Saturday, August 6, 2016

ညဘက်ထက် မနက်ဘက်မှာ ရေချိုးသင့်နေတယ်ဆိုတဲ့ လက္ခဏာ (၅) ခု

၁ - ခြေဖျားလက်ဖျားအေး ခြေဖျားလက်ဖျားတွေ အေးနေတာဟာ သွေးလည်ပတ်မှု မကောင်းတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ မနက်ပိုင်းရေချိုးတာက ဒီပြဿ နာကို ဖြေရှင်းနိုင်ပါတယ်။ သွေးတွေဟာ အရေပြားထဲမှာ အလျင်အမြန်လျှောက်ပြီး သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေတာ ဖြစ်ပါတယ်။ ၂ - နှာစေးချောင်းဆိုး ကျန်းမာရေးကို ဂရုတစိုက်နေပေမဲ့ မကြာခဏ နှာစေး ချောင်းဆိုးဖြစ်နေတယ်ဆိုရင် မနက်ပိုင်းရေချိုးဖို့ စဉ်းစားသင့်ပါတယ်။ လေ့လာချက်တွေအရ မနက်ပိုင်းရေချိုးခြင်းဟာ ကိုယ်ခံအားစနစ်အတွက် သွေးဖြူဥတွေ ထုတ်လုပ်ရာမှာ အထောက်အကူဖြစ်ပါတယ်။ ဘက်တီးရီယားနဲ့ အခြားပိုးမွှားတွေကို တိုက်ဖျက်ရာမှာလည်း ကူညီပေးပါတယ်။ play ၃ - ဝက်ခြံ အဆီများပြီး ဝက်ခြံများတဲ့ အသားအရေဖြစ်နေတယ်ဆိုရင် မနက်ပိုင်း ရေချိုးသင့်ပါတယ်။ အရေပြားမှာ ရှိတဲ့ အဆီတွေကို ထိန်းညှိပေးပါတယ်။ ၄ - နွမ်းနယ်လေးလံခြင်း မနက်ပိုင်းထလို့ နွမ်းနယ်လေးလံနေတယ်ဆိုရင် ရေချိုးလိုက်သင့်တာ အမှန်ပါပဲ။ မနက်စောစောရေချိုးမှုဟာ အာရုံကြောစနစ်ကို မြှင့်တင်ပေးပြီး အဒရီနယ်ဂလင်းတွေကို လှုံ့ဆော်ပေးပါတယ်။ မနေ့က ဘယ်လိုဖြစ်ခဲ့ပါစေ မနက်ခင်းရေချိုးလိုက်ရင် လန်းဆန်းသွားတာတော့ အမှန်ပါပဲ။ play ၅ - စိုးရိမ်မှု တစ်ခုခုကို စိုးရိမ်လွန်တတ်တယ်ဆိုရင်လည်း မနက်ခင်းရေချိုးသင့်ပါတယ်။ ဒီလို ခံစားချက်တွေကို လျော့ပါးစေပါတယ်။ ဦးနှောက်ထံ သွေးလည်ပတ်မှုဟာ မြင့်မားလာပြီး စိတ်ဖိစီးမှုကို သက်သာစေပါတယ်။

No comments:

Post a Comment