Saturday, August 6, 2016


Samsung Galaxy Note 7 ၀ယ်သင့်မ၀ယ်သင့် ========================= နည်းပညာအသစ်ချစ်တဲ့လူတွေအတွက်ကတော့ Samsung နဲ့ Apple လုပ်တာနဲ့တင်မွဲမယ့်ကိန်းရှိတယ် အခုလည်း Samsung က Galaxy Note 7 ကို Aug 2 ရက်နေ့က မိတ်ဆက်ပေးလိုက်ပြန်ပြီလေ သူကမိတ်ဆက်တော့လဲ Mr.Review တို့က ပြန်ပြီးသုံးသပ်ရပြန်ပြီပေါ့ဗျာ ဟုတ်တယ်လေ … သူတို့ထုတ်တိုင်းတာဝယ်ရရင် … တစ်လ တစ်လ ခြိုးခြံချွေတာပြီးစားနေရတာ လူလဲ အရိုးပဲရှိတော့တယ် ပြီးတော့ သူတို့မှာ မော်ဒယ်အသစ်ဆိုတာ ထွက်လို့ကိုမပြီးတော့ဘူး ဟိုတလောကမှ S7 Edge ဆိုတာက ထွက်ထားသေးတယ်လေ ဒီတော့ ခေးတို့ညေးတို့စိတ်ထဲမှာ ကလိကလိဖြစ်နေတာလေးတွေရှင်းသွားအောင် Mr.Review ကကွီးတွေ အွန်လိုင်းမှာ ရှာဖွေပြီး ဒီဖုန်းအသစ်ကို ၀ယ်သင့် မ၀ယ်သင့် ဆိုတာလေးကို သုံးသပ်ပေးလိုက်ပါတယ်ဗျာ … ========================= Note 7 နဲ့ S7 Edge နဲ့ ယှဉ်ကြည့်မယ်ဆိုရင် ========================= ဒီဇိုင်းနဲ့အမြင် --------------- ဘယ်ဖုန်းပဲကိုင်ကိုင် စမတ်ကျဖို့က နံပါတ်တစ်ကိုး ဒီခေတ်ကြီးက ကြီးလေကောင်းလေခေတ်ဆိုတော့လဲ(ဖုန်းကိုပြောတာနော် :P) Samsung က ပရိသတ်အကြိုက်ခပ်ကြီးကြီးထုတ်ထားပေးတယ်ဗျ Note 7 ရဲ့ မျက်နှာပြင်က ၅.၇ လက်မ S7 Edge ရဲ့ မျက်နှာပြင်က ၅.၅ လက်မ ရှိတယ်တဲ့… ပြောရမယ်ဆိုရင်တော့ S7 edge ထက် လက်တစ်လုံးလောက်လေးကြီးတယ်ပေါ့ဗျာ S7 Edge တုံးကလိုပဲ IP68 Water Resistance ဖြစ်တဲ့အတွက် ရေစိုခံတယ် Note 7 ကို S7 တုံးကလိုမျိုး ရိုးရိုးနဲ့ Edge ဆိုပြီးမခွဲမထုတ်တော့ဘူးတဲ့ စထုတ်ကတည်းက Edge နဲ့လာမှာတဲ့ဗျာ Display ကတော့ S7 Edge မှာသုံးထားတဲ့ Super AMOLED Display ပဲသုံးထားတယ် ဒါပေမယ့် Note 7 ရဲ့ Display က Gorilla Glass 5 ကိုသုံးထားတယ်တဲ့ Gorilla Glass 4 ပဲသုံးထားတဲ့ S7 Edge ထက် ပြုတ်ကျတဲ့ဒဏ်ကိုပိုပြီးခံနိုင်ရည်ရှိတယ်လို့တော့ရေးထားတယ် … တကယ်ပြုတ်ကျဖူးမှသိမှာကိုး ဟုတ်ဘူးလား ပြီးတော့ Samsung ရဲ့ လူကြိုက်များတဲ့ နည်းပညာဖြစ်တဲ့ Always-On Display နည်းပညာလဲပါမှာတဲ့ S7 Edge နဲ့မတူတာကတော့ Note 7 ရဲ့ Always-On Display မှာ Note မှတ်လို့ရတယ်ဗျ ပြောရမယ်ဆိုရင် Note 7 က S7 Edge ထက်လက်တစ်လုံးကြီးသွားတာရယ် ပြုတ်ကျတဲ့ဒဏ်ပိုခံနိုင်တယ်ဆိုတာကလွဲလို့ တခြားဘာမှထူးထူးခြားခြားပါလာတာမရှိသေးဘူး Hardware ------------ ဖုန်းမှာ အပြင်ပန်းအမြင်ပြီးရင် အတွင်းထဲက ပစ္စည်းတွေကလဲ အရေးကြီးတယ်ဗျ ဒါပေမယ့် လေ့လာတွေ့ရှိချက်အရ Note 7 နဲ့ S7 Edge ရဲ့ အတွင်းပိုင်းမှာပါဝင်တဲ့ ပစ္စည်းတွေအားလုံးဟာ အတူတူပဲတဲ့ မြန်မာနိုင်ငံနဲ့ အပ်စပ်တဲ့ International Version မှာပါတဲ့ Hardware list က ဒီလို Exynos 8890 (quard-core 2.3 GHz + quard-core 1.6 GHz CPUs, Mali-T880 MP12 GPU), 4GB RAM ဘာလို့ အရင်ထွက်တဲ့ဖုန်းထဲကပစ္စည်းတွေအတိုင်း ဒီမှာပြန်သုံးထားလဲ ဆိုတာ စဉ်းစားလို့မရဘူး နောက်မှထွက်တဲ့ကောင်ဆီက နောက်ဆုံးပေါ်ပစ္စည်းလေးတွေပါလာချင်တာ လူတိုင်းပဲလေ မဟုတ်ဘူးလား? အခုတော့ နောက်ဆုံးပေါ်ဆိုပြီး အပြင်ပန်းမိတ်ကပ်လိမ်းပြ ဈေးကြီးကြီးနဲ့ပြန်ရောင်းသလိုဖြစ်နေတယ် Software ----------- အထဲကပစ္စည်းတွေအကြောင်းပြီးပြီဆိုရင် သူ့တို့တွေကို အသုံးချမယ့် နည်းပညာကလဲအရေးကြီးသကိုး Note 7 က S7 Edge ရဲ့ လုပ်ဆောင်ချက်တွေအကုန်လုပ်ဆောင်နိုင်တဲ့အပြင် သူ့မှာပါလာတဲ့ S Pen လေးနဲ့လဲ ကိုယ်နားမလည်တဲ့စာတွေကို Pen လေးထောက်ပြီး ဘာသာအလွယ်တကူပြန်နိုင်တယ် အခု social media မှာခေတ်စားနေတဲ့ GiFs လေးတွေအလွယ်ကူလုပ်လို့ရတယ် ဖုန်းကိုဖွင့်ထားစရာမလိုဘဲ Note မှတ်လို့ရတယ် စတဲ့ Function အပိုလေးတွေပါတယ်တဲ့ Note 7 မှာပါလာတဲ့ S Pen ကလဲ အရင် Old Model ဖြစ်တဲ့ Note 5 ထက်ပိုပြီး Pressure Sensitivity များတယ် Sensitivity Level က 4096 ရှိတော့ တကယ် စာရွက်နဲ့ဘောပင်နဲ့ ရေးရတဲ့အရသာကိုခံစားရတယ်လို့ပြောတယ် ပြီးတော့ S Pen ဟာလဲ ဖုန်းနီးတူ ရေစိုခံတဲ့အတွက် ရေအောက်ထဲမှာတောင် Note မှတ်လို့ရတယ်တဲ့ (ကြေငြာ video တွေမှာတော့ လုပ်ပြနေတာပဲ) သို့ပေမယ့် ဖုန်းကို ဂိမ်းဆော့၊ ဖုန်းပြော၊ ဖေ့စ်ဘွတ် ပွတ်မယ့်လူတွေအတွက်ကတော့ ဒီ Function တွေကအပိုပဲလေ ဘယ်တုံးက ဂိမ်းကို ဘောပင်တစ်ချောင်းထောက်ပြီးကစားဖူးလို့လဲ??? ရုံးသမားတွေ၊ အနုပညာသမားတွေအတွက်တော့ ရုတ်တရက် အကြံပေါ်လာလို့ မှတ်စရာလိုတဲ့အခါမှာ စာရွက်နဲ့ဘောပင်ရှာမရတဲ့ ဒုက္ခကတော့ ကယ်တင်ပေးနိုင်မယ်ပေါ့ဗျာ … ဒါပေမယ့်လဲ စာအုပ်တစ်ထုပ် နဲ့ ဘောပင်တစ်ဒါဇင်ကတော့ ဈေးသက်သာတာပေါ့ဗျာ… Camera ---------- Note 7 ရဲ့ ကင်မရာဟာလဲ S7 Edge ရဲ့ ကင်မရာနဲ့အတူတူပဲတဲ့ Apple ရဲ့ September လမှာထွက်မယ့် iPhone 7 plus ရဲ့ Dual Lens Technology (lens နှစ်ခုသုံး နည်းပညာ) ကိုဘယ်လိုယှဉ်မလဲမသိဘူး … Battery Life -------------- Note 7 ရဲ့ Battery ဟာ အရင် Note 5 ထက်တော့ 500mAh ပိုကြီးသွားတယ် ဒါပေမယ့် S7 Edge လောက်တော့ကြာကြာခံမှာမဟုတ်ဘူးလို့ သုံးသပ်ထားတယ် ဘာလို့လဲဆိုတော့ Note 7 ရဲ့ မျက်နှာပြင်ကပိုကြီးပြီး Battery စားမှမို့လို့တဲ့… အသေးစားပြင်ဆင်ချက်များ ---------------------------- Note 7 မှာ အခြား Android ဖုန်းတွေလို microUSB ကို မသုံးတော့ဘဲ USB Type-C ကိုအသုံးထားတယ်တဲ့ နောက်ပိုင်း ဒီနည်းပညာက ဖုန်းတိုင်းလိုလိုမှာ ပါလာမယ်လို့ ပြောနေကြတယ် ဒါ့ကြောင့် အားသွင်းကြိုးအပိုတွေဝယ်ထားဖို့တော့လိုမယ်နော် Internal Storage ကလဲ ပုံသေ 64GB နဲ့ရောင်းမှာတဲ့ Internal Storage များများလိုချင်တဲ့သူတွေအတွက်တော့ စိတ်မကောင်းစရာ … နောက်ဆုံးသုံးသပ်ချက် ------------------------- Mr.Review အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဟိုတလောက S7 Edge ၀ယ်ထားပြီးတဲ့လူတွေအတွက် တော့ Note 7 က သိပ်ပြီးလိုချင်စရာမရှိ … S7 Edge ထက် လက်တစ်လုံးကြီးပြီး Note မှတ်လို့ရတဲ့ function လေးလိုချင်ရုံနဲ့တော့ ၉ သိန်း ၂သောင်း ပေးပြီး မဖြုန်းသင့်ဘူးထင်တာပဲ… ဟို ပိုက်ပိုက်တွေပေါနေတဲ့ လူတွေအတွက်တော့ ၀ယ်ချင်ဝယ်ပေါ့နော် ကျွန်တော်တို့နဲ့ဘ၀တူတွေ ဖြစ်တဲ့ ခေးတို့ ညေးတို့ အတွက် တော့သေသေချာချာစဉ်းစားရမှာပေါ့ ဟို iPhone အသစ်ကလဲ ထွက်အုံးမှာကိုး နောက် နှစ်လကြာရင် … ဒီတော့ Mr.Review ကတော့ iPhone အသစ်လေးကို စောင့်ရင်း ဒီ Samsung Note 7 လေးကိုတော့ လိုချင်ပေမယ့် မသိချင်ယောင်ဆောင် မျက်နှာလွှဲထားပရစေ ကွယ် …… ‪#‎MrReview‬ ‪#‎Samsung‬ ‪#‎Note7‬ [unicode] Samsung Galaxy Note 7 ဝယ်သင့်မဝယ်သင့် ========================= နည်းပညာအသစ်ချစ်တဲ့လူတွေအတွက်ကတော့ Samsung နဲ့ Apple လုပ်တာနဲ့တင်မွဲမယ့်ကိန်းရှိတယ် အခုလည်း Samsung က Galaxy Note 7 ကို Aug 2 ရက်နေ့က မိတ်ဆက်ပေးလိုက်ပြန်ပြီလေ သူကမိတ်ဆက်တော့လဲ Mr.Review တို့က ပြန်ပြီးသုံးသပ်ရပြန်ပြီပေါ့ဗျာ ဟုတ်တယ်လေ … သူတို့ထုတ်တိုင်းတာဝယ်ရရင် … တစ်လ တစ်လ ခြိုးခြံချွေတာပြီးစားနေရတာ လူလဲ အရိုးပဲရှိတော့တယ် ပြီးတော့ သူတို့မှာ မော်ဒယ်အသစ်ဆိုတာ ထွက်လို့ကိုမပြီးတော့ဘူး ဟိုတလောကမှ S7 Edge ဆိုတာက ထွက်ထားသေးတယ်လေ ဒီတော့ ခေးတို့ညေးတို့စိတ်ထဲမှာ ကလိကလိဖြစ်နေတာလေးတွေရှင်းသွားအောင် Mr.Review ကကွီးတွေ အွန်လိုင်းမှာ ရှာဖွေပြီး ဒီဖုန်းအသစ်ကို ဝယ်သင့် မဝယ်သင့် ဆိုတာလေးကို သုံးသပ်ပေးလိုက်ပါတယ်ဗျာ … ========================= Note 7 နဲ့ S7 Edge နဲ့ ယှဉ်ကြည့်မယ်ဆိုရင် ========================= ဒီဇိုင်းနဲ့အမြင် --------------- ဘယ်ဖုန်းပဲကိုင်ကိုင် စမတ်ကျဖို့က နံပါတ်တစ်ကိုး ဒီခေတ်ကြီးက ကြီးလေကောင်းလေခေတ်ဆိုတော့လဲ(ဖုန်းကိုပြောတာနော် :P) Samsung က ပရိသတ်အကြိုက်ခပ်ကြီးကြီးထုတ်ထားပေးတယ်ဗျ Note 7 ရဲ့ မျက်နှာပြင်က ၅.၇ လက်မ S7 Edge ရဲ့ မျက်နှာပြင်က ၅.၅ လက်မ ရှိတယ်တဲ့… ပြောရမယ်ဆိုရင်တော့ S7 edge ထက် လက်တစ်လုံးလောက်လေးကြီးတယ်ပေါ့ဗျာ S7 Edge တုံးကလိုပဲ IP68 Water Resistance ဖြစ်တဲ့အတွက် ရေစိုခံတယ် Note 7 ကို S7 တုံးကလိုမျိုး ရိုးရိုးနဲ့ Edge ဆိုပြီးမခွဲမထုတ်တော့ဘူးတဲ့ စထုတ်ကတည်းက Edge နဲ့လာမှာတဲ့ဗျာ Display ကတော့ S7 Edge မှာသုံးထားတဲ့ Super AMOLED Display ပဲသုံးထားတယ် ဒါပေမယ့် Note 7 ရဲ့ Display က Gorilla Glass 5 ကိုသုံးထားတယ်တဲ့ Gorilla Glass 4 ပဲသုံးထားတဲ့ S7 Edge ထက် ပြုတ်ကျတဲ့ဒဏ်ကိုပိုပြီးခံနိုင်ရည်ရှိတယ်လို့တော့ရေးထားတယ် … တကယ်ပြုတ်ကျဖူးမှသိမှာကိုး ဟုတ်ဘူးလား ပြီးတော့ Samsung ရဲ့ လူကြိုက်များတဲ့ နည်းပညာဖြစ်တဲ့ Always-On Display နည်းပညာလဲပါမှာတဲ့ S7 Edge နဲ့မတူတာကတော့ Note 7 ရဲ့ Always-On Display မှာ Note မှတ်လို့ရတယ်ဗျ ပြောရမယ်ဆိုရင် Note 7 က S7 Edge ထက်လက်တစ်လုံးကြီးသွားတာရယ် ပြုတ်ကျတဲ့ဒဏ်ပိုခံနိုင်တယ်ဆိုတာကလွဲလို့ တခြားဘာမှထူးထူးခြားခြားပါလာတာမရှိသေးဘူး Hardware ------------ ဖုန်းမှာ အပြင်ပန်းအမြင်ပြီးရင် အတွင်းထဲက ပစ္စည်းတွေကလဲ အရေးကြီးတယ်ဗျ ဒါပေမယ့် လေ့လာတွေ့ရှိချက်အရ Note 7 နဲ့ S7 Edge ရဲ့ အတွင်းပိုင်းမှာပါဝင်တဲ့ ပစ္စည်းတွေအားလုံးဟာ အတူတူပဲတဲ့ မြန်မာနိုင်ငံနဲ့ အပ်စပ်တဲ့ International Version မှာပါတဲ့ Hardware list က ဒီလို Exynos 8890 (quard-core 2.3 GHz + quard-core 1.6 GHz CPUs, Mali-T880 MP12 GPU), 4GB RAM ဘာလို့ အရင်ထွက်တဲ့ဖုန်းထဲကပစ္စည်းတွေအတိုင်း ဒီမှာပြန်သုံးထားလဲ ဆိုတာ စဉ်းစားလို့မရဘူး နောက်မှထွက်တဲ့ကောင်ဆီက နောက်ဆုံးပေါ်ပစ္စည်းလေးတွေပါလာချင်တာ လူတိုင်းပဲလေ မဟုတ်ဘူးလား? အခုတော့ နောက်ဆုံးပေါ်ဆိုပြီး အပြင်ပန်းမိတ်ကပ်လိမ်းပြ စျေးကြီးကြီးနဲ့ပြန်ရောင်းသလိုဖြစ်နေတယ် Software ----------- အထဲကပစ္စည်းတွေအကြောင်းပြီးပြီဆိုရင် သူ့တို့တွေကို အသုံးချမယ့် နည်းပညာကလဲအရေးကြီးသကိုး Note 7 က S7 Edge ရဲ့ လုပ်ဆောင်ချက်တွေအကုန်လုပ်ဆောင်နိုင်တဲ့အပြင် သူ့မှာပါလာတဲ့ S Pen လေးနဲ့လဲ ကိုယ်နားမလည်တဲ့စာတွေကို Pen လေးထောက်ပြီး ဘာသာအလွယ်တကူပြန်နိုင်တယ် အခု social media မှာခေတ်စားနေတဲ့ GiFs လေးတွေအလွယ်ကူလုပ်လို့ရတယ် ဖုန်းကိုဖွင့်ထားစရာမလိုဘဲ Note မှတ်လို့ရတယ် စတဲ့ Function အပိုလေးတွေပါတယ်တဲ့ Note 7 မှာပါလာတဲ့ S Pen ကလဲ အရင် Old Model ဖြစ်တဲ့ Note 5 ထက်ပိုပြီး Pressure Sensitivity များတယ် Sensitivity Level က 4096 ရှိတော့ တကယ် စာရွက်နဲ့ဘောပင်နဲ့ ရေးရတဲ့အရသာကိုခံစားရတယ်လို့တယ် ပြီးတော့ S Pen ဟာလဲ ဖုန်းနီးတူ ရေစိုခံတဲ့အတွက် ရေအောက်ထဲမှာတောင် Note မှတ်လို့ရတယ်တဲ့ (ကြေငြာ video တွေမှာတော့ လုပ်ပြနေတာပဲ) သို့ပေမယ့် ဖုန်းကို ဂိမ်းဆော့၊ ဖုန်းပြော၊ ဖေ့စ်ဘွတ် ပွတ်မယ့်လူတွေအတွက်ကတော့ ဒီ Function တွေကအပိုပဲလေ ဘယ်တုံးက ဂိမ်းကို ဘောပင်တစ်ချောင်းထောက်ပြီးကစားဖူးလို့လဲ??? ရုံးသမားတွေ၊ အနုပညာသမားတွေအတွက်တော့ ရုတ်တရက် အကြံပေါ်လာလို့ မှတ်စရာလိုတဲ့အခါမှာ စာရွက်နဲ့ဘောပင်ရှာမရတဲ့ ဒုက္ခကတော့ ကယ်တင်ပေးနိုင်မယ်ပေါ့ဗျာ … ဒါပေမယ့်လဲ စာအုပ်တစ်ထုပ် နဲ့ ဘောပင်တစ်ဒါဇင်ကတော့ စျေးသက်သာတာပေါ့ဗျာ… Camera ---------- Note 7 ရဲ့ ကင်မရာဟာလဲ S7 Edge ရဲ့ ကင်မရာနဲ့အတူတူပဲတဲ့ Apple ရဲ့ September လမှာထွက်မယ့် iPhone 7 plus ရဲ့ Dual Lens Technology (lens နှစ်ခုသုံး နည်းပညာ) ကိုဘယ်လိုယှဉ်မလဲမသိဘူး … Battery Life -------------- Note 7 ရဲ့ Battery ဟာ အရင် Note 5 ထက်တော့ 500mAh ပိုကြီးသွားတယ် ဒါပေမယ့် S7 Edge လောက်တော့ကြာကြာခံမှာမဟုတ်ဘူးလို့ သုံးသပ်ထားတယ် ဘာလို့လဲဆိုတော့ Note 7 ရဲ့ မျက်နှာပြင်ကပိုကြီးပြီး Battery စားမှမို့လို့တဲ့… အသေးစားပြင်ဆင်ချက်များ ---------------------------- Note 7 မှာ အခြား Android ဖုန်းတွေလို microUSB ကို မသုံးတော့ဘဲ USB Type-C ကိုအသုံးထားတယ်တဲ့ နောက်ပိုင်း ဒီနည်းပညာက ဖုန်းတိုင်းလိုလိုမှာ ပါလာမယ်လို့ ပြောနေကြတယ် ဒါ့ကြောင့် အားသွင်းကြိုးအပိုတွေဝယ်ထားဖို့တော့လိုမယ်နော် Internal Storage ကလဲ ပုံသေ 64GB နဲ့ရောင်းမှာတဲ့ Internal Storage များများလိုချင်တဲ့သူတွေအတွက်တော့ စိတ်မကောင်းစရာ … နောက်ဆုံးသုံးသပ်ချက် ------------------------- Mr.Review အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဟိုတလောက S7 Edge ဝယ်ထားပြီးတဲ့လူတွေအတွက် တော့ Note 7 က သိပ်ပြီးလိုချင်စရာမရှိ … S7 Edge ထက် လက်တစ်လုံးကြီးပြီး Note မှတ်လို့ရတဲ့ function လေးလိုချင်ရုံနဲ့တော့ ၉ သိန်း ၂သောင်း ပေးပြီး မဖြုန်းသင့်ဘူးထင်တာပဲ… ဟို ပိုက်ပိုက်တွေပေါနေတဲ့ လူတွေအတွက်တော့ ဝယ်ချင်ဝယ်ပေါ့နော် ကျွန်တော်တို့နဲ့ဘဝတူတွေ ဖြစ်တဲ့ ခေးတို့ ညေးတို့ အတွက် တော့သေသေချာချာစဉ်းစားရမှာပေါ့ ဟို iPhone အသစ်ကလဲ ထွက်အုံးမှာကိုး နောက် နှစ်လကြာရင် … ဒီတော့ Mr.Review ကတော့ iPhone အသစ်လေးကို စောင့်ရင်း ဒီ Samsung Note 7 လေးကိုတော့ လိုချင်ပေမယ့် မသိချင်ယောင်ဆောင် မျက်နှာလွှဲထားပရစေ ကွယ် …… #MrReview #Samsung #Note7

No comments:

Post a Comment