Saturday, August 6, 2016
သိပ္လွပါတယ္ဆိုုတဲ့ မိန္းခေလးေတြမွာ ဘာလိုု႕ရည္းစားမရွိတာလဲ
သိပ္လွပါတယ္ဆိုုတဲ့ မိန္းခေလးေတြမွာ ဘာလိုု႕ရည္းစားမရွိတာလဲ
အမ်ိဳးသမီးတစ္ေယာက္က ဘယ္ေလာက္ထိ တန္ဖိုးရွိလဲ ဘယ္ေလာက္ထိ ၾကည္ညိဳေလးစားစရာေကာင္းသလဲဆိုတာကို သူ႕မွာ အိမ္ေထာင္ရွိမရွိ ရည္းစားရွိမရွိဆိုတဲ့အခ်က္နဲ႕ ဆံုးျဖတ္တတ္ပါတယ္။အဲ့ဒီအခ်က္ကို သက္ေသျပတဲ့အေတြးတစ္ခုကေတာ့ မိန္းကေလးတစ္ေယာက္ အရမ္းလွတယ္ဆိုရင္ သူ႕မွာ ရည္းစားရွိတယ္လို႕ ေတြးတတ္ၾကပါတယ္။အကယ္၍ သူ႔မွာ ရည္းစားမရွိဘူးဆိုရင္ သူက ဘာမ်ားခ်ိဳ႕ယြင္းေနတာလဲ သူက တြဲလို႕မရေလာက္ေအာင္ ခပ္ဆိုးဆိုးေကာင္မေလးလားဆိုျပီး ေတြးတတ္ၾကပါတယ္။လွပေခ်ာေမာထက္ျမက္တဲ့မိန္းကေလးတိုင္းမွာ ရည္းစားရွိတယ္ မရွိတဲ့မိန္းကေလးေတြက ခပ္ေၾကာင္ေၾကာင္ေတြပါ လို႕သိၾကတယ္။ရည္းစားတစ္ေယာက္ေတာင္မရွိဘူးဆိုရင္ သူက မလွလို႕ပါပဲ။ဒါေပမယ့္ သူက ရည္းစားမထားခ်င္လို႕ေရာ မျဖစ္နိုင္ဘူးလား။သူ႔အခ်ိန္ကို ေပးဖို႕ ထိုက္တန္တဲ့တစ္စံုတစ္ေယာက္ကို ရွာမေတြ႕လို႕ေရာ မျဖစ္နိုင္ဘူးလား။ခပ္လွလွမိန္းမတစ္ေယာက္က တစ္ေယာက္ထဲေနလို႕ မျဖစ္ဘူးလို႕မ်ား ေတြးေနၾကတာမ်ားလား။ထက္ျမက္လွပတဲ့အမ်ိဳးသမီးတစ္ဦးအေနနဲ႕ ရည္းစားမရွိ တစ္ကိုယ္တည္းအပ်ိဳၾကီးျဖစ္ေနတဲ့အေၾကာင္းက ပံုေသကားခ်အလုပ္ေတြကို မလုပ္ခ်င္ၾကလို႕ပါ။သူတို႕ဘဝကို တစ္ကိုယ္တည္းရုန္းကန္လႈပ္ရွားေနတာက ပိုျပီး လြယ္ကူေအာင္ျမင္ေနတာမို႕လို႕ပါ။ျပီးေတာ့ သူတို႕အခ်ိန္ေပးထိုက္တဲ့ သူတို႕အတြက္ သင့္ေတာ္တဲ့ အမ်ိဳးသားတစ္ဦးအတြက္ ေစာင့္ဆိုင္းေနၾကတာမို႕လို႕ပါ။ထက္ျမက္တဲ့အမ်ိဳးသမီးတစ္ဦးက သူတို႕ကိုယ္သူတို႕ထက္ အျခားဘယ္သူကမွ သူတို႕ကို မသိဘူးလို႕ေတြးထားၾကလို႕ပါ။သူတို႕ဘာေၾကာင့္ တစ္ေယာက္ထဲေနက်လဲဆိုတဲ့ အေၾကာင္းေတြကို ၾကည့္မယ္ဆိုရင္
***************************************************
၁။သူတို႕က ေယာက္က်ားေတြရဲ႕ ရည္မွန္းခ်က္ေတြကို မယံုၾကဘူး။
သူတို႕ေတြ႕ခဲ့တဲ့ေယာက္က်ားေတြအမ်ားစုက ခပ္ေၾကာင္ေၾကာင္ေတြ ျဖစ္ေနတတ္ပါတယ္။သူတို႕အတြက္ ထိုက္တန္တဲ့ တစ္စံုတစ္ေယာက္ရလာတာေတာင္မွ အတိတ္က အေတြ႕အၾကံဳဆိုးေတြေၾကာင့္ သူတို႕ရဲ႕ခ်စ္သူကို ယံုၾကည္နိုင္စြမ္းေလ်ာ့နည္းေနပါလိမ့္မယ္။အဲ့ဒီလို ထက္ျမက္လွပတဲ့မိန္းကေလးေတြအတြက္ သူတို႕ေရွ႕မွာ ရပ္တည္ျပီး သူတို႕မွီခိုအားထားရမယ့္ေယာက္က်ားဆိုတာ အေတာ္ရွာရခက္ေနပါလိမ့္မယ္။
၂။လူေတြက သူတို႕မွာ ခ်စ္သူရွိျပီးသားလို႕ ယူဆထားတာေၾကာင့္ပါ။
ခပ္မိုက္မိုက္အမ်ိဳးသားတစ္ေယာက္ကို မိန္းကေလးတစ္ေယာက္အေနနဲ႕ တြဲခ်င္စိတ္နည္းက်ပါလိမ့္မယ္။အဲ့ဒီအမ်ိဳးသားမွာ အတြဲရွိျပီးသားလို႕ ေတြးမိေနတာေၾကာင့္ပါ။ခပ္လွလွမိန္းမေတြလည္း အဲ့ဒီလိုပါပဲ။သူတို႕က လွတဲ့အတြက္ ရည္းစားရွိျပီးသားလို႕ေတြးတတ္ၾကတယ္။ရည္းစားရွိျပီးသားတစ္ေယာက္ကို ဘယ္သူက အခ်ိန္ေပးစကားေျပာက်မွာလဲ။
၃။သူတို႕လည္း တျခားသူေတြလို ကိုယ့္ကိုကိုယ္ ယံုၾကည္မႈနည္းေနက်လို႕ပါ။
သူတို႕က တစ္ေယာက္ထဲရပ္တည္နိုင္တယ္ဆိုတဲ့ ယံုၾကည္ခ်က္ရွိေပမယ့္ ပတ္ဝန္းက်င္ရဲ႕ အဆက္မျပတ္ တစ္ေယာက္ထဲဘာလို႕ေနတာလဲဆိုတဲ့ ေဝဖန္ခ်က္ကို မခံနိုင္ၾကပါဘူး။သူတို႕ရဲ႕ စိတ္ထဲမွာေတာ့ သူတို႕နားမွာ ေယာက္က်ားတစ္ေယာက္မရွိလည္း ျဖစ္တယ္လို႕ သိက်ေပမယ့္ ေန႕ေပါင္းမ်ားစြာ ပတ္ဝန္းက်င္က ေဝဖန္ခ်က္ကို ၾကားေနရေတာ့ ယံုၾကည္မႈေပ်ာက္ဆံုးသြားၾကပါလိမ့္မယ္။အလွဆံုးမိန္းမေတြဟာလည္း သူတို႕ကို သူတို႕ မလွဘူးလို႕ ေတြးတတ္ၾကပါတယ္။
၄။လူေတြက မမ်ွတတဲ့ ယူဆခ်က္ေတြ လုပ္က်လို႕ပါ။
လွတဲ့မိန္းမတစ္ေယာက္ဆိုတာနဲ႕ လူေတြက Sexကိစၥပဲ စဥ္းစားေနတတ္က်ပါတယ္။မယံုမရွိပါနဲ႕။ဒါအမွန္ပါ။အဲ့ဒီမိန္းကေလးရဲ႕ ခံစားခ်က္ေတြ အေတြးအေခၚေတြနဲ႕ ပတ္သတ္ျပီး စိတ္ဝင္စားမႈေလ်ာ့နည္းသြားက်ပါတယ္။မိန္းကေလးတစ္ေယာက္က ရုပ္လွရင္ အေတြးအေခၚညံ႕ဖ်င္းျပီး မိုက္မိုက္မဲမဲလုပ္တတ္က်တယ္လို႕ ေတြးၾကပါတယ္။မိန္းမလွတစ္ေယာက္က ကေလးတစ္ေယာက္ရဲ႕အသံနဲ႔စကားမေျပာတဲ့အခါ ဒါမွမဟုတ္ သူၾကိဳက္တဲ့ အေတြးအေခၚတစ္ခုအေၾကာင္းေျပာျပတဲ့အခါမွ အံ့ၾသသြားတတ္ၾကပါတယ္။ကံဆိုးရြားစြာနဲ႕ပဲ လွပျပီး ထက္ျမက္တဲ့အမ်ိဳးသမီးတိုင္းက အဲ့ဒီစိတ္ပ်က္ဖြယ္ထင္ျမင္ခံရခ်က္ေတြနဲ႕ ရင္ဆိုင္ေနရပါတယ္။
၅။သူတို႕ကို စကားလာေျပာရဲတဲ့ေယာက္က်ားေတြက ခပ္ေၾကာင္ေၾကာင္ေတြျဖစ္ေနလို႕ပါ။
ဒါရွင္းျပလို႔မရနိုင္တဲ့ ေရွးကတည္းက ျဖစ္လာတဲ့အရာပါ။သူတို႕ကို ယံုၾကည္မႈအျပည့္နဲ႕ ခ်ည္းကပ္တဲ့ေယာက္က်ားေတြဟာ သူတို႕ကို မပတ္သတ္သင့္တဲ့ သူေတြပါ။ခပ္ေၾကာင္ေၾကာင္အမိ်ဳးသားတခ်ိဳ႕က လွပျပီး ထက္ျမက္တဲ့မိန္းမေတြကို ခ်ည္းကပ္ေလ့ရွိပါတယ္။ထက္ျမက္တဲ့ေယာက္က်ားေတြကက်ေတာ့ ရည္းစားရွိေနတဲ့အတြက္ေၾကာင့္ သို႕မဟုတ္ ရွက္ရြံ႕ေနတဲ့အတြက္ေၾကာင့္ လွပထက္ျမက္တဲ့ မိန္းမတစ္ေယာက္ကို ခ်ည္းကပ္ခဲပါတယ္။
၆။လူေတြက မသိတဲ့အရာကို လန္႕ေနတတ္လို႕ပါ။
လွပတဲ့တိုင္းမိန္းမတိုင္းဟာ လူတိုင္းအတြက္ ေျဖရွင္းဖို႕ခက္ခဲတဲ့ ျပသာနာတစ္ရပ္ပါ။လူေတြက လွပတဲ့မိန္းမတစ္ေယာက္ကို တြဲရင္ သူတို႕ရဲ႕အသည္းအခြဲခံရလိမ့္မယ္လို႕ပဲေတြးေနက်တာပါ။လူေတြက မိန္းမတစ္ေယာက္လွတယ္ျပီးေတာ့ ရည္းစားမရွိဘူးဆိုရင္ကို တစ္ခုခုမွားေနျပီလို႕ေတြးေနတာပါ။
***************************************************
၇။သူတို႕က အေတာ္ေလးလႈပ္ရွားေနတတ္လို႕ပါ။
သူတို႕ပတ္ဝန္းက်င္ကလူေတြနဲ႕ မတူပဲ သူတို႕စိတ္ရွိတာကို သိျပီး အဲ့ဒီအတိုင္းေနဖို႕ ေၾကာက္ရြံ႕ထိတ္လန္႕ျခင္းမရွိတာပါ။လွပတဲ့Singleမိန္းကေလးေတြဟာ တစ္ေယာက္ထဲအျပင္ထြက္ဖို႕ ဒါမွမဟုတ္ သူတို႕ကို အိမ္မွာေစာင့္ေနတဲ့သူဘယ္သမွမရွိဘူးဆိုတာကိုေျပာျပဖို႕ သိပ္မေၾကာက္တတ္ၾကပါဘူး။သူတို႕အတြက္အဆင္မေျပတဲ့တစ္ေယာက္နဲ႕ တြဲေနျခင္းက သူတို႕နဲ႕အဆင္ေျပတဲ့တစ္ေယာက္ကို ေတြ႕ဖို႕ၾကန္႕ၾကာေစမယ္ဆိုတာကို သူတို႕သိပါတယ္။သူတို႕က အဆင္ေျပမယ့္တစ္ေယာက္ကိုေစာင့္ေနဖို႕ သိပ္မေၾကာက္လန္႕ၾကပါဘူး။
================================================
အလှဆုံးမိန်းကလေးတွေမှာ ဘာ့ကြောင့်ရည်းစားမရှိတာလဲ
အမျိုးသမီးတစ်ယောက်က ဘယ်လောက်ထိ တန်ဖိုးရှိလဲ ဘယ်လောက်ထိ ကြည်ညိုလေးစားစရာကောင်းသလဲဆိုတာကို သူ့မှာ အိမ်ထောင်ရှိမရှိ ရည်းစားရှိမရှိဆိုတဲ့အချက်နဲ့ ဆုံးဖြတ်တတ်ပါတယ်။အဲ့ဒီအချက်ကို သက်သေပြတဲ့အတွေးတစ်ခုကတော့ မိန်းကလေးတစ်ယောက် အရမ်းလှတယ်ဆိုရင် သူ့မှာ ရည်းစားရှိတယ်လို့ တွေးတတ်ကြပါတယ်။အကယ်၍ သူ့မှာ ရည်းစားမရှိဘူးဆိုရင် သူက ဘာများချို့ယွင်းနေတာလဲ သူက တွဲလို့မရလောက်အောင် ခပ်ဆိုးဆိုးကောင်မလေးလားဆိုပြီး တွေးတတ်ကြပါတယ်။လှပချောမောထက်မြက်တဲ့မိန်းကလေးတိုင်းမှာ ရည်းစားရှိတယ် မရှိတဲ့မိန်းကလေးတွေက ခပ်ကြောင်ကြောင်တွေပါ လို့သိကြတယ်။ရည်းစားတစ်ယောက်တောင်မရှိဘူးဆိုရင် သူက မလှလို့ပါပဲ။ဒါပေမယ့် သူက ရည်းစားမထားချင်လို့ရော မဖြစ်နိုင်ဘူးလား။သူ့အချိန်ကို ပေးဖို့ ထိုက်တန်တဲ့တစ်စုံတစ်ယောက်ကို ရှာမတွေ့လို့ရော မဖြစ်နိုင်ဘူးလား။ခပ်လှလှမိန်းမတစ်ယောက်က တစ်ယောက်ထဲနေလို့ မဖြစ်ဘူးလို့များ တွေးနေကြတာများလား။ထက်မြက်လှပတဲ့အမျိုးသမီးတစ်ဦးအနေနဲ့ ရည်းစားမရှိ တစ်ကိုယ်တည်းအပျိုကြီးဖြစ်နေတဲ့အကြောင်းက ပုံသေကားချအလုပ်တွေကို မလုပ်ချင်ကြလို့ပါ။သူတို့ဘဝကို တစ်ကိုယ်တည်းရုန်းကန်လှုပ်ရှားနေတာက ပိုပြီး လွယ်ကူအောင်မြင်နေတာမို့လို့ပါ။ပြီးတော့ သူတို့အချိန်ပေးထိုက်တဲ့ သူတို့အတွက် သင့်တော်တဲ့ အမျိုးသားတစ်ဦးအတွက် စောင့်ဆိုင်းနေကြတာမို့လို့ပါ။ထက်မြက်တဲ့အမျိုးသမီးတစ်ဦးက သူတို့ကိုယ်သူတို့ထက် အခြားဘယ်သူကမှ သူတို့ကို မသိဘူးလို့တွေးထားကြလို့ပါ။သူတို့ဘာကြောင့် တစ်ယောက်ထဲနေကျလဲဆိုတဲ့ အကြောင်းတွေကို ကြည့်မယ်ဆိုရင်
၁။သူတို့က ယောက်ကျားတွေရဲ့ ရည်မှန်းချက်တွေကို မယုံကြဘူး။
သူတို့တွေ့ခဲ့တဲ့ယောက်ကျားတွေအများစုက ခပ်ကြောင်ကြောင်တွေ ဖြစ်နေတတ်ပါတယ်။သူတို့အတွက် ထိုက်တန်တဲ့ တစ်စုံတစ်ယောက်ရလာတာတောင်မှ အတိတ်က အတွေ့အကြုံဆိုးတွေကြောင့် သူတို့ရဲ့ချစ်သူကို ယုံကြည်နိုင်စွမ်းလျော့နည်းနေပါလိမ့်မယ်။အဲ့ဒီလို ထက်မြက်လှပတဲ့မိန်းကလေးတွေအတွက် သူတို့ရှေ့မှာ ရပ်တည်ပြီး သူတို့မှီခိုအားထားရမယ့်ယောက်ကျားဆိုတာ အတော်ရှာရခက်နေပါလိမ့်မယ်။
၂။လူတွေက သူတို့မှာ ချစ်သူရှိပြီးသားလို့ ယူဆထားတာကြောင့်ပါ။
ခပ်မိုက်မိုက်အမျိုးသားတစ်ယောက်ကို မိန်းကလေးတစ်ယောက်အနေနဲ့ တွဲချင်စိတ်နည်းကျပါလိမ့်မယ်။အဲ့ဒီအမျိုးသားမှာ အတွဲရှိပြီးသားလို့ တွေးမိနေတာကြောင့်ပါ။ခပ်လှလှမိန်းမတွေလည်း အဲ့ဒီလိုပါပဲ။သူတို့က လှတဲ့အတွက် ရည်းစားရှိပြီးသားလို့တွေးတတ်ကြတယ်။ရည်းစားရှိပြီးသားတစ်ယောက်ကို ဘယ်သူက အချိန်ပေးစကားပြောကျမှာလဲ။
၃။သူတို့လည်း တခြားသူတွေလို ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းနေကျလို့ပါ။
သူတို့က တစ်ယောက်ထဲရပ်တည်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိပေမယ့် ပတ်ဝန်းကျင်ရဲ့ အဆက်မပြတ် တစ်ယောက်ထဲဘာလို့နေတာလဲဆိုတဲ့ ဝေဖန်ချက်ကို မခံနိုင်ကြပါဘူး။သူတို့ရဲ့ စိတ်ထဲမှာတော့ သူတို့နားမှာ ယောက်ကျားတစ်ယောက်မရှိလည်း ဖြစ်တယ်လို့ သိကျပေမယ့် နေ့ပေါင်းများစွာ ပတ်ဝန်းကျင်က ဝေဖန်ချက်ကို ကြားနေရတော့ ယုံကြည်မှုပျောက်ဆုံးသွားကြပါလိမ့်မယ်။အလှဆုံးမိန်းမတွေဟာလည်း သူတို့ကို သူတို့ မလှဘူးလို့ တွေးတတ်ကြပါတယ်။
၄။လူတွေက မမျှတတဲ့ ယူဆချက်တွေ လုပ်ကျလို့ပါ။
လှတဲ့မိန်းမတစ်ယောက်ဆိုတာနဲ့ လူတွေက Sexကိစ္စပဲ စဉ်းစားနေတတ်ကျပါတယ်။မယုံမရှိပါနဲ့။ဒါအမှန်ပါ။အဲ့ဒီမိန်းကလေးရဲ့ ခံစားချက်တွေ အတွေးအခေါ်တွေနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားမှုလျော့နည်းသွားကျပါတယ်။မိန်းကလေးတစ်ယောက်က ရုပ်လှရင် အတွေးအခေါ်ညံ့ဖျင်းပြီး မိုက်မိုက်မဲမဲလုပ်တတ်ကျတယ်လို့ တွေးကြပါတယ်။မိန်းမလှတစ်ယောက်က ကလေးတစ်ယောက်ရဲ့အသံနဲ့စကားမပြောတဲ့အခါ ဒါမှမဟုတ် သူကြိုက်တဲ့ အတွေးအခေါ်တစ်ခုအကြောင်းပြောပြတဲ့အခါမှ အံ့ဩသွားတတ်ကြပါတယ်။ကံဆိုးရွားစွာနဲ့ပဲ လှပပြီး ထက်မြက်တဲ့အမျိုးသမီးတိုင်းက အဲ့ဒီစိတ်ပျက်ဖွယ်ထင်မြင်ခံရချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
၅။သူတို့ကို စကားလာပြောရဲတဲ့ယောက်ကျားတွေက ခပ်ကြောင်ကြောင်တွေဖြစ်နေလို့ပါ။
ဒါရှင်းပြလို့မရနိုင်တဲ့ ရှေးကတည်းက ဖြစ်လာတဲ့အရာပါ။သူတို့ကို ယုံကြည်မှုအပြည့်နဲ့ ချည်းကပ်တဲ့ယောက်ကျားတွေဟာ သူတို့ကို မပတ်သတ်သင့်တဲ့ သူတွေပါ။ခပ်ကြောင်ကြောင်အမျိုးသားတချို့က လှပပြီး ထက်မြက်တဲ့မိန်းမတွေကို ချည်းကပ်လေ့ရှိပါတယ်။ထက်မြက်တဲ့ယောက်ကျားတွေကကျတော့ ရည်းစားရှိနေတဲ့အတွက်ကြောင့် သို့မဟုတ် ရှက်ရွံ့နေတဲ့အတွက်ကြောင့် လှပထက်မြက်တဲ့ မိန်းမတစ်ယောက်ကို ချည်းကပ်ခဲပါတယ်။
၆။လူတွေက မသိတဲ့အရာကို လန့်နေတတ်လို့ပါ။
လှပတဲ့တိုင်းမိန်းမတိုင်းဟာ လူတိုင်းအတွက် ဖြေရှင်းဖို့ခက်ခဲတဲ့ ပြသာနာတစ်ရပ်ပါ။လူတွေက လှပတဲ့မိန်းမတစ်ယောက်ကို တွဲရင် သူတို့ရဲ့အသည်းအခွဲခံရလိမ့်မယ်လို့ပဲတွေးနေကျတာပါ။လူတွေက မိန်းမတစ်ယောက်လှတယ်ပြီးတော့ ရည်းစားမရှိဘူးဆိုရင်ကို တစ်ခုခုမှားနေပြီလို့တွေးနေတာပါ။
၇။သူတို့က အတော်လေးလှုပ်ရှားနေတတ်လို့ပါ။
သူတို့ပတ်ဝန်းကျင်ကလူတွေနဲ့ မတူပဲ သူတို့စိတ်ရှိတာကို သိပြီး အဲ့ဒီအတိုင်းနေဖို့ ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိတာပါ။လှပတဲ့Singleမိန်းကလေးတွေဟာ တစ်ယောက်ထဲအပြင်ထွက်ဖို့ ဒါမှမဟုတ် သူတို့ကို အိမ်မှာစောင့်နေတဲ့သူဘယ်သမှမရှိဘူးဆိုတာကိုပြောပြဖို့ သိပ်မကြောက်တတ်ကြပါဘူး။သူတို့အတွက်အဆင်မပြေတဲ့တစ်ယောက်နဲ့ တွဲနေခြင်းက သူတို့နဲ့အဆင်ပြေတဲ့တစ်ယောက်ကို တွေ့ဖို့ကြန့်ကြာစေမယ်ဆိုတာကို သူတို့သိပါတယ်။သူတို့က အဆင်ပြေမယ့်တစ်ယောက်ကိုစောင့်နေဖို့ သိပ်မကြောက်လန့်ကြပါဘူး။
Everyone has their own weakness and it shouldnot be your reason of victory.
ဥာဏ္ရည္တိုုးဖိုု႕ ေလ့က်င့္ယူမယ္
ဥာဏ္ရည္တိုုးဖိုု႕ ေလ့က်င့္ယူမယ္
ထူးခၽြန္ထက္ျမက္သူတစ္ေယာက္ျဖစ္ခ်င္ပါသလား ? ကၽြန္ေတာ္တို႔ရဲ႕ဉာဏ္ရည္ဉာဏ္ေသြးဟာ ေမြးဖြားလာရကေန အခုအခ်ိန္အထိ တသမတ္ထဲရွိေနတာ မဟုတ္ပါဘူး။ ေလ့လာသင္ယူမႈ အသစ္ေတြကို လုပ္ေဆာင္ျခင္းအားျဖင့္ ဦးေႏွာက္ရဲ႕လုပ္ငန္းေဆာင္တာေတြကို ပိုမိုေကာင္းမြန္ေစၿပီး ဉာဏ္ရည္ဉာဏ္ေသြးကို ထူးခၽြန္ထက္ျမက္လာေအာင္ ေလ့က်င့္ယူလို႔ ရပါတယ္။ သင့္ရဲ႕ဉာဏ္ရည္ကို တိုးတက္ေစၿပီး ထူးခၽြန္ထက္ျမက္လာေစမယ့္ နည္းလမ္း(၇)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ဂီတတူရိယာတစ္ခုခု တီးမႈတ္ပါ
တူရိယာတစ္ခုခုကို တီးမႈတ္ျခင္းအားျဖင့္ သင့္ရဲ႕ ဆန္းသစ္တီထြင္ႏိုင္စြမ္း၊ က်ိဳးေၾကာင္းဆက္စပ္ေတြးေခၚႏိုင္စြမ္း၊ ဘာသာစကား၊ သခ်ၤာစြမ္းရည္နဲ႔ ၾကြက္သားငယ္ဖြံ႕ၿဖိဳးမႈတိုးကို အေထာက္အကူျဖစ္ေစပါတယ္။ ဂီတတူရီယာေတြ တီးမႈတ္ေနခ်ိန္မွာ ဦးေႏွာက္အတြင္း မွတ္ဉာဏ္ဆိုင္ရာ ဆက္သြယ္မႈအသစ္ေတြ ျဖစ္ေပၚလာတ့ဲအတြက္ အသက္အရြယ္ဘယ္ေလာက္ပဲ ႀကီးႀကီး မွတ္ဉာဏ္စြမ္းရည္၊ ျပႆနာေျဖရွင္းႏိုင္စြမ္းနဲ႔ ဦးေႏွာက္ရဲ႕ စြမ္းရည္းေတြ အျမဲတိုးတက္ေကာင္းမြန္ေနေစမွာျဖစ္ပါတယ္။
***************************************************
၂။ စာမ်ားမ်ားဖတ္ပါ။
၀တၳဳ၊ ေဆာင္းပါး၊ သတင္းစသျဖင့္ ဘယ္လိုစာအမ်ိဳးအစားပဲျဖစ္ျဖစ္ စာမ်ားမ်ားဖတ္လို႔ ရရွိမယ့္ အက်ိဳးေက်းဇူးကေတာ့ အတူတူပါပဲ။ စာဖတ္ျခင္းဟာ စိတ္ဖိစီးမႈကို ေလ်ာ့ပါးသက္သာေစႏိုင္သလို ဉာဏ္ရည္ဉာဏ္ေသြးကိုလည္း တိုးတက္ေစပါတယ္။ ျပႆနာေျဖရွင္းႏိုင္စြမ္းကို တိုးတက္လာေစႏိုင္ၿပီး ေန႔စဥ္ဘ၀ရဲ႕စိန္ေခၚမႈေတြကို ရင္ဆိုင္ေျဖရွင္းလာႏိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ အျခားသူေတြရဲ႕ခံစားခ်က္ေတြကို ေ၀မွ်ခံစားတတ္လာေစပါတယ္။ လုပ္ငန္းခြင္အတြင္းမွာလည္း အလုပ္ကို ပိုၿပီးထိထိေရာက္ေရာက္လုပ္ေဆာင္လာႏိုင္ၿပီး စီမံခန္႔ခြဲမႈစြမ္းရည္ ပိုေကာင္းလာမွာျဖစ္ပါတယ္။
၃။ ပုံမွန္ေလ့က်င့္ခန္း လုပ္ေဆာင္ပါ။
ပုံမွန္ေလ့က်င့္ခန္းလုပ္ေဆာင္တာက အျပင္းအထန္ေလ့က်င့္ခန္းေတြ လုပ္ေဆာင္တာထက္ ပိုထိေရာက္ပါတယ္။ ေလ့က်င့္ခန္းလုပ္ေဆာင္ေနခ်ိန္မွာ သင့္ရဲ႕မွတ္ဉာဏ္၊ ေလ့လာသင္ယူႏိုင္စြမ္း၊ အာ႐ုံစူးစိုက္ႏိုင္စြမ္းနဲ႔ နားလည္သေဘာေပါက္ႏိုင္စြမ္းေတြကို အေထာက္အကူျဖစ္ေစတ့ဲ ပ႐ိုတင္းဓာတ္တစ္မ်ိဳးကို ခႏၶာကိုယ္က ထုတ္လုပ္ေပးပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ဉာဏ္ရည္ဉာဏ္ေသြးကို ခူးခၽြန္ထက္ျမက္လာေစမွာျဖစ္ပါတယ္။ ကိုယ္လက္လႈပ္ရွားမႈမရွိပဲ အထိုင္မ်ားမယ္ဆိုရင္ေတာ့ ေျပာင္းျပန္သက္ေရာက္မႈျဖစ္ၿပီး ဦးေႏွာက္ရဲ႕စြမ္းရည္ေတြကို ယုတ္ေလ်ာ့သြားေစႏိုင္ပါတယ္။
၄။ ဘာသာစကားအသစ္တစ္ခု သင္ယူပါ။
ဘာသာစကားႏွစ္ခုေျပာတတ္သူေတြက တစ္ခုတည္းေျပာတတ္သူေတြထက္ ဉာဏ္စမ္းပေဟဠိေတြ ပိုေျဖႏိုင္တာကို ေလ့လာေတြ႕ရွိခ့ဲပါဆယ္။ ဒါ့ေၾကာင့္ ဉာဏ္ရည္တိုးတက္လာဖို႔အတြက္ ဉာဏ္စမ္းေတြေျဖရွင္းတာထက္ ေနာက္ထပ္ဘာသာစကား အသစ္တစ္ခုကို သင္ယူလိုက္ပါ။ ဘာသာစကားအသစ္ေတြ ေလ့လာသင္ယူျခင္းအားျဖင့္ ျပႆနာေျဖရွင္းႏိုင္စြမ္းနဲ႔ စီစဥ္ေရးဆြဲႏိုင္စြမ္းေတြလိုမ်ိဳး ေခါင္းသံုးရတဲ့စြမ္း႐ည္ေတြ ထူးခၽြန္လာမွာျဖစ္ပါတယ္။ ဒါ့အျပင္ ဘာသာစကား အနည္းဆုံးႏွစ္ခုေလာက္ေျပာတတ္တာက ပတ္၀န္းက်င္ကို ခံစားသိရွိႏိုင္စြမ္းလည္း တိုးတက္လာေစႏိုင္ပါတယ္။
၅။ အထပ္ထပ္ေလ့လာသင္ယူပါ။
စာေမးပြဲနီးလာတ့ဲအခါမွာ ေက်ာင္းသားအမ်ားစုက စာေတြအားလုံးကို စုၿပံဳက်က္မွတ္ၿပီး ေျဖေလ့ရွိပါတယ္။ စာေမးပြဲမွာအဆင္ေျပသြားေပမယ့္ သိပ္မၾကာခင္မွာပဲ က်က္ထားသမွ်ေတြအားလုံး ေမ့သြားတတ္ၾကပါတယ္။ ဒီလိုပါပဲ ကၽြန္ေတာ္ေန႔စဥ္ဘ၀မွာ သင္ယူေလ့လာခ့ဲသမွ်ထဲက အခ်ိဳ႕အရာေတြကိုေမ့ေပ်ာက္သြားရာတာဟာ အထပ္ထပ္ေလ့လာမႈ မရွိလို႔ပဲ ျဖစ္ပါတယ္။ ဘာသာစကားအသစ္တစ္ကို သင္ယူျခင္းက မွတ္ဉာဏ္ကို တိုးတက္ေစႏိုင္တယ္လို႔ ဆိုခ့ဲပါတယ္။ ဒါဟာဘာေၾကာင့္လဲဆိုရင္ ဘာသာစကားအသစ္အတြက္ ေ၀ါဟာရအသစ္ေတြ၊ သဒါၵတည္ေဆာက္ပုံေတြကို ထပ္ခါထပ္ခါေလ့လာမွတ္သားေနရတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေန႔စဥ္လႈပ္ရွားသြားလာရင္းနဲ႔ ေလ့လာမွတ္သားစရာေတြကို အထပ္ထပ္ေလ့လာမွတ္သားတတ္ေအာင့္ ေလ့က်င့္ပါ။ ဒီအေလ့အက်င့္ကလည္း သင္ယူမွတ္သားထားသမွ်ေတြကို အျမဲမွတ္မိေနေစၿပီး ဉာဏ္ရည္ကိုလည္း ထက္ျမက္လာေစမွာျဖစ္ပါတယ္။
၆။ ဦးေႏွာက္ကို ေလ့က်င့္ေပးပါ။
ဆူဒိုကုေတြ၊ ဉာဏ္စမ္းေတြ၊ စကားထာေတြ၊ ကဒ္ဂိမ္းေတြ စသျဖင့္ ကစားၿပီး ဦးေႏွာက္ကိုေလ့က်င့္ေပးျခင္းက သင့္ဉာဏ္ရည္ကို တိုးတက္လာေစမွာျဖစ္ပါတယ္။ ဒီလို ဦးေႏွာက္ကို ေလ့က်င့္ေပးျခင္းအားျဖင့္ အေရးကိစၥတစ္ခုကို မတူညီတဲ့အျမင္႐ႈေထာင့္အမ်ိဳးမ်ိဳးကေန ဆင္ျခင္သုံးသပ္လာႏိုင္ၿပီး အျပဳအမူနဲ႔ စိတ္ခံစားခ်က္ေတြကို အက်ိဳးအေၾကာင္းဆက္စပ္ေတြးေခၚလာႏိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ စိုးရိမ္ေၾကာင့္က်မႈေတြ ေလ်ာ့ပါးသက္သာၿပီး ေလ့လာသင္ယူမႈ ျမန္ဆန္လာမွာျဖစ္ပါတယ္။
***************************************************
၇။ တရား႐ႈမွတ္ပါ။
တရားထိုင္ျခင္းဟာ ေအာင္ျမင္သူေတြရဲ႕အေလ့အက်င့္တစ္ခုျဖစ္လာေနပါၿပီ။ တရားထိုင္ေနခ်ိန္မွာ ကၽြန္ေတာ္တို႔႐ဲ႕ ဦးေႏွာက္လႈိင္းေတြကို ထိန္းခ်ဳပ္ထားႏိုင္ၿပီး ခံစားသက္၀င္ခ်င္တ့ဲအရာကို ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ ခံစားႏိုင္မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေစ့စပ္ညိွႏိႈင္းမႈေတြကို စြမ္းအားအျပည့္နဲ႔ လုပ္ေဆာင္ႏိုင္မွာျဖစ္သလို မိမိကိုယ္ကို ယုံၾကည္မႈနဲ႔ အျခားသူေတြကို ယုံၾကည္လာေအာင္ လုပ္ေဆာင္ႏိုင္စြမ္းေတြ ေကာင္းလာမွာျဖစ္ပါတယ္။
အခုေဖာ္ျပခဲ့တဲ့ နည္းလမ္းေတြနဲ႔ သင့္ရဲ႕ဉာဏ္ရည္ဉာဏ္ေသြးကို တိုးတက္လာေအာင္ သင္ကိုယ္တိုင္ လုပ္ေဆာင္ႏိုင္ပါတယ္။ ထူးခၽြန္ထက္ျမက္လာေအာင္ ေလ့က်င့္ျခင္းအာျဖသင့္ အားသားခ်က္ေတြကို ပိုထူးျခားလာေစၿပီး အားနည္းခ်က္ေတြကို ျပင္ဆင္တိုးတက္လာေစမွာျဖစ္ပါတယ္။
================================================
ထူးချွန်ထက်မြက်ဖို့ နည်းလမ်း (၇)ခု
ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်ချင်ပါသလား ? ကျွန်တော်တို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးဟာ မွေးဖွားလာရကနေ အခုအချိန်အထိ တသမတ်ထဲရှိနေတာ မဟုတ်ပါဘူး။ လေ့လာသင်ယူမှု အသစ်တွေကို လုပ်ဆောင်ခြင်းအားဖြင့် ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်စေပြီး ဉာဏ်ရည်ဉာဏ်သွေးကို ထူးချွန်ထက်မြက်လာအောင် လေ့ကျင့်ယူလို့ ရပါတယ်။ သင့်ရဲ့ဉာဏ်ရည်ကို တိုးတက်စေပြီး ထူးချွန်ထက်မြက်လာစေမယ့် နည်းလမ်း(၇)ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဂီတတူရိယာတစ်ခုခု တီးမှုတ်ပါ
တူရိယာတစ်ခုခုကို တီးမှုတ်ခြင်းအားဖြင့် သင့်ရဲ့ ဆန်းသစ်တီထွင်နိုင်စွမ်း၊ ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်စွမ်း၊ ဘာသာစကား၊ သင်္ချာစွမ်းရည်နဲ့ ကြွက်သားငယ်ဖွံ့ဖြိုးမှုတိုးကို အထောက်အကူဖြစ်စေပါတယ်။ ဂီတတူရီယာတွေ တီးမှုတ်နေချိန်မှာ ဦးနှောက်အတွင်း မှတ်ဉာဏ်ဆိုင်ရာ ဆက်သွယ်မှုအသစ်တွေ ဖြစ်ပေါ်လာတဲ့အတွက် အသက်အရွယ်ဘယ်လောက်ပဲ ကြီးကြီး မှတ်ဉာဏ်စွမ်းရည်၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ ဦးနှောက်ရဲ့ စွမ်းရည်းတွေ အမြဲတိုးတက်ကောင်းမွန်နေစေမှာဖြစ်ပါတယ်။
၂။ စာများများဖတ်ပါ။
ဝတ္ထု၊ ဆောင်းပါး၊ သတင်းစသဖြင့် ဘယ်လိုစာအမျိုးအစားပဲဖြစ်ဖြစ် စာများများဖတ်လို့ ရရှိမယ့် အကျိုးကျေးဇူးကတော့ အတူတူပါပဲ။ စာဖတ်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေနိုင်သလို ဉာဏ်ရည်ဉာဏ်သွေးကိုလည်း တိုးတက်စေပါတယ်။ ပြဿနာဖြေရှင်းနိုင်စွမ်းကို တိုးတက်လာစေနိုင်ပြီး နေ့စဉ်ဘဝရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းလာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အခြားသူတွေရဲ့ခံစားချက်တွေကို ဝေမျှခံစားတတ်လာစေပါတယ်။ လုပ်ငန်းခွင်အတွင်းမှာလည်း အလုပ်ကို ပိုပြီးထိထိရောက်ရောက်လုပ်ဆောင်လာနိုင်ပြီး စီမံခန့်ခွဲမှုစွမ်းရည် ပိုကောင်းလာမှာဖြစ်ပါတယ်။
၃။ ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်ပါ။
ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်တာက အပြင်းအထန်လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာထက် ပိုထိရောက်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်နေချိန်မှာ သင့်ရဲ့မှတ်ဉာဏ်၊ လေ့လာသင်ယူနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ နားလည်သဘောပေါက်နိုင်စွမ်းတွေကို အထောက်အကူဖြစ်စေတဲ့ ပရိုတင်းဓာတ်တစ်မျိုးကို ခန္ဓာကိုယ်က ထုတ်လုပ်ပေးပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ဉာဏ်ရည်ဉာဏ်သွေးကို ခူးချွန်ထက်မြက်လာစေမှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိပဲ အထိုင်များမယ်ဆိုရင်တော့ ပြောင်းပြန်သက်ရောက်မှုဖြစ်ပြီး ဦးနှောက်ရဲ့စွမ်းရည်တွေကို ယုတ်လျော့သွားစေနိုင်ပါတယ်။
၄။ ဘာသာစကားအသစ်တစ်ခု သင်ယူပါ။
ဘာသာစကားနှစ်ခုပြောတတ်သူတွေက တစ်ခုတည်းပြောတတ်သူတွေထက် ဉာဏ်စမ်းပဟေဠိတွေ ပိုဖြေနိုင်တာကို လေ့လာတွေ့ရှိခဲ့ပါဆယ်။ ဒါ့ကြောင့် ဉာဏ်ရည်တိုးတက်လာဖို့အတွက် ဉာဏ်စမ်းတွေဖြေရှင်းတာထက် နောက်ထပ်ဘာသာစကား အသစ်တစ်ခုကို သင်ယူလိုက်ပါ။ ဘာသာစကားအသစ်တွေ လေ့လာသင်ယူခြင်းအားဖြင့် ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ စီစဉ်ရေးဆွဲနိုင်စွမ်းတွေလိုမျိုး ခေါင်းသုံးရတဲ့စွမ်းရည်တွေ ထူးချွန်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘာသာစကား အနည်းဆုံးနှစ်ခုလောက်ပြောတတ်တာက ပတ်ဝန်းကျင်ကို ခံစားသိရှိနိုင်စွမ်းလည်း တိုးတက်လာစေနိုင်ပါတယ်။
၅။ အထပ်ထပ်လေ့လာသင်ယူပါ။
စာမေးပွဲနီးလာတဲ့အခါမှာ ကျောင်းသားအများစုက စာတွေအားလုံးကို စုပြုံကျက်မှတ်ပြီး ဖြေလေ့ရှိပါတယ်။ စာမေးပွဲမှာအဆင်ပြေသွားပေမယ့် သိပ်မကြာခင်မှာပဲ ကျက်ထားသမျှတွေအားလုံး မေ့သွားတတ်ကြပါတယ်။ ဒီလိုပါပဲ ကျွန်တော်နေ့စဉ်ဘဝမှာ သင်ယူလေ့လာခဲ့သမျှထဲက အချို့အရာတွေကိုမေ့ပျောက်သွားရာတာဟာ အထပ်ထပ်လေ့လာမှု မရှိလို့ပဲ ဖြစ်ပါတယ်။ ဘာသာစကားအသစ်တစ်ကို သင်ယူခြင်းက မှတ်ဉာဏ်ကို တိုးတက်စေနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုရင် ဘာသာစကားအသစ်အတွက် ဝေါဟာရအသစ်တွေ၊ သဒ္ဒါတည်ဆောက်ပုံတွေကို ထပ်ခါထပ်ခါလေ့လာမှတ်သားနေရတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် နေ့စဉ်လှုပ်ရှားသွားလာရင်းနဲ့ လေ့လာမှတ်သားစရာတွေကို အထပ်ထပ်လေ့လာမှတ်သားတတ်အောင့် လေ့ကျင့်ပါ။ ဒီအလေ့အကျင့်ကလည်း သင်ယူမှတ်သားထားသမျှတွေကို အမြဲမှတ်မိနေစေပြီး ဉာဏ်ရည်ကိုလည်း ထက်မြက်လာစေမှာဖြစ်ပါတယ်။
၆။ ဦးနှောက်ကို လေ့ကျင့်ပေးပါ။
ဆူဒိုကုတွေ၊ ဉာဏ်စမ်းတွေ၊ စကားထာတွေ၊ ကဒ်ဂိမ်းတွေ စသဖြင့် ကစားပြီး ဦးနှောက်ကိုလေ့ကျင့်ပေးခြင်းက သင့်ဉာဏ်ရည်ကို တိုးတက်လာစေမှာဖြစ်ပါတယ်။ ဒီလို ဦးနှောက်ကို လေ့ကျင့်ပေးခြင်းအားဖြင့် အရေးကိစ္စတစ်ခုကို မတူညီတဲ့အမြင်ရှုထောင့်အမျိုးမျိုးကနေ ဆင်ခြင်သုံးသပ်လာနိုင်ပြီး အပြုအမူနဲ့ စိတ်ခံစားချက်တွေကို အကျိုးအကြောင်းဆက်စပ်တွေးခေါ်လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် စိုးရိမ်ကြောင့်ကျမှုတွေ လျော့ပါးသက်သာပြီး လေ့လာသင်ယူမှု မြန်ဆန်လာမှာဖြစ်ပါတယ်။
၇။ တရားရှုမှတ်ပါ။
တရားထိုင်ခြင်းဟာ အောင်မြင်သူတွေရဲ့အလေ့အကျင့်တစ်ခုဖြစ်လာနေပါပြီ။ တရားထိုင်နေချိန်မှာ ကျွန်တော်တို့ရဲ့ ဦးနှောက်လှိုင်းတွေကို ထိန်းချုပ်ထားနိုင်ပြီး ခံစားသက်ဝင်ချင်တဲ့အရာကို ဘယ်အချိန်မှာပဲဖြစ်ဖြစ် ခံစားနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် စေ့စပ်ညှိနှိုင်းမှုတွေကို စွမ်းအားအပြည့်နဲ့ လုပ်ဆောင်နိုင်မှာဖြစ်သလို မိမိကိုယ်ကို ယုံကြည်မှုနဲ့ အခြားသူတွေကို ယုံကြည်လာအောင် လုပ်ဆောင်နိုင်စွမ်းတွေ ကောင်းလာမှာဖြစ်ပါတယ်။
အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေနဲ့ သင့်ရဲ့ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်လာအောင် သင်ကိုယ်တိုင် လုပ်ဆောင်နိုင်ပါတယ်။ ထူးချွန်ထက်မြက်လာအောင် လေ့ကျင့်ခြင်းအာဖြသင့် အားသားချက်တွေကို ပိုထူးခြားလာစေပြီး အားနည်းချက်တွေကို ပြင်ဆင်တိုးတက်လာစေမှာဖြစ်ပါတယ်။
ေအာင္ျမင္မႈရဲ႕ အဓိပၺါယ္
ေအာင္ျမင္မႈရဲ႕ အဓိပၺါယ္
လူတိုင္းမွာ ဘ၀ေအာင္ျမင္မႈနဲ႔ပတ္သက္ၿပီး မတူကြဲျပားတဲ့ အယူအဆေတြရွိတတ္ၾကပါတယ္။ ေအာင္ျမင္မႈကို ဘယ္လိုပဲ အဓိပၸါယ္ဖြင့္ဆိုသည္ျဖစ္ေစ ေအာင္ျမင္မႈကို အဆံုးအျဖတ္ေပးဖို႔ကေတာ့ နည္းလမ္းတစ္ခုပဲ ရွိပါတယ္။ ဒီနည္းလမ္းကေတာ့ ေမးခြန္းတစ္ခုကို ေျဖၾကည့္ဖိုပါပဲ။
ငါ ဘယ္ေလာက္ ေပ်ာ္ရႊင္ရသလဲ ?
ထူးထူးျခားျခားေအာင္ျမင္လာတဲ့ စြန္႔ဦးလုပ္ငန္းရွင္အမ်ားစုဟာ သူတို႔လုပ္ငန္းေအာင္ျမင္ဖို႔အတြက္ နာရီေပါင္းမ်ားစြာ အလုပ္လုပ္တတ္ၾကၿပီး အာ႐ုံစူးစိုက္မႈလည္း သူမတူေအာင္ ရွိတတ္ၾကပါတယ္။ ဒီလို လုပ္ေဆာင္ရင္းနဲ႔ သူတို႔ရဲ႕ လူမႈေရးနဲ႔ မိသားစုဘ၀မွာ ထိခိုက္မႈေတြ ရွိလာတတ္ပါတယ္။
***************************************************
ဒီလိုထိခိုက္မႈက မွ်တမႈရွိလား၊ မရွိဘူးလားဆိုတာက အဓိကမက်ပါဘူး။ လုပ္ငန္းအတြက္ႀကိဳးစားေနခ်ိန္မွာ လူမႈေရးနဲ႔ မိသားစုေရးမွာ ထိခိုက္မႈေတြက ေရွာင္လႊဲလို႔မရႏိုင္ပါဘူး။ ေငြေၾကးအေျမာက္အမ်ားရွာေဖြႏိုင္ေပမယ့္ ေပ်ာ္ရႊင္မႈမရွိဘူးဆိုရင္ နည္းလမ္းမက်ေသးပါဘူး။ လုပ္ငန္းေအာင္ျမင္မႈအတြက္ လူမႈဘ၀မွာေပးဆပ္မႈေတြ မ်ားေနတဲ့သေဘာပဲျဖစ္ပါတယ္။ တကယ္တမ္းေတာ့ ေငြရွာဖို႔ထက္ ပိုၿပီးအေရးႀကီးတာေတြ အမ်ားႀကီးရွိေနပါေသးတယ္။
ေန႔စဥ္ေန႔တိုင္း ေငြေၾကးခ်မ္းသာျပည့္စံုတဲ့ ဘ၀တစ္ခုကိုရရွိဖို႔ ႀကိဳးစားရင္း မေပ်ာ္ရႊင္ရဘူးဆိုရင္ သင္လုပ္ေဆာင္ဖို႔ေရြးခ်ယ္ခဲ့တဲ့အရာဟာ သင့္ကို အမွန္တကယ္ ခ်မ္းသာေအာင္ လုပ္မေပးႏိုင္ေသးပါဘူး။ သင္လိုခ်င္တဲ့အရာေတြကို ခြဲျခမ္းစိတ္ျဖာဖို႔ ႀကိဳးစားၾကည့္ပါ။ စီးပြားေရးေအာင္ျမင္မႈ၊ မိသားစု၊ မိတ္ေဆြအေပါင္းအသင္း ၿပီးေတာ့ ဘ၀မွာဘယ္ကိစၥပဲျဖစ္ျဖစ္ တသီးတျခားဆီခြဲျခားလို႔ မရႏိုင္တာကို ေတြ႕ရပါလိမ့္မယ္။ အားလံုးက သာတူညီမွ်အေရးႀကီးတဲ့အတြက္ တစ္ခုခုကို အာ႐ုံစိုက္လိုက္ရင္ အျခားတစ္ခုမွာ အာ႐ံုစူးစိုက္မႈေလ်ာ့နည္းသြားမွာ ေသခ်ာပါတယ္။
ေငြေၾကးမ်ားမ်ားရွာခ်င္ရင္ တစ္ခုခုေတာ့ ျပန္လည္ေပးဆပ္ရမွာျဖစ္ပါတယ္။ ဒီလိုပါပဲ။ မိသားစုအတြက္ အခ်ိန္ေပးခ်င္တာ၊ အျခားလူေတြကို ကူညီခ်င္တာ၊ ၀ါသနာပါတာတစ္ခုခုကို လုပ္ေဆာင္တာ၊ ဘာပဲျဖစ္ျဖစ္ လုပ္ခ်င္တာတစ္ခုအတြက္ အျခားတစ္ခုကို ျပန္ေပးဆပ္ရမွာျဖစ္ပါတယ္။
ဘာက သင့္ကို လံႈ႕ေဆာ္တြန္းအားေပးႏိုင္မလဲ။ သင္ကိုယ္တိုင္နဲ႔ သင့္မိသားစုအတြက္ ဘာကိုရယူ ပိုင္ဆိုင္ခ်င္တာလဲ။ ဘာကို တန္ဖိုးအထားဆံုးလဲ ေသခ်ာစဥ္းစားပါ။ ၿပီးေတာ့မွ လုပ္ေဆာင္မယ္ဆိုရင္ သင့္ကို ေပ်ာ္ရႊင္ေစႏိုင္မွာျဖစ္ပါတယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ လုပ္သာလုပ္ေနရတယ္၊ ေပ်ာ္ရႊင္ႏိုင္မွာမဟုတ္ပါဘူး။
***************************************************
႐ုိးရွင္းတယ္လို႔ထင္ပါသလား။ သင့္ပတ္၀န္းက်င္မွာရွိတဲ့လူတစ္ေယာက္ေယာက္ကို သူေရြးခ်ယ္ထားတဲ့ အလုပ္အကိုင္နဲ႔ပတ္သက္ၿပီး ရလဒ္ေတြကိုေက်နပ္မႈရွိမရွိေမးၾကည့္ပါ။ ဥပမာေျပာရရင္ ကၽြန္ေတာ္နဲ႔ သိတဲ့ ေက်ာင္းဆရာမတစ္ဦးကို ေမးၾကည့္ဖူးပါတယ္။ သူမက ရတဲ့လစာနည္းတာနဲ႔ပတ္သက္ၿပီးအျမဲတမ္း ညည္းညဴတတ္သူျဖစ္တဲ့အတြက္ အလုပ္ေျပာင္းဖို႔ အၾကံေပးၾကည့္ပါတယ္။ ဒါေပမယ့္ သူမက စာသင္ရတာကို ႏွစ္သက္လို႔ အလုပ္မေျပာင္းႏိုင္ဘူးလို႔ပဲ ေျဖပါတယ္။ ဒီမွာတင္ပဲ လြဲေနပါၿပီ။ စာသင္ရတာကို တကယ္ႏွစ္သက္တယ္ဆိုရင္ လစာနည္းတာကို လက္ခံႏိုင္ရမွာျဖစ္ပါတယ္။
ဒီေတာ့ သင္ေပ်ာ္ရႊင္ေနပါသလား ? ?
ေအာင္ျမင္မႈရဲ႕ အဓိပၸါယ္က အေရးႀကီးပါတယ္။ သင္ရဲ႕ကိုယ္ပိုင္အဓိပၸါယ္က ပိုၿပီးအေရးႀကီးပါတယ္။ ဒါေတြထက္ အေရးႀကီးတာက သင့္ရဲ႕ရည္ရြယ္ခ်က္ျဖစ္ပါတယ္။ လူမႈေရးအလုပ္ေတြလုပ္ေဆာင္ၿပီး အမ်ားကို ကူညီရတာက သင့္ေအာင္ျမင္မႈရဲ႕ အဓိပၸါယ္ျဖစ္မယ္ဆိုရင္ အဆင္ေျပေျပာလုပ္ေဆာင္ႏိုင္ေနေပမယ့္ ခ်မ္းသာလာမွာေတာ့မဟုတ္ပါဘူး။ ဒီအခ်က္ကိုလက္ခံႏိုင္မယ္ဆိုရင္ သင္ေပ်ာ္ရႊင္ရမွာေသခ်ာပါတယ္။
သင္ေပ်ာ္ႏိုင္ၿပီလား ကိုယ့္ကိုယ္ကို ျပန္ေမးပါ။ သင္ေပ်ာ္ႏိုင္ရင္ သင္ေအာင္ျမင္ေနပါၿပီ။ သင္ပိုၿပီးေပ်ာ္ရႊင္ေလေလ၊ ပိုၿပီးေအာင္ျမင္လာေလပါပဲ။ အကယ္၍ မေပ်ာ္ဘူးဆိုရင္ေတာ့ အေျပာင္းအလဲလုပ္ဖို႔ အခ်ိန္ပဲျဖစ္ပါတယ္။
================================================
အရေးကြီးသော အောင်မြင်မှု၏ အဓိပ္ပါယ်
လူတိုင်းမှာ ဘ၀အောင်မြင်မှုနဲ့ပတ်သက်ပြီး မတူကွဲပြားတဲ့ အယူအဆတွေရှိတတ်ကြပါတယ်။ အောင်မြင်မှုကို ဘယ်လိုပဲ အဓိပ္ပါယ်ဖွင့်ဆိုသည်ဖြစ်စေ အောင်မြင်မှုကို အဆုံးအဖြတ်ပေးဖို့ကတော့ နည်းလမ်းတစ်ခုပဲ ရှိပါတယ်။ ဒီနည်းလမ်းကတော့ မေးခွန်းတစ်ခုကို ဖြေကြည့်ဖိုပါပဲ။
ငါ ဘယ်လောက် ပျော်ရွှင်ရသလဲ ?
ထူးထူးခြားခြားအောင်မြင်လာတဲ့ စွန့်ဦးလုပ်ငန်းရှင်အများစုဟာ သူတို့လုပ်ငန်းအောင်မြင်ဖို့အတွက် နာရီပေါင်းများစွာ အလုပ်လုပ်တတ်ကြပြီး အာရုံစူးစိုက်မှုလည်း သူမတူအောင် ရှိတတ်ကြပါတယ်။ ဒီလို လုပ်ဆောင်ရင်းနဲ့ သူတို့ရဲ့ လူမှုရေးနဲ့ မိသားစုဘဝမှာ ထိခိုက်မှုတွေ ရှိလာတတ်ပါတယ်။
ဒီလိုထိခိုက်မှုက မျှတမှုရှိလား၊ မရှိဘူးလားဆိုတာက အဓိကမကျပါဘူး။ လုပ်ငန်းအတွက်ကြိုးစားနေချိန်မှာ လူမှုရေးနဲ့ မိသားစုရေးမှာ ထိခိုက်မှုတွေက ရှောင်လွှဲလို့မရနိုင်ပါဘူး။ ငွေကြေးအမြောက်အများရှာဖွေနိုင်ပေမယ့် ပျော်ရွှင်မှုမရှိဘူးဆိုရင် နည်းလမ်းမကျသေးပါဘူး။ လုပ်ငန်းအောင်မြင်မှုအတွက် လူမှုဘဝမှာပေးဆပ်မှုတွေ များနေတဲ့သဘောပဲဖြစ်ပါတယ်။ တကယ်တမ်းတော့ ငွေရှာဖို့ထက် ပိုပြီးအရေးကြီးတာတွေ အများကြီးရှိနေပါသေးတယ်။
နေ့စဉ်နေ့တိုင်း ငွေကြေးချမ်းသာပြည့်စုံတဲ့ ဘဝတစ်ခုကိုရရှိဖို့ ကြိုးစားရင်း မပျော်ရွှင်ရဘူးဆိုရင် သင်လုပ်ဆောင်ဖို့ရွေးချယ်ခဲ့တဲ့အရာဟာ သင့်ကို အမှန်တကယ် ချမ်းသာအောင် လုပ်မပေးနိုင်သေးပါဘူး။ သင်လိုချင်တဲ့အရာတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ကြိုးစားကြည့်ပါ။ စီးပွားရေးအောင်မြင်မှု၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း ပြီးတော့ ဘဝမှာဘယ်ကိစ္စပဲဖြစ်ဖြစ် တသီးတခြားဆီခွဲခြားလို့ မရနိုင်တာကို တွေ့ရပါလိမ့်မယ်။ အားလုံးက သာတူညီမျှအရေးကြီးတဲ့အတွက် တစ်ခုခုကို အာရုံစိုက်လိုက်ရင် အခြားတစ်ခုမှာ အာရုံစူးစိုက်မှုလျော့နည်းသွားမှာ သေချာပါတယ်။
ငွေကြေးများများရှာချင်ရင် တစ်ခုခုတော့ ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။ ဒီလိုပါပဲ။ မိသားစုအတွက် အချိန်ပေးချင်တာ၊ အခြားလူတွေကို ကူညီချင်တာ၊ ဝါသနာပါတာတစ်ခုခုကို လုပ်ဆောင်တာ၊ ဘာပဲဖြစ်ဖြစ် လုပ်ချင်တာတစ်ခုအတွက် အခြားတစ်ခုကို ပြန်ပေးဆပ်ရမှာဖြစ်ပါတယ်။
ဘာက သင့်ကို လှုံ့ဆော်တွန်းအားပေးနိုင်မလဲ။ သင်ကိုယ်တိုင်နဲ့ သင့်မိသားစုအတွက် ဘာကိုရယူ ပိုင်ဆိုင်ချင်တာလဲ။ ဘာကို တန်ဖိုးအထားဆုံးလဲ သေချာစဉ်းစားပါ။ ပြီးတော့မှ လုပ်ဆောင်မယ်ဆိုရင် သင့်ကို ပျော်ရွှင်စေနိုင်မှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ လုပ်သာလုပ်နေရတယ်၊ ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။
ရိုးရှင်းတယ်လို့ထင်ပါသလား။ သင့်ပတ်ဝန်းကျင်မှာရှိတဲ့လူတစ်ယောက်ယောက်ကို သူရွေးချယ်ထားတဲ့ အလုပ်အကိုင်နဲ့ပတ်သက်ပြီး ရလဒ်တွေကိုကျေနပ်မှုရှိမရှိမေးကြည့်ပါ။ ဥပမာပြောရရင် ကျွန်တော်နဲ့ သိတဲ့ ကျောင်းဆရာမတစ်ဦးကို မေးကြည့်ဖူးပါတယ်။ သူမက ရတဲ့လစာနည်းတာနဲ့ပတ်သက်ပြီးအမြဲတမ်း ညည်းညူတတ်သူဖြစ်တဲ့အတွက် အလုပ်ပြောင်းဖို့ အကြံပေးကြည့်ပါတယ်။ ဒါပေမယ့် သူမက စာသင်ရတာကို နှစ်သက်လို့ အလုပ်မပြောင်းနိုင်ဘူးလို့ပဲ ဖြေပါတယ်။ ဒီမှာတင်ပဲ လွဲနေပါပြီ။ စာသင်ရတာကို တကယ်နှစ်သက်တယ်ဆိုရင် လစာနည်းတာကို လက်ခံနိုင်ရမှာဖြစ်ပါတယ်။
ဒီတော့ သင်ပျော်ရွှင်နေပါသလား ? ?
အောင်မြင်မှုရဲ့ အဓိပ္ပါယ်က အရေးကြီးပါတယ်။ သင်ရဲ့ကိုယ်ပိုင်အဓိပ္ပါယ်က ပိုပြီးအရေးကြီးပါတယ်။ ဒါတွေထက် အရေးကြီးတာက သင့်ရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ လူမှုရေးအလုပ်တွေလုပ်ဆောင်ပြီး အများကို ကူညီရတာက သင့်အောင်မြင်မှုရဲ့ အဓိပ္ပါယ်ဖြစ်မယ်ဆိုရင် အဆင်ပြေပြောလုပ်ဆောင်နိုင်နေပေမယ့် ချမ်းသာလာမှာတော့မဟုတ်ပါဘူး။ ဒီအချက်ကိုလက်ခံနိုင်မယ်ဆိုရင် သင်ပျော်ရွှင်ရမှာသေချာပါတယ်။
သင်ပျော်နိုင်ပြီလား ကိုယ့်ကိုယ်ကို ပြန်မေးပါ။ သင်ပျော်နိုင်ရင် သင်အောင်မြင်နေပါပြီ။ သင်ပိုပြီးပျော်ရွှင်လေလေ၊ ပိုပြီးအောင်မြင်လာလေပါပဲ။ အကယ်၍ မပျော်ဘူးဆိုရင်တော့ အပြောင်းအလဲလုပ်ဖို့ အချိန်ပဲဖြစ်ပါတယ်။
အဆိုးျမင္၀ါဒီ လူ႔ဂြစာေတြနဲ႔ အဆင္ေျပေျပစကားေျပာႏိုင္ဖို႔ နည္းလမ္း(၇)ခု
အဆိုးျမင္၀ါဒီ လူ႔ဂြစာေတြနဲ႔ အဆင္ေျပေျပစကားေျပာႏိုင္ဖို႔ နည္းလမ္း(၇)ခု
သူတို႔ကို သင္ေတြ႕ဖူးမွာပါ။ အလုပ္အတူတူလုပ္ဖူး၊ တစ္အိမ္တည္းအတူေနဖူးတာမ်ိဳးလည္း ရွိခ်င္ရွိမွာပါ။ သူတို႔က ညည္းညဴမယ္၊ ေ၀ဖန္မယ္၊ အျပစ္တင္မယ္။ သူတို႔ေတြက ကမာၻႀကီးကို အျမဲတမ္းအျပစ္ျမင္ေနတတ္သူေတြပါ။ ဒီလို အဆိုးျမင္စိတ္မ်ားတဲ့ လူ႔ဂြစာေတြနဲ႔ ဆက္ဆံရတာ ပင္ပန္းပါသလား? ပင္ပန္းရင္လည္း ဘာမွမတတ္ႏိုင္ပါဘူး။ ဒီလိုလူေတြနဲ႔ ဆက္ဆံရတာက ေန႔စဥ္ဘ၀မွာ ေရွာင္လႊဲလို႔မရႏိုင္တဲ့ ကိစၥတစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အဆိုးျမင္၀ါဒီ လူ႔ဂြစာေတြနဲ႔ ဆက္ဆံတဲ့အခါမွာ လမ္းေၾကာင္းမလြဲပဲ အဆင္ေျပေျပစကားေျပာႏိုင္ဖို႔ နည္းလမ္း (၇)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။
***************************************************
၁။ မွ်ေ၀ခံစားပါ
တစ္ေယာက္ေယာက္ အဆိုးေတြပဲစေျပာလာၿပီဆိုရင္ သူတို႔ရဲ႕နာက်ဥ္မႈကို အသိအမွတ္ျပဳေပးလိုက္ပါ။ ၿပီးတာနဲ႔ ေျပာခ်င္တဲ့အေၾကာင္းအရာကို ဆက္ေျပာပါ။ ၾကားရတာစိတ္မေကာင္းလိုက္တာ ဆိုတာမ်ိဳးနဲ႔ ႏွစ္သိမ့္ေပးလိုက္ပါ။ ၿပီးရင္ အျပဳသေဘာေဆာင္တဲ့အၾကံဉာဏ္ေလးတစ္ခုနဲ႔ စကားကို လမ္းေၾကာင္းမွန္ ေရာက္ေအာင္ ဆြဲေဆာင္ပါ။
၂။ ခ်ီးက်ဴးစကားေျပာပါ။
သူတို႔ရဲ႕ အဆိုးျမင္စိတ္ကို အားေပးတာမ်ိဳးမဟုတ္ပဲ သူတို႔ကိုင္တြယ္ေျဖရွင္းပံုကို ခ်ီးက်ဴးေပးသင့္ပါတယ္။ မင္း ဒီလိုအေျခအေနကိုေတာင္ ေျဖရွင္းလိုက္ႏိုင္တာပဲ ဆိုတဲ့စကားမ်ိဳးေျပာေပးပါ။ ဒီလိုေျပာေပးျခင္းအားျဖင့္ စကား၀ိုင္းက အျပဳသေဘာျပန္ေဆာင္လာမွာျဖစ္ပါတယ္။
၃။ ကိုယ္ခ်င္းစာေၾကာင္း ျပပါ။
သူတို႔အတြက္ စိတ္ပ်က္စရာျဖစ္ေနတဲ့ အေၾကာင္းအရာမ်ိဳး သင္လည္း ၾကံဳဖူးႏိုင္ပါတယ္။ ဒါဆိုရင္ သင့္အေၾကာင္းကို ေျပာျပပါ။ အဆိုးထဲကအေကာင္းေတြ ျဖစ္လာႏိုင္ေၾကာင္း အေလးေပးေျပာပါ။ ဥပမာေျပာရရင္ ကားပ်က္လို႔ စိတ္ညစ္ေနတဲ့ လူတစ္ေယာက္ကို ဒီမနက္ မင္းကားပ်က္သြားတာ တကယ္ကိုစိတ္ပ်က္စရာပဲ။ ငါလည္း သိပ္မၾကာခင္က ျဖစ္ဖူးတယ္။ ဒါေပမယ့္ အရမ္းေတာ္တဲ့ စက္ျပင္ဆရာတစ္ေယာက္နဲ႔ ငါ ဆံုျဖစ္သြားတယ္ေလ။ မင္း သူ႔ဖုန္းနံပါတ္လိုခ်င္လား ဆိုတာမ်ိဳးေလး ေျပာေပးပါ။
၄။ တုံျပန္ေျပာဆိုပါ။
သင္ၾကားရတဲ့အေၾကာင္းအရာကို အေျခခံၿပီး အဆိုးျမင္တစ္ခုခုျပန္ေျပာတာမ်ိဳးျဖစ္ပါတယ္။ ဥပမာေျပာရရင္ တစ္ေယာက္ေယာက္ အလုပ္အဆင္မေျပမႈနဲ႔ ပတ္သက္ၿပီး ျမည္တြန္ေတာက္တီးေနတယ္ဆိုပါစို႔။ ဒါဆိုရင္ မင္းက အခုလိုတာ၀န္ယူလုပ္ေပးဖို႔ကို အဆင္မေျပဘူးလို႔ ေျပာခ်င္တာလားလို႔ ေမးၾကည့္လိုက္ပါ။ မဟုတ္ပါဘူးလို႔ပဲ ေျဖပါလိမ့္မယ္။ ဒီေတာ့မွ ေျပာစရာရွိတာကို ဆက္ေျပာပါ။
၅။ ကူညီဖို႔ ကမ္းလွမ္းပါ။
တစ္ဖက္လူကေျပာလာတဲ့အေၾကာင္းအရာက အကူအညီလိုအပ္ေနတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ တစ္ခါတစ္ေလမွာ လူေတြက အကူအညီေတာင္းဖို႔ကို ခက္ေနတာေၾကာင့္ သူတို႔အဆင္မေျပတာေတြကိုပဲ ညည္းညဴေနတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ကူညီေပးႏိုင္တာကို ကူညီေပးဖို႔ ကမ္းလွမ္းလိုက္တာက သူတို႔အတြက္ အဆင္ေျပသြားေစႏိုင္ပါတယ္။
***************************************************
၆။ အေၾကာင္းအရာကို ေျပာင္းပါ။
သူတို႔ေျပာလာတာကို နားေထာင္ေပးၿပီးတာနဲ႔ အျပဳသေဘာေဆာင္တဲ့ အေၾကာင္းအရာဖက္ကို စကားလမ္းေၾကာင္း ေျပာင္းလဲပါ။ သူငယ္ခ်င္းနဲ႔အဆင္မေျပျဖစ္ေနတဲ့အေၾကာင္း လာညည္းျပေနသူတစ္ေယာက္ကို မင္းသူငယ္ခ်င္းနဲ႔ အဆင္မေျပတာ ငါလည္း စိတ္မေကာင္းပါဘူး။ မင္း ညွိႏႈိင္းႏိုင္လိမ့္မယ္လို႔ ငါထင္တယ္။ ဒါနဲ႔ ဒီတစ္ပတ္႐ုံးပိတ္ရက္က်ရင္ မင္းဘာအစီအစဥ္ရွိလဲ ဆိုတာမ်ိဳး ေျပာၿပီး စကားလမ္းေၾကာင္းကို ေျပာင္းလိုက္ပါ။
၇။ ဆက္မေျပာဖို႔ ျငင္းဆိုပါ။
တစ္ေယာက္ေယာက္ အဆင္မေျပတဲ့အေၾကာင္းေတြ ေျပာလာတာကို နားမေထာင္ခ်င္ဘူးဆိုရင္ ဆက္မေျပာဖို႔ကို ျငင္းဆိုတတ္ရမွာ ျဖစ္ပါတယ္။ ေဒါသေတြ၊ စိတ္ပ်က္လက္ပ်က္ျဖစ္တာေတြ မပါ၀င္ပဲနဲ႔ ပံုမွန္အသံနဲ႔ပဲ စိတ္မ၀င္စားေၾကာင္း ေျပာဆိုပါ။
တစ္ေယာက္ေယာက္က သူ႔ဘ၀မွာ ၾကံဳေတြ႕ရတဲ့ အဆင္မေျပမႈေတြ ေျပာတာကိုနားေထာင္ၿပီး အဖိုးတန္တဲ့အခ်ိန္ေတြကို ကုန္ဆံုးမသြားပါေစနဲ႔။ သင့္စိတ္ရဲ႕ ၿငိမ္းခ်မ္းမႈနဲ႔ အလုပ္ၿပီးေျမာက္မႈကို ထိခိုက္ပါတယ္။ ဒါ့ေၾကာင့္ အဆိုးျမင္တတ္သူေတြကို အားမေပးပါနဲ႔။ ဒါေပမယ့္ သူတို႔နဲ႔ အဆင္ေျပေျပ ဆက္ဆံတတ္ဖို႔ေတာ့ လိုပါတယ္။
================================================
အဆိုးမြင်ဝါဒီ လူ့ဂွစာတွေနဲ့ အဆင်ပြေပြေစကားပြောနိုင်ဖို့ နည်းလမ်း(၇)ခု
သူတို့ကို သင်တွေ့ဖူးမှာပါ။ အလုပ်အတူတူလုပ်ဖူး၊ တစ်အိမ်တည်းအတူနေဖူးတာမျိုးလည်း ရှိချင်ရှိမှာပါ။ သူတို့က ညည်းညူမယ်၊ ဝေဖန်မယ်၊ အပြစ်တင်မယ်။ သူတို့တွေက ကမ္ဘာကြီးကို အမြဲတမ်းအပြစ်မြင်နေတတ်သူတွေပါ။ ဒီလို အဆိုးမြင်စိတ်များတဲ့ လူ့ဂွစာတွေနဲ့ ဆက်ဆံရတာ ပင်ပန်းပါသလား? ပင်ပန်းရင်လည်း ဘာမှမတတ်နိုင်ပါဘူး။ ဒီလိုလူတွေနဲ့ ဆက်ဆံရတာက နေ့စဉ်ဘဝမှာ ရှောင်လွှဲလို့မရနိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုးမြင်ဝါဒီ လူ့ဂွစာတွေနဲ့ ဆက်ဆံတဲ့အခါမှာ လမ်းကြောင်းမလွဲပဲ အဆင်ပြေပြေစကားပြောနိုင်ဖို့ နည်းလမ်း (၇)ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ မျှဝေခံစားပါ
တစ်ယောက်ယောက် အဆိုးတွေပဲစပြောလာပြီဆိုရင် သူတို့ရဲ့နာကျဉ်မှုကို အသိအမှတ်ပြုပေးလိုက်ပါ။ ပြီးတာနဲ့ ပြောချင်တဲ့အကြောင်းအရာကို ဆက်ပြောပါ။ ကြားရတာစိတ်မကောင်းလိုက်တာ ဆိုတာမျိုးနဲ့ နှစ်သိမ့်ပေးလိုက်ပါ။ ပြီးရင် အပြုသဘောဆောင်တဲ့အကြံဉာဏ်လေးတစ်ခုနဲ့ စကားကို လမ်းကြောင်းမှန် ရောက်အောင် ဆွဲဆောင်ပါ။
၂။ ချီးကျူးစကားပြောပါ။
သူတို့ရဲ့ အဆိုးမြင်စိတ်ကို အားပေးတာမျိုးမဟုတ်ပဲ သူတို့ကိုင်တွယ်ဖြေရှင်းပုံကို ချီးကျူးပေးသင့်ပါတယ်။ မင်း ဒီလိုအခြေအနေကိုတောင် ဖြေရှင်းလိုက်နိုင်တာပဲ ဆိုတဲ့စကားမျိုးပြောပေးပါ။ ဒီလိုပြောပေးခြင်းအားဖြင့် စကားဝိုင်းက အပြုသဘောပြန်ဆောင်လာမှာဖြစ်ပါတယ်။
၃။ ကိုယ်ချင်းစာကြောင်း ပြပါ။
သူတို့အတွက် စိတ်ပျက်စရာဖြစ်နေတဲ့ အကြောင်းအရာမျိုး သင်လည်း ကြုံဖူးနိုင်ပါတယ်။ ဒါဆိုရင် သင့်အကြောင်းကို ပြောပြပါ။ အဆိုးထဲကအကောင်းတွေ ဖြစ်လာနိုင်ကြောင်း အလေးပေးပြောပါ။ ဥပမာပြောရရင် ကားပျက်လို့ စိတ်ညစ်နေတဲ့ လူတစ်ယောက်ကို ဒီမနက် မင်းကားပျက်သွားတာ တကယ်ကိုစိတ်ပျက်စရာပဲ။ ငါလည်း သိပ်မကြာခင်က ဖြစ်ဖူးတယ်။ ဒါပေမယ့် အရမ်းတော်တဲ့ စက်ပြင်ဆရာတစ်ယောက်နဲ့ ငါ ဆုံဖြစ်သွားတယ်လေ။ မင်း သူ့ဖုန်းနံပါတ်လိုချင်လား ဆိုတာမျိုးလေး ပြောပေးပါ။
၄။ တုံပြန်ပြောဆိုပါ။
သင်ကြားရတဲ့အကြောင်းအရာကို အခြေခံပြီး အဆိုးမြင်တစ်ခုခုပြန်ပြောတာမျိုးဖြစ်ပါတယ်။ ဥပမာပြောရရင် တစ်ယောက်ယောက် အလုပ်အဆင်မပြေမှုနဲ့ ပတ်သက်ပြီး မြည်တွန်တောက်တီးနေတယ်ဆိုပါစို့။ ဒါဆိုရင် မင်းက အခုလိုတာဝန်ယူလုပ်ပေးဖို့ကို အဆင်မပြေဘူးလို့ ပြောချင်တာလားလို့ မေးကြည့်လိုက်ပါ။ မဟုတ်ပါဘူးလို့ပဲ ဖြေပါလိမ့်မယ်။ ဒီတော့မှ ပြောစရာရှိတာကို ဆက်ပြောပါ။
၅။ ကူညီဖို့ ကမ်းလှမ်းပါ။
တစ်ဖက်လူကပြောလာတဲ့အကြောင်းအရာက အကူအညီလိုအပ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ လူတွေက အကူအညီတောင်းဖို့ကို ခက်နေတာကြောင့် သူတို့အဆင်မပြေတာတွေကိုပဲ ညည်းညူနေတတ်ကြပါတယ်။ ဒါ့ကြောင့် ကူညီပေးနိုင်တာကို ကူညီပေးဖို့ ကမ်းလှမ်းလိုက်တာက သူတို့အတွက် အဆင်ပြေသွားစေနိုင်ပါတယ်။
၆။ အကြောင်းအရာကို ပြောင်းပါ။
သူတို့ပြောလာတာကို နားထောင်ပေးပြီးတာနဲ့ အပြုသဘောဆောင်တဲ့ အကြောင်းအရာဖက်ကို စကားလမ်းကြောင်း ပြောင်းလဲပါ။ သူငယ်ချင်းနဲ့အဆင်မပြေဖြစ်နေတဲ့အကြောင်း လာညည်းပြနေသူတစ်ယောက်ကို မင်းသူငယ်ချင်းနဲ့ အဆင်မပြေတာ ငါလည်း စိတ်မကောင်းပါဘူး။ မင်း ညှိနှိုင်းနိုင်လိမ့်မယ်လို့ ငါထင်တယ်။ ဒါနဲ့ ဒီတစ်ပတ်ရုံးပိတ်ရက်ကျရင် မင်းဘာအစီအစဉ်ရှိလဲ ဆိုတာမျိုး ပြောပြီး စကားလမ်းကြောင်းကို ပြောင်းလိုက်ပါ။
၇။ ဆက်မပြောဖို့ ငြင်းဆိုပါ။
တစ်ယောက်ယောက် အဆင်မပြေတဲ့အကြောင်းတွေ ပြောလာတာကို နားမထောင်ချင်ဘူးဆိုရင် ဆက်မပြောဖို့ကို ငြင်းဆိုတတ်ရမှာ ဖြစ်ပါတယ်။ ဒေါသတွေ၊ စိတ်ပျက်လက်ပျက်ဖြစ်တာတွေ မပါဝင်ပဲနဲ့ ပုံမှန်အသံနဲ့ပဲ စိတ်မဝင်စားကြောင်း ပြောဆိုပါ။
တစ်ယောက်ယောက်က သူ့ဘဝမှာ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေ ပြောတာကိုနားထောင်ပြီး အဖိုးတန်တဲ့အချိန်တွေကို ကုန်ဆုံးမသွားပါစေနဲ့။ သင့်စိတ်ရဲ့ ငြိမ်းချမ်းမှုနဲ့ အလုပ်ပြီးမြောက်မှုကို ထိခိုက်ပါတယ်။ ဒါ့ကြောင့် အဆိုးမြင်တတ်သူတွေကို အားမပေးပါနဲ့။ ဒါပေမယ့် သူတို့နဲ့ အဆင်ပြေပြေ ဆက်ဆံတတ်ဖို့တော့ လိုပါတယ်။
သင့္ကို သင့္ေကာင္မေလး ပစ္သြားရတဲ့ အေၾကာင္းရင္း ၁၆ ခ်က္
သင့္ကို သင့္ေကာင္မေလး ပစ္သြားရတဲ့ အေၾကာင္းရင္း ၁၆ ခ်က္
သင္ တျခားေကာင္မေလးနဲ႔လဲ မေဖာက္ျပန္ပါဘူး။ သင္တို႔ ႏွစ္ပါတ္လည္ကိုလဲ သတိရပါတယ္။သူမအတြက္ ပန္းေတြေတာင္ ပို႔ေပးပါေသးတယ္။ ဒါေပမယ့္ သင္ ေအာက္ပါအမွား တစ္ခုခုကို လုပ္ခဲ့မိရင္ေတာ့ သင္ Single ဘဝကို ျပန္ေရာက္ရမွာ အေသအခ်ာပါ။
၁. သူမကို မၾကည့္ျခင္း
မိန္းကေလးေတြဟာ မ်က္လံုးျခင္းဆံုရတာကို သေဘာက်ပါတယ္။ ဒါေပမယ့္ သူမကို အျမဲ ေခၚေတာၾကည့္ႀကီးနဲ႔လဲ ၾကည့္မေနပါနဲ႔။ သူမစကားေျပာရင္ သူမကို ၾကည့္ေပးပါ။ အဲဒါဟာ သင္ သူမကို ဂ႐ုစိုက္တယ္ဆိုတာ ေပၚလြင္ေစပါတယ္။
၂. အရာအားလံုးကို ျပင္ဆင္ဖို႔ ႀကိဳးစားတဲ့အခါ
သူမက ကားစပယ္ယာ ႐ိုင္းေၾကာင္း၊ သူမ Boss ခပ္ဆိုးဆိုးအေၾကာင္း၊ ယဥ္ေၾကာပိတ္တာအေၾကာင္း သင့္ကို ေျပာျပပါလိမ့္မယ္။ အဲဒိအရာတိုင္းကို ေျဖ႐ွင္းဖို႔ မႀကိဳးစားပါနဲ႔။ သူမက အေျဖလိုခ်င္တာ မဟုတ္ပါဘူး။ နားလည္မႈ လိုခ်င္တာပါ။
***************************************************
၃. Message ပဲပို႔တာ
သင္ ေမးခြန္းတိုေလးတစ္ခု ေမးခ်င္ရင္ေတာ့ Message ပို႔တာ အဆင္ေျပပါတယ္။ ဒါေပမယ့္ စာလံုး ၃၀ ထက္ပိုတဲ့ စကားဝိုင္းေတြေျပာရင္ေတာ့ ဖုန္းေခၚတာ ပိုေကာင္းပါလိမ့္မယ္။ ေလသံက စာ႐ိုက္ေျပာတာထက္ သင္တို႔ႏွစ္ေယာက္ကို ဆက္သြယ္ေပးႏိုင္ပါတယ္။
၄. ေမးခြန္း မေမးတာ
သူမ ေျပာျပတဲ့ အေၾကာင္းအရာေတြကို ျပန္လွန္ေမးခြန္းမထုတ္ရင္ သင္က သူမဘဝကို စိတ္မဝင္စားဘူးဆိုတာ ျပတာနဲ႔ တူတူပါပဲ။
၅. သူမကိုပဲ အရာတိုင္း ဆံုးျဖတ္ခိုင္းတာ
ဆံုးျဖတ္ခ်က္ခ်ရတာ ပင္ပန္းပါတယ္။ အရာအားလံုးကို သူမကိုပဲ ဆံုးျဖတ္ခ်က္ ခ်ေစတာဟာ သူမပခံုးေပၚ အထုပ္ႀကီး ပစ္တင္သလိုပါပဲ။ ၾကာလာရင္ သင္က သူမအေပၚ ဂ႐ုမစိုက္ဘူးလို႔ပါ ထင္သြားပါလိမ့္မယ္။ သင္တို႔ႏွသ္ေယာက္ တိုင္ပင္ၿပီး တူတူ ဆံုးျဖတ္ခ်က္ ခ်ပါ။
၆. သူမလုပ္ခိုင္းတာ မလုပ္တာ
သူမ ျပင္ခိုင္းထားတဲ့ ဧည့္ခန္းထဲက စာအုပ္စင္ဟာ တစ္လၾကာတာေတာင္ အလုပ္မစရေသးပါဘူး။ အဲဒါဟာ အေရးမႀကီးဘူး ထင္ရေပမယ့္ သင့္ေကာင္မေလးကို သင္ အေရးမထားတာနဲ႔ တူတူပါပဲ။
၇. အိမ္သာအဖံုး ျပန္မခ်တာ
အိမ္သာအဖံုး ျပန္မပိတ္လို႔ ပြစိပြစိ လုပ္တတ္တဲ့ ေကာင္မေလးေတြဟာ သင္ ျဖစ္ကတတ္ဆန္းေနတာကို ပြစိပြစိ လုပ္တာပါ။ အိမ္သာအဖံုးေၾကာင့္ မဟုတ္ပါဘူး။ အိမ္သာအဖံုးျပန္ပိတ္တတ္ရင္ ခ်မ္းတဲ့အခါ သူမကို သင့္အက်ႌ ဝတ္ေပးမယ္၊ ကားတံခါး ဖြင့္ေပးမယ္လို႔ကို သူမတို႔ ယူဆတတ္ပါတယ္။
၈. အလုပ္မွာ သူမပံုေလး ေထာင္မထားတာ
ေယာက္်ားေတြဟာ အလုပ္စားပြဲမွာ သူတို႔ဘာေကာင္လဲဆိုတာ သိေစမယ့္ ပစၥည္းေတြနဲ႔ တန္ဆာဆင္ေလ့ ႐ွိပါတယ္။ သင့္အလုပ္ခြင္မွာ သင့္သူငယ္ခ်င္းေတြနဲ႔ ႐ိုက္ထားတဲ့ပံုနဲ႔ သင့္ ဘြဲ႔ယူပံုပဲ႐ွိၿပီး သင့္ေကာင္မေလးပံု ေပ်ာက္ေနရင္ သူမ စိိတ္ဆိုးတာ မွန္ပါတယ္။ သူမပံုေလးကို ေဘာင္သြင္းထားၿပီး သင့္မွာ ရည္းစား႐ွိေၾကာင္းနဲ႔ သင့္ရည္းစားအတြက္ ဂုဏ္ယူေၾကာင္း ျပလိုက္ပါ။
၉. အေလာတႀကီး လုပ္တာ
မိန္းကေလးေတြဟာ Surprise အလုပ္ခံရတာ ႀကိဳက္ေပမယ့္ သင္ကအျမဲ သူမကို Date ေခၚသြားမယ့္ အေၾကာင္ အဲဒိမနက္မွ အသိေပးရင္ေတာ့ သူမကို အလုပ္အားလို႔ လာေခၚတာ ထင္သြားပါလိမ့္မယ္။ တစ္ပါတ္ေလာက္ႀကိဳၿပီး သင္တို႔ Date အတြက္ ႀကိဳခ်ိန္းထားပါ။ အဲဒါမွ သင္ သူမကို ဦးစားေပးအခ်ိန္ေပးထားေၾကာင္း သိသာပါလိမ့္မယ္။
၁၀. သူမမွတ္ခ်က္ေတြကို အေရးမထားတာ
သူမရဲ႕ ” ငါ ထိုင္းစာႀကိဳက္တယ္” တို႔ ” ဒီဖိနပ္ေလး လွလိုက္တာ” တို႔ဟာ အျမဲ စကားျပန္ရမဲ့ စကားေတြ မဟုတ္ပါဘူး။ ဒါေပမယ့္ သင္က အဲ့ဒါကို သိေၾကာင္း၊ အေလးထားေၾကာင္းျပလိုက္ရင္ သူမ ႏွစ္သက္သြားမွာပါ။ သူမေျပာစကားကို အေလးထားေၾကာင္းလဲ ျပရာ ေရာက္မွာပါ။
၁၁. သူမနဲ႔ ရန္ျဖစ္ရင္ တိတ္ေနတာ
ရန္ျဖစ္ရင္ အဆိုးဆံုးအရာက သူမကို အေရးမထားတာပါပဲ။ ပါးစပ္ပိတ္၊ လက္ပိုက္ၿပီး သူမေျပာသမ်ွ မၾကားခ်င္ေယာင္ ေဆာင္တာဟာ သင္ သူမေျပာသမ်ွ ဘာမွ မၾကားခ်င္ဘူးလို႔ ေျပာလိုက္တာနဲ႔ တူတူပါပဲ။
၁၂. အျမဲ ေနာက္က်တာ
Date လုပ္ထားၿပီး နာရီမၾကည့္မိတာ၊ ကားပိတ္ေနတာ ေတြက တစ္ခါတစ္ေလေတာ့ ဘာမွမျဖစ္ပါဘူး။ အျမဲဆိုသလို ငါးမိနစ္ ၁၀ မိနစ္ ေနာက္က်ေနရင္ေတာ့ သူမ စိတ္ပ်က္ေနမွာပါ။ အဲဒိ အခ်ိန္ေလးက မျဖစ္စေလာက္ေလး ဆိုေပမယ့္ သင့္ေကာင္မေလးရဲ႕ အခ်ိန္ကို အေလးမထားသလို ျဖစ္ေနပါတယ္။ သင့္ကိုယ္သင္ မယံုရဘူး ေျပာတာနဲ႔လဲ တူတူပါပဲ။
***************************************************
၁၃. သူမဟာသေတြကို လိုက္ရယ္မေပးတာ
သင္ သူမ ရယ္စရာေျပာဖို႔ ႀကိဳးစားရင္ ရယ္ေပးလိုက္တာဟာ သူမကို ေလးစားေၾကာင္း ျပရာေရာက္ၿပီး သင္ မ်ားမ်ား ရယ္ေလ သူမကိုယ္သူမ ပိုဂုဏ္ယူလာၿပီး သင္တို႔ ခ်စ္ဇာတ္လမ္း ခိုင္ျမဲေလေလပါပဲ။
၁၄. သူမသူငယ္ခ်င္းေတြကို မသိတာ
သင္ သူမရဲ႕ မိန္းကေလးသူငယ္ခ်င္းေတြကို ခ်စ္စရာ မလိုပါဘူး။ သူမနဲ႔ သူမသူငယ္ခ်င္းေတြအၾကား ႐ွိတဲ့ သံေယာဇဥ္ကို ေလးစားရပါမယ္။ မိန္းကေလးေတြဟာ သူမတို႔ သူငယ္ခ်င္းေတြနဲ႔ အရင္တိုင္ပင္ၿပီးမွ သင့္ကို အေျဖေပးတာကိုလဲ မွတ္ထားပါ။
၁၅. ေတာင္းပန္စကား မေျပာတာ
လူတိုင္း မ်က္ႏွာပ်က္ မခံခ်င္ပါဘူး။ ဒါေပမယ့္ လံုးဝ မေတာင္းပန္ရေအာင္ မာနနဲ႔ တင္းထားတာဟာ သင့္ကို FA ျဖစ္ေစမွာပါ။ ေတာင္းပန္စကားတစ္ခြန္းဟာ နာက်င္ေနတဲ့ ႏွလံုးသားကို ျပန္လည္ကုစားေပးႏိုင္တဲ့ အစြမ္း႐ွိပါတယ္။
၁၆. ပန္းကန္ေတြကို ေဆးတဲ့ေနရာမွာ ဒီတိုင္းထားခဲ့တာ
သင့္မိန္းမက အေစခံမဟုတ္ပါဘူး။ စံုတြဲေတြဟာ အိမ္မႈကိစၥေတြကို တူတူလုပ္ေနရရင္ အေပ်ာ္ဆံုးပါ။ ခုေခတ္မွာ ေယာက္်ားမိန္းမ အလုပ္ခြဲျခားမႈဟာ ေခတ္မ႐ွိေတာ့ပါဘူး။ အဝတ္ေခါက္တာ၊ ဖုန္စုပ္တာတို႔လို သင္မလုပ္တတ္တဲ့အရာေတြကိုေတာ့ သူမလုပ္ေပးပါလိမ့္မယ္။
***************************************************
================================================
သင့်ကို သင့်ကောင်မလေး ပစ်သွားရတဲ့ အကြောင်းရင်း ၁၆ ချက်
သင် တခြားကောင်မလေးနဲ့လဲ မဖောက်ပြန်ပါဘူး။ သင်တို့ နှစ်ပါတ်လည်ကိုလဲ သတိရပါတယ်။သူမအတွက် ပန်းတွေတောင် ပို့ပေးပါသေးတယ်။ ဒါပေမယ့် သင် အောက်ပါအမှား တစ်ခုခုကို လုပ်ခဲ့မိရင်တော့ သင် Single ဘဝကို ပြန်ရောက်ရမှာ အသေအချာပါ။
၁. သူမကို မကြည့်ခြင်း
မိန်းကလေးတွေဟာ မျက်လုံးခြင်းဆုံရတာကို သဘောကျပါတယ်။ ဒါပေမယ့် သူမကို အမြဲ ခေါ်တောကြည့်ကြီးနဲ့လဲ ကြည့်မနေပါနဲ့။ သူမစကားပြောရင် သူမကို ကြည့်ပေးပါ။ အဲဒါဟာ သင် သူမကို ဂရုစိုက်တယ်ဆိုတာ ပေါ်လွင်စေပါတယ်။
၂. အရာအားလုံးကို ပြင်ဆင်ဖို့ ကြိုးစားတဲ့အခါ
သူမက ကားစပယ်ယာ ရိုင်းကြောင်း၊ သူမ Boss ခပ်ဆိုးဆိုးအကြောင်း၊ ယဉ်ကြောပိတ်တာအကြောင်း သင့်ကို ပြောပြပါလိမ့်မယ်။ အဲဒိအရာတိုင်းကို ဖြေရှင်းဖို့ မကြိုးစားပါနဲ့။ သူမက အဖြေလိုချင်တာ မဟုတ်ပါဘူး။ နားလည်မှု လိုချင်တာပါ။
၃. Message ပဲပို့တာ
သင် မေးခွန်းတိုလေးတစ်ခု မေးချင်ရင်တော့ Message ပို့တာ အဆင်ပြေပါတယ်။ ဒါပေမယ့် စာလုံး ၃၀ ထက်ပိုတဲ့ စကားဝိုင်းတွေပြောရင်တော့ ဖုန်းခေါ်တာ ပိုကောင်းပါလိမ့်မယ်။ လေသံက စာရိုက်ပြောတာထက် သင်တို့နှစ်ယောက်ကို ဆက်သွယ်ပေးနိုင်ပါတယ်။
၄. မေးခွန်း မမေးတာ
သူမ ပြောပြတဲ့ အကြောင်းအရာတွေကို ပြန်လှန်မေးခွန်းမထုတ်ရင် သင်က သူမဘဝကို စိတ်မဝင်စားဘူးဆိုတာ ပြတာနဲ့ တူတူပါပဲ။
၅. သူမကိုပဲ အရာတိုင်း ဆုံးဖြတ်ခိုင်းတာ
ဆုံးဖြတ်ချက်ချရတာ ပင်ပန်းပါတယ်။ အရာအားလုံးကို သူမကိုပဲ ဆုံးဖြတ်ချက် ချစေတာဟာ သူမပခုံးပေါ် အထုပ်ကြီး ပစ်တင်သလိုပါပဲ။ ကြာလာရင် သင်က သူမအပေါ် ဂရုမစိုက်ဘူးလို့ပါ ထင်သွားပါလိမ့်မယ်။ သင်တို့နှသ်ယောက် တိုင်ပင်ပြီး တူတူ ဆုံးဖြတ်ချက် ချပါ။
၆. သူမလုပ်ခိုင်းတာ မလုပ်တာ
သူမ ပြင်ခိုင်းထားတဲ့ ဧည့်ခန်းထဲက စာအုပ်စင်ဟာ တစ်လကြာတာတောင် အလုပ်မစရသေးပါဘူး။ အဲဒါဟာ အရေးမကြီးဘူး ထင်ရပေမယ့် သင့်ကောင်မလေးကို သင် အရေးမထားတာနဲ့ တူတူပါပဲ။
၇. အိမ်သာအဖုံး ပြန်မချတာ
အိမ်သာအဖုံး ပြန်မပိတ်လို့ ပွစိပွစိ လုပ်တတ်တဲ့ ကောင်မလေးတွေဟာ သင် ဖြစ်ကတတ်ဆန်းနေတာကို ပွစိပွစိ လုပ်တာပါ။ အိမ်သာအဖုံးကြောင့် မဟုတ်ပါဘူး။ အိမ်သာအဖုံးပြန်ပိတ်တတ်ရင် ချမ်းတဲ့အခါ သူမကို သင့်အင်္ကျီ ဝတ်ပေးမယ်၊ ကားတံခါး ဖွင့်ပေးမယ်လို့ကို သူမတို့ ယူဆတတ်ပါတယ်။
၈. အလုပ်မှာ သူမပုံလေး ထောင်မထားတာ
ယောက်ျားတွေဟာ အလုပ်စားပွဲမှာ သူတို့ဘာကောင်လဲဆိုတာ သိစေမယ့် ပစ္စည်းတွေနဲ့ တန်ဆာဆင်လေ့ ရှိပါတယ်။ သင့်အလုပ်ခွင်မှာ သင့်သူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ပုံနဲ့ သင့် ဘွဲ့ယူပုံပဲရှိပြီး သင့်ကောင်မလေးပုံ ပျောက်နေရင် သူမ စိတ်ဆိုးတာ မှန်ပါတယ်။ သူမပုံလေးကို ဘောင်သွင်းထားပြီး သင့်မှာ ရည်းစားရှိကြောင်းနဲ့ သင့်ရည်းစားအတွက် ဂုဏ်ယူကြောင်း ပြလိုက်ပါ။
၉. အလောတကြီး လုပ်တာ
မိန်းကလေးတွေဟာ Surprise အလုပ်ခံရတာ ကြိုက်ပေမယ့် သင်ကအမြဲ သူမကို Date ခေါ်သွားမယ့် အကြောင် အဲဒိမနက်မှ အသိပေးရင်တော့ သူမကို အလုပ်အားလို့ လာခေါ်တာ ထင်သွားပါလိမ့်မယ်။ တစ်ပါတ်လောက်ကြိုပြီး သင်တို့ Date အတွက် ကြိုချိန်းထားပါ။ အဲဒါမှ သင် သူမကို ဦးစားပေးအချိန်ပေးထားကြောင်း သိသာပါလိမ့်မယ်။
၁၀. သူမမှတ်ချက်တွေကို အရေးမထားတာ
သူမရဲ့ ” ငါ ထိုင်းစာကြိုက်တယ်” တို့ ” ဒီဖိနပ်လေး လှလိုက်တာ” တို့ဟာ အမြဲ စကားပြန်ရမဲ့ စကားတွေ မဟုတ်ပါဘူး။ ဒါပေမယ့် သင်က အဲ့ဒါကို သိကြောင်း၊ အလေးထားကြောင်းပြလိုက်ရင် သူမ နှစ်သက်သွားမှာပါ။ သူမပြောစကားကို အလေးထားကြောင်းလဲ ပြရာ ရောက်မှာပါ။
၁၁. သူမနဲ့ ရန်ဖြစ်ရင် တိတ်နေတာ
ရန်ဖြစ်ရင် အဆိုးဆုံးအရာက သူမကို အရေးမထားတာပါပဲ။ ပါးစပ်ပိတ်၊ လက်ပိုက်ပြီး သူမပြောသမျှ မကြားချင်ယောင် ဆောင်တာဟာ သင် သူမပြောသမျှ ဘာမှ မကြားချင်ဘူးလို့ ပြောလိုက်တာနဲ့ တူတူပါပဲ။
၁၂. အမြဲ နောက်ကျတာ
Date လုပ်ထားပြီး နာရီမကြည့်မိတာ၊ ကားပိတ်နေတာ တွေက တစ်ခါတစ်လေတော့ ဘာမှမဖြစ်ပါဘူး။ အမြဲဆိုသလို ငါးမိနစ် ၁၀ မိနစ် နောက်ကျနေရင်တော့ သူမ စိတ်ပျက်နေမှာပါ။ အဲဒိ အချိန်လေးက မဖြစ်စလောက်လေး ဆိုပေမယ့် သင့်ကောင်မလေးရဲ့ အချိန်ကို အလေးမထားသလို ဖြစ်နေပါတယ်။ သင့်ကိုယ်သင် မယုံရဘူး ပြောတာနဲ့လဲ တူတူပါပဲ။
၁၃. သူမဟာသတွေကို လိုက်ရယ်မပေးတာ
သင် သူမ ရယ်စရာပြောဖို့ ကြိုးစားရင် ရယ်ပေးလိုက်တာဟာ သူမကို လေးစားကြောင်း ပြရာရောက်ပြီး သင် များများ ရယ်လေ သူမကိုယ်သူမ ပိုဂုဏ်ယူလာပြီး သင်တို့ ချစ်ဇာတ်လမ်း ခိုင်မြဲလေလေပါပဲ။
၁၄. သူမသူငယ်ချင်းတွေကို မသိတာ
သင် သူမရဲ့ မိန်းကလေးသူငယ်ချင်းတွေကို ချစ်စရာ မလိုပါဘူး။ သူမနဲ့ သူမသူငယ်ချင်းတွေအကြား ရှိတဲ့ သံယောဇဉ်ကို လေးစားရပါမယ်။ မိန်းကလေးတွေဟာ သူမတို့ သူငယ်ချင်းတွေနဲ့ အရင်တိုင်ပင်ပြီးမှ သင့်ကို အဖြေပေးတာကိုလဲ မှတ်ထားပါ။
၁၅. တောင်းပန်စကား မပြောတာ
လူတိုင်း မျက်နှာပျက် မခံချင်ပါဘူး။ ဒါပေမယ့် လုံးဝ မတောင်းပန်ရအောင် မာနနဲ့ တင်းထားတာဟာ သင့်ကို FA ဖြစ်စေမှာပါ။ တောင်းပန်စကားတစ်ခွန်းဟာ နာကျင်နေတဲ့ နှလုံးသားကို ပြန်လည်ကုစားပေးနိုင်တဲ့ အစွမ်းရှိပါတယ်။
၁၆. ပန်းကန်တွေကို ဆေးတဲ့နေရာမှာ ဒီတိုင်းထားခဲ့တာ
သင့်မိန်းမက အစေခံမဟုတ်ပါဘူး။ စုံတွဲတွေဟာ အိမ်မှုကိစ္စတွေကို တူတူလုပ်နေရရင် အပျော်ဆုံးပါ။ ခုခေတ်မှာ ယောက်ျားမိန်းမ အလုပ်ခွဲခြားမှုဟာ ခေတ်မရှိတော့ပါဘူး။ အဝတ်ခေါက်တာ၊ ဖုန်စုပ်တာတို့လို သင်မလုပ်တတ်တဲ့အရာတွေကိုတော့ သူမလုပ်ပေးပါလိမ့်မယ်။
အခက္အခက္ေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ဖို႔ နည္းလမ္း (၄)ခု
အခက္အခက္ေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ဖို႔ နည္းလမ္း (၄)ခု
ဘ၀ဆိုတာ ပန္းခင္းလမ္းတစ္ခု မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ေန႔စဥ္ဘ၀မွာ ခက္ခဲၾကမ္းတမ္းတဲ့ အေျခအေနေတြနဲ႔ ရင္ဆိုင္ၾကံဳေတြ႕ရေလ့ရွိပါတယ္။ ဒီလိုၾကံဳေတြ႕ရတဲ့အခါမွာ ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ဖို႔ လိုပါတယ္။ တစ္ခါတစ္ေလမွာ အခက္အခဲကႀကီးမားလြန္းတဲ့အတြက္ ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္စြမ္း မရွိေတာ့ဘူးလို႔ေတာင္ ထင္ရတတ္ပါတယ္။ ဒါ့ေၾကာင့္ ဘယ္လိုအခက္အခဲေတြနဲ႔ပဲ ၾကံဳၾကံဳ ရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ဖို႔အတြက္ နည္းလမ္း(၄)ခုကို ေဖာ္ျပလိုက္ပါတယ္။
***************************************************
၁။ အျမင္မွန္ရွိပါေစ။
ေလမုန္တုိင္းတိုက္လို႔ အိမ္ၿပိဳသြားတယ္ ဆိုပါစို႔။ ေနစရာ အိမ္မရွိေတာ့ပဲ တစ္မိသားစုလံုး အိမ္ေျခရာမဲ့ျဖစ္သြားတယ္ဆိုရင္ေတာင္ အဆိုးေတြကိုပ ဲျမင္ၿပီးေတြးၿပီး စိတ္ပ်က္ေနလို႔မျဖစ္ပါဘူး။ မိသားစု၀င္ေတြအားလံုး အသက္ရွင္က်န္းမာေနတယ္ဆိုရင္ပဲ ေကာင္းကြက္ရွိေနပါၿပီ။ ေကာင္းတဲ့အခ်က္ေတြကိုပဲ ေတြးပါ။ အဆိုးေတြကို အာ႐ုံထဲမထားပါနဲ႔။ အေကာင္းဘက္က ႐ႈျမင္သံုးသပ္ၿပီး အခက္အခဲကို စိန္ေခၚေက်ာ္ျဖတ္ပါ။
၂။ စစ္မွန္တဲ့ မိတ္ေဆြအေပါင္းအသင္းမ်ားနဲ႔ ၀န္းရံထားပါ။
သင္အခက္အခဲေတြ႕ေနခ်ိန္မွာ သူတို႔ေတြကပဲ ကူညီေပးႏိုင္မွာ ျဖစ္ပါတယ္။ အကူအညီလိုေနခ်ိန္မွာ အားေပးကူညီေပးမယ့္သူေတြ သင့္အနားမွာရွိေနမယ့္ဆိုရင္ ျပန္လည္ထူေထာင္ၿပီး ရင္ဆိုင္ႏုိင္စြမ္းရွိလာမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေပါင္းသင္းဆက္ဆံေရးးကို တန္ဖိုးထားပါ။
၃။ ဦးစားေပးရမယ့္ ကိစၥေတြကို အာ႐ုံစိုက္ပါ။
အဆင္မေျပမႈေတြဆိုတာက အေဖာ္အေပါင္းနဲ႔ လာတတ္ပါတယ္။ အခက္အခဲျဖစ္ေနၿပီဆိုရင္ ဘာေတြမွန္းမသိ ကိစၥ၀ိစၥေတြ အမ်ားႀကီးေပၚလာတတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာဆိုရင္ တကယ္ကိုအေရးတႀကီး ဂ႐ုစိုက္ရမယ့္ ကိစၥကိုပဲ အာ႐ုံစိုက္ပါ။ အျခားမဟုတ္တဲ့ကိစၥေတြကို ေနာက္မွေျဖရွင္းပါတယ္။
***************************************************
၄။ ေရွ႕ဆက္ႏိုင္ဖို႔ လုပ္စရာရွိတာ လုပ္ေဆာင္ပါ။
အခက္အခဲၾကားထဲမွာ အခ်ိန္ၾကာၾကာေနလို႔ မျဖစ္ပါဘူး။ အခ်ိန္ၾကာလာတာနဲ႔အမွ် စိတ္ဓာတ္က်လာၿပီး မေကာင္းတဲ့ ခံစားခ်က္ေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေရွ႕ဆက္ႏိုင္ဖို႔ လိုပါတယ္။ ျဖစ္ခဲ့သမွ်အေၾကာင္း အေကာင္းလို႔ မွတ္ၿပီး ေရွ႕ကို ပိုေကာင္းလာဖို႔ ႀကိဳးစားပါ။ ဒ့ါေၾကာင့္ ေရွ႕ဆက္ႏိုင္ဖို႔အတြက္ လုပ္စရာရွိတာကို လုပ္ေဆာင္ပါ။
================================================
အခက်အခက်တွေကို ရင်ဆိုင်ကျော်ဖြတ်ဖို့ နည်းလမ်း (၄)ခု
ဘဝဆိုတာ ပန်းခင်းလမ်းတစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီလိုကြုံတွေ့ရတဲ့အခါမှာ ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ တစ်ခါတစ်လေမှာ အခက်အခဲကကြီးမားလွန်းတဲ့အတွက် ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်း မရှိတော့ဘူးလို့တောင် ထင်ရတတ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအခက်အခဲတွေနဲ့ပဲ ကြုံကြုံ ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့အတွက် နည်းလမ်း(၄)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ အမြင်မှန်ရှိပါစေ။
လေမုန်တိုင်းတိုက်လို့ အိမ်ပြိုသွားတယ် ဆိုပါစို့။ နေစရာ အိမ်မရှိတော့ပဲ တစ်မိသားစုလုံး အိမ်ခြေရာမဲ့ဖြစ်သွားတယ်ဆိုရင်တောင် အဆိုးတွေကိုပ ဲမြင်ပြီးတွေးပြီး စိတ်ပျက်နေလို့မဖြစ်ပါဘူး။ မိသားစုဝင်တွေအားလုံး အသက်ရှင်ကျန်းမာနေတယ်ဆိုရင်ပဲ ကောင်းကွက်ရှိနေပါပြီ။ ကောင်းတဲ့အချက်တွေကိုပဲ တွေးပါ။ အဆိုးတွေကို အာရုံထဲမထားပါနဲ့။ အကောင်းဘက်က ရှုမြင်သုံးသပ်ပြီး အခက်အခဲကို စိန်ခေါ်ကျော်ဖြတ်ပါ။
၂။ စစ်မှန်တဲ့ မိတ်ဆွေအပေါင်းအသင်းများနဲ့ ဝန်းရံထားပါ။
သင်အခက်အခဲတွေ့နေချိန်မှာ သူတို့တွေကပဲ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ အကူအညီလိုနေချိန်မှာ အားပေးကူညီပေးမယ့်သူတွေ သင့်အနားမှာရှိနေမယ့်ဆိုရင် ပြန်လည်ထူထောင်ပြီး ရင်ဆိုင်နိုင်စွမ်းရှိလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပေါင်းသင်းဆက်ဆံရေးကို တန်ဖိုးထားပါ။
၃။ ဦးစားပေးရမယ့် ကိစ္စတွေကို အာရုံစိုက်ပါ။
အဆင်မပြေမှုတွေဆိုတာက အဖော်အပေါင်းနဲ့ လာတတ်ပါတယ်။ အခက်အခဲဖြစ်နေပြီဆိုရင် ဘာတွေမှန်းမသိ ကိစ္စဝိစ္စတွေ အများကြီးပေါ်လာတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာဆိုရင် တကယ်ကိုအရေးတကြီး ဂရုစိုက်ရမယ့် ကိစ္စကိုပဲ အာရုံစိုက်ပါ။ အခြားမဟုတ်တဲ့ကိစ္စတွေကို နောက်မှဖြေရှင်းပါတယ်။
၄။ ရှေ့ဆက်နိုင်ဖို့ လုပ်စရာရှိတာ လုပ်ဆောင်ပါ။
အခက်အခဲကြားထဲမှာ အချိန်ကြာကြာနေလို့ မဖြစ်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ စိတ်ဓာတ်ကျလာပြီး မကောင်းတဲ့ ခံစားချက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ရှေ့ဆက်နိုင်ဖို့ လိုပါတယ်။ ဖြစ်ခဲ့သမျှအကြောင်း အကောင်းလို့ မှတ်ပြီး ရှေ့ကို ပိုကောင်းလာဖို့ ကြိုးစားပါ။ ဒါ့ကြောင့် ရှေ့ဆက်နိုင်ဖို့အတွက် လုပ်စရာရှိတာကို လုပ်ဆောင်ပါ။
Subscribe to:
Posts (Atom)
