Saturday, August 6, 2016

အသက် ၃၀ မတိုင်ခင် ရှိထားသင့်တဲ့ အတွေ့အကြုံ ၁၀ ခု

လူတိုင်းအားလုံးနီးပါးမှာ လုပ်ချင်ပေမဲ့ အကောင်အထည်မဖော်ဖြစ်သေးတဲ့ ဆန္ဒကိုယ်စီ ရှိကြမှာဖြစ်ပါတယ်။ အချိန်တွေဟာ ကုန်တဲ့မြန်လွန်းတဲ့အတွက် အချို့ကတော့ ကိုယ့်ရဲ့အသက်အရွယ် ရလာတာကိုတောင် သတိမထားမိ ဖြစ်သွားတတ်ပါတယ်။ အသက် ၃၀ မတိုင်ခင် လူတိုင်းလုပ်ထားသင့်တဲ့ အရာ ၁၀ ခုရှိပါတယ်။ ၁။ သူငယ်ချင်းကောင်း ရှာပါ play ဘဝအဖော်မွန်ကောင်း ရဖို့ ခက်သလိုပဲ သူငယ်ချင်းကောင်း ရဖို့လည်း ခက်ပါတယ်။ ငယ်တုန်းမှာ သူငယ်ချင်းကောင်းတစ်ယောက် ရှာထားပါ။ ၂။ စာတွေဖတ် play ဘယ်လိုစာမျိုးတွေ ဖတ်ရမယ်လို့တော့ မဟုတ်ပါဘူး။ သင်စိတ်ဝင်စားတာ ဘယ်စာမျိုးမဆို အကုန်ဖတ်နိုင်ပါတယ်။ နောက်မှ ဘယ်လိုစာပေမျိုး ဖတ်သင့်လဲဆိုတာ သင်ရွေးချယ်ပါ။ ၃။ နိုင်ငံခြားသွား play ဒီအရွယ်မတိုင်ခင် ပြည်ပခရီးစဉ် တစ်ခုသွားထားတဲ့ အတွေ့အကြုံ အနည်းဆုံး ရှိသင့်ပါတယ်။ ၄။ တစ်ဦးတည်းသွား play တစ်ဦးတည်း ခရီးသွားတဲ့ အတွေ့အကြုံကိုလည်း အသက် ၃၀ မတိုင်ခင်ရှာထားသင့်ပါတယ်။ တစ်ဦးတည်း ခရီးသွားခြင်းက အခက်အခဲတွေကို ပိုပြီးရင်ဆိုင်နိုင်စွမ်းပိုရှိလာစေပါတယ်။ ၅။ ဂီတပွဲတွေသွား play သင်ကြိုက်တဲ့ ဂီတဖျော်ဖြေပွဲတွေ၊ ရှိုးပွဲတွေ သွားထားလိုက်ပါ။ အသက် ၃၀ ကျော်ရင် သွားဖို့ မလွယ်တော့ပါဘူး။ ၆။ နိုင်ငံခြား ဘာသာစကားသင် play အင်္ဂလိပ်စာပဲဖြစ်ဖြစ်၊ သင်ဝါသနာပါတာပဲဖြစ်ဖြစ် နိုင်ငံခြား ဘာသာစကားတစ်ခုခု သင်ထားသင့်ပါတယ်။ ဒါတွေကလည်း အသက်ကြီးတဲ့အခါ သင်ပို ပိုခက်သွားတတ်ပါတယ်။ ၇။ တောင်တက်ခရီး play တောင်တက်ခရီးတွေလည်း ငယ်တုန်းသွားထားသင့်ပါတယ်။ ၃၀ ကျော်လာရင်တော့ သင်ဒီလိုခရီးတွေအတွက် ခံနိုင်ရှိပါ့မလား မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ ၈။ ကာတွန်းကားကြည့် play ဒီအရွယ်တော့ ကာတွန်းကားတွေ သင်ကြည့်လို့ရပါသေးတယ်။ အသက် ၃၀ ကျော်မှ ကြည့်ရင်တော့ သူငယ်ချင်းတွေ သင့်ကို နောက်ပြောင်ပါလိမ့်မယ်။ ၉။ သမိုင်းစာအုပ်တွေဖတ် play ကိုယ်နေထိုင်ရာ နိုင်ငံ၊ ကမ္ဘာကြီးရဲ့ သမိုင်းကြောင်းကို ပိုသိလေ ပိုကောင်းလေပါပဲ။ ငယ်တုန်း သမိုင်းစာအုပ်တွေ များများဖတ်ထားသင့်ပါတယ်။ ၁၀။ သင်တန်းတွေတတ် play
တက္ကသိုလ်မပြီးသေးရင်လည်း တက်နိုင်သလို အခြားသင်တန်းတွေလည်း တက်ထားသင့်ပါတယ်။ အသက် ၃၀ ကျော်ရင်တော့ သင်ဒီလိုသင်တန်းတွေ တက်ချင်တော့မှာ မဟုတ်ပါဘူး။ Source : Life

No comments:

Post a Comment