Friday, November 25, 2016

Oppo ရဲ. အသစ်ထုတ်လိုက်သော A39 reviews

Oppo ရဲ. အသစ်ထုတ်လိုက်သော A39 reviews PGG Mobile မှာ ၂၁၉၀၀၀ ကျပ်တည်းဖြစ် ၀ယ်ယူရရှိနိုင်ပါပြီ သင့်ရဲ့ အလှအပတွေကို ပိုမိုတောက်ပစေမယ့် Oppo A39 Oppo စမတ်ဖုန်းတွေကို ဓာတ်ပုံရိုက်ရိုက် ဝါသနာကြီးသူတွေ အကြိုက်တွေ့လာတဲ့အချက်က ကင်မရာပိုင်းကို အလေးပေး ထုတ်လုပ်ထားရုံသာမက ဖုန်းရဲ့ စွမ်းဆောင်ရည်တွေကြောင့်လည်း ပါဝင်ပါတယ်။ ယခုနှစ်(၂၀၁၆) အတွင်းမှာဆိုရင် Oppo F1, F1s တို့ဟာ ကင်မရာပိုင်းနဲ့ ဖုန်းရဲ့ စွမ်းရည်ပိုင်းတွေဟာ သုံးစွဲသူ အကြိုက်တွေ့စေခဲ့ပါ တယ်။ Oppo F1s ကတော့ selfie သမားတွေအနှစ်သက်ဆုံး ဖုန်းတစ်လုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ယခုအခါမှာလည်း Selfie သမားတွေ မရပ်မနားရိုက်ကူးပြီး မိမိရဲ့ အလှအပတွေကို ပိုမိုတောက်ပစေမယ့် Oppo A39 မော်ဒယ် ထပ်မံထွက်ရှိလာပါတယ်။ အရင်ထွက်ရှိခဲ့တဲ့ F1S လောက်တော့ အရှေ့ကင်မရာ ရဲ့ MP လောက်မရှိတော့ပေမယ့် ကင်မရာ စွမ်းရည်ကတော့ သဘောကျနှစ်သက်စေမှာပါ။ အရင်ဆုံး ကျွန်တော်တို့ Oppo A39 ရဲ့ အချက်အလက်လေးတွေကတော့……. >> 5.2 Inch (720x1280 pixels) IPS LCD Capacitive TouchScreen, Corning Gorilla Glass, (2.5D Curved Glass) >> 1.5GHz Octa Core Processor Media Tek, MT6750 with Mali T860, MP2 GPU >> 3GB(LPDDR3) RAM with 32GB internal storage >> Android 5.1 (Lollipop) , (Color UI 3.0) >> 13 Megapixels 4160x3120 Pixels rear camera, 5.0 Megapixels, (F2.4 Aperture, 1.4 micron pixel, beautify 4.0)front-facing camera >> Dimensions: 149.1x72.9x7.65mm; Weight: 147g >> Li-lon 2900 mAh battery (Non-removable) မျက်နှာပြင် ဖုန်းရဲ့ မျက်နှာပြင်အကျယ်ကတော့ 5.2 အကျယ်ရှိပြီး IPS LCD Display အမျိုးအစားဖြစ်ပါတယ်။ ဖုန်းရဲ့ မြင်ကွင်းရုပ်ထွက်ကတော့ 720x1280 pixels ရှိတဲ့ ကြည်လင်တဲ့ ရုပ်ထွက်ကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ထည် ဖုန်းရဲ့ ကိုယ်ထည် ဒီဇိုင်းပိုင်းကတော့ သပ်ရပ်ပြီး စမတ်ကျစေမယ့် Premium ဒီဇိုင်းဖြစ်ပြီး ဖုန်းရဲ့ မျက်နှာပြင်ကို Corning Gorilla Glass (2.5D curved glass) နဲ့ ဖုံးအုပ် ကာကွယ်ပေးထားတဲ့အတွက် သာမာန်အစင်းခြစ်ရာများအတွက် ကာကွယ်ပေးပြီးသား ဖြစ်ပါတယ်။ Selfie ကင်မရာ Selfie ကင်မရာပိုင်းမှာတော့ 5MP ရှိပြီး beautify 4.0 နဲ့ ထောက်ပံ့ပေးထားတဲ့အတွက် လှပပြီး ဆွဲဆောင်မှု ရှိတဲ့ ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံရိုက်ကူးတဲ့အခါ ပုံရိပ်မှာ noice မဖြစ်စေဖို့ ထိန်းချုပ်ပေးထား ပါသေးတယ်။ ကျောဘက်ကင်မရာ ကျောဘက်ကင်မရာကတော့ 13MP ရှိပြီး 4160x3120 Pixels ရှိတဲ့ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို ရရှိခံစားနိုင်မှာ ဖြစ်ပြီး ကင်မရာ feature စုံစုံလင်နဲ့ ရိုက်ကူးနိုင်မှာလည်း ဖြစ်ပါတယ်။ စွမ်းရည် ဖုန်းရဲ့ စွမ်းရည်ပိုင်းမှာတော့ Media Tek, MT6750 Chipset ကို မြန်နှုန်း 1.5GHz Octa Core CPU နဲ့ တွဲဖက်မောင်းနှင်ပေးထားပါတယ်။ GPU ကတော့ Mali T860, MP2 ကို တပ်ဆင်ပေးထားတဲ့အတွက် ဂိမ်းဆော့ကစားသူများအတွက်လည်း ရုပ်ထွက်ကောင်းကောင်းနဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။ Android စနစ် Oppo A39 မှာဆိုရင်တော့ သူရဲ့ ကိုယ်ပိုင် UI ဖြစ်တဲ့ Color UI 3.0 ကို Android 5.1(Lollipop) နဲ့ ပေါင်းစပ်ပေးထားပါတယ်။ ကွန်ရက် Oppo A39 ဟာ GSM ဖုန်းအမျိုးအစားဖြစ်ပြီး GSM 2G,3G နဲ့ 4G အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ SIM ကဒ်အရွယ်အစားကတော့ Nano အရွယ်အစားဖြစ်ပြီး နှစ်ကဒ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ SIM ကဒ်ထည့်သွင်းတဲ့ နေရာမှာလည်း Micro SD ကိုထည့်သွင်းအသုံးပြုနိုင်အောင် စီစဉ်ပေးထားပါသေးတယ်။ မှတ်ဥာဏ် သိုလှောင်နိုင်စွမ်း ဖုန်းတွင်း မှတ်ဥာဏ်သိုလှောင်နိုင်စွမ်းကတော့ ROM 32GB နဲ့ RAM 3GB ပါဝင်တဲ့အတွက် မှတ်ဥာဏ်သိုလှောင်နိုင်မှုနဲ့ အချက်အလက်မြန်မြန်ဆန်ဆန် ပေးပို့ဆောင်ရွက်နိုင်မှုကလည်း ကောင်းမွန်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘက်ထရီ Oppo A39 ရဲ့ ဘက်ထရီအမျိုးအစားကတော့ Li-lon 2900 mAh (non-removable) အမျိုးအစား ဖြစ်ပါတယ်။ အရောင် Oppo A39 ရဲ့ အရောင်ကတော့ ရွှေရောင် ဖြစ်ပါတယ်။ Credits- smartphone reviews

No comments:

Post a Comment