
Saturday, August 6, 2016
ကိုယ့်လက်တွဲဖော်ကို လုံးဝ မပြောသင့်တဲ့ စကား (၆) ခွန်း
ကိုယ့်လက်တွဲဖော်ကို လုံးဝ မပြောသင့်တဲ့ စကား (၆) ခွန်း
=========================
စကားလုံးတွေက နာကျင်စေနိုင်တယ်ဆိုတာ သင်သိပြီးသားပါ။ ဒါပေမယ့် ဒီစကားလုံးတွေရဲ့  နာကျင်မှုကတော့ အဆိုးဆုံး ဖြစ်ပါလိမ့်မယ်။ လူတွေက သူငယ်ချင်းတွေ ၊ အလုပ်ရှင်တွေ ၊ လုပ်ဖော်ကိုင်ဖက် တွေ ၊ သူစိမ်းတွေ နဲ့ ပြောဆိုဆက်ဆံ ကြတဲ့အခါမှာ အရမ်းကို ယဉ်ကျေးပြီး နှစ်လိုဖွယ်ကောင်းအောင် ပြောဆို ဆက်ဆံ တတ်ကြပေမယ့်လည်း ကိုယ့် လက်တွဲဖော်နဲ့ ပြောဆိုဆက်ဆံရင်တော့ လေသံတွေက ပြောင်းလဲလာတတ်ပြီး နာကျင်စေနိုင်တဲ့ စကားလုံးတွေကို လက်လွတ်စပယ် ပြောဆိုလေ့ရှိကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်ုပ်တို့ဟာ ကိုယ့် အိမ်ထောင်ဖက် နဲ့ အနီးဆုံးမှာ နေရပြီး အရမ်းရင်းနှီးနေတာကြောင့် ပါ။
ကွာရှင်း ပြတ်စဲမှုတွေရဲ့  ခိုင်လုံတဲ့ တရားခံ တွေ ရှိတယ်ဆိုတာကို သိထားဖို့ လိုပါလိမ့်မယ်။ ကိုယ့်အိမ်ထောင်ဖက်ကို ချိုးနှိမ်ပြောဆိုခြင်း ၊ ဝေဖန်တိုက်ခိုက်ခြင်း ၊ ကိုယ်ထိလက်ရောက် စော်ကားခြင်း ၊ နားလည်မှု မရှိခြင်း ၊ အပြန်အလှန် အချိတ်အဆက်မမိခြင်း တို့ထက် ပိုပြီး နာကျင်သွားစေနိုင်မယ့် စကားလုံးတွေရှိနေပါတယ်။ အဲဒီစကားလုံးတွေကို ရှောင်ကြဉ်နိုင်မှသာ ကွာရှင်း ပြတ်စဲခြင်း နဲ့ ဝေးရာမှာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီစကားလုံးတွေကတော့ -
၁။ “ မင်းက မင်း အမေ အတိုင်းပဲ”
ဒီစကားလုံးဟာ ဒေါသထွက်စေတယ်ဆိုတာထက်ကို ပိုပါတယ်။ သင့်အတွက် သင့် ခင်ပွန်း(သို့) ဇနီးရဲ့  မိဘနဲ့တူတဲ့ အမူအကျင့် တစ်ခုခုကို ထောက်ပြဖို့ လိုအပ်တယ်ထင်နေရင်တောင်မှ သင့်အိမ်ထောင်ဖက်မှာ ဒီလိုအမူအကျင့်မျိုး ဘာကြောင့်ရှိရသလဲဆိုတာကို မျှဝေခံစားကြည့်လိုက်ပါ။ သင်ဟာ သင့်အိမ်ထောင်ဖက်ရဲ့  စိတ်ကျန်းမာရေး ပညာရှင် မဟုတ်ပါဘူး။
၂။ “မင်း ဒါလေးတောင် မသိဘူးလား”
အဓိက ပြဿနာက သင်သူ့ကို မပြောင်းလဲပေးနိုင်ပါဘူး။ ပြောင်းလဲမှုက ကိုယ်တိုင်ပြောင်းလဲမှ ဖြစ်လာတာပါ။ ဒါကြောင့် အချိန်ကုန် အပင်ပန်းခံပြီး ကိုယ့်အိမ်ထောင်ဖက်ကို ပြန်တိုက်ခိုက်မနေပါနဲ့။
၃။ “ငါ မင်းကိုမုန်းတယ်”
မုန်းတယ်ဆိုတဲ့ စကားလုံးဟာ ညှိုနှိုင်းကြတဲ့နေရာမှာတော့ အသုံးဝင်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် လက်ညှိုးထိုးထားတဲ့အချိန် မပြောသင့်ပါဘူး။ ငါမင်းကို မုန်းတယ်ဆိုတာထက် ငါမင်း….တွေလုပ်ရင် မုန်းတယ်ဆိုတဲ့ စကားမျိုးဟာ ပိုပြီးထိုရောက်ပါတယ်။
၎။ “ငါက မင်းအတွက် ဆွဲဆောင်မှု မရှိတော့ဘူးမလား”
သင့် အိမ်ထောင်ဖက်ဟာ သင့်အတွက် စိတ်ပိုင်းဆိုင်ရာ အရရော ၊ ရုပ်ပိုင်းဆိုင်ရာအရပါ ထိတွေ့ဆက်ဆံနေသင့်တဲ့ တစ်ယောက်တည်းသောသူလည်း ဖြစ်ပါတယ်။ ငြင်းပယ်ခွဲထွက်ခြင်းနဲ့ ရှက်ကြောက်နေခြင်းတို့ဟာ အချစ်ရေးတစ်ခုကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။
၅။ “မဆန်းတော့ပါဘူးကွာ… မင်းလုပ်နေကျပဲ”
တစ်ခုခုကို အဖတ်လုပ်ပြီး စကားပြောတဲ့အခါမှာ တစ်ဖက်သားကို အပြစ်တင်တဲ့နည်းနဲ့ မချဉ်းကပ်လာပါနဲ့။ ပြောချင်တာကတော့ ပြောဆိုဆွေးနွေးမှုတစ်ခုက နေ တစ်ဆင့် သင့်အိမ်ထောင်ဖက်ရဲ့  စိတ်ဝင်စားမှုကို သောကတွေသွားမပေးပါနဲ့။
၆။ “မင်း တော်တော်ဥာဏ်နည်းတာပဲ”
မောက်မာမှုတွေဟာ အချစ်ရေးတစ်ခုကို ဆောက်တည်ရာမရဖြစ်သွားစေပါတယ်။ သင့်မှာ တည်ငြိမ်မှု မရှိသေးရင် ၊ သင့်အသံ ကျယ်လောင်မှုကို မထိန်းချုပ်နိုင်သေးရင် ၊ အငို မတိတ်သေးရင် သင့်အနေနဲ့ ပြောဆိုဆွေးနွေးမှု တွေ စတင်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာ မမေ့ပါနဲ့။
Trend Myanmar

Subscribe to:
Post Comments (Atom)
No comments:
Post a Comment