Wednesday, November 11, 2015
လူ့တန်ဖိုး
"လူ့တန်ဖိုး"
..:)
လူလောက မှာ လူတိုင်း တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်ချင်ကြမှာပါ။ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့က တကယ်ကို မလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူမှန်ရင် ကောင်းတာနဲ့ မကောင်းတာဆို မကောင်းတာကို လုပ်ဖို့ ခုံမင်ကြတယ်လေ။ မကောင်းတဲ့ လမ်းက ဖြောင့်ဖြူးတယ်၊ ကောင်းတဲ့ လမ်းက မတ်ဆောက်တယ် ဆိုရမလား။ ဒါ့ကြောင့် သင်လဲ တန်ဖိုး ရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ ဒါတွေကို လိုက်နာသင့်ပါတယ်။
ဒီနေ့ခေတ်ကာလမှာ လူတွေအများစုမှာ ကိုယ်ချင်းစာတဲ့ စိတ်တွေ တော်တော်လေး နည်းပါးလာတာကို တွေ့ရတယ်။ တချို့ဆို အလုပ်မှာ ရေသာခိုပြီး အချိန်တွေခိုး၊ ပိုက်ဆံကို ယူနေတဲ့ သူက ပိုများနေတယ်။ အဲဒီလို လူမျိုးတွေရဲ့ ဘဝက ဘယ်လိုနည်းနဲ့မှ တိုးတက်အောင်မြင်မှာမဟုတ်ပါဘူး။ ဘယ်သူတွေ တရားပျက်ပျက်၊ ကိုယ်မပျက်ပါစေနဲ့ ဆိုတဲ့စကားကို အမြဲသတိရပေးပါ။ ဒါဆို သင်လဲ သင်လုပ်ငန်းခွင်မှာ အလုပ်ကို သူများတွေ လုပ်သည်ဖြစ်စေ၊ မလုပ်ဖြစ်စေ။ သင်ကိုယ်တိုင်က ကိုယ်တာဝန်ကို ကျေပွန်တဲ့ လူတစ်ယောက်ဖြစ်ပါစေ။ နာမည်ရဖို့ အလုပ်ကို ကြိုးစားပြီး လုပ်စရာမလိုပါဘူး။ ကိုယ်သာ တကယ့်စေတနာမှန်နဲ့ အလုပ်ကို သေချာလုပ်ပါ။ တစ်နေ့ သင် အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်လာမှာ အမှန်ပဲလေ။
ဘယ်သူတွေ စည်းကမ်းပျက်ပျက်၊ ကိုယ်မပျက်ပါစေနဲ့ ။ စည်းကမ်းသည် လူ့၏ တန်ဖိုး ဆိုတဲ့ စကားကို ဘယ်တော့မှ မမေ့သင့်ပါဘူး။ စည်းကမ်း ရှိတဲ့ လူတစ်ယောက်ဟာ ဘာတွေပဲ လုပ်လုပ်၊ အသေးအဖွဲ့က အစ စနစ်တကျ လုပ်တတ် တဲ့ သူမျိုးပါ။ လူ တစ်ယောက်ရဲ့ တန်ဖိုးကို စည်းကမ်း ရှိခြင်း မရှိခြင်းက ဆုံးဖြတ်ပါလိမ့်မယ်။ သင် တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်ချင်ပါသလား။ အရင်ဆုံး စည်းကမ်း ရှိအောင် နေထိုင်လိုက်ပါ။ စည်းကမ်းရှိမှ လူ့တန်ဖိုး ရှိမည် ဆိုတဲ့ စကားကို နာယူ မှတ်သားရင်း တန်ဖိုးရှိတဲ့ လူတွေဖြစ်ကျပါစေ
မအားလို့ကြုံရာဝင်ရေးလိုက်တာပါ
အားလုံးကိုလေးစားလျက် PGG Mobile Shop
Subscribe to:
Post Comments (Atom)
No comments:
Post a Comment