Friday, December 16, 2016

အသုံးမပြုတော့တဲ့ Google Account ကို ဘယ်လိုဖျက်မလဲ

အသုံးမပြုတော့တဲ့ Google Account ကို ဘယ်လိုဖျက်မလဲ ======================================== အသုံးမပြုတော့တာ ကြာပြီဖြစ်တဲ့ Google Account အဟောင်းတွေနဲ့ အသုံးမပြုချင်တော့တဲ့ Google Account တွေကို ဖျက်ပစ်ချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Google Account ကိုဖျက်ဆီးပစ်တော့မယ်ဆိုရင် gmail အတွင်းမှာရှိတဲ့ အချက်အလက်တွေကို download ပြုလုပ်ထားပြီးမှသာ Google account ကို ဖျက်သင့်ပါတယ်။ Google Email ထဲက အချက်အလက်တွေကို download ပြုလုပ်ဖို့အတွက်ဆိုရင် Google Takeout ကနေ သွားရောက်ပြီး Download ပြုလုပ်ရပါမယ်။ Google Takeout ကို အသုံးပြုရန်အတွက် https://takeout.google.com/settings/takeout (ဒီနေရာကနေ) သွားရောက်ပြီး အသုံးပြုနိုင်မှာဖြစ်ပါ တယ်။ Email ထဲက အချက်အလက်တွေကို download ပြုလုပ်ပြီးပြီဆိုရင် Google Account ကို ဖျက်ပစ်ရန် အတွက် https://myaccount.google.com/preferences… ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို သွားရပါမယ်။ အဆိုပါ ဝက်ဘ်ဆိုက်လိပ်စာကို ရောက်ပြီဆိုရင် Delete produts နဲ့ Delete Google Account and data ဆိုတာကို တွေ့မြင်ရပါမယ်။ Delete products ဆိုတာကတော့ Google ထုတ်ကုန်တွေဖြစ်တဲ့ Google+, YouTube, Mail အစရှိတဲ့ မလိုချင်တဲ့ product တွေကို ဖျက်ထုတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။ Google Account and data ကိုရွေးချယ်မယ်ဆိုပါက Google Calendar, Drive, Gmail, Contacts, YouTube အစရှိတာတွေနဲ့ Gmail ထဲက အချက်အလက်တွေအကုန်လုံး အပြင် Google Account ကိုပါ ဖျက်ပစ်သွားပါလိမ့်မယ်။ Read more tutorial & Download Here>>>http://www.zunite.org/2016/12/google-account.html Ref: howtogeek သီဟ Internet Journal

No comments:

Post a Comment