလိမ့်မယ်။ လေသံက စာရိုက်ပြောတာထက် သင်တို့နှစ်ယောက်ကို ဆက်သွယ်ပေးနိုင်ပါတယ်။
၄. မေးခွန်း မမေးတာ
သူမ ပြောပြတဲ့ အကြောင်းအရာတွေကို ပြန်လှန်မေးခွန်းမထုတ်ရင် သင်က သူမဘဝကို စိတ်မဝင်စားဘူးဆိုတာ ပြတာနဲ့ တူတူပါပဲ။
၅. သူမကိုပဲ အရာတိုင်း ဆုံးဖြတ်ခိုင်းတာ
ဆုံးဖြတ်ချက်ချရတာ ပင်ပန်းပါတယ်။ အရာအားလုံးကို သူမကိုပဲ ဆုံးဖြတ်ချက် ချစေတာဟာ သူမပခုံးပေါ် အထုပ်ကြီး ပစ်တင်သလိုပါပဲ။ ကြာလာရင် သင်က သူမအပေါ် ဂရုမစိုက်ဘူးလို့ပါ ထင်သွားပါလိမ့်မယ်။ သင်တို့နှသ်ယောက် တိုင်ပင်ပြီး တူတူ ဆုံးဖြတ်ချက် ချပါ။
၆. သူမလုပ်ခိုင်းတာ မလုပ်တာ
သူမ ပြင်ခိုင်းထားတဲ့ ဧည့်ခန်းထဲက စာအုပ်စင်ဟာ တစ်လကြာတာတောင် အလုပ်မစရသေးပါဘူး။ အဲဒါဟာ အရေးမကြီးဘူး ထင်ရပေမယ့် သင့်ကောင်မလေးကို သင် အရေးမထားတာနဲ့ တူတူပါပဲ။
၇. အိမ်သာအဖုံး ပြန်မချတာ
အိမ်သာအဖုံး ပြန်မပိတ်လို့ ပွစိပွစိ လုပ်တတ်တဲ့ ကောင်မလေးတွေဟာ သင် ဖြစ်ကတတ်ဆန်းနေတာကို ပွစိပွစိ လုပ်တာပါ။ အိမ်သာအဖုံးကြောင့် မဟုတ်ပါဘူး။ အိမ်သာအဖုံးပြန်ပိတ်တတ်ရင် ချမ်းတဲ့အခါ သူမကို သင့်အင်္ကျီ ဝတ်ပေးမယ်၊ ကားတံခါး ဖွင့်ပေးမယ်လို့ကို သူမတို့ ယူဆတတ်ပါတယ်။
၈. အလုပ်မှာ သူမပုံလေး ထောင်မထားတာ
ယောက်ျားတွေဟာ အလုပ်စားပွဲမှာ သူတို့ဘာကောင်လဲဆိုတာ သိစေမယ့် ပစ္စည်းတွေနဲ့ တန်ဆာဆင်လေ့ ရှိပါတယ်။ သင့်အလုပ်ခွင်မှာ သင့်သူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ပုံနဲ့ သင့် ဘွဲ့ယူပုံပဲရှိပြီး သင့်ကောင်မလေးပုံ ပျောက်နေရင် သူမ စိတ်ဆိုးတာ မှန်ပါတယ်။ သူမပုံလေးကို ဘောင်သွင်းထားပြီး သင့်မှာ ရည်းစားရှိကြောင်းနဲ့ သင့်ရည်းစားအတွက် ဂုဏ်ယူကြောင်း ပြလိုက်ပါ။
၉. အလောတကြီး လုပ်တာ
မိန်းကလေးတွေဟာ Surprise အလုပ်ခံရတာ ကြိုက်ပေမယ့် သင်ကအမြဲ သူမကို Date ခေါ်သွားမယ့် အကြောင် အဲဒိမနက်မှ အသိပေးရင်တော့ သူမကို အလုပ်အားလို့ လာခေါ်တာ ထင်သွားပါလိမ့်မယ်။ တစ်ပါတ်လောက်ကြိုပြီး သင်တို့ Date အတွက် ကြိုချိန်းထားပါ။ အဲဒါမှ သင် သူမကို ဦးစားပေးအချိန်ပေးထားကြောင်း သိသာပါလိမ့်မယ်။
၁၀. သူမမှတ်ချက်တွေကို အရေးမထားတာ
သူမရဲ့ ” ငါ ထိုင်းစာကြိုက်တယ်” တို့ ” ဒီဖိနပ်လေး လှလိုက်တာ” တို့ဟာ အမြဲ စကားပြန်ရမဲ့ စကားတွေ မဟုတ်ပါဘူး။ ဒါပေမယ့် သင်က အဲ့ဒါကို သိကြောင်း၊ အလေးထားကြောင်းပြလိုက်ရင် သူမ နှစ်သက်သွားမှာပါ။ သူမပြောစကားကို အလေးထားကြောင်းလဲ ပြရာ ရောက်မှာပါ။
၁၁. သူမနဲ့ ရန်ဖြစ်ရင် တိတ်နေတာ
ရန်ဖြစ်ရင် အဆိုးဆုံးအရာက သူမကို အရေးမထားတာပါပဲ။ ပါးစပ်ပိတ်၊ လက်ပိုက်ပြီး သူမပြောသမျှ မကြားချင်ယောင် ဆောင်တာဟာ သင် သူမပြောသမျှ ဘာမှ မကြားချင်ဘူးလို့ ပြောလိုက်တာနဲ့ တူတူပါပဲ။
၁၂. အမြဲ နောက်ကျတာ
Date လုပ်ထားပြီး နာရီမကြည့်မိတာ၊ ကားပိတ်နေတာ တွေက တစ်ခါတစ်လေတော့ ဘာမှမဖြစ်ပါဘူး။ အမြဲဆိုသလို ငါးမိနစ် ၁၀ မိနစ် နောက်ကျနေရင်တော့ သူမ စိတ်ပျက်နေမှာပါ။ အဲဒိ အချိန်လေးက မဖြစ်စလောက်လေး ဆိုပေမယ့် သင့်ကောင်မလေးရဲ့ အချိန်ကို အလေးမထားသလို ဖြစ်နေပါတယ်။ သင့်ကိုယ်သင် မယုံရဘူး ပြောတာနဲ့လဲ တူတူပါပဲ။
၁၃. သူမဟာသတွေကို လိုက်ရယ်မပေးတာ
သင် သူမ ရယ်စရာပြောဖို့ ကြိုးစားရင် ရယ်ပေးလိုက်တာဟာ သူမကို လေးစားကြောင်း ပြရာရောက်ပြီး သင် များများ ရယ်လေ သူမကိုယ်သူမ ပိုဂုဏ်ယူလာပြီး သင်တို့ ချစ်ဇာတ်လမ်း ခိုင်မြဲလေလေပါပဲ။
၁၄. သူမသူငယ်ချင်းတွေကို မသိတာ
သင် သူမရဲ့ မိန်းကလေးသူငယ်ချင်းတွေကို ချစ်စရာ မလိုပါဘူး။ သူမနဲ့ သူမသူငယ်ချင်းတွေအကြား ရှိတဲ့ သံယောဇဉ်ကို လေးစားရပါမယ်။ မိန်းကလေးတွေဟာ သူမတို့ သူငယ်ချင်းတွေနဲ့ အရင်တိုင်ပင်ပြီးမှ သင့်ကို အဖြေပေးတာကိုလဲ မှတ်ထားပါ။
၁၅. တောင်းပန်စကား မပြောတာ
လူတိုင်း မျက်နှာပျက် မခံချင်ပါဘူး။ ဒါပေမယ့် လုံးဝ မတောင်းပန်ရအောင် မာနနဲ့ တင်းထားတာဟာ သင့်ကို FA ဖြစ်စေမှာပါ။ တောင်းပန်စကားတစ်ခွန်းဟာ နာကျင်နေတဲ့ နှလုံးသားကို ပြန်လည်ကုစားပေးနိုင်တဲ့ အစွမ်းရှိပါတယ်။
၁၆. ပန်းကန်တွေကို ဆေးတဲ့နေရာမှာ ဒီတိုင်းထားခဲ့တာ
သင့်မိန်းမက အစေခံမဟုတ်ပါဘူး။ စုံတွဲတွေဟာ အိမ်မှုကိစ္စတွေကို တူတူလုပ်နေရရင် အပျော်ဆုံးပါ။ ခုခေတ်မှာ ယောက်ျားမိန်းမ အလုပ်ခွဲခြားမှုဟာ ခေတ်မရှိတော့ပါဘူး။ အဝတ်ခေါက်တာ၊ ဖုန်စုပ်တာတို့လို သင်မလုပ်တတ်တဲ့အရာတွေကိုတော့ သူမလုပ်ပေးပါလိမ့်မယ်။
အခက္အခက္ေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ဖို႔ နည္းလမ္း (၄)ခု
အခက္အခက္ေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ဖို႔ နည္းလမ္း (၄)ခု
ဘ၀ဆိုတာ ပန္းခင္းလမ္းတစ္ခု မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ေန႔စဥ္ဘ၀မွာ ခက္ခဲၾကမ္းတမ္းတဲ့ အေျခအေနေတြနဲ႔ ရင္ဆိုင္ၾကံဳေတြ႕ရေလ့ရွိပါတယ္။ ဒီလိုၾကံဳေတြ႕ရတဲ့အခါမွာ ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ဖို႔ လိုပါတယ္။ တစ္ခါတစ္ေလမွာ အခက္အခဲကႀကီးမားလြန္းတဲ့အတြက္ ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္စြမ္း မရွိေတာ့ဘူးလို႔ေတာင္ ထင္ရတတ္ပါတယ္။ ဒါ့ေၾကာင့္ ဘယ္လိုအခက္အခဲေတြနဲ႔ပဲ ၾကံဳၾကံဳ ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ဖို႔အတြက္ နည္းလမ္း(၄)ခုကို ေဖာ္ျပလိုက္ပါတယ္။
***************************************************
၁။ အျမင္မွန္ရွိပါေစ။
ေလမုန္တုိင္းတိုက္လို႔ အိမ္ၿပိဳသြားတယ္ ဆိုပါစို႔။ ေနစရာ အိမ္မရွိေတာ့ပဲ တစ္မိသားစုလံုး အိမ္ေျခရာမဲ့ျဖစ္သြားတယ္ဆိုရင္ေတာင္ အဆိုးေတြကိုပ ဲျမင္ၿပီးေတြးၿပီး စိတ္ပ်က္ေနလို႔မျဖစ္ပါဘူး။ မိသားစု၀င္ေတြအားလံုး အသက္ရွင္က်န္းမာေနတယ္ဆိုရင္ပဲ ေကာင္းကြက္ရွိေနပါၿပီ။ ေကာင္းတဲ့အခ်က္ေတြကိုပဲ ေတြးပါ။ အဆိုးေတြကို အာ႐ုံထဲမထားပါနဲ႔။ အေကာင္းဘက္က ႐ႈျမင္သံုးသပ္ၿပီး အခက္အခဲကို စိန္ေခၚေက်ာ္ျဖတ္ပါ။
၂။ စစ္မွန္တဲ့ မိတ္ေဆြအေပါင္းအသင္းမ်ားနဲ႔ ၀န္းရံထားပါ။
သင္အခက္အခဲေတြ႕ေနခ်ိန္မွာ သူတို႔ေတြကပဲ ကူညီေပးႏိုင္မွာ ျဖစ္ပါတယ္။ အကူအညီလိုေနခ်ိန္မွာ အားေပးကူညီေပးမယ့္သူေတြ သင့္အနားမွာရွိေနမယ့္ဆိုရင္ ျပန္လည္ထူေထာင္ၿပီး ရင္ဆိုင္ႏုိင္စြမ္းရွိလာမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေပါင္းသင္းဆက္ဆံေရးးကို တန္ဖိုးထားပါ။
၃။ ဦးစားေပးရမယ့္ ကိစၥေတြကို အာ႐ုံစိုက္ပါ။
အဆင္မေျပမႈေတြဆိုတာက အေဖာ္အေပါင္းနဲ႔ လာတတ္ပါတယ္။ အခက္အခဲျဖစ္ေနၿပီဆိုရင္ ဘာေတြမွန္းမသိ ကိစၥ၀ိစၥေတြ အမ်ားႀကီးေပၚလာတတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာဆိုရင္ တကယ္ကိုအေရးတႀကီး ဂ႐ုစိုက္ရမယ့္ ကိစၥကိုပဲ အာ႐ုံစိုက္ပါ။ အျခားမဟုတ္တဲ့ကိစၥေတြကို ေနာက္မွေျဖရွင္းပါတယ္။
***************************************************
၄။ ေရွ႕ဆက္ႏိုင္ဖို႔ လုပ္စရာရွိတာ လုပ္ေဆာင္ပါ။
အခက္အခဲၾကားထဲမွာ အခ်ိန္ၾကာၾကာေနလို႔ မျဖစ္ပါဘူး။ အခ်ိန္ၾကာလာတာနဲ႔အမွ် စိတ္ဓာတ္က်လာၿပီး မေကာင္းတဲ့ ခံစားခ်က္ေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေရွ႕ဆက္ႏိုင္ဖို႔ လိုပါတယ္။ ျဖစ္ခဲ့သမွ်အေၾကာင္း အေကာင္းလို႔ မွတ္ၿပီး ေရွ႕ကို ပိုေကာင္းလာဖို႔ ႀကိဳးစားပါ။ ဒ့ါေၾကာင့္ ေရွ႕ဆက္ႏိုင္ဖို႔အတြက္ လုပ္စရာရွိတာကို လုပ္ေဆာင္ပါ။
================================================
အခက်အခက်တွေကို ရင်ဆိုင်ကျော်ဖြတ်ဖို့ နည်းလမ်း (၄)ခု
ဘဝဆိုတာ ပန်းခင်းလမ်းတစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီလိုကြုံတွေ့ရတဲ့အခါမှာ ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ တစ်ခါတစ်လေမှာ အခက်အခဲကကြီးမားလွန်းတဲ့အတွက် ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်း မရှိတော့ဘူးလို့တောင် ထင်ရတတ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအခက်အခဲတွေနဲ့ပဲ ကြုံကြုံ ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့အတွက် နည်းလမ်း(၄)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ အမြင်မှန်ရှိပါစေ။
လေမုန်တိုင်းတိုက်လို့ အိမ်ပြိုသွားတယ် ဆိုပါစို့။ နေစရာ အိမ်မရှိတော့ပဲ တစ်မိသားစုလုံး အိမ်ခြေရာမဲ့ဖြစ်သွားတယ်ဆိုရင်တောင် အဆိုးတွေကိုပ ဲမြင်ပြီးတွေးပြီး စိတ်ပျက်နေလို့မဖြစ်ပါဘူး။ မိသားစုဝင်တွေအားလုံး အသက်ရှင်ကျန်းမာနေတယ်ဆိုရင်ပဲ ကောင်းကွက်ရှိနေပါပြီ။ ကောင်းတဲ့အချက်တွေကိုပဲ တွေးပါ။ အဆိုးတွေကို အာရုံထဲမထားပါနဲ့။ အကောင်းဘက်က ရှုမြင်သုံးသပ်ပြီး အခက်အခဲကို စိန်ခေါ်ကျော်ဖြတ်ပါ။
၂။ စစ်မှန်တဲ့ မိတ်ဆွေအပေါင်းအသင်းများနဲ့ ဝန်းရံထားပါ။
သင်အခက်အခဲတွေ့နေချိန်မှာ သူတို့တွေကပဲ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ အကူအညီလိုနေချိန်မှာ အားပေးကူညီပေးမယ့်သူတွေ သင့်အနားမှာရှိနေမယ့်ဆိုရင် ပြန်လည်ထူထောင်ပြီး ရင်ဆိုင်နိုင်စွမ်းရှိလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပေါင်းသင်းဆက်ဆံရေးကို တန်ဖိုးထားပါ။
၃။ ဦးစားပေးရမယ့် ကိစ္စတွေကို အာရုံစိုက်ပါ။
အဆင်မပြေမှုတွေဆိုတာက အဖော်အပေါင်းနဲ့ လာတတ်ပါတယ်။ အခက်အခဲဖြစ်နေပြီဆိုရင် ဘာတွေမှန်းမသိ ကိစ္စဝိစ္စတွေ အများကြီးပေါ်လာတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာဆိုရင် တကယ်ကိုအရေးတကြီး ဂရုစိုက်ရမယ့် ကိစ္စကိုပဲ အာရုံစိုက်ပါ။ အခြားမဟုတ်တဲ့ကိစ္စတွေကို နောက်မှဖြေရှင်းပါတယ်။
၄။ ရှေ့ဆက်နိုင်ဖို့ လုပ်စရာရှိတာ လုပ်ဆောင်ပါ။
အခက်အခဲကြားထဲမှာ အချိန်ကြာကြာနေလို့ မဖြစ်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ စိတ်ဓာတ်ကျလာပြီး မကောင်းတဲ့ ခံစားချက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ရှေ့ဆက်နိုင်ဖို့ လိုပါတယ်။ ဖြစ်ခဲ့သမျှအကြောင်း အကောင်းလို့ မှတ်ပြီး ရှေ့ကို ပိုကောင်းလာဖို့ ကြိုးစားပါ။ ဒါ့ကြောင့် ရှေ့ဆက်နိုင်ဖို့အတွက် လုပ်စရာရှိတာကို လုပ်ဆောင်ပါ။
လူမႈဆက္ဆံေရးေကာင္းမြန္ဖိုု႕အတြက္ မွတ္သားလိုုက္နာစရာမ်ား
လူမႈဆက္ဆံေရးေကာင္းမြန္ဖိုု႕အတြက္ မွတ္သားလိုုက္နာစရာမ်ား
လူမႈဆက္ဆံေရးကြန္ယက္ကို ခ်ဲ႕ထြင္ဖို႔အတြက္ မွန္မွန္ကန္ကန္လႈပ္ရွားတတ္ဖို႔ လိုပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ေတြ႕ၿပီး မိတ္ဆက္စကားေျပာ၊ လိပ္စာကဒ္အျပန္အလွန္ဖလွယ္ၾက႐ုံနဲ႔ စစ္မွန္တဲ့ ေပါင္းသင္းဆက္ဆံေရးကို တည္ေဆာက္ႏိုင္မွာ မဟုတ္ပါဘူး။ လူမႈဆက္ဆံေရးမွာ အေရးႀကီးတဲ့အခ်က္တစ္ခုကေတာ့ လူအမ်ားစုလုပ္သလို မလုပ္မိဖို႔ပဲျဖစ္ပါတယ္။ ဒီအတိုင္း ေတြ႕ဆံုၾက႐ုံ၊ စားၾကေသာက္ၾကနဲ႔ လုပ္ငန္းအဆင္ေျပဖို႔အတြက္ပဲ ရည္ရြယ္ထားတယ္ဆိုရင္ ေအာင္ျမင္တဲ့ဆက္ဆံေရးကို တည္ေဆာက္ႏိုင္မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ သန္းၾကြယ္သူေဌးတစ္ေယာက္လို႔ လူမႈဆက္ဆံေရး ေကာင္းေစဖို႔အတြက္ နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ အမ်ားေရွ႕မွာ စကားေျပာပါ။
လူအမ်ားစုက အမ်ားေရွ႕မွာ စကားေျပာဖို႔ စိုးရိမ္ထိတ္လန္႔တတ္ၾကပါတယ္။ ဒါေပမယ့္လည္း ဒီနည္းလမ္းက သင့္စိတ္ကူးေတြကို လူအမ်ားႀကီးဆီကိုေရာက္သြားေစႏိုင္ပါတယ္။ သင္က စီးပြားေရးလုပ္ငန္းလုပ္ေနတယ္ဆိုရင္ သင့္ရဲ႕ထုတ္ကုန္နဲ႔ ၀န္ေဆာင္မႈေတြကို လူေပါင္းမ်ားစြာဆီကို ေရာင္းခ်ဖို႔ အခြင့္အေရးရမွာျဖစ္ပါတယ္။
၂။ လူေတြကို ကူညီဆက္သြယ္ေပးပါ။
လူေတြကို အဆင္ေျပေအာင္ကူညီေပးမယ္ဆိုရင္ သင္လိုခ်င္တာကိုလည္း ရရွိမွာျဖစ္ပါတယ္။ တစ္ရက္မွာ ကၽြန္ေတာ္အိမ္တစ္လံုးလုိခ်င္လို႔ အိမ္ပြဲစားတစ္ေယာက္နဲ႔ ဆက္သြယ္ခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္လိုခ်င္တဲ့ အိမ္မ်ိဳး သူ႕ဆီမွာမရွိပါဘူး။ အိမ္ပြဲစားက ကၽြန္ေတာ္လိုခ်င္တဲ့အိမ္မ်ိဳးရွိႏိုင္တဲ့ သူ႔ၿပိဳင္ဘက္အိမ္ပြဲစားတစ္ေယာက္ နဲ႔ ဆက္သြယ္ေပးခဲ့ပါတယ္။ တကယ္ေတာ့ ဒီလိုေဖာက္သည္ကို ကိုယ့္ၿပိဳင္ဘက္လက္ထဲ ထည့္ေပးလိုက္ဖို႔က အမ်ားစုက စဥ္းစားမိမွာေတာင္မဟုတ္ပါဘူး။ ေနာက္ပိုင္းမွာေတာ့ သူ႔ၿပိဳင္ဘက္ အိမ္ပြဲစား ျပသတဲ့အိမ္ေတြကိုလည္ အႀကိဳက္မေတြ႕ခဲ့တာေၾကာင့္ သူ႔ဆီကပဲ အိမ္တစ္လံုးကို ၀ယ္ယူျဖစ္ခဲ့ပါတယ္။ ဒီလိုနဲ႔ ကၽြန္ေတာ္လည္း အဆင္ေျပ၊ သူလည္း ပြဲခရတဲ့အတြက္ အားလံုးအဆင္ေျပသြားခဲ့ပါတယ္။ ဒါဟာ သူက လူေတြကို ဆက္သြယ္ေပးတတ္တာေၾကာင့္ျဖစ္ပါတယ္။
၃။ ထပ္မံဆက္သြယ္ပါ။
လူေတြနဲ႔ ေတြ႕ဆံုမိတ္ဆက္ၿပီး ေနာက္ထပ္အဆက္အသြယ္မလုပ္ဘူးဆိုရင္ အလကားပါပဲ။ လူေတြဟာ တစ္ဦးနဲ႔ တစ္ဦးအျပန္အလွန္ ပူးေပါင္းေဆာင္ရြက္ရတာကို သေဘာက်တတ္ၾကပါတယ္။ ဒါေပမယ့္ တစ္ေနရာမွာ ေတြ႕ခဲ့ဆံုခဲ့ၾကတာကို ေမ့သြားတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ သူတို႔ကို ဆက္သြယ္ၿပီး သတိေပးဖို႔က သင့္ရဲ႕တာ၀န္ျဖစ္ပါတယ္။ သင္ကသာ စနစ္တက်နဲ႔ ဆက္သြယ္မႈေတြ လုပ္ေဆာင္တတ္မယ္ဆိုရင္ မထင္မွတ္ထားတဲ့ တုံျပန္မႈေတြ ရရွိမွာျဖစ္ပါတယ္။
၄။ မိတ္ဆက္ေပးဖို႔ ေတာင္းဆိုပါ။
မိတ္ဆက္စကားေျပာတာကို ဘယ္ေတာ့မွ ေလွ်ာ့မတြက္မိပါေစနဲ႔။ လူမႈကြန္ယက္တစ္ခုအတြင္းမွာ သင့္ကိုအေရးႀကီးပုဂၢိဳဟ္ေတြနဲ႔ မိတ္ဆက္ေပးႏိုင္မယ့္သူတစ္ေယာက္ကို ရွာၿပီး မိတ္ဆက္ေပးဖို႔ ေတာင္းဆိုပါ။
***************************************************
၅။ ပရဟိတလုပ္ပါ။
သင္က အမ်ားအက်ိဳးေဆာင္ရြက္တတ္သူတစ္ဦးဆိုတာ လူေတြသိၿပီဆိုတာနဲ႔ သင့္မွာ သူငယ္ခ်င္းမိတ္ေဆြေတြ အမ်ားႀကီးရွိလာမွာျဖစ္ပါတယ္။ ဘ၀ရွင္သန္မႈရဲ႕ လ်ိဳ႕၀ွက္ခ်က္က ေပးဆပ္ျခင္းပဲျဖစ္ပါတယ္။ သင့္ရဲ႕အမ်ားအက်ိဳး ေဆာင္ရြက္မႈေတြနဲ႔ ပရဟိတလုပ္ငန္းေတြက ေရရွည္တည္တံ့ေနၿပီး လူအမ်ားကို ကူညီႏိုင္ဖို႔ေတာ့လိုပါတယ္။
Bonus Tip
သင့္ရဲ႕လူမႈဆက္ဆံေရးကြန္ယက္ကို ခ်ဲ႕ထြင္ဖို႔အတြက္ ၀ါသနာအသစ္ေတြကိုလည္း ေလ့လာလိုက္စား သင့္ပါတယ္။ လူတိုင္းမွာ ၀ါသနာတစ္ခုခုရွိတတ္တာေၾကာင့္ ၀ါသနာကို အေျချပဳတဲ့ ေပါင္းသင္းဆက္ဆံေရးကို တည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္။
================================================
သန်းကြွယ်သူဌေးတစ်ယောက်ကဲ့သို့ လူမှုဆက်ဆံရေးကောင်းမွန်စေဖို့
လူမှုဆက်ဆံရေးကွန်ယက်ကို ချဲ့ထွင်ဖို့အတွက် မှန်မှန်ကန်ကန်လှုပ်ရှားတတ်ဖို့ လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တွေ့ပြီး မိတ်ဆက်စကားပြော၊ လိပ်စာကဒ်အပြန်အလှန်ဖလှယ်ကြရုံနဲ့ စစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးမှာ အရေးကြီးတဲ့အချက်တစ်ခုကတော့ လူအများစုလုပ်သလို မလုပ်မိဖို့ပဲဖြစ်ပါတယ်။ ဒီအတိုင်း တွေ့ဆုံကြရုံ၊ စားကြသောက်ကြနဲ့ လုပ်ငန်းအဆင်ပြေဖို့အတွက်ပဲ ရည်ရွယ်ထားတယ်ဆိုရင် အောင်မြင်တဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သန်းကြွယ်သူဌေးတစ်ယောက်လို့ လူမှုဆက်ဆံရေး ကောင်းစေဖို့အတွက် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အများရှေ့မှာ စကားပြောပါ။
လူအများစုက အများရှေ့မှာ စကားပြောဖို့ စိုးရိမ်ထိတ်လန့်တတ်ကြပါတယ်။ ဒါပေမယ့်လည်း ဒီနည်းလမ်းက သင့်စိတ်ကူးတွေကို လူအများကြီးဆီကိုရောက်သွားစေနိုင်ပါတယ်။ သင်က စီးပွားရေးလုပ်ငန်းလုပ်နေတယ်ဆိုရင် သင့်ရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို လူပေါင်းများစွာဆီကို ရောင်းချဖို့ အခွင့်အရေးရမှာဖြစ်ပါတယ်။
၂။ လူတွေကို ကူညီဆက်သွယ်ပေးပါ။
လူတွေကို အဆင်ပြေအောင်ကူညီပေးမယ်ဆိုရင် သင်လိုချင်တာကိုလည်း ရရှိမှာဖြစ်ပါတယ်။ တစ်ရက်မှာ ကျွန်တော်အိမ်တစ်လုံးလိုချင်လို့ အိမ်ပွဲစားတစ်ယောက်နဲ့ ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်လိုချင်တဲ့ အိမ်မျိုး သူ့ဆီမှာမရှိပါဘူး။ အိမ်ပွဲစားက ကျွန်တော်လိုချင်တဲ့အိမ်မျိုးရှိနိုင်တဲ့ သူ့ပြိုင်ဘက်အိမ်ပွဲစားတစ်ယောက် နဲ့ ဆက်သွယ်ပေးခဲ့ပါတယ်။ တကယ်တော့ ဒီလိုဖောက်သည်ကို ကိုယ့်ပြိုင်ဘက်လက်ထဲ ထည့်ပေးလိုက်ဖို့က အများစုက စဉ်းစားမိမှာတောင်မဟုတ်ပါဘူး။ နောက်ပိုင်းမှာတော့ သူ့ပြိုင်ဘက် အိမ်ပွဲစား ပြသတဲ့အိမ်တွေကိုလည် အကြိုက်မတွေ့ခဲ့တာကြောင့် သူ့ဆီကပဲ အိမ်တစ်လုံးကို ဝယ်ယူဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း အဆင်ပြေ၊ သူလည်း ပွဲခရတဲ့အတွက် အားလုံးအဆင်ပြေသွားခဲ့ပါတယ်။ ဒါဟာ သူက လူတွေကို ဆက်သွယ်ပေးတတ်တာကြောင့်ဖြစ်ပါတယ်။
၃။ ထပ်မံဆက်သွယ်ပါ။
လူတွေနဲ့ တွေ့ဆုံမိတ်ဆက်ပြီး နောက်ထပ်အဆက်အသွယ်မလုပ်ဘူးဆိုရင် အလကားပါပဲ။ လူတွေဟာ တစ်ဦးနဲ့ တစ်ဦးအပြန်အလှန် ပူးပေါင်းဆောင်ရွက်ရတာကို သဘောကျတတ်ကြပါတယ်။ ဒါပေမယ့် တစ်နေရာမှာ တွေ့ခဲ့ဆုံခဲ့ကြတာကို မေ့သွားတတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ကို ဆက်သွယ်ပြီး သတိပေးဖို့က သင့်ရဲ့တာဝန်ဖြစ်ပါတယ်။ သင်ကသာ စနစ်တကျနဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်တတ်မယ်ဆိုရင် မထင်မှတ်ထားတဲ့ တုံပြန်မှုတွေ ရရှိမှာဖြစ်ပါတယ်။
၄။ မိတ်ဆက်ပေးဖို့ တောင်းဆိုပါ။
မိတ်ဆက်စကားပြောတာကို ဘယ်တော့မှ လျှော့မတွက်မိပါစေနဲ့။ လူမှုကွန်ယက်တစ်ခုအတွင်းမှာ သင့်ကိုအရေးကြီးပုဂ္ဂိုဟ်တွေနဲ့ မိတ်ဆက်ပေးနိုင်မယ့်သူတစ်ယောက်ကို ရှာပြီး မိတ်ဆက်ပေးဖို့ တောင်းဆိုပါ။
၅။ ပရဟိတလုပ်ပါ။
သင်က အများအကျိုးဆောင်ရွက်တတ်သူတစ်ဦးဆိုတာ လူတွေသိပြီဆိုတာနဲ့ သင့်မှာ သူငယ်ချင်းမိတ်ဆွေတွေ အများကြီးရှိလာမှာဖြစ်ပါတယ်။ ဘဝရှင်သန်မှုရဲ့ လျို့ဝှက်ချက်က ပေးဆပ်ခြင်းပဲဖြစ်ပါတယ်။ သင့်ရဲ့အများအကျိုး ဆောင်ရွက်မှုတွေနဲ့ ပရဟိတလုပ်ငန်းတွေက ရေရှည်တည်တံ့နေပြီး လူအများကို ကူညီနိုင်ဖို့တော့လိုပါတယ်။
Bonus Tip
သင့်ရဲ့လူမှုဆက်ဆံရေးကွန်ယက်ကို ချဲ့ထွင်ဖို့အတွက် ဝါသနာအသစ်တွေကိုလည်း လေ့လာလိုက်စား သင့်ပါတယ်။ လူတိုင်းမှာ ဝါသနာတစ်ခုခုရှိတတ်တာကြောင့် ဝါသနာကို အခြေပြုတဲ့ ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
Thursday, August 4, 2016
PGG application ေလးျပန္လာပါျပီ
အားလံုးေတာင္းဆိုမွုနဲ.အတူ PGG ဗဟုသုတ အစံုစံု မွ်ေ၀မွုကိုျပန္စတင္ေတာ.မွာျဖစ္ပါေၾကာင္း လူၾကီးမင္းမ်ားကိုအသိေပးအပ္ပါတယ္ခဗ်ာ
Friday, February 5, 2016
Thursday, February 4, 2016
ေဒၚလာေဈးက်တဲ့ေနာက္ဖုန္းေဈးႏႈန္းေတြလဲက်ပါတယ္ခဗ်ာ
ေဒၚလာေဈးက်တဲ့ေနာက္ဖုန္းေဈးႏႈန္းက်ပါတယ္ခဗ်ာ
အဓိကအားျဖင့္ Huawei Xiaomi coolpad ဖုန္းမ်ား
ေဈးႏႈန္းအေျပာင္းအလဲရွိပါတယ္ခဗ်ာ
အဆိုပါေငြေဈးအတတ္အက်ေပၚမူတည္ၿပီး PGG Mobile Shop ေဈးႏႈန္းအေျပာင္းအလဲရွိေၾကာင္းအသိေပးပါတယ္ခဗ်ာ
မိတ္ေဟာင္းမိတ္သစ္မ်ားကိုေလးစားလ်က္
Tuesday, February 2, 2016
huawei GR5 reviews
အခုေနာက္ပုိင္းထြက္ Huawei ဖုန္းမ်ားဟာအရည္အေသြးပုိင္းမွာေတာ္ေတာ္ေလးေကာင္းမြန္လာတာကုိေတြ႕ရပါတယ္။ အခု မိတ္ဆက္ေပးခ်င္တာကေတာ့ Huawei ကေနအသစ္ထပ္မံထုတ္လုပ္လုိက္တဲ့ Huawei GR5 ဆုိတဲ့စမတ္ဖုန္းအမ်ိဳးအစားသစ္ျဖစ္ပါတယ္။
Huawei GR 5 ဟာ ေစ်းႏွဳန္းအားျဖင့္ ၂၈၉၀၀၀ ခန္႕ျဖစ္ျပီးျမန္မာျပည္ေစ်းကြက္မွာစတင္၀ယ္ယူရရွိနုိင္ေနပါျပီ။ GR စီးရီးဟာအရင္ကထြက္ရွိထားတဲ့ Ascend တုိ႕ Honor တုိ႕ P စီးရီးတုိ႕နဲ႕မတူဘဲ အလယ္လတ္တန္းစားေမာ္ဒယ္သစ္တစ္ခုအေနနဲ႕ထုတ္လုပ္ထားတာပါ ။ ဖုန္းရဲ႕ကုိယ္ထည္က aluminum magnesium alloy body နဲ႕ျဖစ္ျပီးဒီဇုိင္းပုံစံကလည္းဆြဲေဆာင္မွုရွိပါတယ္။
Huawei GR5 မွာ FingerPrint 2.0 စနစ္လည္းပါ၀င္ျပီး Lock ကုိ FingerPrint အသုံးျပဳဖြင့္တာအျပင္ ဓာတ္ပုံ/ဗီဒီယုိရုိက္တာ ၊ ဖုန္းအ၀င္ Call လက္ခံတာစတာေတြကုိလည္း မိမိသတ္မွတ္ထားတဲ့လက္ေဗြရာနဲ႕ FingerPrint အသုံးျပဳျပီးလုပ္ေဆာင္နုိင္မွာပါ။ ယင္း Fingerprint Sensor 2.0 မွာ Mate7ႏွင့္ G7Plus တြင္ ပါဝင္သည့္ feature ေတြကို လုပ္ေဆာင္ေပးနုိင္တဲ့အျပင္ Alarm ေပးထား၍ ႏွုိးစက္ျမည္လာပါက fingerprint စနစ္ျဖင့္ ႏိႈးစက္ပိတ္ျခင္း၊ fingerprint sensor ေပၚတြင္ လက္ျဖင့္ အေပၚမွေအာက္၊ ေအာက္မွအေပၚသို႔ ပြတ္ဆဲြျခင္းျဖင့္ notification bar ကို ဆြဲခ်နုိင္ျခင္း ျပန္ပိတ္နုိင္ျခင္း ၊ notification bar ကိုဆြဲခ်ထားခ်ိန္မွာ fingerprint sensor ေပၚသို႔ လက္ျဖင့္ ၂ ခ်က္ထိပါက notification alert မ်ားကို ဖယ္ရွားေပးၿပီး notification bar ကို အေပၚသို႔ျပန္တင္ႏိုင္ျခင္းစတဲ့ feature အဆန္းအျပားေလးေတြကုိလည္းလုပ္ေဆာင္နုိင္မွာျဖစ္ပါတယ္။ Huawei GR5 မွာတပ္ဆင္ထားတဲ့ FingerPrint Sensor ဟာအေတာ္ေလးလ်င္ျမန္မွုရွိတာကုိလည္းေတြ႕ရပါတယ္။
Camera ပုိင္းအေနနဲ႕ ဖုန္းရဲ႕ေနာက္ဘက္ျခမ္း Primary Camera ကုိ 13 Megapixel ( f/2.0 camera ) ကုိတပ္ဆင္ထားျပီး ဖုန္းရဲ႕ေရွ႕ဘက္ျခမ္း Front Camera ကုိေတာ့ 5 Megapixel Camera ကုိတပ္ဆင္ေပးထားပါတယ္။ ဓာတ္ပုံ ၊ ဗီဒီယုိမ်ားကုိရုပ္ထြက္ၾကည္လင္ျပတ္သားစြာနဲ႕ရုိက္ကူးနုိင္မွာပါ။
Huawei GR5 ကုိ Software System ပုိင္းအေနနဲ႕ Android 5.1 Lollipop (Emotion UI 3.1) အသုံးျပဳထားျပီး Processor အေနနဲ႕ Qualcomm Snapdragon 616 Chipset ကုိတပ္ဆင္အသုံးျပဳထားပါတယ္။ RAM 2GB တပ္ဆင္ထားျပီး Internal Storage အေနနဲ႕ 16GB ပါ၀င္ပါတယ္။ Memory Card လည္းထပ္စုိက္လုိ႕ရပါတယ္။ ဖုန္းရဲ႕ Screen size ကေတာ့ ၅.၅ လက္မျဖစ္ျပီး SIM Card ၂ ကဒ္ထည့္သြင္းအသုံးျပဳနုိင္မွာပါ။ Huawei GR5 ဟာ 2G,3G,4G Network အားလုံးမွာအသုံးျပဳနုိင္မယ့္ ဖုန္းအမ်ိဳးအစားျဖစ္ပါတယ္။
Huawei GR5 မွာ Battery အေနနဲ႕ 3000 mAh Battery ကုိတပ္ဆင္အသုံးျပဳထားတာေၾကာင့္ Battery အားအေတာ္ခံမယ့္ဖုန္းတစ္လုံးပါပဲ။
Huawei GR5 ကုိေတာ့ Gold/Silver/Gray စတဲ့အေရာင္သုံးမ်ိဳးနဲ႕ေရြးခ်ယ္၀ယ္ယူရရွိနုိင္မွာပါ။ ေစ်းႏွုန္းလည္းသင့္တင့္ျပီး စြမ္းေဆာင္ရည္လည္းျမင့္မားတာေၾကာင့္ စမတ္ဖုန္း၀ယ္ယူလုိသူေတြအတြက္ေရြးခ်ယ္သင့္တဲ့ဖုန္းအမ်ိဳးအစားတစ္ခုျဖစ္ပါတယ္။
Huawei GR 5 ဟာ ေစ်းႏွဳန္းအားျဖင့္ ၂၈၉၀၀၀ ခန္႕ျဖစ္ျပီးျမန္မာျပည္ေစ်းကြက္မွာစတင္၀ယ္ယူရရွိနုိင္ေနပါျပီ။ GR စီးရီးဟာအရင္ကထြက္ရွိထားတဲ့ Ascend တုိ႕ Honor တုိ႕ P စီးရီးတုိ႕နဲ႕မတူဘဲ အလယ္လတ္တန္းစားေမာ္ဒယ္သစ္တစ္ခုအေနနဲ႕ထုတ္လုပ္ထားတာပါ ။ ဖုန္းရဲ႕ကုိယ္ထည္က aluminum magnesium alloy body နဲ႕ျဖစ္ျပီးဒီဇုိင္းပုံစံကလည္းဆြဲေဆာင္မွုရွိပါတယ္။
Huawei GR5 မွာ FingerPrint 2.0 စနစ္လည္းပါ၀င္ျပီး Lock ကုိ FingerPrint အသုံးျပဳဖြင့္တာအျပင္ ဓာတ္ပုံ/ဗီဒီယုိရုိက္တာ ၊ ဖုန္းအ၀င္ Call လက္ခံတာစတာေတြကုိလည္း မိမိသတ္မွတ္ထားတဲ့လက္ေဗြရာနဲ႕ FingerPrint အသုံးျပဳျပီးလုပ္ေဆာင္နုိင္မွာပါ။ ယင္း Fingerprint Sensor 2.0 မွာ Mate7ႏွင့္ G7Plus တြင္ ပါဝင္သည့္ feature ေတြကို လုပ္ေဆာင္ေပးနုိင္တဲ့အျပင္ Alarm ေပးထား၍ ႏွုိးစက္ျမည္လာပါက fingerprint စနစ္ျဖင့္ ႏိႈးစက္ပိတ္ျခင္း၊ fingerprint sensor ေပၚတြင္ လက္ျဖင့္ အေပၚမွေအာက္၊ ေအာက္မွအေပၚသို႔ ပြတ္ဆဲြျခင္းျဖင့္ notification bar ကို ဆြဲခ်နုိင္ျခင္း ျပန္ပိတ္နုိင္ျခင္း ၊ notification bar ကိုဆြဲခ်ထားခ်ိန္မွာ fingerprint sensor ေပၚသို႔ လက္ျဖင့္ ၂ ခ်က္ထိပါက notification alert မ်ားကို ဖယ္ရွားေပးၿပီး notification bar ကို အေပၚသို႔ျပန္တင္ႏိုင္ျခင္းစတဲ့ feature အဆန္းအျပားေလးေတြကုိလည္းလုပ္ေဆာင္နုိင္မွာျဖစ္ပါတယ္။ Huawei GR5 မွာတပ္ဆင္ထားတဲ့ FingerPrint Sensor ဟာအေတာ္ေလးလ်င္ျမန္မွုရွိတာကုိလည္းေတြ႕ရပါတယ္။
Camera ပုိင္းအေနနဲ႕ ဖုန္းရဲ႕ေနာက္ဘက္ျခမ္း Primary Camera ကုိ 13 Megapixel ( f/2.0 camera ) ကုိတပ္ဆင္ထားျပီး ဖုန္းရဲ႕ေရွ႕ဘက္ျခမ္း Front Camera ကုိေတာ့ 5 Megapixel Camera ကုိတပ္ဆင္ေပးထားပါတယ္။ ဓာတ္ပုံ ၊ ဗီဒီယုိမ်ားကုိရုပ္ထြက္ၾကည္လင္ျပတ္သားစြာနဲ႕ရုိက္ကူးနုိင္မွာပါ။
Huawei GR5 ကုိ Software System ပုိင္းအေနနဲ႕ Android 5.1 Lollipop (Emotion UI 3.1) အသုံးျပဳထားျပီး Processor အေနနဲ႕ Qualcomm Snapdragon 616 Chipset ကုိတပ္ဆင္အသုံးျပဳထားပါတယ္။ RAM 2GB တပ္ဆင္ထားျပီး Internal Storage အေနနဲ႕ 16GB ပါ၀င္ပါတယ္။ Memory Card လည္းထပ္စုိက္လုိ႕ရပါတယ္။ ဖုန္းရဲ႕ Screen size ကေတာ့ ၅.၅ လက္မျဖစ္ျပီး SIM Card ၂ ကဒ္ထည့္သြင္းအသုံးျပဳနုိင္မွာပါ။ Huawei GR5 ဟာ 2G,3G,4G Network အားလုံးမွာအသုံးျပဳနုိင္မယ့္ ဖုန္းအမ်ိဳးအစားျဖစ္ပါတယ္။
Huawei GR5 မွာ Battery အေနနဲ႕ 3000 mAh Battery ကုိတပ္ဆင္အသုံးျပဳထားတာေၾကာင့္ Battery အားအေတာ္ခံမယ့္ဖုန္းတစ္လုံးပါပဲ။
Huawei GR5 ကုိေတာ့ Gold/Silver/Gray စတဲ့အေရာင္သုံးမ်ိဳးနဲ႕ေရြးခ်ယ္၀ယ္ယူရရွိနုိင္မွာပါ။ ေစ်းႏွုန္းလည္းသင့္တင့္ျပီး စြမ္းေဆာင္ရည္လည္းျမင့္မားတာေၾကာင့္ စမတ္ဖုန္း၀ယ္ယူလုိသူေတြအတြက္ေရြးခ်ယ္သင့္တဲ့ဖုန္းအမ်ိဳးအစားတစ္ခုျဖစ္ပါတယ္။
Subscribe to:
Posts (Atom)
