Saturday, August 6, 2016

ဘ၀ကို ဘယ်လိုရပ်တည်သင့်လဲ ???

ဘ၀ကို ဘယ်လိုရပ်တည်သင့်လဲ ??? မိမိက သစ်ပင်တစ်ပင်ဆိုရင် ဖွံ့ ဖြိုးဝေဆာတဲ့ သစ်ပင်တစ်ပင်အဖြစ်ရှိမှာလား၊ သစ်ခြောက်ပင်တစ်ပင်အဖြစ်ရှိမှာလားဆိုတာ စဉ်းစားပေါ့။ ခြောက်သွေ့ နေတဲ့ သစ်ပင်ဆိုရင်တောင် ထင်းအဖြစ်အသုံးပြုလို့ ရနိုင်ပါသေးတယ်။ခြောက်သွေ့ ပြီး ဖွံ့ ဖြိုးမှု မရှိတဲ့ လူ့ ဘ၀ဟာ ညည်းငွေ့ စရာ ကောင်းမှာ အမှန်ပါပဲ။ လောကတွင်လည်း မတင့်တယ်နိုင်ပါ။ လူပီသတဲ့ ဘ၀ကို အောင်မြင်စွာ ပိုင်ဆိုင်ချင်ရင်တော့ တစ်ယောက်တည်းစတဲ့ ဘ၀ကနေ ပျော်ရွှင်ဖွယ် အသိုက်အမြုံတွေ ကို ဖန်းတီးနိုင်ရပါမယ်။ ပတ်ဝန်းကျင်ကို အကျိုးပြုပေးရမယ်၊ လောကကို အလှဖန်တီးပေးသူ ဖြစ်ရပါမယ်။ ဒီလိုမှ မဟုတ်၊ မိမိတစ်ယောက်တည်း နေထိုင်မယ်၊ မိမိအတွက်ပဲ ဆိုတဲ့ စိတ်နဲ့  ဘ၀ကိုမွေးမြူမယ်ဆိုရင်တော့ လူပီသတဲ့ ဘ၀ကိုရလိမ့်မည် မဟုတ်ပေ။ သစ်ပင်တွေက တောရဲ့အလှကို ဖန်ဆင်းပေးကြသလို လူတွေဟာလည်း လူ့ လောကကို အလှဆင်ကြတာဖြစ်ပါတယ်။

No comments:

Post a Comment