Friday, December 18, 2015
Samsung A8 Review
Samsung Galaxy A8 Review
ေစ်းကြက္ထဲေရာက္ရိွလာတာ မၾကာေသးတဲ့ Samsung Galaxy A8 ကေတာ့ ပထမဆံုးျမင္လိုက္ရတဲ့ အခ်ိန္မွာ သူ႕ရဲ႕ပါးလႊာ သြယ္လ်ျပီး သတၳဳကိုယ္ထည္အျပည့္သံုးထားတဲ့ ေဘာ္ဒီက ဆြဲေဆာင္ႏိုင္ခဲ့ေပမယ့္ အလ်ားက ထင္တာထက္ပိုရွည္ေနတာကို ခံစားရမိတဲ့ အခ်ိန္မွာ နည္းနည္းေတာ့ စိတ္ကသိကေအာက္ျဖစ္သြားေစခဲ့တယ္။
သို႔ေပမယ့္ ယခင္ Samsung ဖုန္းပံုစံေတြထဲက ကြဲထြက္လာျပီး အရင္ကမေတြ႕ဖူးတဲ့ အေတြ႕အၾကံဳသစ္တစ္ခုကို ေပးစြမ္းႏုိင္ပါတယ္။ Dual Sim ျဖစ္လို႕ Sim Card ၂ ကဒ္ထိ အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။ မ်က္ႏွာျပင္က ၅.၇လက္မ ရိွျပီး Samsung ရဲ႕ ယခင္ စီးရီးေတြအတိုင္း Super AMOLED display ကိုပဲ အသံုးျပဳထားပါတယ္။ မ်က္ႏွာျပင္က်ယ္တယ္ ဆိုတာထက္ ရွည္လ်ားတဲ့ Full HD မ်က္ႏွာျပင္က Phone ကို Landscape Mood နဲ႕ သံုးတဲ့အခါမွာေတာ့ ျပန္ျပီး အဆင္ေျပသြားပါတယ္။ အရင္က Series အျမင့္ပိုင္းေတြမွာသာ ထည့္ထားခဲ့တဲ့ Multi Windows ကို A8 မွာ အသံုးျပဳႏုိင္တာကလည္း
သေဘာက်ဖို႕ ေကာင္းတဲ့ အခ်က္တစ္ခုပါ။ အေသးစိပ္အခ်က္အလက္ေတြအရ Samsung Galaxy A8 ရဲ႕ 5.9mm အထူပဲရိွတယ္ဆိုတာကလည္း လက္ရိွ Samsung ရဲ႕ ထုတ္ခဲ့သမွ် စီးရီးေတြ အားလံုးမွာ အပါးလႊာဆံုး မ်ိဳးဆက္သစ္ တစ္ခုပါပဲ။
အေလးခ်ိန္ကေတာ့ A7 လို အနည္းငယ္ ေပါ့ရႊတ္ရႊတ္ႏိုင္တဲ့ ပံုမ်ိဳးမရိွပဲ ရိွသင့္တဲ့ အေလးခ်ိန္နဲ႕ လက္မွာကိုင္တြယ္ရ အဆင္ေျပေစပါတယ္။
ပံုစံအသြင္အျပင္ကို ျခံဳငံုၾကည့္မယ္ဆိုရင္ သူ႕ေရွ႕ စီးရီးတစ္ခုျဖစ္တဲ့ A7 ထက္ ဒီဇိုင္းပိုင္းေရာ ဖြဲ႕စည္းပံုမွာပါ အထင္ၾကီးေလာက္စရာရိွပါတယ္။
အသံုးျပဳထားတဲ့ Processor ကေတာ့ Octa Core 1.5 GHz ျဖစ္ျပီး RAM 2GB နဲ႕ Internal Storage ကေတာ့ 32GB အထိ သိမ္းဆည္းႏုိင္ပါတယ္။
RAM 2GB ကိုအသံုးျပဳထားေပမယ့္ RAM 3GB အသံုးျပဳထားတဲ့ Honor 6 Plus နဲ႕ ယွဥ္ျပီး ဂိမ္းကစားၾကည့္ခဲ့ပါတယ္။ Candy Crush ကို Offline ေဆာ့တဲ့ အခ်ိန္မွာ သိသိသာသာ ကြာျခားခ်က္မရိွေပမယ့္ Online ခ်ိတ္ျပီး ေဆာ့တဲ့အခ်ိန္မွာေတာ့ သိသိသာသာ ကြာသြားခဲ့ပါျပီ။
RAM 3GB သံုးထားတဲ့ Honor 6 Plus မွာေတာ့ သိသိသာသာကို ေႏွးျပီး ထစ္ေငါ့တာေတြ ျဖစ္လာေပမယ့္ Samsung A8 ကေတာ့ ပံုမွန္အတိုင္းပဲ ဆိုတာ ေတြ႕ရပါတယ္။
ေနာက္ထပ္ အသံုး၀င္မယ့္ အခ်က္တစ္ခုက iPhone ေတြနဲ႕ Galaxy S6 စီးရီးေတြမွာ မပါ၀င္တဲ့ MicroSD slot ျပန္ပါလာျခင္းပါ။ 128GB Micro SD အထိ ထည့္သြင္းအသံုးျပဳႏုိင္ျခင္းေၾကာင့္ Data ပမာဏ မ်ားမ်ားကို သိုေလွာင္ႏိုင္ပါတယ္။ လက္ထဲမွာရိွတဲ့ 64GB Micro SD နဲ႕ စမ္းသပ္ သံုးစြဲၾကည့္တဲ့အခ်ိန္မွာေတာ့ Micro SD error တက္ျခင္းမရိွပဲ အဆင္ေျပခ့ဲပါတယ္။ သတိျပဳရမယ့္ အခ်က္ကေတာ့ Huawei ေမာ္ဒယ္လ္အျမင့္ပိုင္းေတြလိုပဲ သူ႕မွာပါ၀င္တဲ့ Micro SD Slot ဟာ Sim Slots ထဲမွာပဲ ျဖစ္လို႕ Micro SD ထည့္ျပီးအသံုးျပဳလိုက္မယ္ဆိုရင္ ေနာက္ထပ္ SIM ကတ္ဒ္တစ္ခုကိုထည့္လို႕ရေတာ့မွာ မဟုတ္ပါဘူး။ A8 ရဲ႕ Sim Slot ၂ခုလံုးက 4G Network အထိ အေထာက္အပံ့ေပးႏုိင္တဲ့ အတြက္ ျမန္မာျပည္မွာ SIM Card ၂ကတ္လံုး အတြက္ အျမင့္ဆံုး 3G အထိ အသံုးျပဳႏုိင္မွာပဲ ျဖစ္ပါတယ္။
ဘက္ထရီကေတာ့ 3050 mAh ရိွတဲ့ ဘက္ထရီကို သံုးထားျပီး ပံုမွန္အသံုးျပဳခ်ိန္ နာရီ ၂၀ ထိ ရမွာပါ။ အင္တာနက္ ေတာက္ေလွ်ာက္သံုးျပီး ဂိမ္းကစားတဲ့ အခ်ိန္မွာေတာ့ တေန႕လံုး အသံုးျပဳလို႕ လံုေလာက္ခဲ့ပါတယ္။ ဒါ့အျပင္ သံုးရတာ လြယ္ကူတဲ့ Finger Print Scanner ကိုလည္း ထည့္ေပးထားျပီး တို႕ထိလိုက္ရံုနဲ႕ လက္ေဗြကို အခ်ိန္တိုအတြင္း မွတ္မိႏုိင္တဲ့ စနစ္ကို အသံုးျပဳထားပါတယ္။
ေထာက္ျပစရာ အခ်က္တစ္ခုကေတာ့ A8 မွာအသံုးျပဳထားတဲ့ စပီကာရဲ႕ အရည္အေသြးပါပဲ။ အသံထြက္အရည္အေသြးက ထင္ထားတာထက္ မက်ယ္တဲ့ အျပင္ ပတ္၀န္းက်င္ဆူညံသံေအာက္မွာ အသံ ကို သဲသဲကြဲကြဲမၾကားရပါဘူး။
ကင္မရာပိုင္းကေတာ့ အဓိက ကင္မရာအတြက္ 16MP ကင္မရာအမ်ိဳးအစားကို အသံုးျပဳထားျပီး အေရွ႕ Selfie ကင္မရာအတြက္ေတာ့ 5MP အမ်ိဳးအစားကို အသံုးျပဳထားပါတယ္။ Lens Aperture ကေတာ့ 1.9 အထိရိွျပီး အလင္းေရာင္ အားနည္းတဲ့ အခ်ိန္မွာ ပံုရိပ္ကို ေကာင္းမြန္စြာ ဖမ္းယူႏုိင္ပါတယ္။ ဒါ့အျပင္ Home Button ကို ၂ခ်က္ႏိွပ္ရံုနဲ႕ ကင္မရာကို တန္းပြင့္ေစတဲ့ အတြက္ ရုတ္တရက္ ဓာတ္ပံုရိုက္ဖို႕ လိုအပ္လာတဲ့ အခါ ျမန္ျမန္ဆန္ဆန္ပဲရိုက္ကူးႏုိင္ပါတယ္။
အေရွ႕ကင္မရာကို Selfie အတြက္ အထူးမြမ္းမံထားတယ္လို႕ ေျပာလို႕ရေအာင္ကို ဖန္တီးထားေပးပါတယ္။ ဖုန္းအမ်ားစုက Selfie ကို Landscape Mood မွာ ၈၅ ဒီဂရီထိပဲ ျမင္ကြင္းကို ရိုက္ကူးႏုိင္ခ်ိန္မွာ Samsung ရဲ႕ Galaxy A8 ကေတာ့ ၁၀၃ ဒီဂရီထိ ဖမ္းယူရိုက္ကူးႏုိင္စြမ္းရိွတာေၾကာင့္ ေနာက္ခံျမင္ကြင္းကို အျပည့္အ၀ ခံစားႏုိင္မွာပဲျဖစ္ပါတယ္။
အဓိကကင္မရာမွာလည္း Face Detection ကို ထပ္မံမြန္းမံထားလို႕ Selfie အတြက္ ပိုျပီး အရည္အေသြးေကာင္းမြန္တဲ့ ပံုေတြကို ရရိွေစမွာပဲ ျဖစ္ပါတယ္။
လက္ရိွေစ်းကြက္ ေပါက္ေစ်း အရ ၅သိန္း၇ေသာင္း၀န္းက်င္နဲ႕ ေရာင္းခ်ေနလို႕ အတန္အသင့္ ေစ်းၾကီးတယ္လို႕ေျပာလို႕ရျပီး လူလတ္တန္းစားအုပ္စု အတြက္ အနည္းငယ္ လွမ္းတဲ့ ေစ်းႏႈန္းတစ္ခု ျဖစ္တယ္လို႕ ယူဆမိပါတယ္။
ဒီေစ်း ပတ္ခ်ာလည္ရိွတဲ့ ဖုန္းေတြရဲ႕ အေနအထားကို သံုးသပ္ၾကည့္မယ္ဆိုရင္ Huawei ရဲ႕ Mate 7 နဲ႕ P8၊ Sony Xperia Z3, LG G3, HTC One M8 တို႕နဲ႕ ယွဥ္ရင္ Samsung A8 က စြမ္းေဆာင္ရည္ပိုင္းမွာ အနည္းငယ္ေခါင္းတစ္လံုး သာေနတယ္လို႕ သံုးသပ္မိပါတယ္။
ဒါေပမယ့္ Xiaomi ရဲ႕ ေနာက္ဆံုးထြက္ Mi Note Pro ထက္ ေတာင္ အနည္းငယ္မ်ားေနတာကိုေတာ့ သတိထားမိပါတယ္။ ဒါေပမယ့္ စြမ္းေဆာင္ရည္ပိုင္း၊ ကင္မရာရဲ႕ ထူးျခားခ်က္ေတြနဲ႕ တည္ေဆာက္ထားတဲ့ သတၱဳကိုယ္ထည္ရဲ႕ ခန္႕ညားမႈေတြက အသံုးျပဳဖို႕ စြဲေဆာင္ႏိုင္စြမ္းရိွတဲ့ ဖုန္းတစ္လံုးလို႕ ယူဆမိပါေၾကာင္း .....
#BacoonDigital #Mobile #Samsung #A8 #SoKyan
(Myanmar Unicode Version)
စျေးကွက်ထဲရောက်ရှိလာတာ မကြာသေးတဲ့ Samsung Galaxy A8 ကတော့ ပထမဆုံးမြင်လိုက်ရတဲ့ အချိန်မှာ သူ့ရဲ့ပါးလွှာ သွယ်လျပြီး သတ္ထုကိုယ်ထည်အပြည့်သုံးထားတဲ့ ဘော်ဒီက ဆွဲဆောင်နိုင်ခဲ့ပေမယ့် အလျားက ထင်တာထက်ပိုရှည်နေတာကို ခံစားရမိတဲ့ အချိန်မှာ နည်းနည်းတော့ စိတ်ကသိကအောက်ဖြစ်သွားစေခဲ့တယ်။ သို့ပေမယ့် ယခင် Samsung ဖုန်းပုံစံတွေထဲက ကွဲထွက်လာပြီး အရင်ကမတွေ့ဖူးတဲ့ အတွေ့အကြုံသစ်တစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ Dual Sim ဖြစ်လို့ Sim Card ၂ ကဒ်ထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
မျက်နှာပြင်က ၅.၇လက်မ ရှိပြီး Samsung ရဲ့ ယခင် စီးရီးတွေအတိုင်း Super AMOLED display ကိုပဲ အသုံးပြုထားပါတယ်။
မျက်နှာပြင်ကျယ်တယ် ဆိုတာထက် ရှည်လျားတဲ့ Full HD မျက်နှာပြင်က Phone ကို Landscape Mood နဲ့ သုံးတဲ့အခါမှာတော့ ပြန်ပြီး အဆင်ပြေသွားပါတယ်။ အရင်က Series အမြင့်ပိုင်းတွေမှာသာ ထည့်ထားခဲ့တဲ့ Multi Windows ကို A8 မှာ အသုံးပြုနိုင်တာကလည်း
သဘောကျဖို့ ကောင်းတဲ့ အချက်တစ်ခုပါ။ အသေးစိပ်အချက်အလက်တွေအရ Samsung Galaxy A8 ရဲ့ 5.9mm အထူပဲရှိတယ်ဆိုတာကလည်း လက်ရှိ Samsung ရဲ့ ထုတ်ခဲ့သမျှ စီးရီးတွေ အားလုံးမှာ အပါးလွှာဆုံး မျိုးဆက်သစ် တစ်ခုပါပဲ။
အလေးချိန်ကတော့ A7 လို အနည်းငယ် ပေါ့ရွှတ်ရွှတ်နိုင်တဲ့ ပုံမျိုးမရှိပဲ ရှိသင့်တဲ့ အလေးချိန်နဲ့ လက်မှာကိုင်တွယ်ရ အဆင်ပြေစေပါတယ်။
ပုံစံအသွင်အပြင်ကို ခြံုငုံကြည့်မယ်ဆိုရင် သူ့ရှေ့ စီးရီးတစ်ခုဖြစ်တဲ့ A7 ထက် ဒီဇိုင်းပိုင်းရော ဖွဲ့စည်းပုံမှာပါ အထင်ကြီးလောက်စရာရှိပါတယ်။
အသုံးပြုထားတဲ့ Processor ကတော့ Octa Core 1.5 GHz ဖြစ်ပြီး RAM 2GB နဲ့ Internal Storage ကတော့ 32GB အထိ သိမ်းဆည်းနိုင်ပါတယ်။
RAM 2GB ကိုအသုံးပြုထားပေမယ့် RAM 3GB အသုံးပြုထားတဲ့ Honor 6 Plus နဲ့ ယှဉ်ပြီး ဂိမ်းကစားကြည့်ခဲ့ပါတယ်။ Candy Crush ကို Offline ဆော့တဲ့ အချိန်မှာ သိသိသာသာ ကွာခြားချက်မရှိပေမယ့် Online ချိတ်ပြီး ဆော့တဲ့အချိန်မှာတော့ သိသိသာသာ ကွာသွားခဲ့ပါပြီ။
RAM 3GB သုံးထားတဲ့ Honor 6 Plus မှာတော့ သိသိသာသာကို နှေးပြီး ထစ်ငေါ့တာတွေ ဖြစ်လာပေမယ့် Samsung A8 ကတော့ ပုံမှန်အတိုင်းပဲ ဆိုတာ တွေ့ရပါတယ်။
နောက်ထပ် အသုံးဝင်မယ့် အချက်တစ်ခုက iPhone တွေနဲ့ Galaxy S6 စီးရီးတွေမှာ မပါ၀င်တဲ့ MicroSD slot ပြန်ပါလာခြင်းပါ။ 128GB Micro SD အထိ ထည့်သွင်းအသုံးပြုနိုင်ခြင်းကြောင့် Data ပမာဏ များများကို သိုလှောင်နိုင်ပါတယ်။ လက်ထဲမှာရှိတဲ့ 64GB Micro SD နဲ့ စမ်းသပ် သုံးစွဲကြည့်တဲ့အချိန်မှာတော့ Micro SD error တက်ခြင်းမရှိပဲ အဆင်ပြေခဲ့ပါတယ်။ သတိပြုရမယ့် အချက်ကတော့ Huawei မော်ဒယ်လ်အမြင့်ပိုင်းတွေလိုပဲ သူ့မှာပါ၀င်တဲ့ Micro SD Slot ဟာ Sim Slots ထဲမှာပဲ ဖြစ်လို့ Micro SD ထည့်ပြီးအသုံးပြုလိုက်မယ်ဆိုရင် နောက်ထပ် SIM ကတ်ဒ်တစ်ခုကိုထည့်လို့ရတော့မှာ မဟုတ်ပါဘူး။ A8 ရဲ့ Sim Slot ၂ခုလုံးက 4G Network အထိ အထောက်အပံ့ပေးနိုင်တဲ့ အတွက် မြန်မာပြည်မှာ SIM Card ၂ကတ်လုံး အတွက် အမြင့်ဆုံး 3G အထိ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။
ဘက်ထရီကတော့ 3050 mAh ရှိတဲ့ ဘက်ထရီကို သုံးထားပြီး ပုံမှန်အသုံးပြုချိန် နာရီ ၂၀ ထိ ရမှာပါ။ အင်တာနက် တောက်လျှောက်သုံးပြီး ဂိမ်းကစားတဲ့ အချိန်မှာတော့ တနေ့လုံး အသုံးပြုလို့ လုံလောက်ခဲ့ပါတယ်။ ဒါ့အပြင် သုံးရတာ လွယ်ကူတဲ့ Finger Print Scanner ကိုလည်း ထည့်ပေးထားပြီး တို့ထိလိုက်ရုံနဲ့ လက်ဗွေကို အချိန်တိုအတွင်း မှတ်မိနိုင်တဲ့ စနစ်ကို အသုံးပြုထားပါတယ်။
ထောက်ပြစရာ အချက်တစ်ခုကတော့ A8 မှာအသုံးပြုထားတဲ့ စပီကာရဲ့ အရည်အသွေးပါပဲ။ အသံထွက်အရည်အသွေးက ထင်ထားတာထက် မကျယ်တဲ့ အပြင် ပတ်ဝန်းကျင်ဆူညံသံအောက်မှာ အသံ ကို သဲသဲကွဲကွဲမကြားရပါဘူး။
ကင်မရာပိုင်းကတော့ အဓိက ကင်မရာအတွက် 16MP ကင်မရာအမျိုးအစားကို အသုံးပြုထားပြီး အရှေ့ Selfie ကင်မရာအတွက်တော့ 5MP အမျိုးအစားကို အသုံးပြုထားပါတယ်။ Lens Aperture ကတော့ 1.9 အထိရှိပြီး အလင်းရောင် အားနည်းတဲ့ အချိန်မှာ ပုံရိပ်ကို ကောင်းမွန်စွာ ဖမ်းယူနိုင်ပါတယ်။ ဒါ့အပြင် Home Button ကို ၂ချက်နှိပ်ရုံနဲ့ ကင်မရာကို တန်းပွင့်စေတဲ့ အတွက် ရုတ်တရက် ဓာတ်ပုံရိုက်ဖို့ လိုအပ်လာတဲ့ အခါ မြန်မြန်ဆန်ဆန်ပဲရိုက်ကူးနိုင်ပါတယ်။
အရှေ့ကင်မရာကို Selfie အတွက် အထူးမွမ်းမံထားတယ်လို့ ပြောလို့ရအောင်ကို ဖန်တီးထားပေးပါတယ်။ ဖုန်းအများစုက Selfie ကို Landscape Mood မှာ ၈၅ ဒီဂရီထိပဲ မြင်ကွင်းကို ရိုက်ကူးနိုင်ချိန်မှာ Samsung ရဲ့ Galaxy A8 ကတော့ ၁၀၃ ဒီဂရီထိ ဖမ်းယူရိုက်ကူးနိုင်စွမ်းရှိတာကြောင့် နောက်ခံမြင်ကွင်းကို အပြည့်အဝ ခံစားနိုင်မှာပဲဖြစ်ပါတယ်။
အဓိကကင်မရာမှာလည်း Face Detection ကို ထပ်မံမွန်းမံထားလို့ Selfie အတွက် ပိုပြီး အရည်အသွေးကောင်းမွန်တဲ့ ပုံတွေကို ရရှိစေမှာပဲ ဖြစ်ပါတယ်။
လက်ရှိစျေးကွက် ပေါက်စျေး အရ ၅သိန်းရသောင်းဝန်းကျင်နဲ့ ရောင်းချနေလို့ အတန်အသင့် စျေးကြီးတယ်လို့ပြောလို့ရပြီး လူလတ်တန်းစားအုပ်စု အတွက် အနည်းငယ် လှမ်းတဲ့ စျေးနှုန်းတစ်ခု ဖြစ်တယ်လို့ ယူဆမိပါတယ်။
ဒီစျေး ပတ်ချာလည်ရှိတဲ့ ဖုန်းတွေရဲ့ အနေအထားကို သုံးသပ်ကြည့်မယ်ဆိုရင် Huawei ရဲ့ Mate 7 နဲ့ P8၊ Sony Xperia Z3, LG G3, HTC One M8 တို့နဲ့ ယှဉ်ရင် Samsung A8 က စွမ်းဆောင်ရည်ပိုင်းမှာ အနည်းငယ်ခေါင်းတစ်လုံး သာနေတယ်လို့ သုံးသပ်မိပါတယ်။
ဒါပေမယ့် Xiaomi ရဲ့ နောက်ဆုံးထွက် Mi Note Pro ထက် တောင် အနည်းငယ်များနေတာကိုတော့ သတိထားမိပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်း၊ ကင်မရာရဲ့ ထူးခြားချက်တွေနဲ့ တည်ဆောက်ထားတဲ့ သတ္တုကိုယ်ထည်ရဲ့ ခန့်ညားမှုတွေက အသုံးပြုဖို့ စွဲဆောင်နိုင်စွမ်းရှိတဲ့ ဖုန်းတစ်လုံးလို့ ယူဆမိပါကြောင်း .....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment