
Saturday, August 6, 2016
Team work
အချင်းချင်း ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ လွယ်လွယ်လေး မထင်လိုက်နဲ့ နော်။ ဒါ တကယ်မလွယ်တဲ့ ကိစ္စပါ။ ကိုယ့်ကို
သူက ယုံကြည်သလို၊ သူ့ ကိုလည်း ကိုယ်က ယုံကြည်ဦးမှလေ။ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုရှိရှိနဲ့  ပူးပေါင်းထားတဲ့ အလုပ်
တစ်ခုကို လုပ်ဖို့ ဆိုတာ ခက်ခဲပေမယ့်၊ ရလာဒ်ကောင်းတွေထွက်ဖို့ က သေချာသလောက်ပါပဲ။
တုတ်တစ်ချောင်းကို မြေပြင်မှာ စိုက်မထူထားပဲနဲ့ ထောင်ထားနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတုတ်ချောင်းထောင်နေဖို့ ဆိုရင်လည်း
ဆန့် ကျင့်ဘက် အရပ်မျက်နှာတွေကနေ အခြားတုတ်ကလေးတွေနဲ့ ကန်ထောက်ပေးထားဖို့ လိုပါတယ်။ ဒီသဘောက မတူညီတဲ့
အမြင်နှစ်ခုကို ယုံကြည်မှု၊ နားလည်မှုနဲ့ ပူးပေါင်းခြင်းရဲ့ အားသာချက်ဖြစ်ပါတယ်။
တစ်ချို့ အတွေးအခေါ်တွေက ရိုးရှင်းပေမယ့် ထိုအရာရဲ့ ဆန့် ကျင်ဘက် အတွေးကတော့ နက်နည်းဆန်းပြားမှုကို ဘ၀မှာ ကြုံ
ဖူးကြမှာပါ။ ဒါကြောင့်လည်း သူများမမြင်နိုင်တဲ့၊ မတွေးမိတဲ့ ဆန့် ကျင့်ဘက်ရှု့ ထောင့်ကနေ အလုပ် လုပ်တဲ့သူများဟာ ကမ္ဘာ
မှာ အောင်မြင်တဲ့ လူသားတွေ ဖြစ်လာကြတာပေါ့။

Subscribe to:
Post Comments (Atom)
No comments:
Post a Comment