Friday, December 18, 2015

Samsung J2 review

Samsung Galaxy J2 Review Samsung Galaxy J2 ကေတာ့ မ်ားမၾကာမီကာလကမွ ျပည္တြင္းေစ်းကြက္ထဲကိုေရာက္ရိွလာတဲ့ Samsung ေမာ္ဒယ္အမ်ိဳးအစားအသစ္ပဲျဖစ္ပါတယ္။ ၂၀၁၅ ႏွစ္ဦးပိုင္းကတည္းက Samsung ရဲ႕ J Series ေတြမွာ Galaxy J1 စတင္ထြက္ရိွလာခဲ့ျပီး ႏွစ္လည္ပိုင္းမွာေတာ့ Galaxy J5 နဲ႕ Galaxy J7 ၊ စက္တင္ဘာေႏွာင္းပိုင္းမွာေတာ့ ယခုေမာ္ဒယ္ျဖစ္တဲ့ Galaxy J2 ဆိုျပီး ထြက္ရိွလာခဲ့တာပဲ ျဖစ္ပါတယ္။ Samsung Galaxy J2 ကေတာ့ Entry Level Smart Phone တစ္လံုးအျဖစ္ ယူဆလို႕ရျပီး အဓိကကေတာ့ Smart Phone စတင္အသံုးျပဳမယ့္ လူငယ္မ်ားနဲ႕ နည္းပညာပိုင္းနဲ႕အတန္ငယ္ အလွမ္းေ၀းေနျပီး Smart Phone ကို စျပီးအသံုးျပဳမယ့္ လူၾကီးပိုင္းေတြအတြက္ ေစ်းသက္သက္သာသာနဲ႕ Branded Model စမတ္ဖုန္းကို အသံုးျပဳႏုိင္ေအာင္ ရည္ရြယ္ထုတ္လုပ္ထားတာပဲ ျဖစ္ပါတယ္။ Galaxy J2 မွာ ဖုန္းမ်က္ႏွာျပင္အတြက္ ၄.၇ လက္မ အရြယ္ ၾကည္လင္ျပတ္သားတဲ႔ sAMOLED အမ်ိဳးအစားကို အသံုးျပဳထားလို႔ အေရာင္အေသြးစံုလင္စြာခံစားႏုိင္မယ့္အျပင္ ဗီဒီယုိ၊ ဂိမ္း၊ ေဖ့ဘုတ္အသံုးျပဳျခင္း စတဲ့ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားကို ေကာင္းမြန္စြာ ၾကည့္ရႈခံစားႏုိင္ေစမွာပါ။ သူရဲ႕ေစ်းႏႈန္းပတ္၀န္းက်င္မွာ ရိွတဲ့ Huawei Y6, Sony Xperia E3 စတာေတြနဲ႕ ယွဥ္ၾကည့္လိုက္မယ္ဆိုရင္ J2 ရဲ႕ မ်က္ႏွာျပင္က သိသိသာသာကို အေရာင္အေသြးစံုျပီး ပိုမိုစြဲမက္ဖြယ္အရည္အေသြးရိွတာကို ေတြ႕ရမွာပါ။ Processor ပိုင္းအတြက္ေတာ့ 1.3GHz quad-core Exynos 3475 processor ကို အသံုးျပဳထားျပီး RAM 1GB ပါ၀င္လို႕လုပ္ငန္းေဆာင္တာေတြကို ပိုမိုလ်င္ျမန္စြာနဲ႔ မိုဘိုင္းဖုန္းေပၚမွာတင္ ေက်နပ္စြာ လုပ္ေဆာင္ႏုိင္မွာပဲျဖစ္ပါတယ္။ ဖုန္းအတြင္းအခ်က္အလက္သိုေလွာင္မႈအတြက္ 8GB ပါ၀င္ျပီး ေနာက္ထပ္ထပ္မံတိုးခ်ဲ႕သိမ္းဆည္းႏုိင္ဖို႕ MicroSD ကတ္ကို 128GB အထိ ထပ္မံအသံုးျပဳႏုိင္တဲ့ microSD card Slot လည္းပါ၀င္ပါတယ္။ ကိုယ္ထည္ဖြဲ႕စည္းပံုအရ TFT မ်က္ႏွာျပင္သံုးဖုန္းေတြထက္ မ်ားစြာ ပါးလ်ၿပီး ၈.၄ မီလီ အထူသာ ရိွပါတယ္။ ဒါ့အျပင္ ဖုန္းရဲ႕ အစြန္းေလးေတြကို လွပစြာ ေကြးၫြတ္ထားၿပီး မ်က္ႏွာျပင္က်ယ္ကို လက္တစ္ကိုင္စာ က်စ္က်စ္လ်စ္လ်စ္ ကိုင္တြယ္ရလြယ္ေအာင္ ဖြဲ႔စည္းေပးထားပါတဲ့အတြက္ ခဏခဏလက္မွလြတ္က်ျခင္းကိုလည္း ကာကြယ္ျပီးသားျဖစ္ေစပါတယ္။ Operating System အတြက္ေတာ့ Android ေနာက္ဆံုးဗားရွင္းတစ္ခုျဖစ္တဲ့ 5.1.1 Lollipop ဗားရွင္းကို ထည့္သြင္းေပးထားပါတယ္။ ကင္မရာပိုင္းအတြက္ေတာ့ 5-megapixel ရိွတဲ့ ကင္မရာနဲ႕အတူ LED Flash ပါပါ၀င္ပါတယ္။ စမ္းသပ္ရိုက္ကူးၾကည့္သေလာက္အရေတာ့ J2 ရဲ႕ ကင္မရာကို သိပ္အမ်ားၾကီး ေမွ်ာ္လင့္ထားလို႕မရပါဘူး။ Indoor ရိုက္ၾကည့္တဲ့ အခ်ိန္မွာ Noise ေတြမ်ားတာ ေတြ႕ရေပမယ့္ အလင္းေရာင္အားနည္းတဲ့ အခ်ိန္မွာေတာ့ သိပ္အဆိုးၾကီးမဟုတ္ဘူးလို႕ေျပာလို႕ရပါတယ္။ အေရွ႕ဘက္ ကင္မရာအတြက္ေတာ့ 2-megapixel အရည္အေသြးရိွကင္မရာကို အသံုးျပဳထားတယ္ဆိုေပမယ့္ အေရွ႕ကင္မရာက ထင္သေလာက္ၾကီး မဆိုးဘူးလို႕ယူဆႏုိင္ပါတယ္။ Samsung J Series ရဲ႕ Selfie ပိုင္းမွာ အားသာေအာင္ျပဳျပင္ထားမႈက J2 ရဲ႕ ေရွ႕ကင္မရာက ထြက္လာတဲ့ ပံုေတြရဲ႕ အရည္အေသြးက ျပတ္သားမႈရိွတဲ့အျပင္ ျဗဳတ္လည္းသိပ္မထေအာင္ထိန္းထားႏုိင္တာေတြ႕ရလို႕ ပံုေတြကို Facebook နဲ႕ Instagram ေပၚ စိတ္ေျဖာင့္ေျဖာင့္နဲ႕ တင္ႏုိင္မွာပါ colonthree emoticon ဒါ့အျပင္ J2 မွာ ကင္မရာ အသံုးျပဳသူမ်ား အထူးအဆင္ေျပေစတဲ႔ လက္ဖဝါးျပလိုက္႐ံုနဲ႔ ဓါတ္ပံု႐ိုက္ကူးႏုိင္တဲ႔ Palm Selfie လုပ္ေဆာင္ခ်က္ကိုလည္း ထည့္သြင္းေပးထားပါေသးတယ္။ J2 မွာ Sim Card ၂ကတ္ဒ္ကို ထည့္သြင္းအသံုးျပဳႏိုင္မွာျဖစ္ျပီး SIM 1 က 4G LTE အထိ ေထာက္ပံ့ေပးႏုိင္ေပမယ့္ လက္ရိွအခ်ိန္မွာ အျမန္ဆံုး 3G Network အထိ အသံုးျပဳႏုိင္မွာပဲ ျဖစ္ျပီၤး ေနာက္ SIM 2 မွာေတာ့ 2G Network အထိ အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။ ဘက္ထရီပိုင္းမွာေတာ့ 2000 mAh ပမာဏရိွတဲ့ ဘက္ထရီကို အသံုးျပဳထားျပီး စမ္းသပ္သံုးစြဲၾကည့္သေလာက္အရ တစ္ေနကုန္ လံုေလာက္စြာ အသံုးျပဳႏုိင္တယ္လို႕ ေကာက္ခ်က္ခ်လို႕ရပါတယ္။ ေနာက္တစ္ခ်က္က SIM Slot ၂ခုနဲ႕ Micro SD Slot က သပ္သပ္ဆီျဖစ္လို႕ Micro SD အသံုးျပဳလိုက္လို႕ ေနာက္ထပ္ SIM Card အသံုးျပဳမရေတာ့ဘူးဆိုတဲ့ ျပႆနာမ်ိဳးကလည္း ကင္းေ၀းေစမွာပါ။ ေနာက္ဆံုးအေနနဲ႕ စြမ္းေဆာင္ရည္ပိုင္းကို ၾကည့္ၾကည့္မယ္ဆိုရင္ေတာ့ J2 ဟာ ေကာင္းမြန္တဲ့ entry-level စမတ္ဖုန္းတစ္လံုးလို႕ ယူဆႏုိင္ပါတယ္။ ဂိမ္းကစားၾကည့္ခဲ့တဲ့အခါမွာေတာ့ Temple Run 2, Angry Birds နဲ႕ Candy Crush ဂိမ္းတို႕ဟာ အထစ္အေငါ့မရိွ ေကာင္းမြန္စြာ ကစားႏုိင္ခဲ့သလို Online Game ေတြျုဖစ္တဲ့ COC နဲ႕ SimCity Buildit တို႕လည္း အထစ္အေငါ့မရိွေဆာ့ကစားႏိုင္တာကို ေတြ႕ခဲ့ရပါတယ္။ ဂိမ္းအၾကီးစားေတြျဖစ္တဲ့ Asphalt8 လို ဂိမ္းမ်ိဳးေတာ့ အဆင္မေျပလွပါဘူး။ လက္ရိွေစ်းႏႈန္းအရေတာ့ Galaxy J2 ကို ၁သိန္းခြဲ၀န္းက်င္နဲ႕ ၀ယ္ယူႏိုင္ျပီး တပ္ဆင္ထားတဲ့ အစိတ္အပိုင္းေတြနဲ႕ ဖြဲ႕စည္းပံု၊ ေစ်းႏႈန္းပိုင္းအရ Galaxy J2 ဟာ အင္တာနက္အသံုးျပဳမယ္၊ တခါတေလ ဂိမ္းေဆာ့မယ္ဆိုျပီး ရည္ရြယ္ထားတဲ့ Smart ဖုန္းစတင္အသံုးျပဳခါစလူငယ္မ်ားနဲ႕ လူၾကီးပိုင္းမ်ားအတြက္ ပိုမိုသင့္ေတာ္ျပီး အင္တာနက္အသံုးျပဳျခင္း ႏွင့္ ဂိမ္းအခ်ိဳ႕ေဆာ့ကစားျခင္း ေတြမွာ ဂိမ္းေတြ အၾကီးအက်ယ္ေဆာ့ဖို႕ ရည္ရြယ္ခ်က္ရိွရင္ေတာ့ အျခားအမ်ိဳးအစားကို ေရြးခ်ယ္သင့္တယ္လို႕ အၾကံျပဳလိုပါတယ္။ (Myanmar Unicode Version) Samsung Galaxy J2 ကတော့ များမကြာမီကာလကမှ ပြည်တွင်းစျေးကွက်ထဲကိုရောက်ရှိလာတဲ့ Samsung မော်ဒယ်အမျိုးအစားအသစ်ပဲဖြစ်ပါတယ်။ ၂၀၁၅ နှစ်ဦးပိုင်းကတည်းက Samsung ရဲ့ J Series တွေမှာ Galaxy J1 စတင်ထွက်ရှိလာခဲ့ပြီး နှစ်လည်ပိုင်းမှာတော့ Galaxy J5 နဲ့ Galaxy J7 ၊ စက်တင်ဘာနှောင်းပိုင်းမှာတော့ ယခုမော်ဒယ်ဖြစ်တဲ့ Galaxy J2 ဆိုပြီး ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ Samsung Galaxy J2 ကတော့ Entry Level Smart Phone တစ်လုံးအဖြစ် ယူဆလို့ရပြီး အဓိကကတော့ Smart Phone စတင်အသုံးပြုမယ့် လူငယ်များနဲ့ နည်းပညာပိုင်းနဲ့အတန်ငယ် အလှမ်းဝေးနေပြီး Smart Phone ကို စပြီးအသုံးပြုမယ့် လူကြီးပိုင်းတွေအတွက် စျေးသက်သက်သာသာနဲ့ Branded Model စမတ်ဖုန်းကို အသုံးပြုနိုင်အောင် ရည်ရွယ်ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ Galaxy J2 မှာ ဖုန်းမျက်နှာပြင်အတွက် ၄.၇ လက်မ အရွယ် ကြည်လင်ပြတ်သားတဲ့ sAMOLED အမျိုးအစားကို အသုံးပြုထားလို့ အရောင်အသွေးစုံလင်စွာခံစားနိုင်မယ့်အပြင် ဗီဒီယို၊ ဂိမ်း၊ ဖေ့ဘုတ်အသုံးပြုခြင်း စတဲ့ ဖျော်ဖြေရေးအစီအစဉ်များကို ကောင်းမွန်စွာ ကြည့်ရှုခံစားနိုင်စေမှာပါ။ သူရဲ့စျေးနှုန်းပတ်ဝန်းကျင်မှာ ရှိတဲ့ Huawei Y6, Sony Xperia E3 စတာတွေနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် J2 ရဲ့ မျက်နှာပြင်က သိသိသာသာကို အရောင်အသွေးစုံပြီး ပိုမိုစွဲမက်ဖွယ်အရည်အသွေးရှိတာကို တွေ့ရမှာပါ။ Processor ပိုင်းအတွက်တော့ 1.3GHz quad-core Exynos 3475 processor ကို အသုံးပြုထားပြီး RAM 1GB ပါ၀င်လို့လုပ်ငန်းဆောင်တာတွေကို ပိုမိုလျင်မြန်စွာနဲ့ မိုဘိုင်းဖုန်းပေါ်မှာတင် ကျေနပ်စွာ လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။ ဖုန်းအတွင်းအချက်အလက်သိုလှောင်မှုအတွက် 8GB ပါ၀င်ပြီး နောက်ထပ်ထပ်မံတိုးချဲ့သိမ်းဆည်းနိုင်ဖို့ MicroSD ကတ်ကို 128GB အထိ ထပ်မံအသုံးပြုနိုင်တဲ့ microSD card Slot လည်းပါ၀င်ပါတယ်။ ကိုယ်ထည်ဖွဲ့စည်းပုံအရ TFT မျက်နှာပြင်သုံးဖုန်းတွေထက် များစွာ ပါးလျပြီး ၈.၄ မီလီ အထူသာ ရှိပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ အစွန်းလေးတွေကို လှပစွာ ကွေးညွတ်ထားပြီး မျက်နှာပြင်ကျယ်ကို လက်တစ်ကိုင်စာ ကျစ်ကျစ်လျစ်လျစ် ကိုင်တွယ်ရလွယ်အောင် ဖွဲ့စည်းပေးထားပါတဲ့အတွက် ခဏခဏလက်မှလွတ်ကျခြင်းကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။ Operating System အတွက်တော့ Android နောက်ဆုံးဗားရှင်းတစ်ခုဖြစ်တဲ့ 5.1.1 Lollipop ဗားရှင်းကို ထည့်သွင်းပေးထားပါတယ်။ ကင်မရာပိုင်းအတွက်တော့ 5-megapixel ရှိတဲ့ ကင်မရာနဲ့အတူ LED Flash ပါပါ၀င်ပါတယ်။ စမ်းသပ်ရိုက်ကူးကြည့်သလောက်အရတော့ J2 ရဲ့ ကင်မရာကို သိပ်အများကြီး မျှော်လင့်ထားလို့မရပါဘူး။ Indoor ရိုက်ကြည့်တဲ့ အချိန်မှာ Noise တွေများတာ တွေ့ရပေမယ့် အလင်းရောင်အားနည်းတဲ့ အချိန်မှာတော့ သိပ်အဆိုးကြီးမဟုတ်ဘူးလို့ပြောလို့ရပါတယ်။ အရှေ့ဘက် ကင်မရာအတွက်တော့ 2-megapixel အရည်အသွေးရှိကင်မရာကို အသုံးပြုထားတယ်ဆိုပေမယ့် အရှေ့ကင်မရာက ထင်သလောက်ကြီး မဆိုးဘူးလို့ယူဆနိုင်ပါတယ်။ Samsung J Series ရဲ့ Selfie ပိုင်းမှာ အားသာအောင်ပြုပြင်ထားမှုက J2 ရဲ့ ရှေ့ကင်မရာက ထွက်လာတဲ့ ပုံတွေရဲ့ အရည်အသွေးက ပြတ်သားမှုရှိတဲ့အပြင် ဗြုတ်လည်းသိပ်မထအောင်ထိန်းထားနိုင်တာတွေ့ရလို့ ပုံတွေကို Facebook နဲ့ Instagram ပေါ် စိတ်ဖြောင့်ဖြောင့်နဲ့ တင်နိုင်မှာပါ colonthree emoticon ဒါ့အပြင် J2 မှာ ကင်မရာ အသုံးပြုသူများ အထူးအဆင်ပြေစေတဲ့ လက်ဖဝါးပြလိုက်ရုံနဲ့ ဓါတ်ပုံရိုက်ကူးနိုင်တဲ့ Palm Selfie လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ J2 မှာ Sim Card ၂ကတ်ဒ်ကို ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး SIM 1 က 4G LTE အထိ ထောက်ပံ့ပေးနိုင်ပေမယ့် လက်ရှိအချိန်မှာ အမြန်ဆုံး 3G Network အထိ အသုံးပြုနိုင်မှာပဲ ဖြစ်ပြီင်္း နောက် SIM 2 မှာတော့ 2G Network အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ 2000 mAh ပမာဏရှိတဲ့ ဘက်ထရီကို အသုံးပြုထားပြီး စမ်းသပ်သုံးစွဲကြည့်သလောက်အရ တစ်နေကုန် လုံလောက်စွာ အသုံးပြုနိုင်တယ်လို့ ကောက်ချက်ချလို့ရပါတယ်။ နောက်တစ်ချက်က SIM Slot ၂ခုနဲ့ Micro SD Slot က သပ်သပ်ဆီဖြစ်လို့ Micro SD အသုံးပြုလိုက်လို့ နောက်ထပ် SIM Card အသုံးပြုမရတော့ဘူးဆိုတဲ့ ပြဿနာမျိုးကလည်း ကင်းဝေးစေမှာပါ။ နောက်ဆုံးအနေနဲ့ စွမ်းဆောင်ရည်ပိုင်းကို ကြည့်ကြည့်မယ်ဆိုရင်တော့ J2 ဟာ ကောင်းမွန်တဲ့ entry-level စမတ်ဖုန်းတစ်လုံးလို့ ယူဆနိုင်ပါတယ်။ ဂိမ်းကစားကြည့်ခဲ့တဲ့အခါမှာတော့ Temple Run 2, Angry Birds နဲ့ Candy Crush ဂိမ်းတို့ဟာ အထစ်အငေါ့မရှိ ကောင်းမွန်စွာ ကစားနိုင်ခဲ့သလို Online Game တြွေုဖစ်တဲ့ COC နဲ့ SimCity Buildit တို့လည်း အထစ်အငေါ့မရှိဆော့ကစားနိုင်တာကို တွေ့ခဲ့ရပါတယ်။ ဂိမ်းအကြီးစားတွေဖြစ်တဲ့ Asphalt8 လို ဂိမ်းမျိုးတော့ အဆင်မပြေလှပါဘူး။ လက်ရှိစျေးနှုန်းအရတော့ Galaxy J2 ကို ၁သိန်းခွဲဝန်းကျင်နဲ့ ၀ယ်ယူနိုင်ပြီး တပ်ဆင်ထားတဲ့ အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းပုံ၊ စျေးနှုန်းပိုင်းအရ Galaxy J2 ဟာ အင်တာနက်အသုံးပြုမယ်၊ တခါတလေ ဂိမ်းဆော့မယ်ဆိုပြီး ရည်ရွယ်ထားတဲ့ Smart ဖုန်းစတင်အသုံးပြုခါစလူငယ်များနဲ့ လူကြီးပိုင်းများအတွက် ပိုမိုသင့်တော်ပြီး အင်တာနက်အသုံးပြုခြင်း နှင့် ဂိမ်းအချို့ဆော့ကစားခြင်း တွေမှာ ဂိမ်းတွေ အကြီးအကျယ်ဆော့ဖို့ ရည်ရွယ်ချက်ရှိရင်တော့ အခြားအမျိုးအစားကို ရွေးချယ်သင့်တယ်လို့ အကြံပြုလိုပါတယ်။ #BacoonDigital #Review #Samsung #GalaxyJ2

No comments:

Post a Comment