Thursday, January 28, 2016

အဆင့္ျမင့္ 4G ဝန္ေဆာင္မႈအတြက္ Ooredoo အသင့္ျဖစ္ၿပီလို႔ဆို

"အဆင့္ျမင့္ 4G မိုဘိုင္းစနစ္အတြက္ Ooredoo အသင့္ျဖစ္ေနၿပီ ဟုဆို" ၂၀၁၅ ခုႏွစ္ ႏို၀င္ဘာလတြင္ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္အစိုးရက ဆက္သြယ္ေရးကုမၸဏီမ်ားအတြက္ 4G/LTE အသုံးျပဳခြင့္ စတင္ေပးလိုက္စဥ္ကပင္ သုံးစြဲသူလက္ဝယ္႐ွိ အူရီဒူးဆင္းမ္ကတ္တို႔ အေနျဖင့္ 4G/LTE အတြက္ အဆင္သင့္ျဖစ္ေနခဲ့ၿပီ ျဖစ္သည္။ ၂၀၁၄ ခုႏွစ္ မတ္လတြင္ စတင္စမ္းသပ္စဥ္ကပင္ အူရီဒူးဆင္းမ္ကတ္ အားလုံးအေနျဖင့္ 4G/LTE အတြက္ အဆင္သင့္ျဖစ္ေနခဲ့သည္မွာ ယခုဆိုလွ်င္ ၂ ႏွစ္နီးပါးပင္ ႐ွိခဲ့ပါၿပီ။ “အူရီဒူးရဲ႕ ၆ သန္းေက်ာ္ေသာ သံုးစြဲသူအားလံုးဟာ 4G ကိုအသံုးျပဳဖုိ႔ အဆင္သင့္ျဖစ္ေနပါၿပီ။ အူရီဒူးက ျဖန္႔ခ်ိေရာင္းခ်ေနတဲ႔ ဆင္းမ္ ကတ္မ်ားဟာလည္း 4G အသံုးျပဳဖုိ႔ အသင့္အေနအထားမွာ ရွိေနပါတယ္။ ဆင္းမ္ကတ္အသစ္ လဲလွယ္အသံုးျပဳဖုိ႔ မလိုတဲ့အတြက္ ကြ်န္ေတာ္တို႔ အေရာင္းဆိုင္ေတြမွာ ဆင္းမ္ကတ္လဲဖုိ႔ တန္း အရွည္ႀကီးစီၿပီး ေစာင့္ဆိုင္းရတဲ႔ ကရိကထေတြလည္း မရွိေတာ့ဘူးေပါ့။ ဆက္သြယ္ေရးညႊန္ၾကားမႈ ဦးစီးဌာနကေနၿပီး 4G အတြက္ မိုဘိုင္း ဆက္သြယ္ေရး ေရဒီယိုလိုင္း ခ်ေပးလိုက္တာနဲ႔ တစ္ၿပိဳင္နက္ ကြ်န္ေတာ္တို႔ဟာ နည္းပညာအားျဖင့္ပါ 4G အတြက္ အဆင္သင့္ ျဖစ္ေနပါၿပီ” ဟု Rene က ထပ္မံျဖည့္စြက္ ေျပာၾကားလိုက္သည္။ အူရီဒူးဝန္ေဆာင္မႈ စတင္သည့္ ၂၀၁၄ ခုႏွစ္ ၾသဂုတ္လတြင္ အူရီဒူးျမန္မာ အေနျဖင့္ ေနာက္ဆုံးေပၚ 3G နည္းပညာကို သုံးစြဲထား႐ံု မက ႏိုင္ငံေတာ္အစိုးရမွ 4G အသုံးျပဳခြင့္ ေပးလိုက္ပါက အူရီဒူးသုံးစြဲသူတို႔ အေနျဖင့္ ျမန္ျမန္ဆန္ဆန္ႏွင့္ အလြယ္တကူ ေျပာင္းသုံးႏိုင္မည္ျဖစ္ေၾကာင္းကိုလည္း တလက္စတည္း ထုတ္ျပန္ေၾကညာခဲ့ၿပီးျဖစ္သည္။ http://internetjournal.media/news/5336 xxxxxxxxxxxxx "အဆင့်မြင့် 4G မိုဘိုင်းစနစ်အတွက် Ooredoo အသင့်ဖြစ်နေပြီ ဟုဆို" ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက ဆက်သွယ်ရေးကုမ္ပဏီများအတွက် 4G/LTE အသုံးပြုခွင့် စတင်ပေးလိုက်စဉ်ကပင် သုံးစွဲသူလက်ဝယ်ရှိ အူရီဒူးဆင်းမ်ကတ်တို့ အနေဖြင့် 4G/LTE အတွက် အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ၂၀၁၄ ခုနှစ် မတ်လတွင် စတင်စမ်းသပ်စဉ်ကပင် အူရီဒူးဆင်းမ်ကတ် အားလုံးအနေဖြင့် 4G/LTE အတွက် အဆင်သင့်ဖြစ်နေခဲ့သည်မှာ ယခုဆိုလျှင် ၂ နှစ်နီးပါးပင် ရှိခဲ့ပါပြီ။ “အူရီဒူးရဲ့ ၆ သန်းကျော်သော သုံးစွဲသူအားလုံးဟာ 4G ကိုအသုံးပြုဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အူရီဒူးက ဖြန့်ချိရောင်းချနေတဲ့ ဆင်းမ် ကတ်များဟာလည်း 4G အသုံးပြုဖို့ အသင့်အနေအထားမှာ ရှိနေပါတယ်။ ဆင်းမ်ကတ်အသစ် လဲလှယ်အသုံးပြုဖို့ မလိုတဲ့အတွက် ကျွန်တော်တို့ အရောင်းဆိုင်တွေမှာ ဆင်းမ်ကတ်လဲဖို့ တန်း အရှည်ကြီးစီပြီး စောင့်ဆိုင်းရတဲ့ ကရိကထတွေလည်း မရှိတော့ဘူးပေါ့။ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကနေပြီး 4G အတွက် မိုဘိုင်း ဆက်သွယ်ရေး ရေဒီယိုလိုင်း ချပေးလိုက်တာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ဟာ နည်းပညာအားဖြင့်ပါ 4G အတွက် အဆင်သင့် ဖြစ်နေပါပြီ” ဟု Rene က ထပ်မံဖြည့်စွက် ပြောကြားလိုက်သည်။ အူရီဒူးဝန်ဆောင်မှု စတင်သည့် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် အူရီဒူးမြန်မာအနေဖြင့် နောက်ဆုံးပေါ် 3G နည်းပညာကို သုံးစွဲထားရုံမက နိုင်ငံတော်အစိုးရမှ 4G အသုံးပြုခွင့် ပေးလိုက်ပါက အူရီဒူးသုံးစွဲသူတို့အနေဖြင့် မြန်မြန်ဆန်ဆန်နှင့် အလွယ်တကူ ပြောင်းသုံးနိုင်မည်ဖြစ်ကြောင်းကိုလည်း တလက်စတည်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ http://internetjournal.media/news/5336

No comments:

Post a Comment