
Wednesday, August 17, 2016
OPPO ၏ စမတ်ဖုန်းအသစ် F1s စတင်မိတ်ဆက်
OPPO ၏ စမတ်ဖုန်းအသစ် F1s စတင်မိတ်ဆက်
==================================
OPPO စမတ်ဖုန်းရဲ့ထုတ်ကုန်သစ် F1s ကို သြဂုတ်လ ၁၆ ရက်မှာ ရန်ကုန်မြို့ရှိ NOVOTEL Hotel မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ အသစ်ထုတ်လုပ်လိုက်တဲ့ OPPO F1s မှာ အရှေ့ကင်မရာ 16MP ၊ ကျော ဘက်ကင်မရာ 13MP ပါဝင်ပြီး Beautify4.0 ပါဝင်ပါတယ်။ ဓာတ်ပုံ ရိုက်ကူးမှုလုပ်ဆောင်ချက်တွေမှာ Screen Flash၊ Selfie Panorama ၊ Palm-activated Shutterနဲ့ Filter အမျိုးမျိုးပါဝင်ပါတယ်။ လက်ဗွေဖတ်နှုန်း 0.22 စက္ကန့်နဲ့ အလွန်လျင်မြန်စွာဆောင်ရွက်ပေးမယ့် Touch Access ဟာ ဖုန်းရဲ့ရှေ့ဘက်မှာ ပါဝင်ပါတယ်။
ဒါ့ပြင်ဖုန်းခေါ်ဆိုတာနဲ့၊ မတူညီတဲ့ Application တွေ အသုံးပြုတာတွေ အတွက် လက်ဗွေငါးမျိုးနဲ့ သတ်မှတ်နိုင်ပြီး အရွယ်အစားကြီးမားတဲ့
3075mAh ဘက်ထရီပါဝင်မှုကြောင့် စမ်းသပ်ချက်တွေအရ ၁၄ နာရီကြာအသုံးပြုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ OPPO F1s စမတ်ဖုန်းသစ်ကို ဈေးနှုန်း ၂၆၉,၀၀၀ ကျပ်နဲ့ သြဂုတ်လ ၁၇ ရက်က
စတင်ပြီး OPPO ဖုန်းအရောင်းဆိုင်တွေမှာ စတင်ဝယ်ယူနိုင်မယ်လို့
သိရပါတယ်။

Subscribe to:
Post Comments (Atom)
No comments:
Post a Comment