
Wednesday, August 17, 2016
iphone 7 တို့သည် 256 GB storage ဖြင့် လာနိုင် ၊ "Pro" model မပါတော့ ဟုဆို
iphone 7 တို့သည် 256 GB storage ဖြင့် လာနိုင် ၊ "Pro" model မပါတော့ ဟုဆို
===========================
အရင် သတင်းဟောင်း အရ iphone 7 ဟာ iphone 7 , iphone 7 plus နဲ့ iphone 7 pro ဆိုတဲ့ ဗားရှင်း (၃)မျိုး နဲ့ လာမယ်လို့ သိထားခဲ့ကြတာပါ ။ ဒါပေမယ့် အခု ထွက်ပေါ်လာတော့ သတင်းသစ် အရ "iphone 7 pro" မော်ဒယ်ဟာ မပါဝင်တော့ဘဲ ခါတိုင်းလို iphone 7 နဲ့ 7 plus ဆိုတဲ့ ဗားရှင်း (၂)မျိုးပဲ ထွက်ရှိတော့မယ် လို့ သိရပါတယ် ။
.
အဲဒီအပြင် ပိုမိုကြီးမားလာတဲ့ Storage အဖြစ် 256 GB storage အထိ ရွေးချယ်ခွင့် ရှိနိုင်မယ်လို့ သိရပေမယ့် အဲဒါဟာ ကြီးမားတဲ့ 7 plus မှာပဲ ပါမှာလား ၊ ဒါမှမဟုတ် ၊ ပိုသေးတဲ့ iphone 7 မှာရော ပါမှာလားတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး ။
.
(dual camera setup လည်း အဲဒီလိုပါပဲ )
.
iphone 7 တို့ဟာ A10 chipset အသစ် ၊ များစွာ အဆင့်မြှင့်တင်ထားတဲ့ ကင်မရာ တို့ ပါဝင်လာနိုင် ပါတယ် ။ 3.5 mm headset jack ကတော့ မပါနိုင်တာ သေချာသလောက် ရှိနေပါပြီ ။
.
iphone 7 တို့ကို "စက်တင်ဘာ ၇ ရက်"နေ့မှာ မိတ်ဆက်မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ် ။ Apple ကတော့ အတည်ပြု ထားခြင်း မရှိသေးပါဘူး ။
.
.
.
မျိုးနေနှိုင်း

Subscribe to:
Post Comments (Atom)
No comments:
Post a Comment