Saturday, October 31, 2015
super special promotion ကာလလေးခံစားရအောင်ခုပဲလာခဲ့လိုက်ပါ
အထူးအထူးသောပလိုမိုးရှင်းကာလမှာ အထူးခံစားနိုင်မဲ့ဈေးနှုန်းတွေနဲ့လက်ဆောင်များကိုလက်မလွတ်ရလေအောင်အမြန်ဆုံးလာရောက်ဝယ်ယူကြပါလို့
လေးစားစွာဖိတ်ခေါ်လိုက်ပါရစေ
PGG Mobile shop
Thursday, October 29, 2015
အရေးကြီးတဲ့အချိန်မှာသူငယ်ချင်းနားမှငွေလွဲပို့နည်း
MPT
*125*လွဲပြောင်းပေးမည့်ပမာဏ*ဖုန်းနံပါတ်*သုညရှစ်လုံး#call
Telenor
*979#call»2ကိုရွေး4ကိုရွေးလွဲပြောင်းပေးမဲ့ဖုန်းနံပါတ်»လွဲပေးမဲ့ပမာဏ» 1ကိုရွေး
Ooredoo
*155*လွဲပြောင်းပေးမည့်ပမာဏ*လွဲပြောင်းပေးမဲ့ဖုန်းနံပါတ်#call»1
MEC CDMA 800
*110*လွဲပြောင်းပေးမည့်ပမာဏ*ဖုန်းနံပါတ်#call
လေးစားစွာဖြင့် PGG mobile shop
Wednesday, October 28, 2015
ပလိုမိုးရှင်း(PGG mobile special promotion)
All handset promotion(-5000 to -10000)HW only
With special gift(other series)
Come to PGG mobile shop
ပန်းကန့်ကော်ဖုန်းဆိုင်(PGG Mobile Shop)အထူးပလိုမိုးရှင်းအစီအစဉ်ပါခဗျာ
-5000 -10000ကျပ်ထိအထူးလျော့ဈေးလေးပါခဗျာ
Huawei handsetများသာ
အခြားဟန်းဆက်များအတွက်လဲ ထူးခြားတဲ့လက်ဆောင်ပစ္စည်းများပေးအပ်သွားမှာဖြစ်ပါသဖြင့်
အဆိုပါအစီအစဉ်လေးကိုလက်မလွတ်ရအောင်အမြန်လာခဲ့လိုက်ပါလို့ဖိတ်ခေါ်ပါရစေခဗျာ
ဝယ်ယူအားပေးမှုကိုအထူးကျေးဇူးတင်ပါတယ်ခဗျာ
Monday, October 26, 2015
ဆယ်သန်းမြောက် ဆွေသဟာ အသုံးပြုသူကို ငွေဖြည့်ကဒ်တစ်သန်းဖိုး ဆုငွေပေးမဲ့ MPT
မန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရိတ်တာ တစ်ခုဖြစ်တဲ့ MPT သည် Ooredoo နှင့် Telenor တို့ ၏ အင်တာနက်ဝန်ဆောင်မှုများ စတင်ဝန်ဆောင်မှု ပေးပြီးနောက်ပိုင်းတွင် MPT အသုံးပြုသူများအတွက် ရည်ရွယ်ကာ ဆွေသဟာ ဆိုသည့် လျင်မြန်တဲ့ အင်တာနက်ဝန်ဆောင်မှု နှင့် ဈေးနှုန်းသက်သာစွာဖြင့် ဖုန်းခေါ်ဆိုနိုင်သည့် ဝန်ဆောင်မှု ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ထိုသို့ စတင်မိတ်ဆက်ကာ အသုံးပြုခွင်ပေးလိုက်သည့်အချိန်မှ စ၍ လက်ရှိအချိန်အထိ MPT ၏ဆွေသဟာအစီအစဉ်ကိုအသုံးပြုသူပေါင်းဆယ်သန်းထိရှိလာခဲ့ပြီဖြစ်ပါတယ်။
ထိုသို့ ဆွေသဟာ ဝန်ဆောင်မှု အသုံးပြုသူ ဆယ်သန်းပြည့်သည့် အထိန်းအမှတ်အဖြစ် ဆွေသဟာ ဝန်ဆောင်မှု ဆယ်သန်းမြောက်အသုံးပြုသူကို MPT ငွေဖြည့်ကဒ် တစ်သန်းဖိုး ဆုချီးမြှင့်မည်ဖြစ်ကြောင်းလည်း MPT ၏ တရားဝင် Facebook စာမျက်နှာတွင် ထုတ်ပြန်ကြေငြာထားပါတယ်။ MPT အနေနဲ့ မြန်မာနိုင်ငံတွင် အကြီးမားဆုံး ကွန်ယက်ကို ပိုင်ဆိုင်ထားသော Telecommunication Company တစ်ခုဖြစ်တာနဲ့ အညီ တယ်လီကွန်း ကွန်ယက် အသုံးပြုသူ အများဆုံးပိုင်ဆိုင်ထားသော Telecom Company တစ်ခုလည်းဖြစ်ပါတယ်။
MPT အနေဖြင့် ဆွေသဟာ ဝန်ဆောင်မှုကို အသုံးပြုသူတို့ အတွက် ကြိုတင်ငွေဖြည့် စနစ်နဲ့ ကျသင့်ငွေ ပေးချေရသည့် စနစ်ဆိုပြီး အမျိုးအစား ခွဲထားကာ ကြိုတင်ငွေဖြည့်စနစ် အသုံးပြုလိုသူများအနေနဲ့ 1332 သို့ SWE ဟု ရိုက်ကာ SMS ပို့ရမှာဖြစ်ပြီး ကျသင့်ငွေပေးချေရသည့် စနစ်ကို အသုံးပြုလိုသူများအနေဖြင့် 1332 သို့ POSTSWE ဟု ရိုက်ကာ SMS ပို့ပြီး ဝန်ဆောင်မှု ရယူနိုင်မှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကို MPT ၏ တရားဝင် Facebook စာမျက်နှာနှင့် MPT ၏ တရားဝင် Website စာမျက်နှာဖြစ်သည့် www.mpt.com.mm တို့တွင်သွားရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။
Aung Ko Htet (MMA)
"MPT မိုဘိုင်းဖုန်းများ သီတင်းကျွတ် လပြည့်နေ့တွင် အခမဲ့ SMS ပေးပို့နိုင် "
သီတင်းကျွတ် ကာလ အထိမ်းအမှတ်အဖြစ် MPT သုံးစွဲသူများသည် အောက်တိုဘာလ ၂၈ ရက်နေ့ တစ်ရက်လုံး စာတိုပေးပို့မှုများကို အခမဲ့ပြုလုပ်နိုင်မည်ဖြစ်သည်။
အဆိုပါအစီအစဉ်သည် MPT ၏ GSM/WCDMA နှင့် CDMA သုံးစွဲသူ အားလုံးအတွက်ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက် ည ၁၂း၀၀ နာရီကျော် သည့် အချိန်မှ စတင်၍ အောက်တိုဘာလ ည ၁၂း၀၀ နာရီ တိတိ အချိန် (၂၄ နာရီ) အတွင်း MPT နံပါတ် အချင်းချင်းပေးပို့သည့် SMS စာတိုအားလုံး အခမဲ့ပေးပို့ရရှိမည်ဖြစ်သည်။ တစ်နေ့တာအတွက် မိုဘိုင်းဖုန်း နံပါတ် တစ်ခုလျှင် အများဆုံး SMS စောင်ရေ ၂၈ စောင် ပေးပို့နိုင်မည်ဖြစ်သည်။
လက်၇ှိအချိန်အထိ MPT သည် Mobile ဖုန်းအသုံးပြုသူစုစုပေါင်း ၁၆ သန်း ရှိပြီး ဆွေသဟာအသုံးပြုသူ ၁၀ သန်းကျော်၊ ပုံမှန်အသုံးပြုသူ ၆ သန်းကျော် ပိုင်ဆိုင်ထားသော အော်ပရေတာ တစ်ခုဖြစ်သည်။
အဆင်ပြေပါစေ..သီတင်းကျွတ် ကာလ အထိမ်းအမှတ်အဖြစ် MPT သုံးစွဲသူများသည် အောက်တိုဘာလ ၂၈ ရက်နေ့ တစ်ရက်လုံး စာတိုပေးပို့မှုများကို အခမဲ့ပြုလုပ်နိုင်မည်ဖြစ်သည်။
အဆိုပါအစီအစဉ်သည် MPT ၏ GSM/WCDMA နှင့် CDMA သုံးစွဲသူ အားလုံးအတွက်ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက် ည ၁၂း၀၀ နာရီကျော် သည့် အချိန်မှ စတင်၍ အောက်တိုဘာလ ည ၁၂း၀၀ နာရီ တိတိ အချိန် (၂၄ နာရီ) အတွင်း MPT နံပါတ် အချင်းချင်းပေးပို့သည့် SMS စာတိုအားလုံး အခမဲ့ပေးပို့ရရှိမည်ဖြစ်သည်။ တစ်နေ့တာအတွက် မိုဘိုင်းဖုန်း နံပါတ် တစ်ခုလျှင် အများဆုံး SMS စောင်ရေ ၂၈ စောင် ပေးပို့နိုင်မည်ဖြစ်သည်။
လက်၇ှိအချိန်အထိ MPT သည် Mobile ဖုန်းအသုံးပြုသူစုစုပေါင်း ၁၆ သန်း ရှိပြီး ဆွေသဟာအသုံးပြုသူ ၁၀ သန်းကျော်၊ ပုံမှန်အသုံးပြုသူ ၆ သန်းကျော် ပိုင်ဆိုင်ထားသော အော်ပရေတာ တစ်ခုဖြစ်သည်။
အဆင်ပြေပါစေ..
အူရီဒူး ရဲ့ သီတင်းကျွတ် ပရိုးမိုးရှင်း ဟာ အင်တာနက် အသုံးပြုသူတွေအတွက် အဆင်ပြေစေ
အူရီဒူး ( Ooredoo ) ကုမ္မဏီ ဟာ မကြာသေးခင်ကပဲ သီတင်းကျွတ်ကာလအတွက် ပရိုမိုးရှင်း အဖြစ် ၅၀ ရာခိုင်နှုန်း ငွေဖြည့် အပိုလက်ဆောင် အစီအစဉ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။
ထို အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ သုံးစွဲသူတွေရဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထို ၅၀ ရာခိုင်နှုန်း ငွေဖြည့် အပိုလက်ဆောင်ဟာ ၂၄ နာရီအတွင်းသာ သုံးစွဲခွင့်ရရှိမှာဖြစ်ပြီး အူရီဒူး အချင်းချင်း ဖုန်းခေါ်ဆိုမှု ၊ SMS ပေးပို့မှု နဲ့ အင်တာနက် အသုံးပြုမှုတို့ကိုသာ ရရှိနိုင်လို့ပါ။
ဒါကြောင့် သုံးစွဲသူတွေက ၂၄ နာရီ ဆိုတဲ့ အချိန်ကန့်သတ်မှု နဲ့ အူရီဒူးအချင်းချင်း ဆိုတဲ့ သတ်မှတ်ချက်တွေကို ထောက်ပြဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တစ်ကယ်တော့ ဒါဟာ ပရိုးမိုးရှင်းအနေနဲ့ အလကားပေးထားတာပါ။ ဥပမာ သင်ဟာ အူရီဒူးဖုန်းထဲကို ငွေ ၅၀၀၀ ဘေလ် ဖြည့်လိုက်တဲ့အခါမှာ ငွေ ၂၅၀၀ ကို အပိုလက်ဆောင်အဖြစ်ရရှိလာမှာပါ။ ထိုငွေ ၂၅၀၀ ဟာ အူရီဒူး အချင်းချင်း ဖုန်းပြောခြင်း နဲ့ SMS ပေးပို့ခြင်းကို ၂၄ နာရီအတွင်းသာ အသုံးပြုနိုင်တယ်ဆိုပေမယ့် အင်တာနက် လည်း အသုံးပြုနိုင်မှာပါ။
1MB ကို ၆ ကျပ်နှုန်းထားရှိတဲ့ အူရီဒူး ရဲ့ ဖလန်းဖလန်း အင်တာနက်ကို ၂၅၀၀ ကျပ်ဖိုးအထိ အခမဲ့ အသုံးပြုခွင့်ရသွားမှာပါ။ ဒါဟာ အခြား အော်ပရေတာ တွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာတော့ အူရီဒူးက သိသိသာသာ ထိုက်တန်သွားပါပြီ။ တယ်လီနော ရဲ့ Smart အင်တာနက်ဟာလည်း 1MB ကို ၆ ကျပ်နှုန်း ကျသင့်ပါတယ်။ MPT ရဲ့ ဆွေသဟာ အစီအစဉ်ဟာလည်း 1MB ကို ၆ ကျပ်ကျသင့်နေပါတယ်။ အူရီဒူးရဲ့ ဖလန်းဖလန်း အင်တာနက်ဟာလည်း 1MB ကို ၆ ကျပ်နှုန်းကျသင့်ပါတယ်။
ဖုန်းလိုင်း ၃ ခုလုံးရဲ့ အင်တာနက် မြန်နှုန်းတွေဟာလည်း မြန်နှုန်းမြင့် အစီအစဉ်တွေပါပဲ။ ဒါဆို ငွေကျပ် ၅၀၀၀ ဖိုး အင်တာနက် သုံးမယ်ဆိုရင် 833 MB ဆီအသုံးပြုခွင့်ရပါလိမ့်မယ်။ ဒါပေမယ့် အူရီဒူးကတော့ ၅၀ ရာခိုင်နှုန်းအပိုလက်ဆောင်ပေးထားတဲ့အတွက် 416 MB တိတိကို ၂၄ နာရီအတွင်း အသုံးပြုခွင့်ရသွားပြန်ပါတယ်။
ဒါကြောင့် အူရီဒူး ရဲ့ သီတင်းကျွတ် ပရိုမိုးရှင်းဟာ ဝေဖန်မှုတွေများနေခဲ့ပေမယ့်လည်း တစ်ကယ်တမ်းမှာတော့ အင်တာနက် အသုံးပြုမှု အပိုင်းမှာ သိသိသာသာ ထိုက်တန်နေတာကိုတွေ့ရပါတယ်။
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
တရုတ်နိုင်ငံ စမတ်ဖုန်းဈေးကွက်မှာ Xiaomi ကို Huawei ပထမဆုံးအကြိမ်ကျော်
စမတ်ဖုန်းတွေအပြင် Networking ပစ္စည်းတွေရောင်းတဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ Huawei ဟာ တရုတ်နိုင်ငံမှာ စမတ်ဖုန်းရောင်းအား အကောင်းဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ တတိယမြောက် သုံးလပတ်အတွင်းက ဖြစ်ခဲ့တာဖြစ်ပြီး Xiaomi ကိုကျော်သွားတာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
နှစ်အလိုက်ရောင်းအားမှာ Huawei က Xiaomi ကိုတောင် ကျော်လွန်ပြီး ရောင်းအားဟာ ရုတ်တရက် ၈၁ ရာခိုင်နှုန်း ထိုးတက်သွားခဲ့တာပဲဖြစ်တယ် လို့ Canalys သုတေသန ကုမ္ပဏီရဲ့ အချက်အလက်တွေအရ သိရပါတယ်။
Canalys သုတေသန ကုမ္ပဏီက ၂၀၁၅ခုနှစ် တတိယ သုံးလပတ်မှာ Huawei ရဲ့ ရောင်းအားကောင်းမှုကိုပဲ ဖော်ပြခဲ့တဲ့အတွက် Apple, Samsung နဲ့ တခြားဖုန်းတွေက ဘယ်အဆင့်မှာ ရပ်တည်ခဲ့တယ်ဆိုတာ မသိရပါဘူး။ Canalys က Huawei ရဲ့ ရောင်းအားကို Xiaomi နဲ့ပဲ ယှဉ်ပြခဲ့တာပါ။
Xiaomi အနေနဲ့ သူ့ရဲ့အိမ်ကွင်းဖြစ်တဲ့ တရုတ်နိုင်ငံမှာ လှည့်ကွက်လုပ်ခဲ့တဲ့ အချိန်လဲ ဖြစ်နိုင်ပါတယ်။ Samsung ကို၂၀၁၄ခုနှစ် တရုတ်နိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး ဖုန်း ဖြစ်လာစေဖို့ Xiaomi အနေနဲ့ ကူညီခဲ့တာလဲ ဖြစ်နိုင်တယ်လို့ Canalys သုတေသနကုမ္ပဏီက ယုံကြည်ထားပါတယ်။
Xiaomi ဟာ ၂၀၁၄ခုနှစ်မှာ တရုတ်နိုင်ငံအတွင်း ဖုန်းအလုံး ၆၁ သန်းကို ရောင်းချခဲ့ရပြီး ဒီနှစ်အတွက် သန်း ၈၀ ရောက်ချရဖို့ မျှော်မှန်းထားကြောင်းနဲ့ မျှော်မှန်းချက်ကို ရောက်ဖို့ ရုန်းကန်နေရကြောင်း သိရပါတယ်။ ဒါတောင်မှ နဂိုက သန်း ၁၀၀ ရောင်းဖို့ မျှော်မှန်းချက်ကို လျှော့ခဲ့တာပါ။
စမ်းစစ်ချက်တွေအရ Xiaomi ဖုန်းဟာ အကျဘက်ကိုရောက်နေတယ်လို့ Xiaomi ကနေ TechCruch ကိုပြောပြခဲ့ပါတယ်။
Subscribe to:
Posts (Atom)