Friday, December 11, 2015

Xiaomi Note 3 (PGG Mobile )

ငွေနှစ်သိန်းနှစ်သောင်းလောက်နဲ့ ဖုန်းကောင်းကောင်းအလန်းသုံးချင်ရင်တော့ Mi ကနောက်ဆုံးထုတ်ထားတဲ့ Redmi Note 3 ဝယ်သင့်ပါတယ် ။ FingerPrint လည်းပါတယ် ။ ကိုယ်ထည်ကလည်း metal နဲ့ ။ RAM က 3GB , Memory 32 GB ပါ။ processor က Mediatek MT6795 Helio X10 သုံးထားပါတယ်။ သုံးရတာသွက်ပါတယ်။ Android version 5.0.2 နဲ့ပါ။ Memory Card တော့ထပ်စိုက်လို့မရပါဘူး ။ Screen size ၅.၅ လက်မဖြစ်ပြီး screen resolution က 1080x1920 pixel ပါ။ Screen က တော်တော်ကြည်ပါတယ် ။ Battery ကတော့ 4000mAh ပမာဏ battery တပ်ဆင်ပေးထားတာမို့ လုံးဝအလန်းကြီးပါပဲ ။ dual sim ပါ။ အရောင်ကတော့ ရွှေရောင် ၊ ငွေရောင် ၊ ခဲရောင် သုံးမျိုး ရရှိနိုင်ပါတယ်။ လောလောဆယ်တော့ ခဲရောင်နဲ့ငွေရောင်ပဲ မြန်မာပြည်ဈေးကွက်ထဲမှာ ရနိုင်ပါသေးတယ်။ Redmi Note 3 ကိုပဲ memory 16GB,RAM 2GB နဲ့လည်းလာပါတယ်။ သူကတော့ ဈေးနှုန်းအားဖြင့် ၁၈၅၀၀၀ ဝန်းကျင်ပဲရှိပါတယ်။ ကျွန်တော် Xiaomi (Mi) ကိုကြိုက်ရခြင်းအကြောင်းကတော့ ဈေးသက်သက်သာသာနဲ့ဖုန်းအကောင်းကိုင်ရတာရယ် ၊ software update တစ်ပတ်တစ်ခါလောက်အမြဲပေးနေလို့ပါပဲ။

No comments:

Post a Comment